
"မိဘ မသိလိုက်ဘဲကျောင်းထုတ်ခံသောကျောင်းသားတွေရှိနေသည်ဟုဆို"
===========================================
မန္တလေး စတင်ဘာ
မန္တလေး ပြည်ကြီးတံခွန်မြို့နယ် စက်မှုမြို့သစ် အတွင်းရှိ အစိုရနည်း
ပညာအထက်တန်းကျောင်းတွင် အုပ်ထိမ်းသူမိဘ မသိရှိဘဲ ကျောင်း
ကနေထုတ်ပယ်ခံထားရသော ကျောင်းသားများရှိကြောင်း ကျောင်းမှ
စတင်ဘာလ ၂ နေ့က ကျောင်း၏ စီမံခန့်ခွဲရေးအဖွဲ့၏ဆုံဖြက်ချက်ဖြင့်
ကျောင်းကနေထုတ်ပယ်ခံရသူ (၇)ယောက်ထဲ့က ကျောင်းသားမိဘ
တစ်ဦးကပြောသည်။
မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ပြုပြင်ပြောင်းလည်းလာဖို့တစ်ခုတည်း
အရေးမကြီးပါဘူး အသက်မွေးဝမ်းကြောင်းပညာတစ်ခုအရေးကြီး
သဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် အလယ်တန်းပညာသင်ကြားပြီး
သောကျောင်းသားများအတွက်ရည်ရွယ်ကာ အစိုးရနည်းပညာ
အထက်တန်းကြီးကို မန္တလေးမြို့တွင်ဖွင့်လစ်ပေးခဲ့ရာ အဆိုပါကျောင်း
ကိုတက်ရောက်ပညာသင်ကြားနေသော ကျောင်းသားတစ်ချို့ ကျောင်း
မှထုတ်ပယ်ခံရခြင်း ကျောင်းစည်းကမ်းမလိုက်နာခြင်းများရှိသဖြင့်
အုပ်ထိမ်းသူမိဘများမသိရှိဘဲ ကျောင်းဆက်တက်နေသည့်ကျောင်း
သားရှိကြောင်းလေ့လာတွေ့ရှိရသဖြင့် ကျောင်းမှအပယ်ခံရသူမိဘ
တစ်ဦးနဲ့တွေ့ဆုံးမေးမြန်ခဲ့ရာ
"ကျောင်းခေါ်ချိန်မပြည့်သောကြောင့် ကျောင်းထုတ်ပြီးမှ မိဘတစ်ယောက်အနေနဲ့သိရတာ အဓိပ္ပာယ်မရှိဘူးဟု ခံစားရတယ်
ကျောင်းကိုကျွန်တော်လိုက်သွားပြီ ကျောင်းခေါ်ချိန်သက်မှတ်ချက်များ
ကိုမေးကြည့်ရာ ၂၀၁၆ ခုနှစ်ဇွန်လမှသြဂုတ်လအထိ(၅၀)ရာခိုင်နှုန်း
အောက်ရောက်နေ၍ဖြစ်ကြောင်း သိရပါတယ် မိဘထံ (၄.၈.၂၀၁၆)
ရက်စွဲနှင့် စာတစ်စောင် (၂၆.၈.၂၀၁၆)ရက်စွဲဖြင့် စာတစ်စောင်တို့ကို
စာတိုက်မှ ပေးပို့ခဲ့ကြောင်းသိရှိရပါတယ် သြဂုတ်လ ၂၆ နေ့ကပေး
ပို့သည့် စာက ကျွန်တော်အိမ်ကို စတင်ဘာလ ၅ ရက်နေ့ကရောက်
လာပါတယ် အဲဒီရက်မတိုင်မှီ ကျွန်တော်သား ကျောင်းထုတ်ခံရတယ်
