Monday, September 26, 2016

မီးရထားလမ်းချော်

ကသာခရိုင်အတွင်း မီးရထားစက်ခေါင်း
လမ်းချော်ကျမှု တစ်ပတ်အတွင်း ၂ ကြိမ်ဖြစ်
========================
မန္တလေး - မြစ်ကြီးနား မီးရထားလမ်း
အင်းတော်နှင့် နဘားဘူတာကြား တွင် ၂၄ ၉ ၂၀၁၆
ရက်နေ့ကတစ်ကြိမ် ၂၇ ၉ ၂၀၁၆ ရက်မနက်ပိုင်းက
နမ်းခမ်းနှင့် ဂျိုးတောင်ဘူတာကြားတွင်တစ်ကြိမ် ဖြစ်ပွါးခဲ့ကြောင်းသိရသည်။
အင်းတော်ချစ်လင်း
photo fb

posted from Bloggeroid

လက်လုပ်သေနတ်ကြောင့်ထိခိုက်မှု့ဖြစ်


လက်လုပ်ယမ်းထောင်းသေနတ်ဖောက်ထွက်၍
ညီအစ်ကိုဝမ်းကွဲတော်စပ်သူဒဏ်ရာရရှိသဖြင့် အမှုဖွင့်
==================================

တနင်္သာရီ - စက်တင်ဘာလ ၂၅ ရက်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် - လယ်သစ်ကျေးရွာအုပ်စု- ကဒဲလိပ်ကျေးရွာတွင် လက်လုပ် ယမ်းထောင်းသေနတ်ပေါက်ထွက်သဖြင့် ညီအစ်ကိုဝမ်းကွဲတော်စပ်သူတစ်ဦး ဝဲဘက်ပေါင်အလယ်၌ထိမှန်ပြီး ဒဏ်

ရာ ရရှိခဲ့သဖြင့် တနင်္သာရီမြို့နယ်-ပြည်သူ့ဆေးရုံတွင် စက်တင်ဘာလ ၂၅ ရက် ည၉ နာရီ ၅ဝ အချိန် လာရောက် ၍အတွင်းလူနာအဖြစ် ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ တနင်္သာရီမြို့နယ်- လယ်သစ်အရှေ့ကျေးရွာနေ နောင်ပျော့(ခေါ်)အောင်လွင်ဦး (အဘ)ဦးဂွမ်း

ဥယျာဉ်လုပ်သူသည် ဥယျာဉ်နေအိမ်တဲတွင်(တရားမဝင်)၄င်းကိုင်ဆောင်သောယမ်းထောင်းပြီးခဲသီးတစ်လုံး ထည့် ထားသည့် ဒင်/ပြောင်းအရှည်(၅)ပေရှိ သစ်သားအရိုးတပ် တူမီးလက်လုပ်ယမ်းထောင်းသေနတ်၏ ယမ်းစွပ်သည့်

ကပ်တိုင်အား ချေးများပိတ်နေသဖြင့် ကပ်တိုင်အားတိုက်ချွတ်ဆေးရာမှကပ်တိုင်ပူပြီး ကျည်ပေါက်ထွက်ကာ ၄င်း၏

ညီအစ်ကိုဝမ်းကွဲတော်စပ်သူ တစ်ရွာတည်းနေ(အဘ)ဦးသန်းမောင်၏သား

အေးကြိုင်(၃၃)နှစ်၏ ဝဲဘက်ပေါင် အလယ်သို့ ကျည်ထိမှန်သဖြင့် အေးကြိုင်၏ဇနီး (အဘ)ဦးဘကျင် ၏သမီးဖြစ်သူ မသူဇာနွယ်မှ မြို့မရဲစခန်း၌ တရားလိုပြု၍ တိုင်တန်းလာပါဖြင့် မြို့မရဲစခန်းမှအမှုဖွင့်အရေးယူ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Kyaw gyi

posted from Bloggeroid

ကားလမ်းဘေးကျ

26-9-2016 ရှမ်းပြည်မှာနှင်းတွေကျနေပီ ညဘက်ကားမောင်း
သူများဂရုစိုက်ကြပါ ခုမနက်၅နာရီခွဲဝန်းကျင်
လားရှိုးမြို့ရှောင်လမ်းတံတားအနီး
candar တစ်စီးလမ်းဘေးပြုတ်ကျ
အမျိုးသမီးတစ်ဦး အမျိုးသားတစ်ဦး
ထိခိုက်ဒဏ်ရာရ သေဆုံးမှုမရှိ...

Aung Khaing Myint
Than Htay

posted from Bloggeroid

ပြည်ဝင်ဗီဇာအမျိုးမျိုးဖြင့်ရောက်ရှိနေထိုင်သောနိုင်ငံခြားသားလုပ်ငန်းရှင်အကြောင်း

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်အတွင်း
ပြည်ဝင်ဗီဇာ အမျိုးမျိုးဖြင့် ရောက်ရှိနေထိုင်သော နိုင်ငံခြား
သားများနှင့် လုပ်ငန်းရှင်များ သိရှိလိုက်နာနိုင်ရန် လူဝင်မှု
ကြီးကြပ်ရေးဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းချက်များအား ရှင်း
လင်းဆွေးနွေးပွဲကို စက်တင်ဘာလ ၂၆ရက်နေ့ မွန်းလွဲ ၁
နာရီက ၃၁×၃၂လမ်းကြား၊

၆၅လမ်းရှိ ရွှေနိုင်ငံဟိုတယ်
အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး
လူဝင်မှုကြီးကြပ်ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးသန်း
ဝင်းက ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
(Kyal Phyu)Ba soe

posted from Bloggeroid

အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးတောင်းဆို

မြန်မာ

အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေးတောင်းဆို

25.09.2016 19:46

မဆုမွန်



မျှဝေပါ

မြန်မာနိုင်ငံတွင်းက လက်ရှိအကျဉ်းထောင်အခြေအနေတွေကို ပြောင်းလဲပေးဖို့နဲ့ ခေတ်စနစ်နဲ့ မလျော်ညီတော့တဲ့ အကျဉ်းထောင်စနစ်တွေကို ပြုပြင်ပေးဖို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကနေ ဒီကနေ့ အရပ်သားအစိုးရနဲ့ လွှတ်တော်ကို တောင်းဆိုလိုက်ကြပါတယ်။ AAPPB နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)က အစိုးရ၊ တာဝန်ရှိသူတွေနဲ့ အများပြည်သူသိရှိနိုင်အောင် ဒီကနေ့ အစီရင်ခံစာထုတ်ပြန်လိုက်တာပါ။ မြန်မာနိုင်ငံ၏ အကျဉ်းထောင်အခြေအနေ၊ အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးအလားအလာဆိုတဲ့ အစီရင်ခံစာထုတ်ပြန်ရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး AAPPB နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)ရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလိုစဖြေပါတယ်။



(FB: Thet Thet Aung)

ဦးတိတ်နိုင်။ ။ ဒီမြန်မာနိုင်ငံမှာ ဒီကနေ့အထိ ကျင့်သုံးနေတဲ့ အကျင်းထောင်လက်စွဲဥပဒေက ၁၉၈၄ ခုနှစ်ကတည်းက ပြဌာန်းထားတဲ့ ဥပဒေဖြစ်ပါတယ်။ ဆိုတဲ့အခါကျတော့ ခေတ်မမှီတော့တဲ့ အကျင်းထောင်လက်စွဲဥပဒေလို့ ပြောလို့ရမှာပေါ့နော်။ ဒီဥပဒေကိုထုတ်တဲ့အချိန်တုန်းက နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ဆိုရင်တော့ အကျင်းထောင်များဥပဒေက ဘယ်လိုမှကို ခေတ်မမှီတော့တဲ့အခြေအနေတခုဖြစ်တယ်။ ကျနော်တို့က အကျင်းထောင်လက်စွဲဥပဒေနဲ့ အကျင်းထောင်ပြုပြင်ပြောင်းလဲရေးအတွက် ကျနော်တို့ တောက်လျှောက်ကျနော်တို့ ကြိုးစားနေတယ် AAPPB အနေနဲ့ကတော့။ ဆိုတော့ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန်လက်ထက်မှာလည်း ကျနော်တို့ကြိုးစားခဲ့တယ်၊ တင်ပြခဲ့တယ်။ ပြီးတဲ့အခါမှာ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ အကျဉ်းထောင်များဥပဒေမူကြမ်းဆိုပြီးတော့ ထွက်လာတယ် ၊ လွှတ်တော်မှာတင်ပြတယ်။ သို့ပေမယ့် သက်တမ်း ၅ နှစ်တာ ကုန်သွားတဲ့အချိန်အထိ အကျင်းထောင်ဥပဒေက အတည်ပြုလို့မရသေးဘူးဆိုတဲ့ ကိစ္စမျိုးဖြစ်တယ်။ ဆိုတော့ ဒီဘက်ကိစ္စကို လွှဲလိုက်တဲ့အနေအထားမျိုးရှိပါတယ်။ ဆိုတော့ အဲဒီအခါမျိုးမှာ ကျနော်တို့က သက်ဆိုက်ရာကော်မတီတွေနဲ့လည်း အများကြီးဆွေးနွေးဖြစ်တယ်။ အခုကတော့ ကျနော်တို့ ထပ်ပြီးတော့ လေ့လာပြီးတော့မှ ဒီမြန်မာနိုင်ငံရဲ့ အကျဉ်းထောင်အခြေအနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်နိုင်မယ့် အလားအလာတွေကို ကျနော်တို့အနေနဲ့ ကြိုးစားပြီးတော့ ရေးဆွဲထားတာပါ။

မဆုမွန်။ ။ အဲ့ဒီ့တော့ ဒီနေ့ထုတ်ပြန်တဲ့အစီရင်ခံစာက လက်ရှိ မြန်မာနိုင်ငံထဲမှာ ရှိတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဘယ်လောက်အတိုင်းအတာအထိ ထင်ဟပ်ဖော်ပြနိုင်မယ်ထင်ပါသလဲရှင့်။

ဦးတိတ်နိုင်။ ။ ကျနော်တို့ကတော့ အခန်း ၆ ခန်းနဲ့ ဖော်ပြထားပါတယ်။ အထိက ၁၊ ၂ ၊ ၃ ကတော့ မြန်မာနိုင်ငံအကျဉ်းထောင်ရဲ့အခြေအနေ နောက်တခါ နိုင်ငံတကာအကျဉ်းထောင်တွေနဲ့ ၊ နိုင်ငံတကာ ဥပဒေတွေနဲ့ မြန်မာနိုင်ငံ အကျဉ်းထောင်ထဲမှာ သုံးစွဲနေတဲ့ ဒီကနေ့ ကျင့်သုံးနေတဲ့ ဥပဒေတွေ အဲဒါမျိုးတွေကို ကျနော်တို့ နိုင်းယှဉ်ပြီးတော့ တကယ့်နိုင်ငံတကာ စံချိန်စံညွန်းတွေနဲ့ညီအောင် ကျနော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့လည်း ကိုက်ညီအောင်ဆိုတဲ့ အနေအထားမျိုးတွေကို ကျနော်တို့ ဖော်ပြထားပြီးတော့ အကြံပြုတိုက်တွန်းချက်တွေအနေနဲ့ ကျနော်တို့အများကြီးလုပ်ထားပါတယ်။



မဆုမွန်။ ။ အဲ့ဒီ့အစီရင်ခံစာထဲမှာ အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေး အတွက် အလားအလာလို့ ပြောထားပါတယ်။ ဆိုတော့ဒီအစီရင်ခံစာကနေပြီးတော့မှ တဆင့်ပေါ့နော် နိုင်ငံတော်တာဝန်ရှိသူတွေ၊ အကျဉ်းထောင်ထဲမှာ ဆောင်ရွက်နေတဲ့ သူတွေ၊လက်ရှိတာဝန်ယူထားတဲ့သူတွေ အတွက် ပြုပြင်ပြောင်းလဲရေး ဘယ်လိုအလားအလာကောင်းတွေရှိလာနိုင်မယ်လို့ရော မျှော်လင့်ပါလဲရှင့်။

ဦးတိတ်နိုင်။ ။ကျနော်တို့ တိုက်တွန်းထားတဲ့အထဲမှာဆိုရင်လည်း ဥပမာဆိုရင်တရားရေးဝန်ကြီးဌာနကို ကျနော်တို့ ထားရှိဖို့အတွက် ကျနော်တို့ တိုက်တွန်းထားတယ်။ နောက်တခါ ဒီအကျဉ်းဦးစီးဌာနတို့ ၊ ပြစ်ဒဏ်ချနေတဲ့ ကိစ္စ ရဲစခန်းတို့ ဆိုတဲ့ကိစ္စတွေပေါ့၊ အချုပ်တို့ ဘာတို့က တရားရေးဝန်ကြီးဌာနရဲ့အောက်မှာပဲ သွားသင့်တယ်။ ဘယ်နိုင်ငံတွေ ဘယ်နိုင်ငံတွေက ဘယ်လိုမျိုးကျင့်သုံးနေတယ်ဆိုတဲ့ဟာကို နိုင်ငံတကာရဲ့အခြေအနေနဲ့ ကျနော်တို့နိုင်ငံမှာလည်း တကယ်လိုအပ်နေတဲ့ တရားရေးဝန်ကြီး ဌာနအောက်မှာ ဒါတွေကို ထားလိုက်ခြင်းဖြင့် ကျနော်တို့ ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို အများကြီးလုပ်နိုင်လိမ့်မယ်လို့ မြင်ပါတယ်။

