Monday, September 26, 2016

လက်လုပ်သေနတ်ကြောင့်ထိခိုက်မှု့ဖြစ်


လက်လုပ်ယမ်းထောင်းသေနတ်ဖောက်ထွက်၍
ညီအစ်ကိုဝမ်းကွဲတော်စပ်သူဒဏ်ရာရရှိသဖြင့် အမှုဖွင့်
==================================

တနင်္သာရီ - စက်တင်ဘာလ ၂၅ ရက်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် - လယ်သစ်ကျေးရွာအုပ်စု- ကဒဲလိပ်ကျေးရွာတွင် လက်လုပ် ယမ်းထောင်းသေနတ်ပေါက်ထွက်သဖြင့် ညီအစ်ကိုဝမ်းကွဲတော်စပ်သူတစ်ဦး ဝဲဘက်ပေါင်အလယ်၌ထိမှန်ပြီး ဒဏ်

ရာ ရရှိခဲ့သဖြင့် တနင်္သာရီမြို့နယ်-ပြည်သူ့ဆေးရုံတွင် စက်တင်ဘာလ ၂၅ ရက် ည၉ နာရီ ၅ဝ အချိန် လာရောက် ၍အတွင်းလူနာအဖြစ် ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ တနင်္သာရီမြို့နယ်- လယ်သစ်အရှေ့ကျေးရွာနေ နောင်ပျော့(ခေါ်)အောင်လွင်ဦး (အဘ)ဦးဂွမ်း

ဥယျာဉ်လုပ်သူသည် ဥယျာဉ်နေအိမ်တဲတွင်(တရားမဝင်)၄င်းကိုင်ဆောင်သောယမ်းထောင်းပြီးခဲသီးတစ်လုံး ထည့် ထားသည့် ဒင်/ပြောင်းအရှည်(၅)ပေရှိ သစ်သားအရိုးတပ် တူမီးလက်လုပ်ယမ်းထောင်းသေနတ်၏ ယမ်းစွပ်သည့်

ကပ်တိုင်အား ချေးများပိတ်နေသဖြင့် ကပ်တိုင်အားတိုက်ချွတ်ဆေးရာမှကပ်တိုင်ပူပြီး ကျည်ပေါက်ထွက်ကာ ၄င်း၏

ညီအစ်ကိုဝမ်းကွဲတော်စပ်သူ တစ်ရွာတည်းနေ(အဘ)ဦးသန်းမောင်၏သား

အေးကြိုင်(၃၃)နှစ်၏ ဝဲဘက်ပေါင် အလယ်သို့ ကျည်ထိမှန်သဖြင့် အေးကြိုင်၏ဇနီး (အဘ)ဦးဘကျင် ၏သမီးဖြစ်သူ မသူဇာနွယ်မှ မြို့မရဲစခန်း၌ တရားလိုပြု၍ တိုင်တန်းလာပါဖြင့် မြို့မရဲစခန်းမှအမှုဖွင့်အရေးယူ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Kyaw gyi

posted from Bloggeroid

No comments:

Post a Comment