မြေယာမှုခင်းစီရင်ရာတွင် အုပ်ချုပ်ရေးမဏ္ဍိုင်၏ ဆုံးဖြတ်ချက်နှင့် တရားရေးမဏ္ဍိုင်၏ ဆုံးဖြတ်ချက် မည်သည်ကအမှန်ဖြစ်သည်ကို ၂ ပတ်အတွင်းဖြေကြားမည်ဟုဆို
---- ------ ------ ------ ------ ------ ------ ------ ----
မကွေးတိုင်းဒေသကြီးတွင် လွှတ်တော်ကော်မတီနှင့် တိုင်းအစိုးရကိုတိုင်ကြား
ထားသောမြေယာအမှုပေါင်းများစွာရှိနေပြီးအဆိုပါအမှုများတွင် မြေယာ

ပိုင်ဆိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်ကိုချထားပေးရာတွင် အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားရေးမဏ္ဍိုင်များ၏ ဆုံးဖြတ်ချက်နှစ်ခုတွင် ဥပဒေအရ မည်သည်က အတည်ဖြစ်သည်နှင့်ပတ်သက်ပြီး နှစ်ပတ်အတွင်းအတည်ပြုပြောကြားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးဥပဒေအရာရှိချုပ်ရုံးက News Watch သို့ ပြောကြားသည်။
အဆိုပါမြေယာမှုခင်းများသည်တဖက်တွင်လည်းမြို့နယ်မြေယာစီမံခန့်ရေးကော်
မတီမှ တိုင်းဒေသကြီးအစိုးရအဖွဲ့လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီက
လုပ်ပိုင်ခွင့်ချထားပေးနိုင်သောအဖွဲ့တစ်ခုရှိနေသလိုအခြားတဖက်တွင်လည်း
အမွေးဆက်ခံခွင့်အရတရားရုံးများတွင် တရားရင်ဆိုင်နေကြရသည်။
ထို့ပြင် အမွေးဆက်ခံခွင့်ရသူလုပ်ပိုင်ခွင့်ရသူများကလယ်ယာမြေများကို ၀င်ရောက်လုပ်ကိုင်ရာတွင်လည်း သီးနှံပျက်ဆီးမှုနှင့် ပိုင်နက်ကျူးလွန်မှုတို့ကဲ့သို့သော ပြစ်မှုကြောင်းအရတရားရင်ဆိုင်နေရသောမှုခင်းများလည်းရှိနေသောကြောင့် အုပ်ချုပ်ရေးမဏ္ဍိုင်ကဆုံးဖြတ်ချက်နှင့် တရားရေးမဏ္ဍိုင်ကဆုံးဖြတ်ချက် မည်သည်ကအတည်ဖြစ်ကြောင်း News Watch က
မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ယင်းမေးခွန်းနှင့် ပတ်သက်ပြီးဌာနဆိုင်ရာအကြီးအကဲအချို့ကိုမေးမြန်းအတည်ပြုခဲ့သော်လည်း မည်သည့်ဆုံးဖြတ်ချက်ကနောက်ဆုံးအတည်ဖြစ်သည်ကို ပြောပြပေးနိုင်ခြင်းမရှိခဲ့ပေ။ သို့အတွက်ကြောင့် တိုင်းဒေသကြီးတရားလွှတ်တော်ချုပ်ရုံးသို့ ထပ်မံမေးမြန်းရာတွင် အဆိုပါမေးခွန်းမှာဥပဒေရေးရာကိစ္စရပ်များဖြစ်နေသည့်အတွက် ဥပဒေအရာရှိချုပ်ရုံးကိုသာ ဆက်လက်မေးမြန်းရန် ညွှန်ကြားခဲ့သည့်အတွက် တိုင်းဒေသကြီးဥပဒေချုပ်ရုံးသို့ သတ်မှတ်ထားသည့် မေးခွန်ပုံစံတွင် ရေးသွင်းပြီးလူကိုယ်တိုင်စာဖြင့် မေးမြန်းခဲ့ခြင်းဖြစ်သည်။
ထိုမေးမြန်းချက်မှာစာဖြင့် မေးမြန်းသည့်အတွက် စာဖြင့်သာအကြောင်းပြန်ကြား
မည်ဖြစ်ကြောင်း စက်တင်ဘာ၅ရက်နေ့တွင် ဥပဒေအရာရှိချုပ်ရုံးကဆိုသည်။
လယ်ယာမြေမှုခင်းများ၏ လုပ်ပိုင်ခွင့်၊ ပိုင်ဆိုင်ခွင့်များနှင့် ပတ်သတ်ပြီး
လယ်ယာမြေဥပဒေပုဒ်မ ၂၅(ဂ)တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်လယ်ယာမြေစီမံခန့်မှုအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်ဟု ပြဌာန်းထားသည်။
အခြားတဖက်တွင် တရားရုံးများတွင် ပိုင်နက်ကျူးလွန်မှု သီးနှံပျက်ဆီးမှု၊ သီးစားခ၊
အမွေဆက်ခံပိုင်ခွင့် စသည့် အမှုများအတွက်လည်းတရားရင်ဆိုင်နေရသူ
များလည်းရှိနေသည်။
သို့ပါသောကြောင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ပိုင်ခွင့်နှင့်ပိုင်ဆိုင်ခွင့်ဆိုင်ရာ
အသိအမှတ်ပြု ပုံစံနှင့် တရားရုံးများကဆုံးဖြတ်ပေးသောပိုင်ဆိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်
ဆိုင်ရာအမိန့်ဒီဂရီ နှစ်ခုတွင် မည်သည့်ဆုံးဖြတ်ချက်သည် နောက်ဆုံးဖြစ်သည်ကို
အမှုရင်ဆိုင်နေရသောလယ်သမားများကသိချင်နေကြကြောင်းလည်းသိရသည်။
ထို့ပြင် အမှုတစ်ခုတည်းကိုရုံးနှစ်ရုံးတွင် တရားရင်ဆိုင်မှု ခံယူရသောကြောင့်
တောင်သူလယ်သမားများမှာငွေကြေး၊ အချိန်နှင့် လုပ်အားများစွာလည်းဆုံးရှုံးနေ
ရကြောင်းအမှုရင်ဆိုင်နေသူသုံးဦးခန့်ကိုမေးမြန်းချက်အရသိရသည်။
ပိုင်နက်ကျူးလွန်မှုအရတရားစွဲဆိုခြင်းခံထားရသောအချို့အမှုများတွင် တောင်သူလယ်သမားများစွာ ပါဝင်နေကြောင်းလည်း သိရသည်။
စောကျော်ဝင်း

posted from Bloggeroid
No comments:
Post a Comment