မဆုမွန်။ ။ နောက်ဆုံးတခုမေးချင်တာကတော့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီးမေးချင်တာပါ။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အမည်ဝေါဟာရဆိုပြီး သတ်မှတ်နိုင်ဖို့က အခုအချိန်အထိ အခက်အခဲတွေ၊ ကြန့်ကြာမှုတွေရှိနေပါတယ်။ ဒါကြောင့် အကျဉ်းထောင်တွေထဲ အကျဉ်းသားတွေ၊ အထူးသဖြင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ဒီအစီရင်ခံစာထဲမှာ ပါပါလားရှင့်။

ဦးတိတ်နိုင်။ ။ ဟုတ်ကဲ့။ ပါပါတယ်ခင်ဗျ။ ကျနော်တို့မြန်မာနိုင်ငံမှာရှိနေတဲ့ အကျဉ်းထောင်တွေ မှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေ နောက်တခါ ဘယ်လိုခွဲခြားသေးတယ်၊ ဘယ်လိုခွဲခြားနေတဲ့အခြေအနေမျိုးတွေမှာ ဘယ်လိုစီမံသင့်တယ်ဆိုတာမျိုးတွေကို ကျနော်တို့အနေနဲ့ သေသေချာချာရေးပြီးတော့ အကြံပြုချက်အနေနဲ့ တိုက်တွန်းထားပါတယ်။

မဆုမွန်။ ။ ဒီအစီရင်ခံစာက ဘယ်သူတွေကိုပေါ့နော် အထူးသဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတ၊ သက်ဆိုင်ရာတာဝန်ယူထားတဲ့ဝန်ကြီးဌာနတွေကို ပေးပို့ထားဖို့ အစီအစဉ်ရှိပါလား။ ဒီအစီရင်ခံစာက အများပြည်သူသိရှိနိုင်အောင်ရော အစိုးရတာဝန်ရှိသူတွေသိအောင်ရော ဘယ်လိုများ ဆက်ပြီး ဆောင်ရွက်သွားဖို့ ရှိပါသလဲရှင့်။ ဒီအစီရင်ခံစာပါ အချက်တွေနဲ့ပတ်သက်ပြီးတော့။

ဦးတိတ်နိုင်။ ။ ဟုတ်ကဲ့ ကျနော်တို့အနေနဲ့ကတော့ ၁ အချက်က ကျနော်တို့ လွှတ်တော်မှာရှိတဲ့ကော်မတီတွေနဲ့ ကျနော်တို့ ဆွေးနွေးဖို့ စဉ်းစားထားပါတယ်။ တဆက်တည်းမှာပဲ အာဏာပိုင်အစိုးရပိုင်းတွေကိုလည်း ကျနော်တို့က ချဉ်းကပ်ပြီးတော့ အစီရင်ခံစာရဲ့တကယ့်အနှစ်သာရတွေကို ကျနော်တို့ဆွေးနွေးမယ်၊ ညှိနှိုင်းမယ်၊ အကြံပြုမယ်ဆိုတဲ့ကိစ္စမျိုးတွေ ကျနော်တို့ စဉ်းစားထားပါတယ်။ နောက်တခုက ကျနော်တို့က အမျိုးသမီးနဲ့ပတ်သက်တဲ့အခြေအနေမျိုးတွေ ၊ ကလေးနဲ့ ပတ်သက်တဲ့အခြေနေမျိုးတွေ၊ သက်ကြီးရွယ်အိုနဲ့ ပတ်သက်တဲ့အခြေအနေမျိုးတွေကို ၊ ပြစ်ဒဏ်ပေးခြင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ဟာမျိုးတွေကို ကျနော်တို့အနေနဲ့ စာတမ်းပြုစုနေတာတွေရှိပါတယ်။ အဲဒီတော့ ကျနော်တို့က အကျဉ်းထောင်ထဲမှာ ပြုပြင်ပြောင်းလဲဖို့ကိစ္စက တော်တော်ကို "တနွယ်ငင် တစင်ပါ" လုပ်ဖို့ လိုပါတယ် ။ လုပ်နိုင်လိမ့်မယ်လို့ ကျနော်တို့က အဲဒီလိုမြင်ပါတယ်။

မဆုမွန်။ ။ဦးတိတ်နိုင် ဖြေပေးတာကျေးဇူးအများကြီးတင်ပါတယ်။

ဦးတိတ်နိုင်။ ။ဟုတ်ကဲ့ပါ။

AAPPB နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)ရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

ဒီကနေ့မှာပဲ မြန်မာနိုင်ငံ အကျဉ်းထောင်အခြေအနေ အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးအစီရင်ခံစာ မိတ်ဆက်ပွဲအခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ တက်ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီးလည်း ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီခေါင်းဆောင်တဦးဖြစ်တဲ့ ဦးစိုင်းညွန့်လွင်၊ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးနဲ့ AAPPB နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)တွဲဘက်အတွင်းရေးမှူးတို့ကဦးဆောင်ဆွေးနွေးခဲ့တယ်။

posted from Bloggeroid

အမေစုပြန်လာပြီ

မြန်မာ

ပြည်ပခရီးစဉ်က ဒေါ်စု မြန်မာနိုင်ငံ ပြန်ရောက်

26.09.2016 07:16

ဗွီအိုအေ (မြန်မာပိုင်း)



နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

မျှဝေပါ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စက်တင်ဘာလ ၁၀ ရက်နေ့မှာစတင်ခဲ့တဲ့ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတွေကို သွားရောက်ခဲ့တဲ့ ၂ ပတ်ကြာခရီးစဉ်ဟာ ပြီးဆုံးသွားပြီဖြစ်ပြီး တနင်္ဂနွေနေ့ညပိုင်းမှာပဲ ရန်ကုန်ကို ပြန်ရောက်လာပြီဖြစ်ပါတယ်။

ဗြိတိန်မှာ ဝန်ကြီးချုပ် Theresa May နဲ့ တွေ့ဆုံပြီး ၂ နိုင်ငံကြား ဆက်ဆံရေး တိုးမြှင့်သွားဖို့ ဆွေးနွေးခဲ့သလို လန်ဒန်မြို့ မြန်မာသံရုံးမှာ ဥရောပဒေသ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက ဒေသတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာသံအမတ်ကြီး ၁၂ ဦးနဲ့ တွေ့ဆုံပြီး အဝေးရောက်မြန်မာနိုင်ငံသားတွေကို စောင့်ရှောက်ဖို့ မှာကြားခဲ့ပါတယ်။

ဗြိတိန်ကနေ တဆက်တည်း သွားရောက်တဲ့ အမေရိကန်ခရီးစဉ်ကိုတော့ အမေရိကန်သမ္မတ Barack Obama က ဖိတ်ကြားခဲ့တာဖြစ်ပြီး သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အိမ်ဖြူတော်မှာ တွေ့ဆုံအပြီးမှာပဲ မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ စီးပွားရေးဒဏ်ခတ်မှုတွေကို ဖယ်ရှားပေးဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း သမ္မတအိုဘားမားက ကြေညာခဲ့ပါတယ်။ ဝါရှင်တန်ဒီစီမှာ ရှိနေစဉ် အမေရိကန် လွှတ်တော် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး မြန်မာ့ဒီမိုကရေစီအရေးအတွက် မပြီးဆုံး သေးတဲ့ ပြုပြင်ပြောင်းလဲရေးမှာ ဆက်လက် ကူညီကြဖို့ တိုက်တွန်းခဲ့သလို အမေရိကန်- ASEAN စီးပွားရေး လုပ်ငန်းရှင်များ အသင်း က တည်ခင်းတဲ့ ညစာစားပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ ပွင့်လင်းလာတဲ့ စီးပွားရေးမူဝါဒနဲ့ ရင်းနှီးမြှုပ်နှံနိုင်တဲ့ အခွင့်အလမ်းတွေကို ရှင်းလင်းဆွေးနွေးခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ နယူးယောက်မှာ ကျင်းပတဲ့ (၇၁)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကို တက်ရောက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အထွေထွေ မူဝါဒရေးရာ မိန့်ခွန်းတရပ်ကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် နျူကလီယား လက်နက် စမ်းသပ်ဖေါက်ခွဲမှု အလုံးစုံ တားဆီးပိတ်ပင်ရေးစာချုပ် မှာ မြန်မာနိုင်ငံအနေနဲ့ အတည်ပြုပါဝင်တဲ့ စာချွန်လွှာပေးအပ်ခဲ့ပါတယ်။

နယူးယောက်မှာ ရှိနေစဉ် UNESCO ညွှန်ချုပ်၊ ဒိန်းမတ်ဝန်ကြီးချုပ်၊ မက်ဆီကို သမ္မတ၊ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်၊ OIC အတွင်းရေးမှုးချုပ် တို့နဲ့သီးခြားစီ တွေ့ဆုံခဲ့သလို မြန်မာကိုယ်စားလှယ် အဖွဲ့နဲ့လည်း တွေ့ဆုံခဲ့တာပါ။ ဒါ့အပြင် ကမ္ဘာ့စီးပွားရေးဖိုရမ်အကြီးအကဲ Prof. Klaus Schwab၊ Open Society အဖွဲ့တည်ထောင်သူ Mr. George Soros၊ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Al Hussein တို့နဲ့လည်း သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဟားဗတ်တက္ကသိုလ် ဟားဗတ်ဖောင်ဒေးရှင်းက ချီးမြှင့်တဲ့ ၂၀၁၆ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာဆု - Harvard Humanitarian of the Year ဆုကို ဒီခရီးစဉ်မှာပဲ လက်ခံရယူခဲ့သလို Academy of Achievement အဖွဲ့က ချီးမြှင့်တဲ့ Academy’s Golden Plate Award ကိုလည်း နယူးယောက် စာကြည့်တိုက်မှာ တက်ရောက် လက်ခံခဲ့ပါတယ်။


posted from Bloggeroid

မြို့နယ် ထွေအုပ် အတွင်းလေလံပစ်မယ်ကားများတွေ့ရ

"မန္တလေးတိုင်းဒေသကြီးအစိုးရ ကားလေလံပျက်သွားသဖြင့်အမရပူရ
မြို့နယ် အထွေထွေ အုပ်ချုပ်ရုံအတွင်းလာရောက်ထားခြင်းဖြစ်သည်ဟုဆို"
=============================================
မန္တလေး စက်တင်ဘာ ၂၇
မန္တလေး အမရပူရမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံ မြို့နယ်တရား
ရုံ၏ရှေ့တွင် တိုင်းဒေသကြီးအစိုးရ၏ သြဂုတ်လ အတွင်းက လိုင်စင်
မဲ့ကားများလေလံ ပျက်သွားသဖြင့် လော့နံမှတ်များတပ်ထားသော
ကားများ ထားသည်ကိုစက်တင်ဘာလ ၂၇ နေ့ကတွေ့ရသည်။

"ဒီကားတွေက လေလံပြစ်ဖို့လုပ်ထားသည့်ကားတွေဖြစ်ပါတယ်
ပြီခဲသည့်လက တိုင်းဒေသကြီး လေလံပစ်ဖို့ ပျက်သွားတာကနေ
ဒီရုံအတွင်း လာရောက်ထားရှိတာ အများကြီးဗျာ အရှေ့ဘက်လည်း
ရှိတယ် အားလုံးက လော့နံမှတ်တပ်ထားပြီးသားတွေပါဟုတာဝန်ရှိ
သူရုံဝန်ထမ်းတစ်ဦးကပြောသည်။

အဆိုပါ ကားများမှ မန္တလေးတိုင်းအတွင်း လိုင်စင်မဲ ကားများဖမ်းစီး
ထားသော ကားများဖြစ်ပြီ ဇူလိုင်လ အတွင်းက လေလံစာရွက်များ
ရောင်ချထားကာ သြဂုတ်လ မှ လေလံမပစ်ရန်ရာထားခဲ့သော်လည်း
လေလံပစ်မိန့် တားမြှစ်ထားသဖြင့် လေလံရပ်ထားကာ လောနံမှတ်
များတပ်ပြီး အမရပူရ မြို့နယ် အထွေထွေရုံးအတွင်းရှိ မြို့နယ်တရားရုံ
ရှေ့တွင် ထားရှိသည်ကိုတွေ့မြင်ခဲ့ရပါသည်။
စိုင်းထူးခန့် 

posted from Bloggeroid

မိုးရွာ၍လမ်းမျာပိတ်

26*9*2016 ရက် နံနက် ၆ နာရီခန့်
မုံရွာနဲ့ မြင်းမူကြား
အလ္လကပ္ပရွာ အနီးတွင် မိုးရေ
များသောကြောင့်
ကား ဆိုင်ကယ်များ ပိတ်မိနေကြောင်း သိရပါတယ်။

Kyaw gyi

posted from Bloggeroid

ကလေးငယ်တစ်ဦးအစွန့်ပစ်ထား

သံတောင်မြို့နယ်
သပြေညွှန့်ရွာ အနောက် ဘက် ဆက်သေ
ချောင်း နဘေး တွင် ဇနီး ဒေါ်မတင်ဝင်း
သားမောင် သက် ဦးတို့ ပဲတီစိမ်း စိုက်ပျိုး
ရန် လုပ် ဆောင် နေစဉ်***

