Sunday, September 25, 2016

ကျောင်းသားကျောင်းသူများသတိထား

အချိန်မတော် ချိန်းတွေ့သည့် တက္ကသိုလ်ကျောင်းသူစုံတွဲ အဆောင်မပြန်ရဲတာကြောင့် လှည့်ကင်းအဖွဲ့က ၀န်ဆောင်မှုပေးခဲ့ရ
============
သတင်း+ ဓာတ်ပုံ = ကိုတိုးကြီး
မုံရွာ၊စက်တင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ နန္ဒ၀န်ရပ်ကွက်၊ ဗိုလ်တေဇလမ်းမကြီးပေါ်တွင် စက်တင်ဘာ ၂၅ ရက်မနက် ၁ နာရီအချိန်ခန့်က သမီးရည်းစားချိန်းဆိုတွေ့ခဲ့သည့် တက္ကသိုလ်ကျောင်းသူတစ်ဦးသည် ညအချိန်မတော်၍ အဆောင်သို့ မပြန်ရဲဖြစ်နေချိန်တွင် မုံရွာနယ်မြေရဲစခန်းမှ ညဉ့်နက်လှည့်ကင်းထွက်လာသော အဖွဲ့နှင့် တွေ့ရှိပြီး သူမ၏ အဆောင်သို့ လိုက်လံပို့ဆောင် အပ်ပေးခဲ့ရကြောင်း မုံရွာနယ်မြေရဲစခန်းမှ သိရသည်။
‘ မုံရွာတက္ကသိုလ် ရုက္ခဗဒ နောက်ဆုံးနှစ်ကျောင်းသူနဲ့ ကိုရီးယားသင်တန်းတက်နေတဲ့ ကောင်းကလေးတို့ ချိန်းဆိုတွေ့တာဖြစ်ပါတယ် ..” ဟု လှည့်ကင်းအဖွဲ့မှ ပြောသည်။
အဆိုပါ စုံတွဲအနက် တက္ကသိုလ်ကျောင်းသူမှာ မုံရွာမြို့ သလ္လာရပ်ကွက် ဆည်မြောင်းရုံး၏ အရှေ့မြောက်ဘက်ရှိ အမျိုးသမီး(ပြင်ပ) ဘော်ဒါဆောင်တွင် နေထိုင်ပြီး မုံရွာတက္ကသိုလ်တွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသူတစ်ဦးဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းခန့်က တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူစုံတွဲ တစ်တွဲသည် မုံရွာမြို့နယ် ကျောက္ကာကျေးရွာနှင့် ထနောင်းဝင်းကျေးရွာအကြားရှိ ယာကွင်းတစ်ခုထဲတွင် သမီးရည်းစား ချိန်းဆိုတွေ့နေခိုက် ၎င်းတို့၏ ဆိုင်ကယ်အား အုပ်စုဖွဲ့လူငယ်တစ်စု၏ ဓားထောက်ခြိမ်းခြောက်ပြီး ပစ္စည်းလုယက်မှု ဖြစ်စဉ်တစ်ရပ်အား ဖြစ်ပွားခဲ့သေးသည်။ ထို့ကြောင့် လှည့်ကင်းအဖွဲ့က ညအချိန်မတော် သမီးရည်းစားချိန်းဆိုတွေ့နေသည့် စုံတွဲအား ၎င်းတို့၏ နေရပ်အဆောင်သို့ ပြန်လည်ပို့ဆောင်ပေးခြင်းဖြင့် ပြည်သူ့ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်
Kyaw gyi

posted from Bloggeroid

No comments:

Post a Comment