Friday, September 16, 2016

မန္တလေးတွင်ရွှေဝါရောင်သံဃလှုပ်ရှားမှု့ ၉ နှစ်မြောက်ကျင်းပမည်

"မန္တလေးမြို့တွင် ရွှေဝါရောင်တော်လှန်ရေးနေ့အခမ်းအနားကြီးကျင်းပ
သွားမည်ဟုဆို"
မန္တလေး စတင်ဘာ ၁၆
မန္တလေး ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက် ဝါခင်းကုန်းရပ်
ဣစ္ဆာသယ ပရိယတ္တိစာသင်တိုက်တွင် ရွှေဝါရောင် သဲဃာလှုပ်ရှားမှု
(၉)နှစ်ပြည့်အထိမ်းအမှတ်ပွဲကြီးကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကိုစတင်ဘာလ ၁၆ နေ့ နေ့ခင်း ၁ နာရီ
အချိန်က ကျင်းပခဲ့သည်ကိုတွေ့ရသည်။

အဆိုညှိနှိုင်းအစည်းအဝေးကို အထက်မြန်မာပြည် မန္တလေး ရွှေဝါရောင်သံဃကွန်ရက်က နာယကဆရာတော် ဥူးခေမာစာရ
(ဘုရားကြီးအလယ်တိုက်) ချမ်းအေးသာစံမြို့နယ် ဥက္ကဋ္ဌဆရာတော်
ဥူးရေဝတ(ဣစ္ဆာသယပရိယတ္တိစာသင်တိုက် ဒုဥက္ကဋ္ဌ ဥူးဝိသုတ
(ရေတော်ကျောင်းတိုက်)ချမ်းမြသာစည်မြို့နယ် ဘဏ္ဍာရေးနှင့် စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံ ဥူးစိန္တတ(မဟာဝိဇိတာရာမကျောင်းတိုက်) အတွင်းရေးမှူး ဥူးတေဇနိယ(ဘုရားကြီးအလယ်တိုက်) ပြန်ကြားရေးတာဝန်ခံ
ဘဝအလင်းဆရာတော် ဥူးသောဘီတ (မဟာဂန္ဓာရုံကျောင်းတိုက်)
အမရပူရမြို့နယ် ဥူးပါကဋ(ဘုရားကြီးတိုက်)ဆရားတော်နှင့်အတူ
ရွှေဝါရောင် သံဃာလှုပ်ရှားမှု့တွင်ပါခဲ့သော ဆရာတော်များတက်
ရောက်ပြီး မန္တလေး အခြေစိုက် အရပ်ဖက်လူအဖွဲ့စည်းများမှတာရှိသူ
လူအင်အား ၂၀ ခန့် တက်ရောက်ကာ စတင်ဘာလ ၂၆ နေ့တွင်
ရွှေဝါရောင်သံဃာလှုပ်ရှားမှု့ (၉ )နှစ်ပြည့်အခမ်းအနားကို မန္တလေး
ကျင်းပနိုင်ရန်ဆွေးနွေးခဲသည်ကိုတွေရသည်။
"ဒီနေ့အစည်းအဝေးက ရွှေဝါရောင်သံဃလှုပ်ရှားမှု(၉) နှစ်မြောက်
အခမ်းအနား ပြုလုပ်နိုင်ရန်အတွက် ဆွေးနွေးတိုင်မြှင်ညှိနှုင်းကြတာ
ဖြစ်ပါတယ် ဥူးဇင်တို့အနေဖြင့် (၈)နှစ်ပြည်အခမ်းအနားပြုလုပ်စဉ်က
နိုင်/ကျဉ်း ရုံးတွင်ပြုလုပ်ခဲ့ပြီး ပင့်သံဃာများအား ဆွမ်းနှင့် လှူဖွယ်
ပစ္စည်းများဆက်ကပ်နိုင်ခဲပါတယ် အခုကျင်းပမည် (၉)မြောက်ရွှေဝါ
ရောင်တော်လှန်ရေးနေ့ သဃလှုက်ရှားမှု့ အထိမ်းအမှတ်ပွဲအတွက်
ပွင့်လင်းသည့်ခေတ်ကာလသို့ ရောင်ရှိလာပြီဖြစ်သောကြောင့် ထိုက်သင့်စွာ လုပ်ဆောင်ရမည်ဖြစ်ကာ ရွှေဝါရောင်သမိုင်းမရိုင်စေ
လိုသောကြောင့် လုပ်ဆောင်သွားမည်ဟုဥူးသောဘိတကပြောသည်။
ရွှေဝါရောင်သံဃလှုပ်ရှားမှုပွဲကြီးကို စတင်ဘာလ ၂၆ ရက်နေ့တွင်
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အောက်နန်းရိပ်သာအနောက်ရပ်
ကွက် ၃၁လမ်း ၈၄လမ်း ၈၅လမ်းရှိ ဓမ္မသာလာခန်းမ မနက်ပိုင်း
ပင့်သံဃာ ၂၅ များအားဆွပ်ကပ်ခြင်း လှူဖွယ်ပစ္စည်းများလှူဒါန်းကာ
နေ့ခင်းပိုင်းမှတော့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလက မှတ်
တမ်းဓါက်ပုံများပြသခြင်းစာပေဟောပြောပွဲများပါထည့်သွားမည်များ
ကို ဆွေးနွေးတိုင်မြင်ကာ မန္တလေးဒေသခံ ရပ်မိရပ်ဖများကိုတင်ပြကာ
ကျင်းပသွားမည်ဟုသိရသည်။
စိုင်းထူးခန့် 

posted from Bloggeroid

No comments:

Post a Comment