Thursday, September 15, 2016

မြို့နယ်အုပ်ချုပ်ရေးမှူးးလာဘ်စားမှု့ခုံရုံဖွဲ့စစ်ဆေး

ကျေးရွာ တို့ချဲ့မြေ ပြည်ထဲရေးပေါက်လုပ်ပေးမယ်ဆို
ကာ ဒေသခံများထံက သိန်းပေါင်း ၃၉၅ သိန်းယူသော
ပြင်ဦးလွင် အုပ်ချုပ်ရေးမှူး ခုံရုံဖွဲ့စစ်ဆေးလျှက်ရှိဟုဆို
===================================
ပြင်ဦးလွင် စတင်ဘာ
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် လွန်ကောင်းကျေးရွာ
အုပ်စု့ မန်းကျည်းအင်းကျေးရွာ တိုးချဲ့ မြေများ ပြည်ထဲ့
ရေးအမည်
ပေါက်ရန်ဟုဆိုကာ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့
က တစ်ဧက တစ်သိန်းနှုံးဖြစ်တောင်းယူပြီး တိုးချဲ မြေ
တွင်ပါဝင်ခြင်းမရှိ ချမပေးဘဲ ကျပ်သိန်းပေါင်း ၃၉၅ သိန်း
ထိ လာဘ်စားထားကြောင်း ဒေသခံရွာသားများက
တိုင်ကြားမှု့များကြောင့် စတင်ဘာလ ၁၂ ရက်နေ့က
ပြင်ဦးလွင်မြို့ အထွေထွေ အုပ်ချုပ်ရေးမှူး ခရိုင်ရုံတွင်
အဖွဲ့အစည်းပေါင်းစုံဖြစ် ခုံရုံဖွဲကာ ဒေသခံများနှင့်ပါဝင်ပတ်သက်သူများကိုစစ်ဆေး
လျှက်ရှိသည်ကိုတွေ့ရသည်။

"ပြင်ဦးလွင် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ကျွန်တော်တို့
မန်ကျည်းအင်ကျေးရွာ ဒုဌဝတီမြစ်ရေ တိုက်စားမှု့များ
ကြောင့် ရဲရွာ ရေအားလျှပ်စစ်အသွားလမ်းဘေး ဒေသ
ခံများလုပ်ကိုင်စားနေသော တောင်ယာကိုင်မြေများ
ဘက်သို့ ပြောင်းရွေ့နေထိုင်ခဲ့ရာ တိုးချဲ ကျေးရွာအဖြစ်
ပြည်ထဲ့ရေးအမည်ဖေါက်ပေးမယ်ဟုဆိုကာ
သက်သေအထောက်အထားများရှေ့တွင် တောင်းယူ
သောငွေ ၃၉၅ သိန်းထိယူကာ သက်သေအထောက်
အထားမရှိဘဲ သိန်း ၄၀၀ လောက်ထိက ဧည်ခံစရိတ်
ခေါက်ခေါက်အခါခါ ယူသောငွေများရှိပြီ မြေအနေ
အထားအရ ထူးခြားမှု့မရှိ တိုးချဲ ကျေးရွာ ချပေးခြင်းမရှိ
ဘဲ လာဘ်စားထားကြောင်း အထက်အဆင့်ဆင့်ကို
တိုင်ကြာခဲရာကနေ ယနေ့ ခရိုင်အထွေထွေ အုပ်ချုပ်
ရေး ခရိုင် လယ်ဆည် စိုက်ပျိုးရေး သစ်တော အဂတိ
လိုက်စားမှု့ဆိုက်ဖျက်ရေးကော်မရှင်နှင့် သက်ဆိုင်ရာ
က တာဝန်ရှိသူများရှေ့တွင် ရွာသားတွေ ငွေတောင်းခံစဉ်
ကအကြောင်းများခေါ်ယူစစ်ဆေးကြောင်းမန်ကျည်းအင်းကျေးရွာရာအိမ်မှူးဦးခင်မောင်ဝင်းကပြောသည်။

