Friday, September 9, 2016

ဆရာဝန်မဖုန်းပျောက်၍ဆေးရုံဝန်ထမ်းခေါ်မေးခံရ

ဒီနေ့ညပိုင်းမှာ ဖြစ်ပျက်သွားတဲ့အဖြစ်အပျက်လေးကို တော်တော်တရားကျမိသွားတယ်
အိမ်ကမိန်းမက ဗဟိုအမျိုးသမီးဆေးရုံမှာ အလုပ်လုပ်နေတယ် အလုပ်သမားပေါ့ ဒီနေ့ညပိုင်း ၇နာရီမှာ ဂျူတီထွက်လို့ သွားကြိုပြီးအပြန် အိမ်ရောက်ကာစရှိသေးတယ် မိန်းမဆီကို ဖုန်းဝင်လာတယ် အလုပ်ထဲမှာ ပြသနာတက်နေလို့ အခုချက်ချင်း ပြန်လာခဲ့ပါဆိုတော့ ကျွန်တော်လည်း မနေသာတော့တာနဲ့ ချက်ချင်းပြန်လိုက်ပို့လိုက်ရတယ် ဆေးရုံကိုရောက်တော့ မိန်မက သူကျနေတဲ့ရုံထဲကိုဝင်သွားတော့ အပြင်ကထိုင်စောင့်နေလိုက်တာ ၁နာရီခွဲလောက်ကြာသွားတယ် တော်တော်နဲ့ပြန်မထွက်လာလို့ဖုန်းဆက်တော့မှ ၁၅မိနစ်လောက်ကြာတော့ ပြန်ထွက်လာတယ် ဒါနဲ့ မိန်းမကို ဘာပြသနာတက်နေတာလဲလို့မေးတော့ ဆရာဝန်မတစ်ယောက်အလုပ်ထဲမှာ ဖုန်းပျောက်သွားလို့ ခေါ်ပြီးမေးတာတဲ့ဗျာ
အဲဒီရုံမှာ မိန်းမနဲ့အတူအလုပ်သမားရှစ်ယောက်တာဝန်ကျတယ် မနက်ပိုင်းလေယောက် ညပိုင်းလေးယောက် နေ့ပိုင်းက မနက်၇နာရီကနေည၇နာရီ လေးယောက်တစ်ဖွဲ့ ၁၂နာရီတစ်ဂျူတီပေါ့ဗျာ ဒါကအကြောင်းမဟုတ်ပေမယ့် တာဝန်ချိန်ပြီးလို့ အိမ်ပြန်ရောက် အနားတောင်မယူရသေးခင် သေရေးရှင်ရေးအလား ပြသနာအကြီးကြီး ဖြစ်တဲ့ပုံနဲ့ဖုန်းလာတော့ ချက်ချင်းပြန်ပြေးရ အိမ်နဲ့ဆေးရုံက ဆိုင်ကယ်နဲ့မောင်းရင်ကို အနည်းဆုံး ၂၅မိနစ်ကျော်လောက်မောင်းမှ ရောက်တဲ့နေရာ ဖြစ်တဲ့ပြသနာက အရေးကြီးလည်းမဟုတ်
အလုပ်နဲ့လည်း မသက်ဆိုင်
မိမိပေါ့လျော့မှုကြောင့် ပျောက်တဲ့ပစ္စည်းကို ဥစ္စာပျောက်ငရဲရောက်ဆိုသလိုဖြစ်နေတယ် ဒါနဲ့ကျွန်တော်လည်း ဒေါသဖြစ်ဖြစ်နဲ့မိန်းမကို မင်းအဲဒါဘာတစ်ခွန်းမှ ပြန်မပြောခဲ့ဘူးလားလို့မေးတော့မှ ပိုပြီး ဒေါသဖြစ်ရပါလေရော
အဲဒီဆရာဝန်မက သူတို့ကို တစ်ယောက်ချင်းခေါ်မေးသတဲ့ စကားပြောတာကတော့ ချိုချိုသာသာလေးဆိုပေမယ့် အမေးခံရသူတွေရဲ့ သိက္ခာတရား ကိုယ်ကျင့်တရားကို တိုက်ရိုက်စော်ကားနေခြင်းပဲလို့ မြင်မိပါတယ်
