Thursday, September 15, 2016

မြန်မာ့ဆေးနည်ဖြစ်ကုသ

"မြန်မာ့ဆေးနည်းဖြစ်သွေးကြောဖွင့်ဆေးကုသပေး"
=================================
ပြင်ဦးလွင် စတင်ဘာ
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး(၁၈)
ဒိုးကွင်းကျေးရွာ ရွာကျောင်းဆရာတော်ဦးသူရိယ မှ
မြန်မာဆေးနည်းဖြစ်သော ဆားကြမ်းနှင့်ရေနွေးများ
ရောစပ်ကာ သွေးကြော့များဖွင့်ကာ ကုသပေးနေသ
ဖြင့် ရောဂါဖြစ်နေသူများ ကျောင်းသို့လာရောက်ကုသ
မှု့ဖြစ် ဖြစ်ပွားလျှက်ရှိသော ရောဂါတော်တော်များများ
ပျောက်ကင်လျှက်ရှိကြောင်းဒေသခံတွေ၏ပြောချက်
များအရသိရသည်။

"ကျွန်တော်ရွာဦးဘုန်းကြီးကျောင်းဆရာတော်ထံ ဆေး
လာကုသတဲ့သူတွေ အနယ်နယ်အရပ်ရပ်ကလာကြ
တယ် လာရောက်ကုသတဲ့သူတွေလည်း အမှန်းဆုံး
သက်သာပျောက်ကင်သွားတယ် တစ်ချို့ဆို ဆေးရုံက
လက်လျော့ထားတဲ့သူတောင်ပါတယ် ဟုဒေသခံဦးလှ
ဘော်ကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒိုးကွင်းရွာဦးကျောင်း
ဆရာတော်ဦးသူရိယထံ ဆေးကုသနည်းများနှင့်
ဘယ်လိုရောဂါတွေအများဆုံးကုသပေးကြောင်းလျှေက်ထားခဲရာ။
"ဘုန်းကြီးအနေဖြင့် ထွေထွေထူးထူး ကုသပေးတာ
မဟုတ်ပါဘူး မြန်မာ့ဆေးနည်ဖြင့် ကုသပေးတာပါ
ဆေးပစ္စည်းဆိုတာကလည်း မယ်မယ်ရရမဟုတ်ဘူး
နည်းစနစ်မှန်ကန်စွာနဲ့ နာရီနဲ့အချိန်ယူပြီး သွေးကြော့
ဖွင့်နည်ဖြစ်ကုသပေးတာ ဘုန်းကြီးကုပေးလို ရောဂါ
သည်တွေ ပျောက်သွားတာကတော့ သွေးသားဆိုင်ရာ
ဖြစ်တဲ့ နှစ်လုံးသွေးကြော့ကျဉ်းရောဂါ သွေးထိုးရောဂါ
သွေးအဆိပ်တက်သည့်ရောဂါ လေးဖက်နာ ဂေါတ်
ရောဂါ သွေးကျရောဂါ ကိုယ်လက်မအီမသာဖြစ်နေ
သူများ နှစ်လုံးရောဂါသမားတွေ ဖြစ်ပါတယ် ဘုန်းကြီး
ဆေးကုသပေးဖြစ်တာက ဒါကာတစ်ယောက်က
ဆေးနည်ပေးလိုပါ ပထမတော့ ဘုန်းကြီး ကိုယ်ဟာကို
ကုတာ နောက် ဘုန်းကြီးကျောင်းကို တရားနာလာသူ
တွေ ရောဂါသည်ပါလာတာတွေ ကုပေးတယ် ဆေးရုံ
က လက်လျှော့လိုက်လို့  နှစ်လုံးသွေးကြော့ကျဉ်းရော
ဂါကို နှစ်ပေါင်းများစွာခံစားနေသူကိုကုပေးလိုက်လို့
ပျောက်ကင်သွားတော့ ဘုန်းကြီးလည်း ကုသိုလ်ရ
သူလည်းအခုကျန်းကျန်းမာမာဖြစ်သွားတာကနေ
ကျောင်းရှိ သံဃာတော်တွေ ဥပုတ်သည်တွေကုပေး
ရာကနေ အခုဆိုအဝေတွေကပါ လာရောက်ကုသလျှက်ရှိသည်ဟု ဆရာတော်ဦးသူရိယကမိန့်ကြားခဲ့သည်။

ပြင်ဦးလွင်မြို့မရောက်ခင် ရပ်ကွက်ကြီး (၁၈) မန္တလေး
အဆင်းလမ်းကနေ ဝင်သွားပါက ဒိုးကွင်းကျေးရွာ ရွာ
ဦးကျောင်းကိုရောက်ပါတယ် ဆရာတော်ကြီး၏ဆေး
ကုသနည်များကတော့ ဆားကြမ်းနှင့်ရေနွေးဖြစ်ပါတယ် ရေနွေးကို တစ်နာရီ
ခန့် အပူရိုန်ပေးထားကာ ရေဗုံးအတွင်း ဆားကြမ်း
တစ်ပိတ်သာခန့်ထည့်ပြီး ရေနွေးများလောင်ထဲ့ကာ
ဆားများကို ရေပျော်အောင်ပြုလုပ်ကာ ခြေဖနှောင့်က
နေ ဆားရေပူများဖြင့်အပူပေးကာ ကိုယ်ခန္ဓာရှိသွေး
ကြော့များစတင်ဖွင့်ပေးခြင်းဖြစ် တစ်နာရီ အချိန်ပေး
ကာကုသပေးလျှက်ရှိသည်ကိုတွေ့ရပြီး ရပ်ဝေးရပ်နီး
ကလာရောက်ကုသသူများရှိသည်ကိုတွေ့ခဲရပါတယ်
ဆရာတော်ဘုရားဟာ ဆေးကုသခ မယူဘဲ မေတ္တာဖြင့် လာရောက်ကုသသူများကိုကုသပေးနေ
တွေ့ရသည်။
စိုင်းထူးခန့် 

posted from Bloggeroid

No comments:

Post a Comment