Sunday, October 9, 2016

ရွှေမန်းတောင်ဂေါက်အယ်ဒီသမားများဆန္ဒပြ


မန္တလေး ရွှေမန်းတောင်ဂေါက်ကွင်းအလုပ်သမားများကန့်ကွက်ဆန္ဒပြ"
===============================================
မန္တလေး အောက်တိုဘာ ၉
မန္တလေး အောင်မြေသာဇံမြို့နယ် ဥပုတ်တော်ရပ်ကွက် ရွှေမန်းတောင်ဂေါက်ကွင်း
အတွင်း အလုပ်သမားများနစ်နာမှုများအတွက်ဖြေရှင်းပေးခြင်းမရှိသဖြင့် ရွှေမန်း
တောင်ဂေါက်ကွင်းတွင် ယှဉ်ပြိုင်မည် မန်စီးတီ ဂေါက်ပြိုင်ကိုဆန်ကျင့်ကာ
ဂေါက်ကွင်းအလုပ်သမားများ အောက်တိုဘာလ ၉ ရက်နေ့ကဆန္ဒဖော်ခဲကြ
သည်ကိုတွေ့ရသည်။

ရွှေမန်း​တောင်​​ဂေါက်​ကွင်း ကယ်​ဒီအလုပ်​သမားအဖွဲ့အစည်းမှ ယ​နေ၊နံနက်​ ၁၀း၃၀ နာရီခန့်​ကစပြီး
လုပ်​ငန်းခွင်​သပိတ်​​မှောက်​ပြီး သက်​ဆိုင်​ရာတာဝန်​ရှိများအမြန်​ဆုံး​ဖြေရှင်း​ပေးဖို့
တောင်းဆိုချက်​များ ​တောင်းဆို​နေကြတာ အခုအချိန်​အထိ သက်​ဆိုင်​ရာ မည်​သူမှလာ​ရောက်​ ​မေးမြန်း ​ဖြေရှင်း​ဆောင်​ရွက်​မှုကို မလုပ်​​ဆောင်​ကြ​သေးဘူးလို့ သိရတယ်​။

ဒီ​နေ့ ​ရွှေမန်း​တောင်​​ဂေါက်​ကွင်း​​မှာမန်းစီးတီး​ဂေါက်​ရိုက်​ပြိုင်​ပွဲလည်း ရှိ​နေပါတယ်​။
နိုင်​ငံ​တော်​ပြန်​တမ်းဝင်​ ပုံစံ(၇) မှတ်​ပုံတင်​လက်​မှတ်​ ရရှိထားတဲ့ အ​ခြေခံအလုပ်​သမားအဖွဲ့အစည်းတခုကို ပျက်​ပြား​အောင်​လုပ်​​နေခြင်းမှအစပြု၍ ​ဂေါက်​ကွင်းလုပ်​ပိုင်​ခွင့်​ချထား
ပေးမှု ပွင်းလင်းထင်​သာမြင်​သာ မရှိခြင်း​ကြောင့်​ ဖြစ်​​ပေါ်​နေတဲ့ အငြင်းပွားမှုများ၊ပြဿနာများကို
ဖြေရှင်း​ဆောင်​ရွက်​​ပေးနိုင်​ဖို့အလုပ်​သမားအဖွဲ့အစည်းဧ။်​တိုင်​ကြားခြင်းများ​တောင်းဆိုခြင်း များကို လူရာမသွင်း၊​ဖြေရှင်း​ဆောင်​ရွက်​​ပေးခြင်း မရှိခဲ့တဲ့
သက်​ဆိုင်​ရာမန်းတိုင်းဝန်​ကြီးချုပ၊်​၊မန်းတိုင်းအလုပ်​သမားဝန်​ကြီး၊မန္တ​လေးမြို့​တော်​ဝန်​ တို့မှာ
လုံးဝတာဝန်​ရှိ​နေပါတယ်​။ အပ်​နဲ့ထွင်းရမည့်​ကိစ္စကို ​ပုဆိန်​နဲ့ထွင်းရ​အောင်​လုပ်​​နေကြသလိုဖြစ်​​နေပါတယ်​။
သို့ဖြစ်​ပါ​သော​ကြောင့်​ သက်​ဆိုင်​ရာတာဝန်​ရှိသူများကို အကြံပြုလိုသည်​မှာ
အပ်​နဲ့မြန်​မြန်​ထွင်းကြပါ။ဒီလိုမှမဟုတ်​ရင်​ ​ပုဆိန်​နဲ့ထွင်းရမည့်​အ​ခြေအ​နေကို ​ရောက်​သွားခဲ့ရင်
ကောင်းကျိုးထက်​ဆိုးကျိုးများသာ ဖြစ်​လာမည်​ကို လွန်​စွာစိုးရိမ်​မိပါ​ကြောင်း အကြုံ
ပြုလိုပါတယ်ဟု အလုပ်သမားကူညီဆောင်ရွက်ပေးရေးအဖွဲ့ကCCTUကတာဝန်
ရှိသူဦးစောလှအောင်ကပြောသည်။

