(ရန်ကုန်၊ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂ ရက်) -- ပျံသန်းခြင်း အလုပ်အကိုင်ဖြင့် အသက်မွေးဝမ်းကြောင်း ပြုလိုသူ မြန်မာလူငယ်များအနေဖြင့် အာရှ၏ ထိပ်တန်းလေကြောင်းလိုင်းတွင် ဝင်ရောက်လုပ်ကိုင်ခြင်းဖြင့် အိပ်မက်များကို အကောင်အထည်ဖော်နိုင်ပြီဖြစ်သည်။ ပြည်တွင်းနှင့်ပြည်ပ ချိတ်ဆက်မှုများ စဉ်ဆက်မပြတ်တိုးတက်နေခြင်းကို ဆက်လက်ထိန်းသိမ်းသည့်အားဖြင့် Vietjet သည် လက်ရှိတွင် တက်ကြွဖျတ်လတ်၍ ဧည့်သည်များအပေါ် ဝန်ဆောင်မှုပေးနိုင်သည့် လူငယ်များအား လေယာဉ်မောင်မယ်များအဖြစ် ခန့်အပ်ရန် လျှောက်လွှာများ ခေါ်ယူလျက်ရှိသည်။
လျှောက်ထားလိုသူ မြန်မာလူငယ်များအနေဖြင့် ကိုယ်ရေးအကျဉ်းနှင့် လျှောက်လွှာဖောင်များကိုcrewrecruitment@vietjetair.com သို့ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့ နောက်ဆုံးထားလျက် ပေးပို့လျှောက်ထားနိုင်သည်။ လူတွေ့အင်တာဗျူးကို စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ Sofitel Plaza, (No.01, Thanh Nien Street, Ba Dinh District) ၌ နံနက် ၈ နာရီတွင် ပြုလုပ်မည်ဖြစ်သည်။
Online မှ ကြိုတင်လျှောက်ထားခြင်းက ပို၍အဆင်ပြေပြီး အင်တာဗျူးပြုလုပ်ချိန်မှ လျှောက်လွှာယူဆောင်၍ လျှောက်ထားလည်းရနိုင်သည်။ အင်တာဗျူးဖြေဆိုအောင်မြင်သူများသည် ဗီယက်နမ်နိုင်ငံနှင့် အခြားနိုင်ငံများတွင် အထူးလေ့ကျင့် သင်တန်းများကို တက်ရောက်ရမည်ဖြစ်ပြီး ကောင်းမွန်သော လစာ၊ သက်ဆိုင်ရာနယ်ပယ်များတွင် နာမည်ကောင်းရခြင်းများနှင့် လုပ်ငန်းခွင်အတွင်း ရာထူးတိုးတက်ခြင်းများ စသည့် အခွင့်အလမ်းများကို ရရှိမည် ဖြစ်သည်။
လျှောက်ထားသူများသည် အောက်ပါအရည်အချင်းများဖြင့် ပြည့်စုံရမည်။
- အသက်။ ။ ၂၀ မှ ၃၀ အတွင်း။
- အရပ်။ ။ ယောက်ျားလေး ၅ ပေ ၆ လက်မ မှ ၅ ပေ ၉ လက်မ။ မိန်းကလေး ၅ ပေ ၂ လက်မ မှ ၅ ပေ ၇ လက်မ (ယခင်က လေယာဉ်မယ်အတွေ့အကြုံ ရှိဖူးလျှင် ၅ ပေ ၁ လက်မ ကို ထည့်သွင်းစဉ်းစားပေးမည်)
- ပညာအရည်အချင်း။ ။ အထက်တန်းအောင်
- အင်္ဂလိပ်စာ။ ။ အမှတ် ၄၀၀ ကျော်ဖြင့် TOEIC လက်မှတ် (သို့မဟုတ် အခြားအလားတူ လက်မှတ်)
- ကိုယ်ရည်ကိုယ်သွေး။ ။ တက်ကြွဖျတ်လတ်ကာ ဆက်ဆံရေးကောင်းမွန်ရမည်၊ လုပ်ငန်းခွင် ဒေသ အသစ်များနှင့် လွယ်ကူစွာ လိုက်လျောညီထွေလုပ်ကိုင်တတ်ရမည်ဖြစ်ပြီး ဧည့်သည်များကို ဝန်ဆောင်မှုပေးရာတွင် အကောင်းဆုံး အရည်အချင်းရှိရမည်။
အသေးစိတ်သိရှိလိုပါက www.vietjetair.com. သို့ ဝင်ရောက်ကြည့်ရှုနိုင်သည်။

posted from Bloggeroid
No comments:
Post a Comment