Friday, September 16, 2016

မြန်မာခရီးသွားများအတွက် လေကြောင်းလိုင်သစ်


မြန်မာခရီးသွားများ ဟောင်ကောင်သို့ ဟိုချီမင်းမှတဆင့်
Vietjet လေကြောင်းလိုင်းဖြင့် သွားရောက်နိုင်ပြီ

(ရန်ကုန်၊ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၆ ရက်) -- ရန်ကုန်မှ ဗီယက်နမ်နိုင်ငံသို့ တန်ဖိုးနည်းလေကြောင်းလိုင်း Vietjet ဖြင့် ပျံသန်းခရီးသွားသူများအနေဖြင့် Vietjet မှ အသစ်တိုးချဲ့လိုက်သည့် ဟိုချီမင်း-ဟောင်ကောင် ခရီးစဉ်ကြောင့် ဟောင်ကောင်သို့လည်း တဆင့်သွားလာနိုင်တော့မည်ဖြစ်သည်။ “အာရှ၏ ကမ္ဘာ့နိုင်ငံ”ဖြစ်သည့် ဟောင်ကောင်သို့ ချဲ့ထွင်လိုက်သည့် ဤလမ်းကြောင်းသစ်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် စတင် ပြေးဆွဲ မည်ဖြစ်သည်။

ဟောင်ကောင်တွင် ကျင်းပသည့်

လေကြောင်းလိုင်းသစ် စတင်ခြင်း ကြေညာကြောင်း အခမ်းအနားကို ဗီယက်နမ်ဝန်ကြီးချုပ် Mr. Nguyen Xuan Phuc နှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ဒေသ၏ အတွင်းရေးမှူးချုပ် Mrs. Carrie Lam၊ ဟောင်ကောင်လေကြောင်းဦးစီးဌာနမှ အကြီးအကဲများ၊ ဗီယက်နမ်မှ အရာရှိများနှင့် ခေါင်းဆောင်များတက်ရောက်ခဲ့ကြပြီး ယခုအခမ်းအနားသည် စက်တင်ဘာလ ၁၄ နှင့် ၁၅ တွင် ဟောင်ကောင်သို့ တာဝန်အရ သွားရောက်သည့် ဝန်ကြီးချုပ်၏ လုပ်ငန်းတစ်ရပ်လည်းဖြစ်သည်။

ဤခရီးစဉ်သစ်သည် ဟောင်ကောင်သို့ ပုံမှန်ပြေးဆွဲမည့် Vietjet ၏ ပထမဆုံးခရီးစဉ်ဖြစ်ပြီး ဗီယက်နမ်မှ တရုတ်ပြည်သို့ ပြေးဆွဲသည့် ခရီးစဉ်များအနက်မှ ၉ ခုမြောက်ဖြစ်သည်။ လက်ရှိတွင် Vietjet မှ ခရီးစဉ်ပေါင်း ၅၃ ခု ပြေးဆွဲလျက်ရှိပြီး ၁၈ ခုမှာ နိုင်ငံတကာခရီးစဉ်များ ဖြစ်ကြသည်။

ပျံသန်းချိန် ၂ နာရီ ၄၅ မိနစ်ကြာမြင့်မည့် ဤခရီးစဉ်သည် ဟိုချီမင်းမှ နေ့စဉ် နေ့လည် ၂း၃၅ နာရီတွင် ထွက်ခွာပြီး ဟောင်ကောင်နိုင်ငံတကာလေဆိပ်သို့ (ဟောင်ကောင်စံတော်ချိန်) ညနေ ၆း၂၀ နာရီတွင် ဆိုက်ရောက်မည်ဖြစ်သည်။ အပြန်ခရီးစဉ်အတွက် ဟောင်ကောင်မှ ည ၇း၂၀ နာရီတွင်ထွက်ခွာ၍ ဟိုချီမင်းသို့ (ဗီယက်နမ်စံတော်ချိန်) ည ၉း၀၅ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်သည်။ ခရီးစဉ်အတွက်လက်မှတ်များကို စတင်ရောင်းချနေပြီဖြစ်ပြီး www.vietjetair.com တွင် မှာယူနိုင်သည်။

