Friday, September 16, 2016

Samsung Galaxy Nate 7 ဖုန်းများလေယာဉ်ပေါ်သွယ်ဆောင်ခွင့်မပြု

Vietjet မှ လေယာဉ်ခရီးစဉ်အတွင်း ဘေးကင်းလုံခြုံရေးအတွက် 
Samsung Galaxy Note 7 နှင့်ပတ်သက်သည့် သတိပေးချက်ထုတ်ပြန်

 

(ရန်ကုန်၊ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၄ ရက်) -- ဗီယက်နမ်နိုင်ငံ၏ လေကြောင်းညွှန်ကြားမှုဌာနမှ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ညွှန်ကြားချက်အမှတ် 3729/CT – CHK အရ Vietjet လေကြောင်းလိုင်းမှ Samsung Galaxy Note 7 ဖုန်းအမျိုးအစားကို လေယာဉ်ပေါ်သို့ သယ်ဆောင်ခွင့်မပြုရန်

တရားဝင်ထုတ်ပြန် လိုက်သည်။

 

ထို့အပြင် ထပ်မံ၍ ညွှန်ကြားချက်မထွက်မချင်း Vietjet မှ မည်သည့် စမတ်ဖုန်းအမျိုးအစားကိုမဆို လေယာဉ်ပေါ်တွင် အသုံးပြုခြင်းနှင့် အားသွင်းခြင်းများအားလည်း မပြုလုပ်ရန် ညွှန်ကြားထားမည်ဖြစ်သည်။

 

ဤတားမြစ်ချက်များမှာ စမတ်ဖုန်းများ အားသွင်းထားစဉ် ပေါက်ကွဲ၍ မီးလောင်ခြင်း အဖြစ် အပျက်များအား တွေ့ရှိရသဖြင့် ဗီယက်နမ်နိုင်ငံ၏ လေကြောင်းညွှန်ကြားမှုဌာနမှ ထုတ်ပြန်ထားခြင်းဖြစ်သည်။

 

သတိပေးချက်ကို www.vietjetair.comတွင်လည်းကောင်း၊ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံရှိ Vietjet ၏ check-in ကောင်တာများ တွင်လည်းကောင်း၊ နိုင်ငံတကာလေဆိပ်များတွင်လည်းကောင်း ထုတ်ပြန်ထားသည်။ Vietjet လေယာဉ်များပေါ်ရှိ တီဗီများတွင်လည်း ထုတ်ပြန်မည်ဖြစ်သည်။

 

posted from Bloggeroid

No comments:

Post a Comment