လက်နက်ကိုင် လူ ၂ ဦးရောက် ရှိလာ
ပြီး ဘယ်သူ့ ခွင့်ပြု ချက်နှင့် ပဲစိုက်သလဲ
ဟုမေး ကာ ဦးမြင့်သောင်း အား
မျက်နှာ နှင့် ဦးခေါင်း အား သေနတ်
ဒင်ဖြင့် ထုရိုက် ခဲ့ရာ ဦးမြင့်သောင်း
သေဆုံး ခဲ့ပါသည်။

အထက်ပါဖြစ်စဉ်အာ ထန်းတပင်မြို့နယ်
ရဲတပ်ဖွဲ့တပ်မတော် နှင့် KNU
တပ်မဟာ ၂ မှ ထောက်လှမ်းရေး အရာရှိ
ဗိုလ် စောနေစိုး တို့မှ အမှုမှန်ပေါ်ပေါက်
ရေးပူးပေါင်းဖော်ထုတ် ရာ ပြစ်မှုကျူးလွန်
သူ မှ knu ရင်း ၆ မှ တပ်ကြပ် အငယ်လေး
ဆို သူ အား ဖော်ထုတ် ဖမ်းစီးရမိခဲ့ပါသည်။

kun ရင်း ၆ မှ လူသတ်မှု ကျူးလွန်သူ
အငယ်လေး အား KNUတပ်မဟာ ၂
ဗဟို ၏ စည်းကမ်း ဥပဒေ အတိုင်း အရေး
ယူသွားမည် ဟု သိရပါသည်။
စက်တင်ဘာ ၂၃
Kyaw swar

posted from Bloggeroid

သေနတ်ဒင်ဖြင့်ထုရိုက်ခံရ၍သေဆုံး


သံတောင်မြို့နယ်
သပြေညွှန့်ရွာ အနောက် ဘက် ဆက်သေ
ချောင်း နဘေး တွင် ဇနီး ဒေါ်မတင်ဝင်း
သားမောင် သက် ဦးတို့ ပဲတီစိမ်း စိုက်ပျိုး
ရန် လုပ် ဆောင် နေစဉ်***

လက်နက်ကိုင် လူ ၂ ဦးရောက် ရှိလာ
ပြီး ဘယ်သူ့ ခွင့်ပြု ချက်နှင့် ပဲစိုက်သလဲ
ဟုမေး ကာ ဦးမြင့်သောင်း အား
မျက်နှာ နှင့် ဦးခေါင်း အား သေနတ်
ဒင်ဖြင့် ထုရိုက် ခဲ့ရာ ဦးမြင့်သေ

ာင်း
သေဆုံး ခဲ့ပါသည်။

အထက်ပါဖြစ်စဉ်အာ ထန်းတပင်မြို့နယ်
ရဲတပ်ဖွဲ့တပ်မတော် နှင့် KNU
တပ်မဟာ ၂ မှ ထောက်လှမ်းရေး အရာရှိ
ဗိုလ် စောနေစိုး တို့မှ အမှုမှန်ပေါ်ပေါက်
ရေးပူးပေါင်းဖော်ထုတ် ရာ ပြစ်မှုကျူးလွန်
သူ မှ knu ရင်း ၆ မှ တပ်ကြပ် အငယ်လေး
ဆို သူ အား ဖော်ထုတ် ဖမ်းစီးရမိခဲ့ပါသည်။

kun ရင်း ၆ မှ လူသတ်မှု ကျူးလွန်သူ
အငယ်လေး အား KNUတပ်မဟာ ၂
ဗဟို ၏ စည်းကမ်း ဥပဒေ အတိုင်း အရေး
ယူသွားမည် ဟု သိရပါသည်။
စက်တင်ဘာ ၂၃
Kyaw swar

posted from Bloggeroid

ကလေးများဘဝ

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် အလက ခွဲအင်းကြီး အ‌ရှေ့ရွာ အ‌နောက်‌ရွာကြား ‌ချောင်းတွင်
ရေကြီးနေသဖြင့် ဆရာ ဆရာမများမှ ကျောင်းသား ကျောင်းသူများ လက်တွဲဖြတ်ကျော်နေပုံများ

Kyaw gyi

posted from Bloggeroid

အမျိုးသမီးတစ်ဦးအလောင်းတွေ့ရ


ကူညီစုံစမ်းပေးပါရန်

25-9-2016 ရက်နေ့ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ပခုက္ကူခရိုင် ရေစကြိုမြို့နယ်တွင် ဇီးတောကျေးရွာအုပ်စု၊ ကွင်းအမှတ် (၉၈)၊ ၀ါယာဘူတာတောင်ဘက် ကိုက်(၁၅၀၀)ခန့်အကွာ ဖူလုံကျေးရွာနှင့် ကျွန်းဘိုပင်ကျေးရွာသွား မြေသား လမ်းဘေး ရေမြောင်းအတွင်း (ခန့်မှန်း မြေပုံညွှန်း UG 573349 )၊ ဇီးတောကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ခိုင်မှ ဖုန်းဖြင့် အကြောင်းကြားချက်အရ မအူရဲကင်းစခန်းမှူး ရဲအုပ် ထွန်းထွန်းဦးနှင့် အဖွဲ့ မှ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ မြေသားလမ်းဘေး ရေမြောင်းထဲတွင် အသက်(၃၀)ခန့် ၊ အမည်မသိ၊ နေရပ်လိပ်စာမသိ၊ အမျိုးသမီးတစ်ဦးမှာ အပေါ်အကျီ၊ အောက်ထမီ၊ ဖိနပ်မပါ၊ အတွင်းခံ ဗလာစီယာ အနက်ရောင်နှင့် ဖြူနက်ကြားရောင် အတွင်းခံဘောင်းဘီအား ၀တ်ဆင်ထားပြီး ထိုးသွင်းဒဏ်ရာ ဒဏ်ရာများရရှိကာ သေဆုံးနေသည်ကို စစ်ဆေးတွေ့ ရှိသဖြင့် ဆေးစာဖြင့် ရေစကြိုမြို့ နယ်ဆေးသို့ ပို့အပ်ထားပြီး ရေစကြိုမြို့မရဲစခန်း (ပ)၉၃၆/၂၀၁၆ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှု ဖွင့် စစ်ဆေးဆောင်ရွက်လျှက် ရှိပါကြောင်း သတင်းရရှိသည်။

ပုံပါအမျိုးသမီးအား သိရှိသူများ ဆက်သွယ် အကြောင်းကြားပေးပါရန်

ရေစကြို မြို့ နယ်ရဲတပ်ဖွဲ့ မှူးရုံး ၀၆၂ - ၃၀၂၄၂
ပခုက္ကူခရိုင်ရဲတပ်ဖွဲ့ မှူးရုံး ၀၆၂ - ၂၁၀၈၀ / ၂၁၀၅၃
Ba soe

posted from Bloggeroid

Sunday, September 25, 2016

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

မန္တလေမြို့တော်စည်ပင်သာယာရေးကော်မတီဝင်လောင်းများအား မဲထည့်နိုင်ရန်
ဥပဒေအရကိုယ်တိုင် အမည်စာရင်းလာရောက်ယူဆောင်၍
မဲဆန္ဒပြုသူစာရွက်ဖြည့်ရမည်ဖြစ်သော်လည်း လိုအပ်ချက်အရ ရပ်ကွက်အတွင်း
တစ်အိမ်တက်ဆင်း လိုက်လံပို့ဆောင်ပေးခဲ့ရမှုများရှိခဲ့ကြော

င်း၊
မဲရုံများတွင် ရာအိမ် မှူးများထားရှိပြီး
ရပ်ကွက်အတွင်းအမှန်တစ်ကယ်နေထိုင်သူဖြစ်ပါက မဲပေးခွင့်ရရှိအောင်
ပြုလုပ်ပေး ထားကြောင်း မဟာအောင်မြေမြို့နယ် ဒေးဝန်းအရှေ့ရပ်မှ
မဲရုံတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့မသိသေးပါဘူး။ မဲရုံတွေမှာ
ကျွန်တော့်ကိုယ်စားလှယ်တွေ လွှတ်ထားတယ်။ သူတို့ပဲစောင့်ကြည့်နေတယ်။
ဒါပေမယ့်တစ်ချို့အဖွဲ့တွေက မလိုလားအပ်တဲ့
လုပ်ဆောင်မှုမျိုးတွေရှိနေတယ်လို့တော့သိရတယ်။
အတိအကျတော့မပြောနိုင်သေးပါဘူး။ အကောင်း ဆုံးကတော့
မှန်ကန်အောင်လုပ်ဆောင်သွားဖို့လိုအပ်ပါတယ်။”ဟု အောင်မြေသာစံမြို့နယ်တွင်
ကော်မတီဝင်းလောင်းအဖြစ် ၀င်ရောက်အရွေးချယ်ခံသူ ဦးခင်မောင်ထွန်းကပြောသည်။

posted from Bloggeroid

ကျောင်းသားကျောင်းသူများသတိထား

အချိန်မတော် ချိန်းတွေ့သည့် တက္ကသိုလ်ကျောင်းသူစုံတွဲ အဆောင်မပြန်ရဲတာကြောင့် လှည့်ကင်းအဖွဲ့က ၀န်ဆောင်မှုပေးခဲ့ရ
============
သတင်း+ ဓာတ်ပုံ = ကိုတိုးကြီး
မုံရွာ၊စက်တင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ နန္ဒ၀န်ရပ်ကွက်၊ ဗိုလ်တေဇလမ်းမကြီးပေါ်တွင် စက်တင်ဘာ ၂၅ ရက်မနက် ၁ နာရီအချိန်ခန့်က သမီးရည်းစားချိန်းဆိုတွေ့ခဲ့သည့် တက္ကသိုလ်ကျောင်းသူတစ်ဦးသည် ညအချိန်မတော်၍ အဆောင်သို့ မပြန်ရဲဖြစ်နေချိန်တွင် မုံရွာနယ်မြေရဲစခန်းမှ ညဉ့်နက်လှည့်ကင်းထွက်လာသော အဖွဲ့နှင့် တွေ့ရှိပြီး သူမ၏ အဆောင်သို့ လိုက်လံပို့ဆောင် အပ်ပေးခဲ့ရကြောင်း မုံရွာနယ်မြေရဲစခန်းမှ သိရသည်။
‘ မုံရွာတက္ကသိုလ် ရုက္ခဗဒ နောက်ဆုံးနှစ်ကျောင်းသူနဲ့ ကိုရီးယားသင်တန်းတက်နေတဲ့ ကောင်းကလေးတို့ ချိန်းဆိုတွေ့တာဖြစ်ပါတယ် ..” ဟု လှည့်ကင်းအဖွဲ့မှ ပြောသည်။
အဆိုပါ စုံတွဲအနက် တက္ကသိုလ်ကျောင်းသူမှာ မုံရွာမြို့ သလ္လာရပ်ကွက် ဆည်မြောင်းရုံး၏ အရှေ့မြောက်ဘက်ရှိ အမျိုးသမီး(ပြင်ပ) ဘော်ဒါဆောင်တွင် နေထိုင်ပြီး မုံရွာတက္ကသိုလ်တွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသူတစ်ဦးဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းခန့်က တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူစုံတွဲ တစ်တွဲသည် မုံရွာမြို့နယ် ကျောက္ကာကျေးရွာနှင့် ထနောင်းဝင်းကျေးရွာအကြားရှိ ယာကွင်းတစ်ခုထဲတွင် သမီးရည်းစား ချိန်းဆိုတွေ့နေခိုက် ၎င်းတို့၏ ဆိုင်ကယ်အား အုပ်စုဖွဲ့လူငယ်တစ်စု၏ ဓားထောက်ခြိမ်းခြောက်ပြီး ပစ္စည်းလုယက်မှု ဖြစ်စဉ်တစ်ရပ်အား ဖြစ်ပွားခဲ့သေးသည်။ ထို့ကြောင့် လှည့်ကင်းအဖွဲ့က ညအချိန်မတော် သမီးရည်းစားချိန်းဆိုတွေ့နေသည့် စုံတွဲအား ၎င်းတို့၏ နေရပ်အဆောင်သို့ ပြန်လည်ပို့ဆောင်ပေးခြင်းဖြင့် ပြည်သူ့ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်
Kyaw gyi

posted from Bloggeroid

Saturday, September 24, 2016

အမျိုးသားတစ်ဦးအလောင်းတွေရ

အမျိုးသားတစ်ဦးအလောင်း ငမိုးရိပ်ချောင်းအတွင်းတွေ့ရှိ
=====================================
ရန်ကုန် စက်တင်ဘာ ၂၅

သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏနယ်မြေရဲစခန်းအပိုင်ရှိ ငမိုး ရိပ်ချောင်းတံတားအနီး အသက် (၁၇ နှစ်)အရွယ် လူငယ်အမျိုးသား အလောင်းမှာ ပုပ်ပွ၍ ရေပေါ်တွင် ပေါ်နေသည်ကို တွေ့ရှိခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏနယ် မြေရဲစခန်းမှ သိရသည်။

