Thursday, October 20, 2016

မွေးမြူရေးလုပ်ငန်းများအား ရေရှည်လုပ်ငန်း များဆောင်ရွက်ရန် တင်ပြတောင်းဆိုထား သော်လည်း လုပ်ဆောင်ပေးခြင်းမရှိသေး


========================
မင်းခန့် ( မြစ်မခ )
အောက်တိုဘာလ ( ၂၀ )

ပြည်တွင်းမွေးမြူရေးလုပ်ငန်းများကောင်းမွန်လာစေရန်အတွက် လတ်တလောဆောင်ရွက်
်ရန် အချက် လေးချက်နှင့်အတူ ရေရှည်ဆောင်
ရွက်ရန်အချက်များ တင်ပြတောင်းဆိုထားသော်
လည်း လုပ်ဆောင် ပေးခြင်းမရှိသေးကြောင်း
မြန်မာနိုင်ငံမွေးမြူ ရေးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိ
ိရသည်။
“ပြည်တွင်းကနေပြီး ပြည်ပကို ရောင်းမရဘူး
လားဆိုတော့ရတော့ရတယ်။ဒါပေမယ့်ပိုက်ံဆံ
ံပေးပြီးတော့ နယ်စပ်အထိ သယ်လို့ရောင်းလို့ရ
တယ်။အရည်အသွေးမကောင်းတာ၊ဈေးကြီးတာ
ဒီစနစ်ကြောင့်တွေပဲ။ ဥပဒေနဲ့သာတိတိကျကျ ရှိရင် အစဉ်ပြေမယ်။ဒီအတွက် ရေရှည်ကတော့
အချိန်ယူရမှာပါ။ အရင်အစိုးရလက်ထက် က
လည်း တင်ပြ တောင်းဆိုခဲ့တယ်။ အခုအစိုးရ
လက်ထပ်လည်း တောင်းဆိုတယ် ခုထိမရသေး
ဘူး။"ဟုမြန်မာနိုင် ငံမွေးမြူရေးလုပ်ငန်းအဖွဲ့
ချုပ်မှ ဒုတိယဥက္ကဋ္ဌဒေါက်တာကျော်ထင်က ပြော
သည်။
ယခုချိန်တွင် ပြည်တွင်း၌မွေးမြူရေးလုပ်ငန်း
ဆောင်ရွက်ရန်နေရာအခက်အခဲဖြစ်ပေါ်မှုနှင့် အတူပြည်ပမှအေးခဲအသားများတရားမ
ဝင်တင်သွင်းမှုကို မထိန်းချုပ်နိုင်ခြင်းတို့ကြောင့်
လည်း အသား ဈေးနှုန်းများမှာဆိုးရွားစွာမြင့်
မား နေကြောင်းသိရသည်။
“အခုတောင်းဆိုတဲ့အချက်တွေထဲမှာ လတ်တ
လောဆောင်ရွက်ဖို့အတွက် အချက်လေးချက်က
နိုင်ငံတော်ကကုန်ကျစရာမလိုဘူး။ရေရှည်ဆောင် ရွက် ရန်အချက်တွေကတော့နိုင်ငံတော်ကစိုက်
်ထုတ်ရမယ့်အပိုင်းတော့ပါတာပေါ့။”ဟု ၎င်းက
ဆက်လက်ပြောသည်။
မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့ချုပ်အနေဖြင့်မွေးမြူ
လုပ်ငန်းများကောင်းမွန်လာစေရန်အတွက် လတ်တလောဆောင်ရွက်ပေးရန် အချက်လေး
ချက်နှင့်အတူ ရေရှည်ဆောင်ရွက်ရန်အချက်များ
ကို ၂၀၁၆ခုနှစ်၊ ဧပြီလနောက်ပိုင်းမှစတင်၍ အစည်းအဝေးများနှင့် အလုပ်ရုံဆွေးနွေးပွဲ
များတွင် သက်ဆိုင် ရာဝန်ကြီးဌာနများသို့
တင်ပြတောင်းဆိုထားသော်လည်း ယနေ့အထိ
လုပ်ဆောင်ပေးခြင်းမရှိသေးပေ။
" ကျွန်တော်တို့မွေးမြူရေး လုပ်ငန်းကို လုပ်ကိုင်
သူတွေအနေနဲ့ က အဓိကဖြစ်နေတာက မြေနေ
ရာပါဘဲ။ အခုဆိုရင် စိုက်ပျိုးရေးအတွက် မြေနေ
ရာသာ ရှိတာ မွေးမြူရေးအတွက် ဆိုပြီး မြေနေ
ရာ မရှိဘူး ။ ဒီအတွက် ကျွန်တော်တို့မှာ မွေးမြူ
ရေးလုပ်ငန်းတွေကို တိုးချဲ့ ဖို့ဆိုတာအရမ်းစဉ်း စားရတယ်။ လက်ရှိအစိုးအသစ်အနေနဲ့မွေးမြူ
ရေးမြေနေရာ အတွက်တိုးချဲ့ဖို့နေရာတွေ လုပ်
ပေးစေချင်ပါတယ်" ဟု ပုသိမ်ကြီးမြို့နယ်မှ မွေး
မြူ ရေး လုပ်ငန်းလုပ်ကိုင်သည့် ကိုထွန်းမင်းက
ပြောသည်။
လတ်တလောဆောင်ရွက်ပေးရန်အချက်(၄)ချက်မှာ (၁)တရားမဝင်တင်သွင်းလာသော တိရစ္ဆာန်
နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ထိရောက်စွာ
အရေးယူပေးရန်။ (၂)တရားဝင်တင်သွင်း
သောတိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းထိန်း
ညှိပေးရန်။(၃)ဈေးကွက်ဖော်ဆောင်ပေးရန်။(၄)မွေးမြူရေးအတွက်မြေအသုံးချခွင့် ပွင့်လင်းစွာ
ဖော်ပေး ရန်တို့ဖြစ်ပြီးရေရှည်ဆောင်ရွက်ပေး
ရန်အချက်များမှာ မွေးမြူရေးဆိုင်ရာ လမ်း၊မီး၊
မွေးမြူရေးကုန်ထုတ်လမ်းကောင်းမွန်စေရေး
လုပ်ဆောင်ပေးရန်၊မွေးမြူရေးသမားများအ
တွက်ဘဏ်စနစဖြင့်ချေးငွေလုပ်ပေးရန်(လက်ရှိ
ဘဏ်ချေးငွေမှာ အတိုး၁၃ရာခိုင်နှုန်းဖြစ်နေပြီး
နိုင်ငံတကာတွင် ၅ရာခိုင်နှုန်းသာရှိနေ)တိရစ္ဆာန်
များကျန်းမာရေးအတွက် ရောဂါရှာဖွေရန်ဓာတ်ခွဲ
ွဲခန်းထားရှိပေးရန်နှင့် အသားစံချိန်စံညွှန်းသတ်
်မှတ်ပေးရန်တို့ကိုတောင်းဆို ထားကြောင်း
မွေးမြူရေးလုပ်ငန်းရှင်များ ထံကသိရသည်။

posted from Bloggeroid

No comments:

Post a Comment