“အလုပ်သမားတွေနစ်နာမှုအတွက် တောင်းဆိုထားတာ
တွေကိုခုထိပြေလည်အောင်ဖြေရှင်းမပေးသေးဘူး၊
ဒီကြားထဲကျွန်တော်အလုပ်ထုတ်ခံရတယ်၊ကျွန်တော်အလုပ်ထုတ်ခံရတာနဲ့ပတ
်သက်ပြီး ကျွန်တော်တို့အလုပ်သမားအဖွဲ့အစည်းက
အောက်တိုဘာ၈ရက်နောက်ဆုံးထားပြီးဆွေးနွေးမှုတစ်ခုလုပ်ပေးဖို့တောင်းဆိုတယ်၊ ဘာမှမတုန့်ပြန်လို့ဒီနေ့ဆန္ဒဖော်ထုတ်ကြတာပါ"လို့အဲဒီက၀န်ထမ်းတွေနဲ့ဖွဲ့စည်
းထားတဲ့ ရွှေမန်းတံခွန်အခြေခံအလုပ်သမားအဖွဲ့အစည်းဥက္ကဌကိုကျော်နန်းဦးက
ပြောသည်။

အလုပ်သမားအခွင့်အရေးတွေဆုံးရှုံးနေတာကို သက်ဆိုင်ရာတာဝန်ရှိသူတွေဆီ တင်ပြတောင်းဆိုခဲ့ကြ ပေမယ့် ပြေလည်မရသေးချိန် ရုတ်တရတ်အလုပ်သမား ခေါင်းဆောင်တစ်ဦး အလုပ်ထုတ်ခံလိုက်ရတဲ့အတွက် အခုလိုဆန္ဒဖော်ထုတ်ပွဲနဲ့ မကျေနပ်ကြောင်း ဒေသအစိုးရ သိစေဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အခုကစလို့ တောင်းဆိုချက်မပြေလည်သ၍ ထိုင်သပိတ်ဆင်နွှဲသွားမှာ လို့လည်း ဆန္ဒပြ၀န်ထမ်းတွေကပြောသည်။

“ဥက္ကဌအလုပ်ထုတ်ခံရတာကို မနေ့ကနောက်ဆုံးထားပြီး ဆွေးနွေးဖြေရှင်းပေးဖို့အကြောင်းကြားစာပို့ခဲ့တယ်၊ ဘာမှအကြောင်းမပြန်လို့ အခုဆန္ဒဖော်ထုတ်ပွဲဖြစ်လာတာ လို့ပြောလို့ရပါတယ်၊ နောက်ဆက်တွဲဖြစ်လာတဲ့ပြဿနာဟာသူတို့မှာပဲ တာဝန်ရှိတော့မယ်၊ ကျွန်တော်တို့က ဒီဆန္ဒဖော်ထုတ်ပွဲမှာ အလုပ်သမားအခွင့်အရေးအပြည့်ရဖို့တောင်းဆိုသွားမှာပါ" လို ဆန္ဒဖော်ထုတ်သူဝန်ထမ်းတစ်ဦးကပြောသည်။

posted from Bloggeroid

No comments:

Post a Comment