အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျောင်းသားများအထုတ်ခံရမှုအတွက်
ကျောင်းသားမိဘများ ကျေနပ်မှုမရှိ
=============================================
အစိုးရနည်းပညာအထက်တန်းကျောင်း(မန္တလေး)တွင် ပညာသင်ကြားနေသည့်
ကျောင်းသားများအနက် ကျောင်းသား(၇)ဦးကို

ကျောင်းတက်ရာခိုင်နှုန်း(၇၅%)
မပြည့်မိဟုဆိုကာ ကျောင်းထုတ်ခဲ့မှုအပေါ် ကျောင်းသားမိဘများက
ကျေနပ်မှုမရှိကြောင်း စက်တင်ဘာလ(၁၂)ရက် နံနက် (၁၀)နာရီက
မန္တလေးမီဒီယာစင်တာတွင် ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောကြား
ခဲ့သည်။
"သားက ဒီကျောင်းမှာ AUTO Maganic Technicalဘာသာနဲ့ဒုတိယနှစ်တက်နေတာပါ။
သားကိုကျောင်းကနေထုတ်လိုက်တာ မသိဘူး။
သားတော်မောင်ကလည်းမသိဘူကျောင်းကတက်နေ ဆဲ။ နောက်ပိုင်း
သတင်းကြားလို့ကျောင်းသွားမေးမှ ကျောင်းတက်ရာခိုင်နှုန်း မပြည့်လို့
ကျောင်းထုတ်လိုက်တယ်ဆိုတာသိရတယ်။ ဒီကိစ္စက
မိဘနဲ့ဆရာတွေညှိနှိုင်းတိုင်ပင်ပြီး လုပ်ရမယ့် ကိစ္စပါ။ ဒါကို
ကျောင်းထုတ်ခင်မှာ မိဘတွေကို ခေါ်ယူတိုင်ပင်မှုမရှိဘဲ
ကျောင်းထုတ်တဲ့အပေါ်မှာ ကျွန်တော်တို့မိဘတွေအနေနဲ့ကျေနပ်မှုမရှိဘူး။
ဒါကိုသိချင်လို့စက်တင်ဘာ(၈)ရက်က ကျောင်းကို သွားပြီးတွေ့တဲ့အခါမှာ
ဆရာကြီးနဲ့မတွေ့ခဲ့ရဘူး။ ဌာနမှူးဒေါ်မြင့်မြင့်သိန်းနဲ့တွေ့ခဲ့ရတယ်။
ဘာအဖြေ
မှ တိတိကျကျမရခဲ့ဘူး။ ကျွန်တော်သိတာက ကျောင်းခေါ်ချိန် သတ်မှတ်ပုံက
တစ်နှစ်ကို (၇၅) ရာခိုင်နှုန်းမပြည့်လို့ အတန်းတင်စာမေးပွဲအား ဖြေဆိုခွင့်
မရှိကြောင်းသိထားပါတယ်။”ဟု ကျောင်းသား မိဘဖြစ်သူ ဦးမြဝင်းကပြောသည်။
၂၀၁၆-၂၀၁၇ ပညာသင်နှစ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း(မန္တလေး)မှ
ပထမနှစ်နှင့် ဒုတိယနှစိ ကျောင်းသား(၇)ဦးဖြစ်သည့် မောင်ဟန်ထူးအောင်၊
မောင်ကောင်းထက်ဦး၊ မောင်ပြည့်စုံဖြိုး၊ မောင်ထွန်းထွန်းဦး၊
မောင်ရဲဝေခန့်၊ မောင်ပြည့်ဖြိုးကျော်နှင့် မောင်ဇေယျာတို့အား ၂၀၁၆ခုနှစ်၊
စက် တင်ဘာ(၂)ရက်ကကျောင်း၏
စီမံခန့်ခွဲရေးအဖွဲ့(ပညာသင်ထောက်ပံကြေးစီစစ်ရေးအဖွဲ့)၏ အစည်း
အဝေးဆုံးဖြတ်ချက်အရ ကျောင်းသားများအားလုံးကျောင်းမှ အထုတ်ခံရသည့်အပြင်