သေဆုံးသွားသည့် ကောင်းခန့်ကျော် (ခ) ကောင်းကောင်း အသက်(၁၇ နှစ်)သည် စက်တင်ဘာ ၂၂ ရက်က သူငယ်ချင်းဖြစ်သူ မောင်အာကာမိုး (၁၇ နှစ်)အား ငမိုးရိပ်တံတားပေါ်မှနေ၍ ငမိုးရိပ်ချောင်းအတွင်း ရေ ကူးပြမည်ဟုဆိုကာ ငမိုးရိပ်တံတားပေါ်မှ ခုန်ဆင်းသွားခဲ့ပြီး ချောင်းအတွင်းတွင် နစ်မြုပ်ခဲ့ ကြောင်း ရဲတပ်ဖွဲ့၏ ကနဦးသတင်းများအရ သိရသည်။ ၎င်း၏မိသားစုမှ လိုက်လံရှာဖွေခဲ့ရာ စက်တင်ဘာ ၂၄ ရက် နံနက် ၈ နာရီခွဲခန့်တွင် သေဆုံးသူ ကောင်းခန့်ကျော်၏ ရုပ်အလောင်းကို ငမိုးရိပ်တံတားအနီးတွင် ပြန် လည်တွေ့ရှိရကြောင်းသိရသည်။ သေဆုံးသူသည် အမှတ်(၅ဝ၃) ငမိုးရိပ်ချောင်း (၃)လမ်း၊ ငမိုးရိပ်ချောင်းရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူဖြစ် ကြောင်းသိရသည်။ သေဆုံးသူရုပ်အလောင်းအား သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ ဆောင်ရာ PR 55 ဖြင့် လက်ခံရရှိ၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ်ကို စစ်ဆေးရန် အတွက် သေမှုသေခင်း ဖွင့်လှစ်စစ်ဆေးနိုင်ရန် ဒုရဲအုပ်ဝေလင်းဦးမှ တရားလို ပြုလုပ်တိုင်တန်းထားကြောင်း သိရ သည်။

မင်းဗညား

theflowernews

posted from Bloggeroid

အစ္စလာမ်ဘာသာဝင်တွေကနိုင်ငံကိုသစ္စာမဖောက်ဟုဆို

မွတ်စလင်မှန်ရင် ကိုယ်မွေးဖွားရာနိုင်ငံကို ချစ်တယ်၊ ကိုယ့်နိုင်ငံကိုသစ္စာဖောက်သူဟာ မွတ်စလင်မဟုတ်ဟု ဃရာနာ အစ္စလာမ်သာသနာ ပရမတ္ထမိသားစုအဖွဲ့ကြီး၏ ဂိုဏ်းချုပ်ခလီဖွှဟ် ပြော
---- ------ ------ ------ -----

တောင်ကိုရီယားနိုင်ငံအခြေစိုက် (HWPL) ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့၏ ငြိမ်းချမ်းရေးသံတမန်၊ သီတဂူဗုဒ္ဓတက္ကသိုလ် (ပါမောက္ခချုပ် လ/ထ) ဒေါက်တာအရှင်ကုမာရနှင့် (KAFTG) ဃရာနာ အစ္စလာမ်သာသနာ ပရမတ္ထမိသားစုအဖွဲ့ကြီး၏ ဂိုဏ်းချုပ် အလ်ဟဂ်ျ ခလီဖွှဟ် ဦးသိန်းဝင်းအောင်တို့အား အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထပ်ဆင့်ဂုဏ်ပြုလွှာပေးအပ်ခြင်းအခမ်းအနားကို မန္တလေး မဟာအောင်မြေမြို့နယ်ရှိ ဟိုတယ်မန္တလေးတွင် ယနေ့ စက်တင်ဘာ ၂၄ ရက်က ကျင်းပခဲ့သည်။

ယင်းဂုဏ်ပြုသ၀ဏ်လွှာပေးအပ်ပွဲ၌ ဃရာနာ အစ္စလာမ်သာသနာ ပရမတ္ထမိသားစုအဖွဲ့ကြီး၏ ဂိုဏ်းချုပ် အလ်ဟဂ်ျ ခလီဖွှဟ် ဦးသိန်းဝင်းအောင်က"အစ္စလာမ်ဘာသာဝင် မွတ်စလင်တွေ မှန်ရင် ကိုယ်မွေးဖွားတဲ့နိုင်ငံကို ချစ်တယ်။ ကိုယ့်နိုင်ငံကိုသစ္စာဖောက်သူဟာ မွတ်စလင်မဟုတ်ဘူး”ဟု ပြောကြားခဲ့သည်။

"မကြာမီကဖြစ်ပွားခဲ့တဲ့ ရေဘေးဒုက္ခသည်တွေကို မန္တလေးကလူငယ်ပရဟိတအဖွဲ့တွေက လူမျိုးရေးဘာသာတရားမခွဲခြားဘဲ ကူညီတာတွေ့ရတော့ ဝမ်းသာမိပါတယ်။ ဘာသာရေးလွတ်လပ်ခွင့်မရှိခြင်း ခွဲခြားမှုတွေကြောင့် စစ်ပွဲတွေဖြစ်နေတာပါ။ အဲဒီလို ခွဲခြားဆက်ဆံခံရမှုတွေကြောင့် အစ္စလာမ်ဘာသာဝင်လူငယ်တွေဟာ IS ရဲ့ အသုံးချခံတွေဖြစ်လာရတာပါ။ ဘာသာရေးလွတ်လပ်ခွင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ စာအုပ်ထဲမှာတော့ရှိတယ်။ အပြင်မှာ လက်တွေ့မရှိဘူး။ အားလုံးသည်တခုတည်းပါ။ အစ္စလာမ်၊ ဗုဒ္ဓဘာသာ၊ ခရစ်ရာယ်ဘာသာ အားလုံးကတခုတည်းပါ။ နှစ်လုံးသားနဲ့ရေးခဲ့သော မေတ္တာတရားနဲ့ဘာသာရေးဆိုတာ အားလုံးကမေတ္တာနဲ့ပဲ။ IS အကြမ်းဖက်သမားတွေဟာ အစ္စလာမ်ဘာသာတွေမဟုတ်ပါဘူး။ ကျွန်တော်တို့ အစ္စလာမ်ဘာသာကျမ်းထဲမှာပါတယ်။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကိုသစ္စာဖေါက်တာနဲ့ မွတ်စလင်မဟုတ်တော့ဘူး။ ကျွန်တော်တို့အားလုံးမှာ တူညီတာတွေရှိတယ်။ အားလုံးကငြိမ်းချမ်းစေလိုပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားအချင်းချင်း အရေးကြီးရင်သွေးနီးပါတယ်”ဟု ဦးသိန်းဝင်းအောင်က ပြောကြားခဲ့သည်။

စိုင်းထူးခန်

posted from Bloggeroid

မန္တလေး ဘဏ်များအနီးတစ်ဝိုက် CCTV Cameraတပ်ဆင်တောမည်

"မန္တလေး ဘဏ်မျာတွင်လုံခြုံရေးအထောက်အကူပြုပစ္စည်း (CCTV)
Cameraများ တပ်ဆင်သွားမည်ဟုဆို"
=============================================
မန္တလေး စက်တင်ဘာ ၂၄
မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံး ရုသူရိန်ခန်းမတွင် ဘဏ်များ၏ လုံခြုံရေး
အထောက်အကူပြု ပစ္စည်း CCTV Camera များ တပ်ဆင်ရေး ညှိနှုင်း
ဆွေးနွေးပွဲအခမ်းအနားကိုစက်တင်ဘာလ ၂၄ ရက်နေ့ နေ့ခင်း ၁ နာ
ရီအချိန်က ကျင်းပခဲသည်ကိုတွေ့ရသည်။

"ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရအနေဖြင့် မန္တလေးတိုင်းအတွင်း
ဘဏ်ကနေ ငွေ ထုတ်လာသူများ မကြာခဏဆိုသလို့  လုယက်မှု့
တွေဖြစ်နေသဖြင့် ပန်မြန်မာ ကုမ္ပံဏီက ကန်လှမ်းထားတာ CCTV
Camera နဲ့ အင်တာနက်ချတ်ဆက်ဖို့ အတွက် လမ်းဘေးဓါက်တိုင်
တွေပါဆင်းပေးဖို့ပါ သူတို့အနေနဲ့က လမ်းဘေးဓါက်တိုင်တွေပါ
အခမဲ့ ဆင်ပေးဖို့ တင်ထားပါတယ် ကျွန်တော်တိုင်းဒေသကြီးအစိုး
ဝန်ကြီးချုပ်ထံ တင်ပြထားပါတယ် အဓိကတော့ မြို့တွင်းရှိ ဘဏ်တွေ
ဘဏ်လုပ်ငန်းရှင်တွေကို ခ်ါယူပြီး ဆွေးနွေးတိုင်မြင်တာဟု တိုင်းရင်း
သားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောကပြောသည်"

အဆိုပါ ဘဏ်များ လုံခြုံရေးအထောက်အကူပြူ ပစ္စည်း CCTC Cameraများ တပ်ဆင်ရေး ညှိနှုင်းဆွေးနွေးပွဲကို လုံခြုံရေးနှင့်
နယ်စပ်ရေးရာဝန်ကြီးမျိးမင်းအောင် မန္တလေးတိုင်းများ

ရဲတပ်ဖွဲ့မှူး
ရဲမှူးကြီး ဟန်ထွန်း တိုင်းရင်သားရေးရာဝန်ကြီး စိုင်းကျော်ဇောနှင့်
တိုင်းဒေသကြီးအဖွဲ့က တာရှိသူများ ဘဏ်လုပ်ငန်းရှင်များတက်ခဲ
သည်ကိုတွေ့ရသည်။

လမ်းပေါ်တွင် ခိုးဆိုး လုယက်မှု့များနှင့် ဥပဒေနှင့်မကင်သော ရာဇဝတ်မှု့များပါ CCTV အင်တာနက်များအသုံးပြုကာ ဖော်ထုတ်
နိုင်ရေးအတွက် အခုလိုကြိုတင်ဆွေးနွေးပွဲလုပ်တာဖြစ်ကြောင်းသိရ
သည်။

posted from Bloggeroid

ဓမ္မရုံအတွင်း မိုက်ကြိုးဆွဲဖြုတ်သည့်နိုင်ငံခြားသားအရေယူလိုက်ပြီ

"ဓမ္မာရုံအတွင်း ဓမ္မစကြာပဋ္ဌာန်းရွတ်နေစဉ် မိုက်ကြိုများဝင်ဖြုတ်သည့်
နိုင်ငံခြားသာ ဥပဒေ ပုဒ်များတပ်ကာ အရေးယူခံရ"

မန္တလေး စက်တင်ဘာ ၂၄
မန္တလေး မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိအရှေ့ရပ်ကွက် ၃၇လမ်း ၃၈လမ်း ၈၂လမ်း ၈၃ လမ်းရှိ သုစရိတဓမ္မာရုံတွင် ဥပုတ်နေ့
နှင့်အဖိတ်နေ့တိုင် အသံချဲစက်ဖြင် ဓမ္မစကြာ ပဋ္ဌာန်းရွက်လျှက်ရှိရာ
စက်တင်ဘာလ ၂၃ ရက်နေ့ အဖိတ်နေ့ ရွတ်နေ့စဉ် နယ်သာလန်
နိုင်ငံခြာတစ်ဦးမှ ဓမ္မရုံအတွင်းဝင်ကာ အသံချဲ့စက် မိုက်ကြိုများဆွဲ
ဖြုတ်ခဲ့သည့် ရပ်ကွက်အတွင်း လူစုရုံးမှုဖြစ်ပွားခဲသဖြင့် နိုင်ငံခြားကို
တရားဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