မန်ကျည်းအင်းကျေးရွာ တိုးချဲပြည်ထဲ့ရေး အမည်ပေါက်ရရှိစေရန်ဟုဆိုကာ ဌာနဆိုင်ရာပေါင်စုံ
ဖြစ် ၂၁.၅.၂၀၁၅ နေက ကွင်းဆင်းတိုင်ထွာပြီး မြို့နယ်
အထွေထွေဒုအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်နိုင်က ကျေး
ရွာ အမည်ပေါက်စေရန် တစ်ဧကကို တစ်သိန်းနှုံန်းပေးသွင်းရမည်ဟုဆိုကာ မြေဧက ၁၇
ဧကအတွက် သိန်း ၁၂၅ တောင်းယူပြီး မြို့နယ်အုပ်ချုပ်
ရေးမှူးဦးတင်နိုင်စိုးအတွက်မရသေသဖြင့် ငွေကျပ်
သိန်း ၃၀ကို စာရေးမ မကြူကတောင်းယူပြီး ရွာမြေ
အတွက် ဒုမြို့နယ်မှူး ဦးကျော်ကျော်နိုင်က အလုပ်မလုပ်
ဘူး ရွာမြေအမြန်ကျအောင်လုပ်ပေးမယ်ဟုဆိုသဖြင့်
ဒေသခံရွာသားများထံက မြေဝယ်ထားသည့် သူဌေး
ဦးထွန်းနိုင်ထံ အကူအညီတောင်ပြီး စာရေးမ မကြူး
သူယောက်ကျားနှင့် ဦးမြင့်ဦးဆိုသူနှင့်အတူ ရွာသား
များရှေ့မောက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးတင်နိုင်စိုး
ကတောင်းခိုင်သဖြင့် သိန်း၂၀၀ တိတိကိုထက်မံပေး
ပြီး စုစုပေါင်း ငွေ ၃၉၅ သိန်းအထိ တောင်ယူကာ
မန်ကျည်းအင်းကျေးရွာနယ် မြေများဝယ်ထားသူ ဦးထွန်းနိုင်ထံကို ခင်ဗျာ မြေတွေ ပါ ရွာမြေဖေါက်ပေး
မည်ဟုဆိုကာ ရေဘေးအတွက် ငွေ၅၀ ထဲ့ပေးပါဟု
တောင်းဆိုခြင်း ဧည်ခံစရိတ်များပေးရခြင်းများရှိပြီး
ထွေအုပ်ဝန်ထမ်းများအား KTV စားသောက် များနေ့စဉ် လိုက်ပို့ရကြောင်းဒေသခံများ၏ပြောပြချက်
များအရသိရသည်။

"ကျွန်တော်တို့အနေဖြင့် မန်ကျည်းအင်းကျေးရွာတိုးချဲ့
ရွာမြေအတွက် ချပေးဖို့ လုပ်ကိုင်နေပါတယ်
ငွေရေးကြီးရေးပြသာနာတွေနဲ့ တိုင်ကြားမှု့တွေက
သက်ဆိုင်ရာတာဝန်ရှိသူတွေ စစ်ဆေးလျှက်ရှိပါတယ်
ဟုခရိုင်ထွေထွေအုပ်ချုပ်ရေးမှူးဒုခရိုင်ဦးစီမှူးဦးကျော်စိန်ကပြောသည်။

မန်ကျည်းအင်းကျေးရွာဒေသခံ ၁၃ ဦးနှင့်ပြင်ဦးလွင်
မြို့နယ် အထွေထွေအုပ်ချုပ်ရေးက လာဘ်စားမှု့များကို
စတင်ဘာလ ၁၂ နေ့ နံနက် ၁၀ နာရီအချိန်ကနေ
ညနေ ၆း၀၀နာရီအချိန်ထိ ပြင်ဦးလွင်မြို့နယ် ခရိုင်
အထွေထွေအုပ်ချုပ်ရေးမှူးရုံအပေါ်ထပ်တွင် ပါဝင်
ပတ်သက်သူများကို တစ်ဦးချင်းခေါ်ယူကာခုံရုံဖွဲ၍
စစ်ဆေးလျှက်ရှိသည်ကိုတွေ့ရသည်။

အဆိုကိစ္စများနှင့်ပတ်သက်၍ ရဲရွာရေအားလျှပ်စစ်
အသွားလမ်း ၆မိုင် ၇ မိုင်တို့တွင် ရှိသော D-Garyip
အပန်းဖြေစခန်နှင့် ၇ မိုင် ချောင်သာအပန်းဖြေစခန်း
တို့တွင် လယ်ယာမြေ ပုံစံ ၇ ဖြစ် ဧက ၆၀ ကျော်ကို
အခြားမြေသုံးစွဲခွင့်ပြုထားပြီး မန်ကျည်းအင်ကျေးရွာ
အမှန်တကယ် လူများနေထိုင်သည့် နေရာများကို
လာဘ်စားထားပြီး ချပေးသဖြင့် ဒေသခံတွေက ကျေနပ်မှု့မရှိလို့ နိုင်ငံအဆင့်ထိ တိုင်ကြားခဲ့ရာက
အခုလို အဂတိလိုက်စားမှု့များ ပေါ်ထွက်လာကြောင်း
သိရသည်။

posted from Bloggeroid

No comments:

Post a Comment