ကျောင်းသား စားရင်းမှ ပယ်ဖျက်ခဲ့သည်။
ကျောင်းခေါ်ချိန်နှင့်ပတ်သက်ပြီး၂၀၁၆ခုနှစ်၊ဇွန်လမှသြဂုတ်လအထိ
(၅၀)ရာခိုင်နှုန်းအောက်ရောက်နေ ကြောင်း မိဘများထံသို့
သြဂုတ်(၄)ရက်နေ့စွဲပါ နို့တစ်စာတစ်စောင်နှင့် သြဂုတ်လ၂၈ရက် နို့တစ်စာ
နှစ်စောင်ကို စာတိုက်ကနေပို့ပေးခဲ့ကြောင်း သိရှိရသော်လည်း သြဂုတ်လ(၈)ရက်
စာတစ်စောင်သာ လက်ခံရရှိခဲ့ကြောင်း သည့်အတွက်
ကျောင်းထုတ်ခဲ့သည့်အပေါ်ကျေနပ်မှုမရှိသည့် စာနယ်ဇင်းရှင်း
လင်းပွဲပြုလုပ်ခဲ့ကြောင်း ၎င်း ကဆက်လက်ပြောသည်။
“ကျောင်းသား(၇)ဦးကိုကျောင်းထုတ်လိုက်တဲ့အပေါ်မှာ သူတို့အနေနဲ့
ဒီသုံးအတွင်းမှာ ကျောင်းတက်ရာခိုင်နှုန်း(၅၀)မပြည့်လို့ ထုတ်ပယ်လိုက်တာပါ။
ဒီသုံးလတောင်မပြည့်ရင် တစ်နှစ်အတွင်းမှာ ပညာသင်ကြားရေးပိုင်းမှာ
မလွယ်တော့ဘူးလေ။ ဒါပေမယ့် နောက်လာမယ့်ပညာသင်နှစ်မှာတော့
ဆက်လက်တက်ရောက်လို့ရပါတယ်။”ဟု အစိုးရနည်းပညာအထက်တန်းကျောင်း(မန္တလေး)မှ
ကျောင်းအုပ်ကြီး ဦးညိုချောက ပြောသည်။
“ကျောင်းထုတ်ခံလိုက်ရတဲ့အတွက် ရင်ထဲမှာတော့မကောင်းဘူး။
ကျောင်းထုတ်ခံရမှန်းမသိလို့ ကျောင်းတက်နေတာ ဆရာ၊ ဆရာမတွေကလည်းမပြောဘူး။
အဖေပြောမှသိရတယ်။ မနှစ်က ဒီလိုကျောင်းသားတွေကို
ကျောင်းထုတ်တာတော့မရှိခဲ့ပေမယ့်
ကျောင်းတက်ရာခိုင်နှုန်းအပြည့်တဲ့ကျောင်းသားတွေရှိခဲ့တယ်။
အဲဒီကျောင်းသားတွေကို သူတို့ရဲ့မိဘတွေကိုခေါ်ယူပြီး သတိပေးခဲ့တာ သိရတယ်။
ကျွန်တော့်ကျတော့ မိတွေတောင်မခေါ်ဘဲ ကျောင်းကနေထုတ်ပယ်ခဲ့တယ်။ ဒီအတွက်
စိတ်မကောင်းဖြစ်မိတယ်။ နောင်နှစ်မှာတော့ ကျောင်းဆက်တက်သွားမှာပါ။”ဟု
အစိုးရနည်းပညာအထက်တန်းကျောင်း(မန္တလေး)တွင် AUTO Maganic
Technicalဘာသာဖြင့် ဒုတိယနှစ်တက်ရောက်စဉ်ကျောင်းထုတ်ပယ်ခဲရသည့်
မောင်ဟန်ထူးအောင်က ပြောသည်။
အဆိုပါကျောင်းသား(၇) ဦးအားကျောင်းမှထုတ်လိုက်သည့်အတွက် ၂၀၁၆-၂၀၁၇ခုနှစ် ပညာသင်နှစ်
အတွက် ကျောင်းတစ်နှစ်နားရမည်ဖြစ်ပြီး လာမည့်၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင်
ဆက်လက်ပြီး ပြန်လည်ကျောင်းတက်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

posted from Bloggeroid
No comments:
Post a Comment