အဆိုပါဖြစ်ပွားမှု့အား မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဦးစိန်ထွန်းနှင့်အဖွဲ့
ရောက်ရှိလာပြီး မဟာအောင်မြေမြို့နယ် လဝက ဦးစီးမှုးနှင့် နယ်မြေ
အတွင်းတာဝန်ရှိသူများ ရပ်ကွက်အတွင်းအသ်သက်သေများဖြစ်အတူ ဖြစ်စဉ်အား စိစစ်ရာ
စက်တင်ဘာလ ၂၀ ရက်နေ့က နယ်သာလန်နိုင်ငံသားMr .KLAASH YTEMA အသက် ၃၀ ဖြစ်သူ
PP NO.NR9BD 6414 Visa No E418287 ဗီဇာအမျိုးအစား
Tourist ဗီဇာသက်တမ်း စက်တင်ဘာ ၂၀ ထိChina Eas Tem လေ
ကြောင်းလိုင်းဖြင့် တရုတ်နိုင်ငံ ကူမင်းလေဆိပ်မှမန္တလေးအပြည်ပြည်
ဆိုင်ရာလေဆိပ်ကို ရောက်ရှိပြီ မဟာအောင်မြေမြို့နယ် ၈၂လမ်း ၃၇
လမ်း၃၈လမ်းကြားရှိ Four Rivers Hotel အခန်းအမှတ် (၂၀၄)တွင်
တည်းခိုနေသူဖြစ်ကြောင်း စက်တင်ဘာ လ ၂၃ ရက်နေ့ မန္တလေးမြို့
အတွင်ူလည်ပတ်ရန်ထွက်သွားပြီး လမ်းတစ်ဖက်ရှိ ဓမ္မရုံဘုရားခန်း
အတွင်းသို့ ဖိနပ်စီးဝင်ရောက်ခဲသည့်အပြင် ဓမ္မစကြာ ပဋ္ဌာန်းရွတ်နေ
သည့် အသံချဲ့စက် မိုက်ကြိုးအား ဆွဲဖြတ်၍ ရွတ်ဆိုမှု့အား နှောက်ယှက်ခဲ့သဖြင့် စက်တင်ဘလ ၂၄ ရက်နေ့ ၁၂း၃၀ အချိန်တွင်
ရပ်ကွက်လူမှုရေးအသင်းဥက္ကဌဦးကျော်ဆန်းကတရားလိုပြုလုပ်(ပ)
၅၃၆/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၂၉၅(က)အရလည်းကောင်း
မြို့နယ် လဝက ဦးစီးမှူးဦးသောင်ဒန်က တရားလိုပြု၍ (ပ)၅၃၇/၂၀၁၆
မြန်မာနိုင်ငံ လူဝင်မှု့ကြီးကြပ်ရေး (လက်တလောပြဋ္ဌာန်းချက်များ)
ဥပဒေပုဒ်မ ၄(၂)/၁၃(၁)အရလည်းကောင်းအမှု့ဖွင့်စစ်ဆေးလျှက်ရှိ
ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံကနေသိရသည်။
စိုင်းထူးခန့် 



posted from Bloggeroid

Friday, September 23, 2016

အင်ပါယာရှိုးပွဲ

"မန္တလေး အင်ပါယာရှိုးပွဲ အားပေးသောပရိတ်သတ်ထိမ်းမနိုင်သဖြင့်
ပွဲချိန်မပြည်မှီ ရပ်လိုက်ရ"
=============================================
မန္တလေး စက်တင်ဘာ ၂၃
မန္တလေး ချမ်းမြသာစည်မြို့နယ် ငုရွှေဝါလမ်းနှင့် ခိုင်ရွှေဝါလမ်းကြား
ရှိ မင်္ဂလာမန္တလေး ကားပါကင်အပေါ်ထပ်တွင် ကျင်းပပြုလုပ်သည်
ဇော်ဝင်းထဋ် ရင်ဂို ကော်နီ လိမ္မော်သီးပါဝင်သော အင်ပါယာရှိုးပွဲ
ကို စက်ဘာလ ၂၃ ည က ကျင်းပခဲရာ မန္တလေးပရိတ်သတ်မှစင်ပေါ်
တက်အားပေးသူများ များပြားသဖြင့် ပွဲချိန်မပြည့်ခင် ပွဲရပ်လိုက်ရသည်ကိုတွေ့ရသည်။

"မန္တလေးမှ အင်ပါယာရှိုးပွဲ မကျင်းပဖြစ်တာကြာခဲ့သော်လည်း
ယနေ့ ကျင်းပသည့် ရှိုးပွဲကြီးကို အင်ပါယာ ဇော်ဝင်းထွဋ် ရဲ့ သီဆိုချိန်
မှ မန္တလေးက မှ Rock Car ပရိတ်သတ်များမှ စင်တက်၍ အားပေးမှု့
များကြောင့် လုံခြုံရေး တာဝန်ကြသူများထိမ်းမနိုင်ဘဲ ပွဲချိန်မပြည့်ခင်
ပွဲကိုသိမ်းရပါတယ် ။
စိုင်းထူးခန့်

posted from Bloggeroid

လုယက်မှုဖော်ထုတ်ဖမ်းမိ


ပခုက္ကူမှ လုယက်မှုများ ဖော်ထုတ်ဖမ်းမိ
================
(၂၃.၉.၂၀၁၆) ရက်နေ့ ညနေ (၄)နာရီကျော်ခန့် ဧရာဝတီတံတား(ပခုက္ကူ) တိုင်အမှတ် RP 16 နှင့် RP 17 ကြား မြောက်ဖက်တန်းရွာ ညောင်ဦးမြို့နယ်နေ ဦးဇော်ဝမ်းသည် ပခုက္ကူဘက်သို့ဆိုင်ကယ်စီးလာစဉ် ခါးဝဲဘက်တွင်ထိုးလာသော ခေါက်ပိုက်ဆံအိတ်အား အရပ်ရှည် အသားဖြူ ဆံပင်ထိပ်နီ အမျိုးသားလူငယ်တစ်ဦး ကလစ်အနက်ရောင်ဆိုင်ကယ်နှင့်လိုက်လာ၍

လုယူထွက်ပြေးသွားကြောင်း ဦးဇော်ဝမ်းမှ တံတားလုံခြုံရေးရဲကင်းသို့အကြောင်းကြားပြီး ၎င်းမှတဆင့် ရဲစခန်းသို့သတင်းပို့ရာ တိုင်းမှု/ကူမှ ရဲအုပ်မျိုးနိုင် ခရိုင်မှု/ကူမှ ရဲအုပ်မျိုးလွင်နှင့်အဖွဲ့ ပခုက္ကူမြို့မရဲစခန်းမှူး ဒုရဲမှူးကျော်စိုး နယ်ထိန်းအရာရှိရဲအုပ်သိန်းဌေးနှင့်နယ်ထိန်းအဖွဲ့ နှင့်နယ်မြေရဲကင်းတပ်ဖွဲ့ဝင်များ ရပ်ကင်းတာဝန်ကျရဲတပ်ဖွဲ့ဝင်များ နေ့လှည့်ကင်းတာဝန်ကျရဲတပ်ဖွဲ့ဝင်များ ပခုက္ကူမြို့ရှိတက်ကြွလူငယ်များမှ စုပေါင်းပိတ်ဆို့လိုက်လံဖမ်းဆီးခဲ့ရာ ပြစ်မှုကျူးလွန်သူ ဝင်းကိုကို (ခ) ထုံထုံ (မြိုင်သာယာကွက်သစ်)နေသူအား မြို့ရှောင်လမ်းမပေါ်တွင် ဖမ်းဆီးရမိခဲ့ပါသည်
ဆက်လက်၍ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ အားစစ်ဆေးရာ အေးချမ်းအောင် (မြိုင်သာယာကွက်သစ်)နေသူအား ထပ်မံဖမ်းဆီးရမိခဲ့ပြီး ပခုက္ကူမြို့ပေါ်တွင် ဖြစ်ပွားတိုင်တန်းခြင်း မရှိသည့် လုယက်မှုများကိုပါ စစ်ဆေးဖော်ထုတ်လျှက်ရှိပါသည်
ဆက်လက်စစ်ဆေးပေါ်ပေါက်လျှက်ရှိပြီး ပေါ်ပေါက်သည့် အမှုများ/နေရာများနှင့်သိမ်းဆည်းရမိပစ္စည်းများကို ထပ်မံဖော်ပြသွားမည်ဖြစ်ကြောင်းသိရှိရပါသည်

posted from Bloggeroid

အူဒီတူး တာဝါတိုင်တည်ဆောင်ခြင်းရပ်ကွက်လက်မခံ


"ရပ်ကွက်အတွင်း အူဒီတူးတာဝါတိုင်တည်ဆောက်ခြင်းကိုဒေသခံ
များလက်မခံဟုဆို"
=============================================
မန္တလေး စက်တင်ဘာ ၂၃
မန္တလေးတိုင်း အမရပူရမြို့နယ် လေးစုရပ်ကွက် ပရံရပ်ကွက် လူနေအိမ်များအတွင်း
အူဒီတူးတာဝါတိုင် တည်ဆောက်ရန် ပြုလုပ်နေပါသဖြင့် ဒေသခံများ
က သက်ဆိုင်ရာ မြို့နယ် အထွေးထွေးအုပ်ချုပ်ရေးမှုးထံ တိုင်ကြားစာ
ဖြင့်တားမြှစ်ခဲ့သော်လည်း ဆက်လက်တည်ဆောက်နေသဖြင့်
ရပ်ကွက်နေပြည်သူများ သွားရောက်တားမြှစ်ခဲရာ တည်ဆောက်နေ
သောတာဝန်ရှိသူများက တည်ဆောက်ခြင်ူကိုခေတ္တ ရပ်ထားပေးခဲ့
သော်လည်း ဆက်လက်လုပ်ဆောင်ပါက ဆန္ဒဖော်ထုတ်၍ကန့်ကွက်
သွားမည်ဟုဒေသခံများကပြောသည်။

"ကျွန်တော် ရပ်ကွက်အတွင်း အိမ်တည်ဆောက်ရန်ဆိုပြီးလူကြီးတွေ
ကို လက်မှတ်ထိုးခိုင်ပြီး တည်ဆောက်မိန့် ဘေးဝတ်ဝန်ထောက်ခံ
ချက်ရပြီဆိုကာ လိမ်လည်ကာ အူဒီတူးတာဝါတိုင် တည်ဆောက်လို
ကျွန်တော်တို့ဒေသခံတွေ အားလုံးလက်မခံတာဖြစ်သည်ဟုဒေသခံ
တစ်ဦးကပြောသည်။
အဆိုပါ တာဝါတိုင်တည်ဆောက်လျှက်ရှိသောနေရာသို့သွားရောက်
မေးမြန်ခဲ့ရာ ကျွန်တော်တို့အနေဖြင့် တည်ဆောက်မိန့်ကြပြီ လာရော
က်လိုရတယ်ဆိုလို့  အကောင်အထည်ဖော်တည်ဆောက်နေတာပါ
ရပ်ကွက်နေ ပြည်သူတွေ လက်မခံဘူးဆို ရပ်ထားပေးပါမယ်
အိမ်ရှင်က ရပ်ကွက်ရဲ့ ခွင့်ပြုမိန့် ရပြီးသားဆိုသော လာရောက်တည်
ဆောင်တာပါ အူဒီတူး တာဝါတိုင်အတွက်ဖြစ်ပါတယ် အများလက်မ
ခံရင် ကျွန်တော်တို့ ရပ်ထားပေးပါပါမယ်ဟု တည်ဆောက်ရေးတာဝန်
ခံ တာဝန်ရှိသူက ဖြေကြားခဲသည်။

အဆောက်အဦးအသစ်တည်ဆောက်မယ်လိုဘေးပတ်ဝန်ကျင်ကို
လက်မှတ်ရေးထိုးခိုင်ခြင်း ကြောင့် တာဝါတိုင် တည်ဆောင်ရန်
စတင်နေချိန်တွင် ရပ်ကွက်နေ ပြည်သူများသိရှိ၍ သက်ဆိုင်ရာ
ရပ်ကွက် မြို့နယ် တိုင်းအဆင့်ထိ တိုင်ကြားတားမြှစ်စာများ ပို့ခဲ့သော်
လည်း လာရောက်တားဆီးပေးခြင်းမရှိလို ရပ်ကွက်အတွင်းဘေးနေ
အိမ်များက လူအင်အား ၅၀ခန့်ဖြင့် တာဝါတိုင်တည်ဆောက်နေသည့်
နေအိမ်ရှေ့ စုဝေ ဆူပူမှု့ ကို စက်တင်ဘာလ ၂၃ ရက်နေ့ ၃ နာရီအချိန်
မှ ၄း၃၀ အထိ ဖြစ်ပွားခဲ့ပြီး နယ်မြေခံသတင်းထောက်ရောက်လာကာ သက်ဆိုင်ရာသို့ အကြောင်းကြားပေးခဲ့သည်ကိုတွေ့ရကာ ရပ်ကွက် ရာအိမ်မှူး အုပ်ချုပ်
ရေးမှူးများလာရောက်ဖြေရှင်းပေးခြင်းမရှိကြောင်း ဒေသခံတွေက
ပြောသည်။
စိုင်းထူးခန့် 

posted from Bloggeroid

နွား

"" နွားအရောင်းအဝယ် လုပ်ငန်း တရားဝင်
ခွင့်ပြု ဖို့ ဆိုရင် သက်ဆိုင်တဲ့ စည်ပင်သာ
ယာကနေထုတ်ပြန်ပေးတဲ့ ဒေသန္တရ အမိန့်
ထုတ်ပြန်ပေးဖို့လိုပါတယ်။အဲဒီကျမှ အခွန်
ကောက်လို့ရတယ်။ နောက်ပြီး ဒေသ
ဆိုင်ရာ ထောက်ခံ ချက် တွေလည်းပါမယ်
ဆိုရင် ဒီနွားဝယ်ရောင်း လုပ်ငန်းကနေ
ဘာအခွန်မှ ပေးစရာမလိုပါဘူး။ ဒီနွားဝယ်
ရောင်းလုပ်ငန်းက နိုင်ငံတော်ရဲ့ တရားဝင်
ကုန်ပစ္စည်း ဖြစ်သည့်အတွက် နိုင်ငံတော်က
နေ မူဝါဒအသစ် တစ်ခု ကို ပြန်လည်ချ မှတ်
ပေးဖို့လိုပါတယ်" ဟု သပိတ်ကျင်းမြို့နယ်
အုပ်ချုပ်ရေးမှူး ဦးအောင်မိုးဦး ကပြော
သည်။