Vietjet ဥက္ကဌဖြစ်သူ Nguyen Thi Phuong Thao က “ကမ္ဘာမှာ အာရှဟာ အကြီးမားဆုံးသော လေကြောင်းကဏ္ဍ တစ်ခုဖြစ်လာမယ်လို့ ခန့်မှန်းထားခဲ့ကြတဲ့အတိုင်းပါပဲ လက်ရှိမှာ Vietjet အခြေစိုက်နေတဲ့ နေရာရဲ့ မိုင် ၂၅၀၀ အတွင်း မှာ ကမ္ဘာ့လူဦးရေရဲ့ ၅၀% ဟာ နေထိုင်နေကြပါတယ်၊ Vietjet ဟာ အခု အသစ်တိုးချဲ့တဲ့ ဟောင်ကောင်အပါအဝင် လက်ရှိ အဓိကထားနေတဲ့ နိုင်ငံတကာ ကွန်ယက်တွေကို အရည်အသွေးကောင်းပြီး ထူးခြားဆန်းသစ်တဲ့ လေကြောင်းလိုင်းဝန်ဆောင်မှုတွေပေးနိုင်ဖို့အတွက် အချက်အချာ နေရာကောင်းမှာ ရှိနေတာဖြစ်ပါတယ်၊ ကျွန်မတို့ရဲ့ အဓိကပန်းတိုင်ကတော့ လူတိုင်းဟာ လေကြောင်းကနေ သွားလာဖို့ တတ်နိုင်အောင်နဲ့ လေကြောင်းခရီးသွားလုပ်ငန်း ပိုမိုရေပန်းစားလာဖို့ဖြစ်ပါတယ်၊ အခု အသစ်စတင်တဲ့ ဟိုချီမင်း-ဟောင်ကောင် လမ်းကြောင်းဟာ ငွေကြေးအရရော ခရီးသွားလုပ်ငန်းအရပါ အရမ်းကို အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ ဒီနိုင်ငံ ၂ ခုကို ချိတ်ဆက်ပေးနိုင်မှာဖြစ်ပြီး သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်း၊ ကုန်စည်စီးဆင်းမှုတွေ တိုးတက်လာစေဖို့အထောက်အကူ ဖြစ်နိုင်မှာ ဖြစ်တဲ့အတွက် Vietjet က ဂုဏ်ယူမိပါတယ်၊ ကမ္ဘာမှာ လူကြိုက်အများဆုံး လေကြောင်းလိုင်းတစ်ခု ဖြစ်လာဖို့လည်း မျှော်လင့်နေပါတယ်” ဟု အခမ်းအနားတွင် ပြောကြားခဲ့သည်။

မြင့်မားသော ဝန်ဆောင်မှုအရည်အသွေး၊ အထူးသက်သာသော ဈေးနှုန်းများနှင့် ရွေးချယ်နိုင်သော မတူညီသည့် class များဖြင့် Vietjet သည် ခရီးသည်များအား ပျော်ရွှင်ဖွယ်ရာ ပျံသန်းခရီးစဉ်များကို ပေးနေသည့်အပြင် ဖော်ရွေဝန်ဆောင်မှုကောင်းသည့် လေယာဉ်မောင်/မယ်များ၊ သက်သာအနားယူဖွယ်ရာ ခုံများ၊ အရသာကောင်းမွန်သည့် လေယာဉ်တွင်းအစားအသောက်များနှင့် ထူးခြားသည့် ပျော်ရွှင်ဖွယ်ရာ အစီအစဉ်များကိုလည်း စီစဉ်ထားရှိသည်။

ဟိုချီမင်းမြို့ (ဆိုင်ဂုံ)သည် ဗီယက်နမ်နို်င်ငံ၏ အကြီးဆုံးမြို့ဖြစ်ပြီး လူဦးရေ ၁၀ သန်းကျော်နေထိုင်လျက်ရှိကာ နိုင်ငံ၏ အဓိက စီးပွားရေးများ၊ ဖက်ရှင်လုပ်ငန်းများ၊ အရောင်းအဝယ်များ၊ ဖျော်ဖြေရေးများနှင့် ယဉ်ကျေးမှုများ စုဆုံရာ မြို့တော် ဖြစ်သည်။ လှုပ်ရှားခေတ်မီသော အရှေ့တိုင်းမြို့တော် ဆိုင်ဂုံကို “ရာစုသစ်၏ နေရာသစ်”ဟု ခေါ်ဆိုကြကာ ကမ္ဘာတဝှမ်းရှိ ခရီးသွားသန်းပေါင်းများစွာတို့ လာရောက်လည်ပတ်ရာ နေရာဒေသဖြစ်သည်။


Vietjet ဥက္ကဌ Nguyen Thi Phuong Thao နှင့် ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလုပ်ငန်းဝန်ကြီး Mr Nguyen Ngoc Thien တို့က ဟိုချီမင်း-ဟောင်ကောင် ခရီးစဉ်သစ်စတင်ခြင်း အထိမ်းအမှတ် ဗုံတီးဖွင့်လှစ်စဉ်