သိလို ကျောင်းက ပို့လိုက်သည့်စာမရောက်လာခင် ကျွန်တော်ကျောင်းအုပ်နဲ့သွားရောက်တွေ့ဆုံပြီး အပြန်မှ ကျွန်တော်
အိမ်ကို စာရောက်လာတာပါ သြဂုတ်လ ၂၆ ရက်နေ့ နောက်ပိုင်း
ကျောင်းဆက်ပျက်မှသာ ထုတ်သင့်သည့်ဟု ကျွန်တော်ထင်ပါတယ်
သြဂုတ်လ ၂၉ ရက်နေ့တစ်ရက်ကတော့ ကျွန်တော်သားကျောင်း
ပြေးနေတယ်လိုသိရလို့  ကျွန်တော် အိမ်မှဆုံးမရာက နေမကောင်း
ဖြစ်လို ကျွန်တော်ကိုယ်တိုင်ခွင့်စာကို လက်မှတ်ရေးထိုးကာ ခွင့်တိုင်
ပေးခဲ့တာပါ ကျွန်တော်မဆိုးဘူး ကျောင်းမပြေးဘူး ကျွန်တော်မပြော
ပါဘူး ကျောင်းစည်းကမ်းကိုလည်း ကျွန်တော်နားလည်ပေးပါတယ်
ကျောင်းသားမိဘဆရာဆိုတာ ဆွေးနွေးတိုင်မြင်လို ရမလားဆိုပြီး
စတင်ဘာလ ၈ နေ့ က ကျောင်းအုပ်ကြီးထံ ကျွန်တော် သိချင်သည်
များမေးမြန်ရန် သွားရောက်တွေ့ဆုံရာ ကျောင်းအုပ်ကြီးမရှိဘူး
ကျောက်ဆည်သို့ သွားနေကြောင်း ဌာနမှူး ဒေါ်မြင့်မြင့်သိန်းကို
စကားပြောခွင့် အချိန်ပေးနိုင်လားဟု တောင်းဆိုကာ ကျွန်တော်သိလို
သော ကျောင်းခေါ်ချိန် သတ်မှတ်ပုံအား မေးသောအခါ တိတိကျကျမသိ၍ ကျောင်းအုပ်ကြီးကိုသာမေးမြန်းရန် ဖြေကြားခဲပါ
တယ်။
ကျွန်တော်သိထားသော ကျောင်းခေါ်ချိန်သတ်မှတ်ပုံမှာ စာသင်နှစ်
တစ်နှစ်သာ (၇၅) ရာခိုင်နှုန်းမပြည့်မိပါက အဆန်းတင်စာမေပွဲကို
ဖြေဆိုခွင့်မရှီဟုသာ သိထားပါ ကျွန်တော်သားအား (၃)လနှင့် ၅၀
ရာခိုင်နှုန်းအောက်ရောက်နေလို့ ကျောင်းထုတ်ကြောင်းသိရလို
မိဘတစ်ယောက်အနေဖြင့် မျော်လင့်ချက် ကလေးငယ်၏အနာဂဒ်
ရိုက်ချိုဖျက်ဆီးခံရသလိုခံစားရပါတယ် အဲဒါနဲ့ စိတ်ညစ်ညစ်နဲ့
ကျောင်းကထွက်လာပြီး ကျောင်းရှေ့ ကော်ဖီဆိုင်တွင် ထိုင်နေသည့်
အချိန်မှ ကျောင်းအုပ်ကြီးထံမှ ဖုန်းဝင်လာတယ် ကျွန်တော် ကျောင်း
အုပ်ကြီးရဲ့ သဘောထားကို ခန့်မှန်းကြည့်ရသည်မှာ ငယ်တဲ့အမှုကို
ကြီးစေသောသဘောတွေ့တယ် အဘယ်ကြောင့်ဆိုတော့ ကျောင်းထဲ
သို့ကျွန်တော် ကျောင်းသားမိဘတစ်ယောက်အနေဖြင့် လာရောက်
ဆွေးနွေးလို နှောက်ယှက်တယ်ဟု ကျွန်တော်ကိုစွပ်စွဲပြောဆိုတယ်
ကျောင်းသားမိဘတစ်ယောက်အနေဖြင့် ဘာမှမသိလိုက်ရဘဲ