နွားများ သယ်ယူ ရာတွင်လည်းအထောက်
်အထား မပါတဲ့ နွားသယ်ယူခွင့် များကို အ
ရေးယူမှု မရှိပါဘဲ ငွေကြေး တောင်းခံမှုများ
ပြုလုပ်နေခြင်း များ ရှိသည့်အပြင် သယ်
ယူခွင့် အထောက် အထား ရှိတယ်ဆိုရင်
လည်း သားသက်လိုင်စင် ဥပဒေအရ ခွင့်ပြု
လို့မရသည့် အရာများအား သယ်ယူခွင့်ပေး
ပြီး အရောင်းအဝယ် လုပ်တာ မျိုးတွေအထိ
ရှိနေသည့်အတွက် နိုင်ငံတော်အနေနှင့်
တရားဝင် အခွန် ကောက်ယူပြီးနွားအရောင်း
အဝယ်လုပ်ငန်းကို ခွင်ပြုပေးဖို့ လိုလား
လျက်ရှိကြောင်း နင့် တိုင်းဒေသ ကြီးအစိုးရဲ့၏ ၏ ပြန်လည် အကြောင်းကြာလာခြင်း နှင့်
ထူးခြားမှု တစ်စုံတစ်ရာ မရှိခဲ့ပါက လာမည့်
အောက်တို ဘာလ ပထမအပတ်တွင် ပြည်
ထောင်စု အစိုးရအဆင့်ထိ ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်းဒေသခံများထံ
ံက သိရသည်။

posted from Bloggeroid

Rock အဆိုတော် ကော်နီ နဲ့တွေ့ဆုံခြင်း

"တေးစီတီးသီချင်းသစ်ခွေမထွက်တာကြာပြီ ဖြစ်သော "Rock"
အဆိုတော် ကော်နီ တေးစီးတီးခွေအသစ်ပြန်ထွက်တော့မည်"
=============================================
မကော် စိတ်မပါရင် အလုပ်ကိုမလုပ်ဖြစ်ဘူး လွန်ခဲသော ၅ နှစ်က
မကော်အတွက်ရေးပေးထားသော သီချင်းတွေက ဒိတ်လွန်သီချင်း
တွေဖြစ်နေတယ်လို လူငယ်ပရိတ်သတ်တွေရဲ့အားပေးမှု့ကြောင့်
မကော် သီချင်းပြန်ဆိုဖြစ်တာ ခွေမထွက်ဖြစ်တာတော်တော်ကြာပြီ
သီးချင်းတွေက မကော်အတွက် လွန်ခဲ့သော ၅ နှစ်ကရေးပေးထား
တာ ကျားပေါက် ဆောင်ဦးလှိုင် လင်းလင်း မိုးမိုး ညီမင်းခန့် အဆို
တော်တေးရေးတွေပါဘဲ သီချင်းတွေရွေးထားတာက ၁၅ ပုဒ် ၁၆ပုဒ်
လောက်ရှိတယ် မကော်တို့ခေတ်က ၁၆ ပုဒ်လောက်အနည်းဆုံးပါ
တယ် ခုခေတ်တော့ ၁၀ လောက်ဘဲပါတော့တာ မကော်ထင်တယ်
၁၀ ပုဒ်ကျော်လောက် ပါလိပ်မယ် မကော်က သီချင်းဆို နည်းနည်း
လောဘကြီးတယ်။
သီချင်းတွေက အုံးကျူးတွေဖြစ်နေတော့ အခုခေတ်နဲ့မှ ကိုက်တာ
ဖြစ်နေတာ ခေတ်လွန်သီချင်းတွေ ဖြစ်နေတာ သက်ရှင်းခြင်း နောက်
မထွက်မဖြစ်တာ အတော်ကြာပြီး အဲဒီခေတ်က သိန်းတစ်ရာကျော်
လောက်ကုန်းထားတယ် ခိုးကူးတွေများတော့ မကော်စိတ်ဒတ်ကျသွားတာပါတယ် အခုလမ်းမှ ကိုညီထွဋ် သီချင်း
တွေ ကြည့်ပြီးအားကြမိတယ် ကိုယ်တွေချီပိုးနေသော ကိုညီးထွဋ်
သားသမီးတွေ အခုဆိုသရုပ်ဆောင် အဆိုတော်တွေဖြစ်လာပြီကိုယ်
တွေက အသက် ၄၇ နှစ် ၄၈ နှစ်ထဲ့ရောက်လာပြီး ပရိတ်သက်ကြီး
က မကော်ကို ယနေ့အချိန်ထိ ကလေးတွေနဲ့အတူ အားပေးကြလို
ကျေးဇူးတင်ပါတယ်။
ဟိုတလောကဘဲ အဲစီးဒန် ဖြစ်ခဲသေတယ် လက်မှအမာရွတ်ရှိသေ
တယ် ဘုရာတရားဂုံကျေးဇူးကြောင့်မသေတာ နှစ်ပေါင်း ၃၀ကျော်
ထိမကော်သီချင်းတွေ ဆိုတာကို အားပေးကြလို့  ပျော်ပါတယ်
မကော်က ပျော်ပျော်နေတက်တာ အကိုဆုံးသွားတာရယ် မိသားစု
ကိစ္စတွေကြောင့် သီချင်းတွေ မဆိုဖြစ်ခဲ့ပေမယ် တရားစခန်းဝင်ရ
တာမကော် ပျော်ပါတယ် တရားရိပ်က အားလုံးကိုအေးချမ်းစေတယ်
ဗုဒ္ဓဘာသာ တစ်ယောက်အနေနဲ့ ဘယ်လောက်အေးချမ်းတယ်ဆိုတာ ယောဂီ အဝတ်လေးနဲ့ နေရတာ
မကော်စိတ်ချမ်းသာဆုံပါ အခုလဲ မကော် တရားစခန်းကို ၁၁တစ်ဝင်
လာတာ သူများတွေအတွက် ၁၀ ရက်စခန်းကို မကော်က တစ်ရက်
ကြိုပြီးတရားစခန်းဝင်ခဲ့တာ တရားစခန်းတွေမှ မကော်ပျော်တယ်
တရားစခန်းဆိုအစုံဝင်ဖြစ်ပါတယ် အရင်ကဆို မဟာစည် ရွှေမင်းဝံ
မိုးကုတ်ဝိပသာနာ အစုံဝင်ဖြစ်တယ် အခု မေမေကလည်းအသက်
ကြီးပြီ ၈၂ နှစ်ရှိပြီဆိုတော့ အဝေးတရားစခန်းတွေမဝင်ဖြင့်တော့ဘူး
မကော်တို့အိမ်နဲ့ သိပ်မဝေးသော မိုးကုတ်ဝိပသန တရားစခန်းဘဲ
ဝင်ဖြစ်တာများတယ် ဘုရားတရားလုပ်နေဖြစ်တာကြောင့်လည်း
ပါတယ် အခုတောမကော်သီချင်းပြန်ဆိုချင်စိတ် ပြန်မွေပြီး သီချင်းတွေ
ပြန်ဆိုတော့မယ် မော်ဒန်မှ တေးစီးတီအတွက်သိချင်းတွေသွင်းနေပြီ
အနှစ် ၃၀ ကျော်တိုင်အောင်ယနေ့အချိန်ထိ မကော်ကိုအားပေးနေကြ
သောပရိတ်သတ်ကြီး ဆက်အားပေးနေသ၍ သီချင်းတွေဆိုမယ်
အားလုံးစိတ်ကျန်းမာကိုယ်ကျန်းမာ နဲ့ ဘဝကို ပျော်ရွင်စွာဖြက်သန်း
နိုင်ပါစေလို မကော်က ဆုတောင်းလိုက်ပါတယ်။

posted from Bloggeroid

Thursday, September 22, 2016

ရိုးရာလှေဦးတိုက်ပွဲကျင်းပ


"နှစ်စဥ့်ရွှေကြက်ကျဆုတောင်းပြည့်မြတ်စွာဘုရားလှေဦးတိုက်ပွဲကျင်းပ"
=============================================
မန္တလေး စက်တင်ဘာ ၂၃
မန္တလေး အမရပူရမြို့နယ်ရွှေကြက်ယက် ရွှေကြက်ကျ ဆုတောင်းပြည့် မြတ်စွာဘုရား
နှစ်စဉ်ကျင်းပလျှက်ရှိသော ဧရာဝတီမြစ်အတွင်း
လှေဦးတိုက်ပွဲတော်ကို ရွှေကြက်ယက်
တိုက်နယ်အတွင်းရှိ ကျေးရွားပေါင်း( ၁၄ )ရွာက ရွှေကြက်ကျဘုရားပွဲကို
ရိုးရာ လှေဦးတိုက်ပွဲ ကျင်းပခဲ့သည်ကိုတွေ့ရသည်။

"ရွှေကြက်ယက် ရွှေကြက်ကျ ဆုတောင်းပြည့် ရိုးရာ လှေဦးတိုက်ပွဲ
ကျင်းပလာတာ နှစ်ပေါင်း(၁၀၀)ရှိပါပြီး ရိုးရာ သံမာန် ငှက်လှေဖြင့်
လှေဦးတိုက်ပွဲဟာ မြန်မာနိုင်ငံမှ ဒီတစ်နေရာထဲ့ဘဲရှိပါတယ်
လှေဦးတိုက်ပွဲဖြစ်မြောက်ရေးအတွက် ဒေသခံတွေက တစ်အိမ်လျှင်
၁၅၀၀ ကျပ် ထဲ့ကာ နှစ်စဉ်ကျင်းပကြသလို ရွှေကြက်ယက်သမိုင်းအရ
မိချောင်းအစာကျွေးခြင်း ဝဲစာကျွေးခြင်း ဘုရားအမှူးရှိသော သံဃာ
တော်များကို အာရှုံဆွပ်းကပ်ခြင်း ယှဉ်ပြိုင်အသင်းများကို မဲနိက်ပေး
ကာ မိမိတို့ကျရာအသင်းများဖြင့် ယာဉ်ပြိုင်ကြတာဟု ပွဲတော်ဖြစ်မြောက်ရေးတာဝန်ရှိသူဦးလူလေးကပြောသည်။

လှေဦးတိုက်ပွဲကြီးကို စက်တင်ဘာလ ၂၃ နေ နံနက် ၇ နာရီအချိန်က
စတင်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူလူကြီးများကလာရောက်ဖွင့်လှစ်
ပေးကာ နံနက် ၉ နာရီအချိန်တွင်ပထမနေ့ လှေဦးတိုက်ပွဲယှဉ်ပြိုင်မှု့
ကိုစတင်ခဲကာ စက်တင်ဘာလ ၂၄ နေ့ ညနေပိုင်တွင် အသင်းများ
အလိုက် ဆုများချီမြင့်ပေးသွားမည်ပြီး လာရောက်ကြည့်ရှုံသူများဖြင့်
ဧရာဝတီမြစ်အတွင်း ရွှေကြက်ယက်ရွှေကြက်ကျ ဆုတောင်းပြည့်
ရိုးရာလှေဦးတိုက်ပွဲကြီးကျင်းပနေသည်ကိုတွေ့ရသည်။
စိုင်းထူးခန့် 



posted from Bloggeroid


posted from Bloggeroid

Wednesday, September 21, 2016

စဥ့်ကိုင်မြို့တောင်သူများဆန္ဒပြ


"စဥ့်ကိုင်မြို့နယ် မြေသိမ်းခံတောင်သူများ မြေပြန်ရရှိရေးနှင့်မတရားတရားစွဲခံတောင်သူများအမှုရုတ်သိမ်းပေးရေး ဆန္ဒထုတ်ဖော်"
============================================
မန္တလေး စက်တင်ဘာ ၂၂
မန္တလေးတိုင်း ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ် ရှမ်းကန် -ရွာသစ်
စွန်ရဲ-ကျောက်ကုန်း- အင်းကုန်း-ဖလံပင်ကုန်း-နတ်ရေကန်ကျေးရွာ
များက ဒေသခံတောင်သူလယ်သမားများကဥပဒေမဲ့စွာ တရားစွဲဆိုထားသော မုဒုန်ကုမ္ပံဏီနှင့် စွန်ရဲစိုက်ကွင်းမှူးတို့မှတရားစွဲ
ဆိုထားသော အမှုများကို ပြန်လည်ရုတ်သိမ်းပေးရေးနှင့်တောင်သူ
များ မြေပေါ်တွင်တည်ရှိနေသော မြတ်မင်းကုမ္ပံဏီ ကြက်ခြံအားဖယ်ရှားပေးရေးနှင့်သိမ်းဆည်းခံမြေများပြန်ရရှိရေးအတွက် ဒေသခံတောင်သူအင်အား ၁၀၀၀ခန့်ဖြင့် စက်တင်ဘာလ ၂၂ရက်နေ့ က စဥ့်ကိုင်မြို့ပေါ်တွင် လမ်းလျှေက်ကာဆန္ဒဖော်ထုတ်ခဲ
ကြသည်ကိုတွေ့ရသည်။

