မန္တလေးမြို့တွင်ညအချိန်အုပ်စုဖွဲ့ဝိုင်းရိုက်နက်ခဲ့သဖြင့်ဓါးဒဏ်ရာ
များဖြင့် လူ ၃ ဦးပြည်သူဆေးရုံးကြီးကိုအတွင်းလူနာအဖြစ်ရောက်"
===========================================
မန္တလေး နိုဝင်ဘာ ၁
မန္တလေးမြို့ အောင်မြေသာဇံမြို့နယ် မင်းတဲအီကင်းရပ်ကွက်အကွက်
(၈၂) ၁၄x၁၅ကြားတွင်း နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၁ နာရီ
အချိန်ခန့်က လူများအုပ်စုဖွဲ့ရိုက်နက်မှု့ဖြစ်ပွားခဲ့သဖြင့် ဓါးဒဏ်ရာ
များနဲ့လူ ၃ ဦးမန္တလေးပြည်သူဆေးရုံးကြီးရေပေါ်ဌာနအတွင်းလူ
နာအဖြစ်ရောက်ရှိလာကြောင်းသိရသည်။
အဆိုပါ ရိုက်မှုဖြစ်ပွားခဲ့မှု့နှစ်ပတ်သက်၍ နာကျင်ရိုးရိုး(၁)ဖြင့်အရေး
ယူဆောင်ရွက်ပေးရန် အမှု့ဖွင့်တိုင်ကြား အောင်မြေသာဇံမြို့နယ်
အမှတ် ၅ နယ်မြေရဲစခန်း (ပ)၃၈၃/၂၀၁၆ ရာဇာသတ်ကြီး ပုဒ်မ
၃၂၆/၃၂၅/၁၁၄ /၂၀၁၆ နိဝင်ဘာလ ၁ ရက်နေ့ နံနက် ၃း၃း
အချိန်က တရားလို ဒေါ်ဟေမာ မင်းတဲအီကင်းရပ်က လာရောက်
တိုင်းကြားအဖွင့်ခဲ့ခဲရာ တရားခံ ဒေါ်ညှိမိထွန်း သားဖြစ်သူ မှုံကြီး
နှင့် အမည်မသိ လူတစ်စုံ ညီမဖြစ်သူ ငှားအိမ်ယာ နှင်းဆီးတိုက်ခန်း
တံခါးမှန်များအားရိုက်ခွဲဖျက်ဆီး ခဲများဖြင့်ထုခြင်းများပြုလုပ်သဖြင့်
ရဲစခန်းသို့တိုင်ကြားရန် အသွားလမ်းတွင် မှုံကြီးနှင့်အတူ အမည်
မသိ လူတစ်စုက ဝိုင်းဝန်တိုက်ခိုက်သဖြင့် ဆေးရုံးရောက်သူ
ဓါးဒဏ်ရာ ကိုဝင်းဆွေး ကိုထွန်းမြင့် ကိုသိန်းထွန်းအောင် ဓါးဒဏ်
ရများရရှိ၍မန္တလေးဆေးရုံကြီး အတွင်းလူနာဆောင်ပို့သကုသလျှက်
ရှိကြောင်းသိရသည်။
စိုင်းထူးခန့် 

posted from Bloggeroid
No comments:
Post a Comment