နောက်တစ်ခု အဲဒီဆရာဝန်မက မိမိလက်အောက်ကအလုပ်သမားတွေကို ဒီလိုမေးခွင့် ဘယ်သူကများ ပေးလိုက်တာလဲဆိုတာကိုပါ ထပ်ဆင့်အတွေးဝင်သွားစေပါတယ်
နောက် ဒီလောက်လူတွေအများကြီးအလုပ်လုပ်နေတဲ့နေရာမှာ မိမိပစ္စည်းမိမိထိန်းသိမ်းမှုညံ့ဖျင်းလို့ ပျောက်သွားတဲ့အပေါ်မှာ မိမိလက်အောက်ငယ်သားများကို ခေါ်ယူမေးတယ်ဆိုကတည်းက သူ့ရဲ့ကိုယ်ကျင့်တရားအဆင့်အတန်းကိုပါ ဖော်ပြနေသလိုဖြစ်နေတယ်ဆိုတာကို မသိတာလား မသိချင်ယောင်ဆောင်နေတာလားဆိုတာကိုလည်း မေးခွန်းထုတ်စရာဖြစ်လာတယ်
နောက်ပြီးတော့ မြန်မာစကားပုံမှာလည်း ရှီပါတယ် လွယ်ရင်သူကြွယ်တောင်စိတ်မချရဆိုလေတော့ သူ့ပစ္စည်းကို အလုပ်သမားတွေယူတာဖြစ်နိုင်သလို သူနဲ့တန်းတူတွေထဲကရော မခိုးနိုင်တော့ဘူးလား
ရှင်းအောင်ပြောရမယ်ဆိုရင် အလုပ်သမားလူတန်းစားတွေကပဲ
သူ့ပစ္စည်းကို ခိုးယူခြင်းပြုလုပ်မယ်လို့ ထင်မြင်ယူဆတာကြောင့် အလုပ်နဲ့လည်း မပက်သက်
မိမိကိုယ်ရေးကိုယ်တာကိစ္စတစ်ခုအပေါ်မှာ ငါကလူကြီးပဲ သူတို့ကို ငါလုပ်ချင်သလိုလုပ်လို့ရတယ်ဆိုတဲ့သဘောမျိုးနဲ့မေးမြန်းခြင်းလို့ မြင်မိပါတယ်
ပြီးတော့ အခုလို ခေါ်ယူမေးမြန်းခံရတဲ့ အလုပ်သမားတွေရဲ့နစ်နာဆုံးရှုံးသွားရတဲ့သိက္ခာတရားတွေအတွက် သူဘာနဲ့ပြန်ပေးဆပ်မှာလည်းဆိုတာရယ်
အဲဒီဆေးရုံမှာ တာဝန်အရှိဆုံးလို့ဆိုတဲ့ ဆေးရုံအုပ်ကြီးဆိုသူကရော အခုလို လက်လွတ်စပယ်လုပ်တဲ့ဆရာဝန်မရဲ့လုပ်ရက်အပေါ် ဘယ်လိုအရေးယူမှာလဲဆိုတာကိုပါ သိချင်လာမိပြန်ရော ကျွန်တော့်အမြင်သဘောထားကို ပြောရမယ်ဆိုရင်တော့ မိမိပစ္စည်းဟာ မိမိပေါ့လျော့မှုကြောင့်ပျောက်ဆုံးသွားတဲ့အပေါ်မှာ ယုန်ထင်ကြောင်ထင် ဖြစ်နေမယ့်အစား
တိတိကျကျရအောင်စုံစမ်းလေ့လာပြီး ခိုးယူသူကို မိအောင်ဖော်ထုတ်သင့်တယ် အခုတော့ အလုပ်သမားတွေအပေါ် ပညာတတ်မဆန်စွာ တစ်ဦးချင်းခေါ်ယူစစ်ဆေးမေးမြန်းတာကတော့ တရားဥပဒေမဲ့လွန်းတယ်လို့မြင်မိပါတယ်ခင်ဗျာ

posted from Bloggeroid

No comments:

Post a Comment