
ကူညီစုံစမ်းပေးပါရန်
25-9-2016 ရက်နေ့ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ပခုက္ကူခရိုင် ရေစကြိုမြို့နယ်တွင် ဇီးတောကျေးရွာအုပ်စု၊ ကွင်းအမှတ် (၉၈)၊ ၀ါယာဘူတာတောင်ဘက် ကိုက်(၁၅၀၀)ခန့်အကွာ ဖူလုံကျေးရွာနှင့် ကျွန်းဘိုပင်ကျေးရွာသွား မြေသား လမ်းဘေး ရေမြောင်းအတွင်း (ခန့်မှန်း မြေပုံညွှန်း UG 573349 )၊ ဇီးတောကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ခိုင်မှ ဖုန်းဖြင့် အကြောင်းကြားချက်အရ မအူရဲကင်းစခန်းမှူး ရဲအုပ် ထွန်းထွန်းဦးနှင့် အဖွဲ့ မှ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ မြေသားလမ်းဘေး ရေမြောင်းထဲတွင် အသက်(၃၀)ခန့် ၊ အမည်မသိ၊ နေရပ်လိပ်စာမသိ၊ အမျိုးသမီးတစ်ဦးမှာ အပေါ်အကျီ၊ အောက်ထမီ၊ ဖိနပ်မပါ၊ အတွင်းခံ ဗလာစီယာ အနက်ရောင်နှင့် ဖြူနက်ကြားရောင် အတွင်းခံဘောင်းဘီအား ၀တ်ဆင်ထားပြီး ထိုးသွင်းဒဏ်ရာ ဒဏ်ရာများရရှိကာ သေဆုံးနေသည်ကို စစ်ဆေးတွေ့ ရှိသဖြင့် ဆေးစာဖြင့် ရေစကြိုမြို့ နယ်ဆေးသို့ ပို့အပ်ထားပြီး ရေစကြိုမြို့မရဲစခန်း (ပ)၉၃၆/၂၀၁၆ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှု ဖွင့် စစ်ဆေးဆောင်ရွက်လျှက် ရှိပါကြောင်း သတင်းရရှိသည်။
ပုံပါအမျိုးသမီးအား သိရှိသူများ ဆက်သွယ် အကြောင်းကြားပေးပါရန်
ရေစကြို မြို့ နယ်ရဲတပ်ဖွဲ့ မှူးရုံး ၀၆၂ - ၃၀၂၄၂
ပခုက္ကူခရိုင်ရဲတပ်ဖွဲ့ မှူးရုံး ၀၆၂ - ၂၁၀၈၀ / ၂၁၀၅၃
Ba soe

posted from Bloggeroid
No comments:
Post a Comment