"ကျွန်တော် မန္တလေး(FNIFL)အဖွဲ့အနေဖြင့်ပါဝင်ရခြင်းဟာ တောင်သူတွေကို မတရားပုဒ်မတပ်ကာ တရားစွဲခြင်း မြေတစ်ဧက
လောက်ပိုင်ခွင့်ရလျှင် နှစ်ဧက သုံးဧက မြို့နယ် မြေစာရင်းဌာနနှင့်
ပေါင်းယူခြင်းများ ဒေသခံတောင်သူတွေကြတော့ နွားစားကျက်လှန်
ခြင်း ထင်ခွေခြင်းများ ပြုလုပ်ပါက မတရားဖိနိပ်မှု့များ ပြုလုပ်ကာ
တရားစွဲပြီး မြို့နယ်တရားသူကြီးတွေကဖက်လိုက်တရားစီရင်မှု့တွေ
ရှိတာကြောင့် တောင်သူလယ်သမားအလုပ်သမားကူညီဆောင်ရွက်
ပေးသည့် အထက်မြန်မာပြည် ဗဟိုကော်မတီတစ်ယောက်အနေဖြင့်
ပါဝင်ရကြောင်း (FNIFL)ဗဟိုကော်တီအဖွဲ့ဝင် ဦးလင်းလင်းကပြော
သည်။
"ယနေ့ ကျွန်တော်တို့ ဆန္ဒဖော်ထုတ်ရခြင်းက စဥ့်ကိုင်မြို့နယ် စွန်ရဲ
စိုက်ကွင်းမှ ယခင်ဓါးမဦးချ စိုက်ပျိုးထားသော တောင်သူများထံမှ
သိမ်းဆည်းခံခဲ့ရခြင်း သီးစားဖက်စပ်ချစား၍ တစ်ဧကလျှင် ပဲစဉ်းငုံ
ခြောက်တောင်းပေးသွင်းပြီး သီးနှံအလိုက် ကောက်ခံခြင်များလည်း
ပြုလုပ်ခဲ့ပြီ တာဝန်မကျေပါက လူနေအိမ်ဝိုင်းများ နွားများရောင်းချ၍
ပေးသွင်းရခြင်း မပေးသွင်းနိုင်ပါက ဖမ်းဆီးချုပ်နှောင်ထောင်ချသည့်
အဆင့်ထိပြုကျင့်ခံခဲရပါတယ် အဲဒီလိုမတရားမှု့တွေကြောင့် ဒေသခံ
အဖိနိပ့်ခံရသောတောင်သူတွေ ယနေ့ ဆန္ဒဖော်ထုတ်တာဟုဒေသခံ
တောင်သူ ကိုအောင်သုကပြောသည်။

၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေအရ အခန်း(၁၁) အပိုဒ်(၃၂)ပြဋ္ဌာန်း
ထားသည်မှာ စီမံကိန်းများဆောင်ရွက်ခြင်းမပြုတော့ပါက မူလတောင်
သူလယ်ယာမြေလုပ်ပိုင်ခွင့်ရထားသော ပုဂ္ဂိုလ် အဖွဲ့အစည်းများထံ
ပြန်လည်ပေးအပ်ရန် လို့ဥပဒေများပြဋ္ဌာန်းထားသော်လည်း စိုက်ကွင်း
မှ ဝန်ထမ်းများက သိမ်းဆည်းခံထားရသောဓါးမဦးချမြေပေါ်တွင်
ဝိုင်းကွက်များထုတ်၍ ရောင်းချထားခြင်း မုဒုံကုမ္ပံဏီအား ဧကတောင်
နှင့်ချီပြီး နှစ်ရှည်ငှားခြင်းများ ပြုလုပ်၍ သိမ်းဆည်းခံထားရသော
တောင်သူများအပေါ်၌ မတရားဥပဒေတက်ပြီး ထောင်ချရန် စီစဉ်နေခြင်းများဟာ သူဦးကလူဟစ်ဆိုသလို ဝန်ထမ်းဆိုး ဝန်ထမ်း
ညစ်တွေကို မထားသင့်ကြောင်းဟောပြောကာ ဟစ်ကြွေးသံများဖြင့်
သော် စွန်ရဲစိုက်ကွင်းမြေဘယ်သူ့မြေလဲ ငါတို့မြေ ငါတို့မြေ
နတ်ရေကန်မြေဟာ ဘယ်သူ့မြေလဲ ငါတို့မြေ ငါတို့မြေ
မူလတောင်သူများ လုပ်ကိုင်ခဲ့သောလယ်မြေများပြန်ရရှိရေး ဒို့အရေး
မုဒုံကုမ္ပံဏီ မြေဆိုတာ ဟုတ်သလား မဟုတ်ဘူး မဟုတ်ဘူး
မြတ်မင်းကုမ္ပံဏီမြေဆိုတာ ဟုတ်သလား မဟုတ်ဘူး မဟုတ်ဘူး
တရားဥပဒေကိုမျက်ကွယ်ပြုနေသောဥပဒေအရာရှိအား အလိုမရှိ
မတရားစွဲဆိုထားသော ပုဒ်မများ ဖျက်သိမ်းပေး ဖျက်သိမ်းပေး
တောင်သူများအပေါ်ရက်စက်နေသော အာဏာပိုင်အဖွဲ့ အလိုမရှိ
စဉ်ကိုင်မြို့နယ် တရားဥပဒေစိုးမိုးရေး ဒို့အရေး ဒို့အရေး
အစရှိသော ဟစ်ကြွေးသံများနှင့်အတူ ဆန္ဒဖော်ထုတ်ခဲ့သည်ကိုတွေ
ရသည်။


posted from Bloggeroid

(FNIFL)ဗဟိုကော်မတီဝင်အဖြစ်က ပယ်ထုတ်


"စဉ်ကိုင်မြို့နယ်တောင်သူများဆန္ဒဖော်ထုတ်ပွဲတွင် မန္တလေးတိုင်း
ပုသိမ်ကြီးမြို့နယ်အတွက် လယ်ယာမြေ(၁၁)ကော်မတီဖွဲ့စည်းခြင်း
ထဲ့ပြောသည့်အတွက် (FNIFL)ဗဟိုကော်မတီဝင် ကိုမျိုးဝင်းကို အဖွဲ့
မှပယ်ကြောင်း အဖွဲ့ခေါင်ဆောင် ဦးကိုကြီးပြောကြား"
=============================================
စဉ်ကိုင် စက်တင်ဘာ ၂၂
မန္တလေးတိုင်း စဉ်ကိုင်မြို့နယ် ဒေသခံတောင်သူများဆန္ဒဖော်ထုတ်ပွဲ
တွင် မြို့နယ်တရားရုံရှေ ဟောပြောပွဲပြုလုပ်စဉ် (FNIFL)မှဗဟိုကော်
မတီဝင် ကိုမျိုးဝင်းက ပုသိမ်ကြီးမြို့နယ် စစ်မှုထမ်းဟောင်းသိမ်းယူထားသည့်မြေယာများနှင့်ပတ်သက်၍
မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ဖွဲ့စည်းပေးထား
သော စုံစပ်စိစစ်ရေးကော်မတီဝင်(၁၁ )ဦးဖွဲ့စည်းထားပြီးဆောင်ရွက်
ပေးခင်းမရှိတာ ဟောပြောပွဲတွင် ထဲ့ပြောသဖြင့် (FNIFL)ဦးဆောင်
ဖွဲ့စည်းသူဦးကိုကြီးမှ ကိုမျိုးဝင်းအား တရားဝင်အဖွဲ့ကထုတ်လိုက်
ကြောင်း ဆန္ဒပြသူမျာရှေ့တွင် ကြော်ငြာခဲသည်။

"ကျွန်တော်အနေနဲ့က ပုသိမ်းကြီးမြို့နယ် စစ်မှုထမ်းဟောင်းသင်တန်း
ကျောင်းက သိမ်းယူထားသော မြေယာနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေး
ရေးကော်မတီ ဖွဲ့စည်းပြီး ဆောင်ရွက်မှု့အားအယုံအကြည်မရှိသဖြင့်
စဥ့်ကိုင်မြို့နယ် တရားရုံရှေ့ ဒေသခံတောင်သူများသိရှိအောင် ပြောကြားလို (FNIFL)ကထုတ်ပယ်ခံရတာပါ အဲဒီ (၁၁)ဦးအဖွဲ့မှ
ကျွန်တော်တို့ရဲ့ခေါင်ဖြစ်သူ ဦးကိုကြီးပါဝင်နေပြီး တောင်သူတွေရဲ့
သပိတ်စခန်း ရုတ်သိမ်းပေးရန်တောင်းဆိုထားပါတယ် အဲဒီအကြောင်းပြောလို ယနေ့ ထုတ်ပယ်ခံရတာပါ ကျွန်တော်အနေနဲ့
စစ်မှုထမ်းဟောင်းကွင်းနဲ့ပတ်သက်ပြီး ပုဒ်မတွေတပ်ကာ အရေးယူ
ခံရတဲ့အထိ ဖြစ်ပြီး ထောင်ကျခဲသူပါ အဖွဲ့ကပယ်ခံရလည်း ဒေသခံ
တောင်သူတွေက (၁၁)ကော်မတီကိုအယုံအကြည်မရှိလို ဆန္ဒဖော်
ထုတ်သွားမည်ဟု(FNIFL)ဗဟိုကော်မတီဝင်အဖြစ်မှထုတ်ပယ်ခံရ
သူကိုမျိုးဝင်းကပြောသည်။

"ကျွန်တော်တို့အဖွဲ့အနေနဲ့က လက်ရှိအစိုးရကို မစော်ကားပါဘူး
ယနေ့ဆန္ဒပြပွဲဟာ ပုသိမ်ကြီးမြို့နယ် စစ်မှုထမ်းဟောင်းကွင်းစုံစမ်း
ရေးကော်မတီ(၁၁)ဦးအဖွဲ့နဲ့ မသက်ဆိုင်သည့်စကားများဟောပြော
ခြင်း လက်ရှိအစိုးရအနေဖြင့် ကျွန်တော်တို့ (FNIFL)အဖွဲ့ကကျွန်တော်ကိုထဲ့သွင်းကာ တောင်သူတွေရဲ့မြေသိမ်း
ယာသိမ်းအမှု့များကူညီဖြေရှင်းဖို့ ဖွဲ့ထားတာကို ဒီနေ့ဆန္ဒပြပွဲမှ (၁၁)
ကော်မတီနှင့် လက်ရှိအစိုးရကိုစော်ကားသည့်စကားအသုံးအနှုံန်းများ
ဟောပြောသဖြင့် ကျွန်တော်အနေဖြင့် ကိုမျိုးဝင်းကို ကျွန်တော်တို့
(FNIFL)အဖွဲ့က ထုတ်ပယ်လိုက်တာဖြစ်ကြောင်း အဖွဲ့ခေါင်ဆောင်
ဦးကိုကြီးက ပြောသည်။
(FNIFL)အထက်မြန်မာပြည့်တောင်သူလယ်သမားအလုပ်သမားများ
ကူညီချတ်ဆက်ဆောင်ရွက်ပေးရေးအဖွဲ့ကြီးကို ၂၀၀၂ ခုနှစ်ကစတင်
၍တည်ထောင်ခဲ့ရာ မြေသိမ်းခံတောင်သူများနှင့်အလုပ်သမားအခြေ
ခံလုပ်အားခ သက်မှတ်ပေးရေး ကလေးစစ်သားအရေး လူကုန်ကူခံရ
သောအမျိုးသမီးများအရေးများကို အစိုးရအဆက်ဆက် လုပ်ဆောင်ခဲ
ရက ယနေ့ အစိုးသစ်လက်ထက်တွင် အစိုးရနှင့်အတူ ပူးပေါင်းကာ
တောင်သူများအရေး အလုပ်သမားများအရေး ဆောင်ရွက်နေပါလျှက်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပူးပေါင်းဖွဲ့စည်းပေးထားသော
(၁၁)ဦးကော်မတီအား စော်ကားသော စကားလုံးများကို စဥ့်ကိုင်မြို့နယ် တရားရုံရှေ့ပြောကြားသဖြင့် ထုတ်ပယ်ခဲ့ကြောင်းသိရ
သည်။
စိုင်းထူးခန့် 

posted from Bloggeroid

Tuesday, September 20, 2016

နိုင်ငံတကာ သတင်း



လူသတ်ရန်ကြိုးပမ်းမှု နှင့် Rahami စွဲချက်တင်ခံရ

20.09.2016 06:32

ဗွီအိုအေ (မြန်မာပိုင်း)



နယူးယောက်မြို့ ဗုံးဖောက်ခွဲမှုအတွက် သံသယဖြစ်ခံထားရသူ အသက် ၂၈ နှစ်အရွယ် Ahmad Rahami

မျှဝေပါ

လူ ၂၉ ဦး ထိခိုက်ဒဏ်ရာ ရသွားစေခဲ့တဲ့ နယူးယောက်မြို့ ဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့သူလို့ သံသယဖြစ်ခံထားရသူဟာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန် ပစ်ခတ်ရာက ရရှိသွားတဲ့ ဒဏ်ရာတွေကို ဆေးရုံမှာ ဆေးကုသမှု ခံယူနေတာမှာ ပြန်နာလန်ထူလာနေပြီ ဖြစ်ပါတယ်။

ရဲအရာရှိ ၂ ဦး ဒဏ်ရာရသွားခဲ့တဲ့ ရဲနဲ့ အပြန်အလှန် ပစ်ခတ်မှုကို အခြေခံပြီး လူသတ်ရန် ကြိုးစားမှု ၅ မှုနဲ့ အသက် ၂၈ နှစ်အရွယ် Ahmad Khan Rahami ကို အစိုးရရှေ့နေတွေက စွဲချက် တင်လိုက်ပြီ ဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် Ahmad Rahami ကို ဗုံးဖောက်ခွဲမှုအတွက် စစ်ဆေး မေးမြန်းဖို့ အလိုရှိကြောင်း နယူးယောက် တမြို့လုံး အတိုင်းအတာနဲ့ ရဲတပ်ဖွဲ့က သူ့ဓါတ်ပုံနဲ့တကွ ကြေညာချက် ထုတ်ပြန်အပြီးမှာ Rahami ကို Manhattan နဲ့ မဝေးလှတဲ့ New Jersey ပြည်နယ် Linden မြို့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီး ရမိလိုက်တာဖြစ်ပါတယ်။

