Sunday, October 9, 2016

အခြေခံအလုပ်သမားများဆန္ဒပြ


"မန္တလေးတွင်အလုပ်သမားများအငြင်းပွားမှုဥပဒေတွင်ထောင်ဒဏ်ထည့်သွင်းပေးရေးလမ်းလျှောက်ဆန္ဒထုတ်ဖော်"
====================================
မန္တလေး အောက်တိုဘာ ၉
မန္တလေး ပြည်ကြီးတံခွန်မြို့နယ် စိန်ကမ္ဘာချည်မျှင်စက်ရုံနှင်ဖူရှင်းဘရားသားကုမ္ပဏီတို့က စီမံခန့်ခွဲမှုကို
အကြောင်းပြ၍ သမဂ္ဂဖြိုခွဲခြင်း ဥပဒေမဲ့အလုပ်သမားများအလုပ်ထုတ်မှု ရပ်တန့်ရေး အငြင်းပွားမှုဥပဒေတွင်ထောင်ဒဏ်ထည့်သွင်းပေးရေးအတွက် အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၇ နာရီအချိန်ကစတင်၍လမ်း
လျှောက်ဆန္ဒဖော်ခဲ့ကြသည်ကိုတွေ့ရသည်။


"ကျွန်မတို့ အလုပ်သမားတွေကို အပြစ်မရှိဘဲ အလုမ်ထုတ်လို ဆန္ဒဖော်ထုတ်ရတာဖြစ်ပါတယ် အလုပ်ထုတ်ခံရတာ ကျွန်မလဲပါတယ် အလုပ်ရှင်တွေကအဓိက အနေဖြင့် အလုပ်သမားသမဂ္ဂကိုဖြိုခွင်ဖို့
အတွက် အခြေခံအလုပ်သမားသမဂ္ဂ စိန်ကမ္ဘာချည်မျင်စက်ရုံက ဥက္ကဌရယ် အတွင်းရေးမှူးဖြစ်တဲ့ကျွန်မရယ်ကို အလုပ်ထုတ်လိုက်ပါတယ် ဒီစက်ရုံမှဆို ထိုင်
သပိတ်ပြုလုပ်တယ် ဆန္ဒပြတာတွေက ၇ ကြိမ်လောက်ရှိပြီညှိနိုင်းပေးတယ်လိုသာ ရှိတာ မအောင်မြင်ပါဘူး အလုပ်ရှင်က အလုပ်သမားတွေအပေါ်ဖိနိပ့်မှုတွေ ရှိနေဆဲပါ ဒါကြောင့် အလုပ်သမား
အငြင်းပွားမှုဥပဒေတွင် ထောင်ဒဏ်ထည့်သွင်းပေးဖို့ကျွန်မတို့တောင်းဆိုထားတာပါဟု စိန်ကမ္ဘာချည်မျှင်
စက်ရုံ အခြေခံအလုပ်သမားသမဂ္ဂမှအတွင်းရေးမှူးအလုပ်ထုတ်ခံရသည် ဒေါ်အိအိထွန်းကပြောသည်။

"ကျွန်တော်တို့ အခြေခံအလုပ်သမားတွေအနေဖြင့် သီသန့် စက်ရုံ ၂ ရုံပေါင်းပြီ
အခြေခံအလုပ်သမားသမဂ္ဂအဖွဲ့ခေါင်ဆောင်တွေ ပါဝင်တဲ့ လမ်းလျှောက်ဆန္ဒ
ဖော်ထုတ်တာ မန္တလေးမှာ ဒါပထမဆုံးအကြိမ်းပါ အလုပ်သမားအဖွဲ့ချုပ်အနေနဲ့
က ပြီးခဲသည့်လ က ခုံသမဓိကောင်စီအသစ်ရွေးချယ်ပေးရေး လူအင်အား ၁၀၀၀
ဖြင့် ယနေ့ဆန္ဒဖော်ထုတ်သည့် နေရာကနေ ကနောင်ခန်းမအထိ ဆန္ဒဖော်ထုတ်
ခဲ့ပါတယ် သူဌေးတွေက ငွေဒဏ်ဆို သူတို့အနေဖြင့် ဘီယာဖိုးဘဲရှိတယ်
ဒါကြောင့် အလုပ်သမာတွေအတွက်နစ်နာမှုမျးစွာရှိပါတယ် ဒါကြောင့် အငြင်းပွား
မှုဥပဒေတွင် ထောင်ဒဏ်ထည့်သွင်းပေးရေးနှင့် ဥပဒေမဲ့အလုပ်ထုတ်မှုများရက်
တန့်ရေး စီမံခန့်ခွဲမှုကိုအကြောင်းပြ၍ အလုပ်သမားသမဂ္ဂများ ဖြိုခွဲမှုများ မရှိရေး
အတွက်ဆန္ဒဖော်ထုတ်တာဟု ဖူရှင်းဘရားသားစ် ကုမ္ပဏီ ကအလုပ်သမား
ခေါင်ဆောင်ဖြစ်သူ ဦးနေလင်းအောင်ကပြောသည်။

Mics မြန်မာနိုင်ငံ စက်လက်မူလက်မူနှင့်ဝန်ဆောင်မူလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်
က တာဝန်ရှိသူများက အလုပ်သမားများရဲ့အခတ်အခဲများကို လာရောက်ကူညီ
ဆောင်ရွက်ပေးတာဖြစ်ပါတယ် စက်ရုံတစ်ရုံချင်စီအနေနဲ့ဒါပထမဆုံးပြတာလို
ပြောလိုရပါတယ် ကျွန်တော်တို့ Mics အနေနဲ့က တော်တော်များများအလုပ်သ
မားအတွက်ဦးဆောင်ပြပေးခဲ့တာတွေရှိပါတယ် အဓိကတော့ အလုပ်ရှင်အလုပ်
သမားပြသာနာ ဖြစ်လာရင် အလုပ်သမားအလုပ်ရှင်ကူညီဖြေရှင်းပေးရေးသက်
ဆိုင်ရာ ကတာဝန်ရှိသူတွေက အလုပ်ရှင်းဘက် ပါတာများတယ် အမှန်တကယ်
နစ်နာတာက အခြေခံအလုပ်သမားတွေဖြစ်ပါတယ် အလုပ်သမားသမဂ္ဂတွေဖွဲ့
တာအလုပ်တွေကလမကြိုက်ဘူး အလုပ်သမားအခွင့်အရေးအပြည့်အဝမပေး
တာတွေကြောင့် ဒီနေ့ အလုပ်သမားတွေအတွက် တောင်းဆိုလမ်းလျှောက်ဆန္ဒေ
ပြဖြစ်တာဟု အလုပ်သမားသမဂ္ဂဗဟိုကော်မတီဝင် ကိုသက်နှင်းအောင်ကပြော
သည်။



posted from Bloggeroid

No comments:

Post a Comment