ဗီယက်နမ်ဝန်ကြီးချုပ် Mr. Nguyen Xuan Phuc နှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ဒေသ၏ အတွင်းရေးမှူးချုပ် Mrs. Carrie Lam နှင့် နှစ်နိုင်ငံမှ အထူးအကြီးအကဲများ အခမ်းအနားသို့ တက်ရောက်စဉ်


Vietjet ဥက္ကဌ Nguyen Thi Phuong Thao မှ ဟိုချီမင်း-ဟောင်ကောင် ခရီးစဉ်သစ် စတင်ကြောင်း ပြောကြားစဉ်

###


Vietjet အကြောင်း
Vietjet သည် သက်သာသည့်နှုန်းထားများ၊ ထူးခြားကောင်းမွန်သည့် ဝန်ဆောင်မှုများဖြင့် ခရီးသည်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိသည့် ခေတ်သစ်လေယာဉ်ပျံသန်းမှုအယူအဆများဖြင့် ပြေးဆွဲလျက်ရှိသောဗီယက်နမ်နိုင်ငံ၏ ပထမဆုံးပုဂ္ဂလိကလေကြောင်းလိုင်းဖြစ်သည်။ ၃နှစ်ကြာ လုပ်ငန်းလုပ်ကိုင်ပြီးနောက် Vietjet သည် နိုင်ငံတကာလေကြောင်းပို့ဆောင်ရေးအဖွဲ့အစည်း (IATA) မှ IOSA လက်မှတ်ကိုရရှိထားသည်။ Vietjet သည် ခရီးသွားများ၊ ခရီးသွားအေဂျင်စီများနှင့် ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူများမှ ရွေးချယ်သော TTG Travel Award 2015 ၏ “Best Asian Low Cost Carrier” ဆုကိုရရှိခဲ့သည်။ လှုမှုကွန်ယက်စီမံခန့်ခွဲရေးနှင့် လှုမှုကွန်ယက်ပေါ်ရှိအမှတ်တံဆိပ်များ၏ အချက်အလက်များကို လေ့လာဆန်းစစ်လျက်ရှိသည့် Socialbakers ကုမ္ပဏီက Vietjet အား ကမ္ဘာ့တိုးတက်မှုအမြန်ဆုံး လေကြောင်းလိုင်း သုံးခုအနက်မှ တစ်ခုအဖြစ် သတ်မှတ်ခဲ့သည့်အပြင် ၂၀၁၅ ခုနှစ်အတွင်း ဗီယက်နမ်၏ လူကြိုက်အများဆုံး လေကြောင်းလိုင်းဆုကိုလည်း ရရှိထားပြီ ဖြစ်သည်။ Socialbakers မှ ပေးအပ်သည့် ကမ္ဘာ့တိုးတက်မှုအမြန်ဆုံး လေကြောင်းလိုင်းစာရင်းတွင် ထိပ်ဆုံး ၃ ခုမှ တစ်ခုအပါအဝင်အဖြစ် Facebook ပေါ်တွင် ရပ်တည်လျက်ရှိသည်။
လက်ရှိတွင် Vietjet သည် A320 နှင့် A321 အပါအ၀င် လေယာဉ် ၄၁ စီးဖြင့် နေ့စဉ် ခရီးစဉ်အကြိမ်ရေ ၃၀၀ ပျံသန်းပြေးဆွဲလျက်ရှိသည်။ ဗီယက်နမ်နိုင်ငံတစ်ဝှမ်းနှင့် အာရှ-ပစိဖိတ်ဒေသတွင်းရှိထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ထိုင်ဝမ်၊ ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံများသို့ ခရီးစဉ်လမ်းကြောင်း အခု ၅၃ ခုဖြင့် ပျံသန်းပြေးဆွဲလျက်ရှိသည်။ Vietjet သည် စတင်ပြေးဆွဲခဲ့သည့် လွန်ခဲ့သည့် သုံးနှစ်မှ စတင်၍ ခရီးသည်ပေါင်း ၂၅ သန်းကို လိုရာခရီးသို့ ပို့ဆောင်ခဲ့ပြီးဖြစ်သည်။
ရှေ့ဆက်ပြီး Vietjet သည် ၄င်း၏ဒေသတွင်းကွန်ယက်ကို ဆက်လက်ချဲ့ထွင်သွားမည် ဖြစ်သည်။ အဆိုပါချဲ့ထွင်မည့်အစီအစဉ်အတွက် နောက်ဆုံးပေါ် ခေတ်မီလေယာဉ်သစ်များ ၀ယ်ယူရန် နာမည်ကျော် လေယာဉ် ထုတ်လုပ်သည့်ကုမ္ပဏီများနှင့် သဘောတူ လက်မှတ်များရေးထိုးထားပြီးဖြစ်သည်။

posted from Bloggeroid

No comments:

Post a Comment