

ရတနာပုံဗုဒ္ဓဘောဇနိယဥဿဟအသင်း(အုပ်ကလေး
အသင်း)၏ (၉၄)ကြိမ်မြောက် မဟာလောကမာရဇိန်ကျောက်
တော်ကြီးဘုရားသို့ ဆွမ်းတော်ကြီးကပ်လှည့်လည်ပူဇော်
ပွဲကို စက်တင်ဘာလ ၁၅ရက်နေ့ မွန်းတည့် ၁၂နာရီက အသင်း
တည်ရာဌာနဖြစ်သော ၂၈×၂၉လမ်းကြား၊ ၈၇လမ်း၊ ကိုင်း

တန်းဈေးရှိ အသင်းနာယက ဦးလှမောင်+ဒေါ်သိန်းဋ္ဌေးတို့
၏ နေအိမ်မှ စတင်၍ အသင်းဥက္ကဌဦး ချစ်ကိုကို ဦးဆောင်ေ
သော အမှုဆောင်လူကြီးများ၏ ကြီးကြပ်မှုဖြင့် အသင်းသား(၃၀၀)ကျော်မှ ဘာသာရေးဝတ်စုံဖြစ်သော
ပိတ်ဖြူစင်ကြယ်များ ဝတ်ဆင်ကာ ဆွမ်းတော်အုပ်က
လေးဆိုင်းတန်း(၁၀၀)ကျော်ဖြင့် အတီးအမှုတ် အက
အခုန်များပါဝင်ကာ သတ်မှတ်လမ်းကြောင်းအတိုင်း
လှည့်လည်ခဲ့သည်။ ယင်းသို့ လှည့်လှည်ရာတွင် စုရပ်
အသင်းတည်ရာဌာနမှ စတင်ကာ လှည့်လှည်ရာ လမ်း
ကြောင်းတလျောက်တွင် ကုသိုလ်ရှင်များက စားသောက်
ဖွယ်ရာများ ဧည့်ခံကျွေးမွေးခြင်း၊ အလှူငွေများလှူဒါန်းခြင်း၊
ယပ်တောင်၊ လက်ကိုင်ပုဝါများ ကမ်းလှမ်းခြင်းများဖြင့်
ပါဝင်ကုသိုလ်ပြုခဲ့ကြောင်း သိရသည်။
(Ah Lin Nge)
No comments:
Post a Comment