Saturday, September 24, 2016

အစ္စလာမ်ဘာသာဝင်တွေကနိုင်ငံကိုသစ္စာမဖောက်ဟုဆို

မွတ်စလင်မှန်ရင် ကိုယ်မွေးဖွားရာနိုင်ငံကို ချစ်တယ်၊ ကိုယ့်နိုင်ငံကိုသစ္စာဖောက်သူဟာ မွတ်စလင်မဟုတ်ဟု ဃရာနာ အစ္စလာမ်သာသနာ ပရမတ္ထမိသားစုအဖွဲ့ကြီး၏ ဂိုဏ်းချုပ်ခလီဖွှဟ် ပြော
---- ------ ------ ------ -----

တောင်ကိုရီယားနိုင်ငံအခြေစိုက် (HWPL) ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့၏ ငြိမ်းချမ်းရေးသံတမန်၊ သီတဂူဗုဒ္ဓတက္ကသိုလ် (ပါမောက္ခချုပ် လ/ထ) ဒေါက်တာအရှင်ကုမာရနှင့် (KAFTG) ဃရာနာ အစ္စလာမ်သာသနာ ပရမတ္ထမိသားစုအဖွဲ့ကြီး၏ ဂိုဏ်းချုပ် အလ်ဟဂ်ျ ခလီဖွှဟ် ဦးသိန်းဝင်းအောင်တို့အား အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထပ်ဆင့်ဂုဏ်ပြုလွှာပေးအပ်ခြင်းအခမ်းအနားကို မန္တလေး မဟာအောင်မြေမြို့နယ်ရှိ ဟိုတယ်မန္တလေးတွင် ယနေ့ စက်တင်ဘာ ၂၄ ရက်က ကျင်းပခဲ့သည်။

ယင်းဂုဏ်ပြုသ၀ဏ်လွှာပေးအပ်ပွဲ၌ ဃရာနာ အစ္စလာမ်သာသနာ ပရမတ္ထမိသားစုအဖွဲ့ကြီး၏ ဂိုဏ်းချုပ် အလ်ဟဂ်ျ ခလီဖွှဟ် ဦးသိန်းဝင်းအောင်က"အစ္စလာမ်ဘာသာဝင် မွတ်စလင်တွေ မှန်ရင် ကိုယ်မွေးဖွားတဲ့နိုင်ငံကို ချစ်တယ်။ ကိုယ့်နိုင်ငံကိုသစ္စာဖောက်သူဟာ မွတ်စလင်မဟုတ်ဘူး”ဟု ပြောကြားခဲ့သည်။

"မကြာမီကဖြစ်ပွားခဲ့တဲ့ ရေဘေးဒုက္ခသည်တွေကို မန္တလေးကလူငယ်ပရဟိတအဖွဲ့တွေက လူမျိုးရေးဘာသာတရားမခွဲခြားဘဲ ကူညီတာတွေ့ရတော့ ဝမ်းသာမိပါတယ်။ ဘာသာရေးလွတ်လပ်ခွင့်မရှိခြင်း ခွဲခြားမှုတွေကြောင့် စစ်ပွဲတွေဖြစ်နေတာပါ။ အဲဒီလို ခွဲခြားဆက်ဆံခံရမှုတွေကြောင့် အစ္စလာမ်ဘာသာဝင်လူငယ်တွေဟာ IS ရဲ့ အသုံးချခံတွေဖြစ်လာရတာပါ။ ဘာသာရေးလွတ်လပ်ခွင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ စာအုပ်ထဲမှာတော့ရှိတယ်။ အပြင်မှာ လက်တွေ့မရှိဘူး။ အားလုံးသည်တခုတည်းပါ။ အစ္စလာမ်၊ ဗုဒ္ဓဘာသာ၊ ခရစ်ရာယ်ဘာသာ အားလုံးကတခုတည်းပါ။ နှစ်လုံးသားနဲ့ရေးခဲ့သော မေတ္တာတရားနဲ့ဘာသာရေးဆိုတာ အားလုံးကမေတ္တာနဲ့ပဲ။ IS အကြမ်းဖက်သမားတွေဟာ အစ္စလာမ်ဘာသာတွေမဟုတ်ပါဘူး။ ကျွန်တော်တို့ အစ္စလာမ်ဘာသာကျမ်းထဲမှာပါတယ်။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကိုသစ္စာဖေါက်တာနဲ့ မွတ်စလင်မဟုတ်တော့ဘူး။ ကျွန်တော်တို့အားလုံးမှာ တူညီတာတွေရှိတယ်။ အားလုံးကငြိမ်းချမ်းစေလိုပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားအချင်းချင်း အရေးကြီးရင်သွေးနီးပါတယ်”ဟု ဦးသိန်းဝင်းအောင်က ပြောကြားခဲ့သည်။

စိုင်းထူးခန်

posted from Bloggeroid

No comments:

Post a Comment