Saturday, September 24, 2016

အမျိုးသားတစ်ဦးအလောင်းတွေရ

အမျိုးသားတစ်ဦးအလောင်း ငမိုးရိပ်ချောင်းအတွင်းတွေ့ရှိ
=====================================
ရန်ကုန် စက်တင်ဘာ ၂၅

သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏနယ်မြေရဲစခန်းအပိုင်ရှိ ငမိုး ရိပ်ချောင်းတံတားအနီး အသက် (၁၇ နှစ်)အရွယ် လူငယ်အမျိုးသား အလောင်းမှာ ပုပ်ပွ၍ ရေပေါ်တွင် ပေါ်နေသည်ကို တွေ့ရှိခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏနယ် မြေရဲစခန်းမှ သိရသည်။

သေဆုံးသွားသည့် ကောင်းခန့်ကျော် (ခ) ကောင်းကောင်း အသက်(၁၇ နှစ်)သည် စက်တင်ဘာ ၂၂ ရက်က သူငယ်ချင်းဖြစ်သူ မောင်အာကာမိုး (၁၇ နှစ်)အား ငမိုးရိပ်တံတားပေါ်မှနေ၍ ငမိုးရိပ်ချောင်းအတွင်း ရေ ကူးပြမည်ဟုဆိုကာ ငမိုးရိပ်တံတားပေါ်မှ ခုန်ဆင်းသွားခဲ့ပြီး ချောင်းအတွင်းတွင် နစ်မြုပ်ခဲ့ ကြောင်း ရဲတပ်ဖွဲ့၏ ကနဦးသတင်းများအရ သိရသည်။ ၎င်း၏မိသားစုမှ လိုက်လံရှာဖွေခဲ့ရာ စက်တင်ဘာ ၂၄ ရက် နံနက် ၈ နာရီခွဲခန့်တွင် သေဆုံးသူ ကောင်းခန့်ကျော်၏ ရုပ်အလောင်းကို ငမိုးရိပ်တံတားအနီးတွင် ပြန် လည်တွေ့ရှိရကြောင်းသိရသည်။ သေဆုံးသူသည် အမှတ်(၅ဝ၃) ငမိုးရိပ်ချောင်း (၃)လမ်း၊ ငမိုးရိပ်ချောင်းရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူဖြစ် ကြောင်းသိရသည်။ သေဆုံးသူရုပ်အလောင်းအား သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ ဆောင်ရာ PR 55 ဖြင့် လက်ခံရရှိ၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ်ကို စစ်ဆေးရန် အတွက် သေမှုသေခင်း ဖွင့်လှစ်စစ်ဆေးနိုင်ရန် ဒုရဲအုပ်ဝေလင်းဦးမှ တရားလို ပြုလုပ်တိုင်တန်းထားကြောင်း သိရ သည်။

မင်းဗညား

theflowernews

posted from Bloggeroid

No comments:

Post a Comment