"တောင်သူလယ်သမားသမဂ္ဂဖော်ဆောင်ရေးနှင့်ဒေသခံတောင်သူများတွေ့ဆုံပွဲကြီးပြင်ဦးလွင်တွင်ကျင်းပ"
====================================
ပြင်ဦးလွင် စတင်ဘာ
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ရေငယ်ကျေးရွာတွင်
မြို့နယ်အတွင်းရှိဒေသခံတောင်သူများတွေ့ဆုံပွဲနှင့်
တောင်သူလယ်သမားသမဂ္ဂဖွဲ့စည်းခြင်းအခမ်းအနား
ကိုစတင်ဘာလ ၁၀ နေ့ နံနက် ၁၀ နာရီအချိန်ကစတင်၍ အင်အား ၃၀၀ကျော်တက်ရောက်ကာ အထက်မြန်မာပြည်တောင်လယ်သမားအလုပ်သမား
အရေးကူညီဆောင်ရွက်ပေးနေသောမန္တလေး(FNIFL)အဖွဲ့ကလာရောက်ပြီးဟောပြောဖွဲ့စည်းပေးခဲ့သည်ကို
တွေ့ရသည်။
"ပြင်ဦးလွင်မြို့နယ်အတွင်းမှဆို တောင်သူတွေကိုတရားစွဲထောင်ချတာတွေ မတရား
တရားစီစစ်နေတာများလို့ အခုတောင်သူတွေရဲ့အခတ်
အခဲတွေရှိတာကြောင့် တောင်သူတွေကိုသမဂ္ဂဖွဲ့ပေး
ရတာဖြစ်ပါတယ် တောင်သူတွေမှ ငွေလဲမရှိဘူး အင်
အားဆိုတာဘဲရှိတာ ဒါကြောင့် ကျွန်တော်တို့အဖွဲ့အနေဖြင့် အစိုးရသစ်တက်လာသည့်
အချိန်မှ ယခင်အစိုးရလင်ထက်ကလို့ ဖိနိပ့်မှု့တွေမရှိ
စေရေး လက်တရားစွဲခံရသောတောင်သူများ အမြန်ဆုံးလွတ်မြောက်စေရေးအတွက် တောင်သူတွေ
စည်းလုံးညီညွန်စေရန် ယနေ့ အသိပညာပေးဟောပြောပွဲလုပ်ကာတောင်သူများသမဂ္ဂဖွဲ့စည်းပေးတာဟု (FNIFL)ဗဟိုကော်မတီဝင်ဖြစ်
သူဦးအေးသိန်းကပြောသည်။
"ကျွန်တော်အဖွဲ့က မန္တလေးကပါ တောင်သူလယ်သမားအလုပ်သမားအရေးကူညီချတ်
ဆက်ဆောင်ရွက်ပေးလာတာ ၅ နှစ်ကျော်ရှိပါပြီ
တရားဝင် နိုင်ငံတော်ကဖွဲ့စည်းခွင့်ပေးထားသောကြောင့် မန္တလေး တိုင်းအတွင်းက မြေယာသိမ်းဥပဒေနဲ့မညီဘဲ
ခရိုနီများနှင့်အာဏာပိုင်များပူပေါင်းကာ အဓမ္မသိမ်း
ထားသည့်မြေဧကပေါင်းများစွားအတွက် ကူညီပေး
နေသောအဖွဲ့ပါ ပိုလျှံမြေတွေ ပြန်မပေးတာတွေ ၁၉၉၄
မြေသိမ်းဥပဒေမညီတာတွေရှိပြီး တောင်သူတွေကို
မတရားပုဒ်မတွေတပ်ကာ တရားစွဲခံရတာတွေ ရှိလို
တောင်သူတွေက ထွန်တုံးတိုက်ပွဲလုပ်တယ် ဆန္ဒပြ
တာတွေဖြစ်လာပါတယ် တောင်သူလယ်သမားကိုယ်