ကိုယ်ငါးကျောင်ူထုတ်ခံလိုက်ရတော့ခံစားရပါတယ် ကျောင်းထုတ်သည့်ကိစ္စနှင့်ပတ်သက်၍ မိဘများအား ဖုန်းဖြင့်ကြောင်းကြားသင့်ပါတယ် ကျောင်းအပ်စဉ်ကလည်း ကျွန်တော်တို့ ဖုန်း နံမှတ်တွေထဲ့ပေးထားပါတယ် ကျွန်တော်ပြောတော့ ဖုန်းက တရားမဝင်ဘူးလို့ ကျောင်းအုပ်ကြီးက
ပြောပါတယ် (၇၅ )ရာခိုင်နှုန်းအား တပြေးညီဘာလို့မသတ်မှတ်တာ
လဲလိုကျွန်တော်မေးတော့ ကျွန်တော်သား ကျောင်းထုတ်ခံရလို
အတ္တကြီးတယ်လို ပြန်ပြောပါတယ် ၇၅ ၇ာခိုင်နှုန်း သတ်မှတ်ပါက ကျောင်းသား တစ်ရား ကျော်မည် ဖြစ်သည် ကျွန်တော်အတ္တမကြီးပါဘူး
ကျွန်တော်သားအတွက်မဟုတ်ပါဘူး ကျောင်းမှ ကျောင်းထုတ်ပယ်ခံ
ထားရပြီး မိဘတွေမသိရသော ကျောင်းသားတွေရှိပါတယ်
အဲဒီကလေးတွေက အိမ်ကထွက်သွားတာကျောင်းတက်နေတာဘဲ
ဒါပေမယ် ကျောင်းထုတ်ပယ်ခံထားရလို ကျောင်းမသွားဘဲ လမ်းတွေ
ပေါ် ပျက်စီးသွားအရေးအတွက် ကျောင်းသားမိဘတစ်ယောက်နေဖြင့် ပြောတာဟု ကျောင်းသားမိဘ
တစ်ဦးဖြစ်သူဦးမြဝင်းကပြောသည်။
ယခုအစိုးရသစ်လက်ထက်တွင် အလုပ်လက်မဲ့ပပျောက်ရေးများကို
စီမံဆောင်ရွက်နေသော်လည်း အောက်ခြေတွင် လူငယ်များ၏
တိုးတက်မည့်အညွန့်များအား ရိုက်ချိုးသကဲသို့ လမ်းဘေးသို့မရောက်
ရောက်အောင် တွန်းပို့သလိုဖြစ်နေပါ၍ အခြားသောကျောင်းသားများ
၏မိဘများကိုလည်းသိစေချင်ကြောင့် ခံစားချက်များဖွင့်ခဲ့ကြောင်းသိရ
သည်။
အဆိုကိစ္စအား အစိုးရနည်းပညာအထက်တန်းကျောင်းအုပ်ထံ
ဆက်သွယ်မေးမြန်ခဲ့ရာ
ကျောင်းသား(၇)ဦးကိုကျောင်းထုတ်လိုက်တဲ့အပေါ်မှာ သူတို့အနေနဲ့
ဒီသုံးလအတွင်းမှာ ကျောင်းတက်ရာခိုင်နှုန်း(၅၀)မပြည့်လို့ ထုတ်ပယ်လိုက်တာပါ။
ဒီသုံးလတောင်မပြည့်ရင် တစ်နှစ်အတွင်းမှာ ပညာသင်ကြားရေးပိုင်းမှာ
မလွယ်တော့ဘူးလေ။ ဒါပေမယ့် နောက်လာမယ့်ပညာသင်နှစ်မှာတော့
ဆက်လက်တက်ရောက်လို့ရပါတယ်။”ဟု အစိုးရနည်းပညာအထက်တန်းကျောင်း(မန္တလေး)မှ
ကျောင်းအုပ်ကြီး ဦးညိုချောက ပြောသည်။

posted from Bloggeroid
No comments:
Post a Comment