စာလှယ်တွေပါဝင်တဲ့ အဖွဲ့စည်းတွေလို့အပ်လို ယနေ့
သမဂ္ဂဖွဲ့ကာ တောင်သူများစည်လုံးဖို့လာရောက်ခဲ့တာ
ဟု(FNIFL)ဗဟိုကော်မတီ ဦးလင်းလင်းကပြောသည်။
ကျွန်တော်ပြင်ဦးလွင်မှ လယ်စ်ီအဖွဲ့တွေဖွဲ့တယ်
ကော်ဖီစိုက်ခင်းဘန်းပြသိမ်းတယ် ပိုးဇာစိုက်ခင်းဘန်း
ပြသိမ်းတယ် တောင်ယာတွေသိမ်းတယ် လယ်စီခန့်
ခွဲရေးအဖွဲ့တွေဖွဲ့ပြီသွားပြီး တောင်သူတွေမသိရဘူး
ကျေးရွာတိုင်လိုလို သူခိုးဆိုသောသူတွေရှိနေပါတယ်
ဘယ်အဖွဲ့အစည်းကမှရှင်းပေးခဲ့တာမရှိပါဘူး
သူခိုးဆိုသောသူတွေ ခိုးစားလိုမရအောင်လုပ်ပေးသင့်
ပါတယ် မြေသိမ်းယာသိမ်းတွေအများကြီး မြေခိုသူတွေအများကြီး ဒေသခံတောင်သူတွေက တောတွေတောင်တွေ ခုတ်ပြီးတာနဲ့ စီမံချက်တွေပြပြီး
ကျေးရွာအုပ်ချုပ်ရေးမှုးနှင့် သစ်တော့က လူကြီးတွေ
ပါတယ် မြေသိမ်းယာသိမ်းအမျိုးမျိုးပြသိမ်းတယ်
တောင်သူတွေ လုပ်ကိုင်စားနေပါလျှက်နဲ့ကိုသိမ်းခံရ
တာတွေရှိတာကြောင့် ကျေးရွာပေါင်း ၄၀ ကျော်က
တောင်သူတွေစုပေါင်းတွေ့ဆုံပွဲနှင့်တောင်သူလယ်သ
မားသမဂ္ဂဖွဲ့စည်းရတာဟု ဒေသခံတောင်သူတွေက
ပြောသည်။
"ကျွန်တော်တို့ ပြင်ဦးလွင်ဒေသကို မြေလွတ်မြေရိုင်
ဆိုတာ မရှိပါဘူး မြေတွေသိမ်းတယ် အုပ်ချုပ်ရေးနဲ့
အာဏာပိုင်တွေကဘဲ မြန်မာလူမျိုးအချင်းချင်း သိမ်းခံ
ရတာဟာ ကျွန်တော်တို့သမဂ္ဂတွေမရှိလိုပါ သင်္ချိုင်ကုန်
မြေတောင်မကျန်တော့ပါဘူး ကျွန်တော်တို့တောင်သူ
ဆိုတာ ကိုယ်တိုင်ပင်ပန်းခံပြီး အလုပ် လုပ်ထားခဲ့လို
ကျွန်တော်တို့ဘိုးဘွားလက်ထက်က အမွေပေးခဲ့လို
တောင်သူဘဝနဲ့လုပ်စားခဲ့ရတာ အခုကျွန်တော်တို့
သားသမီးများလက်ထက် အမွေပေးစရာမြေမရှိတော့
ဘူး တောင်သူတွေအတွက် ကျေးရွာတစ်ရွာကခေါင်ဆောင် မြေသိမ်းသူတွေရဲ့
မတရားမှု့ပြောရင် အဲဒီ လူကို အမှု့စဉ်တယ်ထောင်ချ
တယ် သမဂ္ဂခေါင်ဆောင်ဆို ယခင် အစိုးရလက်ထက်က တရားစွဲထောင်ချခံရတယ်ဟု
တက်ရောက်လာသောဒေသခံတောင်သူတစ်ဦးက

posted from Bloggeroid
No comments:
Post a Comment