Linden မြို့က အရက်ဆိုင်ပိုင်ရှင်တဦးက သူ့ဆိုင်တံခါးဝနားမှာ လူတယောက် အိပ်နေကြောင်း ဆိုင်ပိုင်ရှင်က ရဲတပ်ဖွဲ့ကို တနင်္လာနေ့မနက်က တိုင်ကြားခဲ့တာမှာ အဲဒီလူဟာ Rahami ဖြစ်နေတယ်ဆိုတာကို ရဲက သိရှိသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Rahami က သေနတ်နဲ့ ပစ်လိုက်တဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက် ဒဏ်ရာရသွားခဲ့ပြီး သူလည်း ဒဏ်ရာရသွားခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရမှု အားလုံးဟာ အသက်ကို အန္တရာယ်ပြုနိုင်တဲ့ အနေအထားမဟုတ်ဘူးလို့ ဆိုပါတယ်။

Rahami ဟာ ဗုံးဖောက်ခွဲမှုအတွက် သံသယဖြစ်ခံရသူအဖြစ် ဘယ်လို သိရှိသွားတယ်ဆိုတာကိုတော့ FBI ပြည်ထောင်စု စုံစမ်းရေးဗြူရိုက ပြောကြားခြင်း မရှိပါဘူး။ ဒါပေမယ့် ဗုံးပေါက်ကွဲမှု ဖြစ်သွားတဲ့ နေရာတွေအနီးမှာရှိတဲ့ စောင့်ကြည့် ကင်မရာတွေထဲမှာ Rahami ရဲ့ ပုံကို စုံစမ်း စစ်ဆေးသူတွေက အကြိမ်ကြိမ် တွေ့ရှိခဲ့ကြရတယ်လို့ ဆိုပါတယ်။ စုံစမ်း စစ်ဆေးရေးမှူးတွေအနေနဲ့ Rahami ရဲ့ လက်ဗွေရာတွေကို ဗုံးပေါက်ကွဲခဲ့တဲ့ အစအနတွေထဲမှာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

နယူးယောက်မြို့တော်ဝန် Bill de Blasio က Rahami ဟာ လောလောဆယ်တော့ မသင်္ကာရသူ တဦးအနေနဲ့သာ ရှိသေးတယ်လို့ ပြောခဲ့ပါတယ်။ နယူးယောက်မြို့မှာ ရောက်ရှိနေတဲ့ သမ္မတ Barack Obama ကတော့ ဒီစုံစမ်း စစ်ဆေးမှုဟာ တိုးတက်မှုတွေ ရရှိနေပြီး ဖြစ်ရပ်မှန်ကို သိရှိနိုင်ဖို့ အားလုံးက ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ပြောခဲ့ပါတယ်။

Rahami ဟာ အာဖဂန်နစ္စတန်နိုင်ငံကနေ အမေရိကန်ပြည်ထောင်စုမှာ ရွေ့ပြောင်းနေထိုင်ပြီး နိုင်ငံသား ခံယူထားသူ ဖြစ်ပါတယ်။

posted from Bloggeroid

မြန်မာသစ်တောများပြန်ရှင်သန်ရေးထုတ်ပြန်

သိပ္ပံနဲ့နည်းပညာ

မြန်မာ့သစ်တော ပြန်လည်ရှင်သန်ရေး

19.09.2016 07:46

ဒေါ်ခင်မျိုးသက်



In photo taken Friday, Aug. 19, 2011, a Shan man carries trees he dug from the forest to replant at his home along a dirt road in Doi Tai Leng in southern Shan state, Myanmar.

မျှဝေပါ

သစ်တော ထိမ်းသိမ်းရေးအတွက် မြန်မာနိုင်ငံမှာ သစ်ထုတ်လုပ်မှု တနှစ်ရပ်ဆိုင်းလိုက်တာဟာ မှန်ကန်တဲ့ စီမံခန့်ခွဲမှု ဟုတ်ပါသလား။ သစ်တောပညာ ရှုဒေါင့်က အမြင်ကို သိရအောင် သစ်တောပညာရှင် ဦးဝင်းမော်ကို မေးမြန်းပြီး တင်ပြပေးမှာပါ။

တနိုင်ငံလုံး အတိုင်းအတာနဲ့ သစ်ထုတ်လုပ်မှု လုပ်ငန်းကို ၂၀၁၆- ၁၇ တနှစ် ရပ်ဆိုင်းလိုက်ပြီး ပဲခူးရိုးမ အတွက်တော့ ဆယ်နှစ် ရပ်နားမယ်လို့ ဇူလိုင်လထဲမှာ တာဝန်ရှိသူတွေက ပြောကြားကြပါတယ်။ ဒီလို လုပ်ဆောင်တာဟာ မှန်ကန်မှု ရှိပါသလား။ ပထမဆုံး မြန်မာ့သစ်တော အနေအထားကို ကြည့်ရအောင်ပါ။

သစ်တောတွေ အဓိကရှိတာက ရှမ်းပြည်မြောက်ပိုင်း၊ ကချင်အရှေ့ပိုင်း၊ နောက် တနင်္သာရီ အဲဒီနေရာတွေ လောက်မှာပဲ တောက များများ ကျန်တော့တယ်။ အရင်တုန်းကတော့ ပဲခူးရိုးမက တောကောင်းခဲ့တာပေါ့။ ဒါပေမယ့် အခုပဲခူးရိုးမက ကုန်သလောက် ဖြစ်သွားပြီ။ နေပြည်တော် လမ်းဖေါက်တယ်၊ ပြည်လမ်းနဲ့ ရန်ကုန် မန္တလေးလမ်းတွေ ကန့်လန့်ဖြတ်တဲ့ လမ်းတွေ ဖေါက်လိုက်တော့ လူအရောက် အပေါက်လွယ်သွားပြီး အဲဒီနေရာက ကုန်သလောက် ဖြစ်သွားတယ်၊ ဒါ့အပြင် အဲဒီမှာ ရာဘာခြံလို စိုက်ခင်းတွေ အတွက် ခွင့်ပြုလိုက်တဲ့ အခါမှာတော့ အခြေနေက ပိုဆိုးသွားတာဖြစ်ပြီး ပဲခူးရိုးမ ကုန်သလောက် ဖြစ်သွားတာပါ။ တကယ်မှာ တောက ရှိနေပါတယ်။ ဒါပေမယ့် တောထဲမှာ ခြုံနဲ့ လူသိပ်မသုံးတဲ့ သစ်လောက်ပဲ ကျန်ရစ်တာမို့ တန်ဖိုးမရှိတဲ့ တောဖြစ်နေပါပြီ။ မြန်မာ့သစ်တော အမျိုးအစား ထဲမှာဆို ညံ့တဲ့ အုပ်စု ၄ - ၅ လောက်ဖြစ်သွားပြီး တကယ်ကောင်းတဲ့ အုပ်စု ၁- ၂ - ၃ တို့ မရှိတော့ပါဘူး။ ဒါ့ကြောင့် အစိုးရက သစ်မခုတ်ပဲ အနားပေးချင်တာပါ။

ဒီလိုအနားပေးတဲ့ နေရာမှာ ဘယ်လို အနားပေးမှာပါလဲ။ သစ်တောတွေ ပြန်ပြီး စိမ်းလန်းစိုပြေလာစေဖို့ ဘယ်လိုပုံစံမျိုးနဲ့ လုပ်ဖို့ စီစဉ်ထားပါသလဲ။

သစ်တောတွေကို စိမ်းလန်း စိုပြေအောင်လုပ်ဖို့ ဆိုတာက သစ်တော ပြန်လည်ထူထောင်ရေးပေါ့။ သစ်တောစိုက်ခင်းတွေ ပြန်ပြီးစိုက်ဖို့ကိစ္စကို နိုင်ငံခြားအကူအညီနဲ့ လုပ်ဖို့၊ နိုင်ငံခြားက အကူညီပေးလာရင် ဘယ်လိုလုပ်ကြမယ် ဆိုတာကို ရုံးချုပ်မှာ အစီစဉ်ဆွဲနေပါတယ်။ အရင်တုန်းက သစ်တောစိုက်ခင်းတွေ လုပ်တာထက် အခုလို နိုင်ငံခြားကုမ္ပဏီနဲ့ လုပ်မယ်ဆိုတော့ ပိုပြီး ထိရောက်မယ်လို့ ထင်ပါတယ်။ သစ်တောဆိုင်ရာ တာဝန်ရှိသူတဦးနဲ့ ဆွေးနွေးကြည့်တဲ့အခါမှာ၊ မျိုးစေ့နဲ့ သစ်ကိုစိုက်မလား၊ tissue culture နဲ့လုပ်မလားလို့ မေးပါတယ်။ သူများနိုင်ငံတွေမှာ မျိုးစေ့နဲ့ ပျိုးထောင်တာမျိုးက မရှိတော့ပါဘူး။ tissue culture နဲ့ပဲ ပျိုးထောင်တဲ့အခါမှာ သစ် အမျိုးအစားက ပိုကောင်းပါတယ်။ ဒါ့ကြောင့် မေးကြည့်တဲ့အခါ အဲဒီအစီစဉ်တော့ မရှိသေးဘူး လို့ သိရပါတယ်။

ဒါပေမယ့် သစ်တောတွေ ပြန်ပြီး စိမ်းလန်းစိုပြေလာအောင် သစ်ခုတ်တာကိုတော့ ရပ်ထားမှာ ဖြစ်ပါတယ်။

သစ်ခုတ်တာကို ရပ်ထားပြီး တောကို အနားပေး ထားမှာပါ။ တောကိုအနားပေးပြီး အဲဒီတောမှာ အဖိုးတန် သစ်မျိုးတွေ ပြန်ပြီးထည့်ရမှာ ဖြစ်ပါတယ်။ ကျွန်းစိုက်ခင်းတွေ၊ ပျဉ်းကတိုး စိုက်ခင်းတွေ၊ ပိတောက်စိုက်ခင်းတွေ၊ အဲဒီလို စိုက်ခင်းတွေ ပြန်ထည့်ပေးရမှာပါ။ ပြန်စိုက်ပေးရမှာပါ။ တောအနေထားကတော့ သစ်မခုတ်တော့ပဲ ထားရင် ပြန်ကောင်းလာနိုင်ပါတယ်။ ဒါပေမယ့် အချိန်အတော်ကြာအောင် စောင့်ရမှာပါ။

သစ်ခုတ်တာကို တနိုင်ငံလုံး အတိုင်းအတာနဲ့ တနှစ်ရပ်ဆိုင်းပြီး ပဲခူးရိုးမမှာတော့ ဆယ်နှစ်လုံးဝ သစ်မခုတ်ဖို့ တားမြစ်ထားတာပါ။ ဘာ့ကြောင့် အခုလို ခွဲထားတာပါလဲ။

ပဲခူးရိုးမဟာ ကျွန်းပေါက်တဲ့ တောကောင်းတတောဖြစ်ပါတယ်။ ဒီတောမှာ ကုန်သလောက်ဖြစ်သွားပြီး ဆယ်နှစ်လောက် ရပ်ရင်တောင် ပုံမှန်တော ပြန်ဖြစ်လာဖို့ မလွယ်လှပါဘူး။ ဒါ့ကြောင့် ဆယ်နှစ်ရပ်ထားတာပါ။ ကျန်တဲ့ တောတွေကတော့ အတော်အသင့် ကျန်နေပါသေးတယ်။ ဒါ့ကြောင့် တနှစ်ရပ်ဆိုင်းပြီး ဒီလို ရပ်ဆိုင်းထားချိန်အတွင်း အစီအစဉ်တွေ ဆွဲမှာ ဖြစ်ပါတယ်။ ခုလို မရပ်ဆိုင်းပဲ ခုတ်ခွင့်ပေးလိုက်တာနဲ့ ခိုးခုတ်တာတွေနဲ့ ပါရောပြီး အခြေနေ ပိုဆိုးလာနိုင်တာမို့ ရပ်ပစ်လိုက်တဲ့ သဘောပါ။

ဒီလို ရပ်ပစ်ခဲ့ပေမယ့် အခုလည်း ဒီတောတွေမှာ သစ်လုံးတွေ ထုတ်တာတွေ့နေရပါတယ်။

ဒီသစ်လုံး အများစုဟာ သစ်လုပ်ငန်းက ထုတ်နေတာ ဖြစ်ပါတယ်။ သစ်လုံးကို မထုတ်ရဘူး၊ ကုန်ချောကိုပဲ ထုတ်ရမယ်လို့ သတ်မှတ်ထားတဲ့အတွက် သစ်လုံးတွေကို ကုန်ချောပို့တဲ့ နေရာကို ပို့နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံခြားပို့ဖို့ သစ်လုံးကိုတော့ ပိတ်ထားပါတယ်။

အခုလို သစ်ခုတ်မှုကို ရပ်လိုက်တဲ့ အချိန်မှာ ကြုံလာမယ့် ပြဿနာတွေက ဘာတွေပါလဲ။

ပြည်တွင်းမှာ ကုန်ချော ထုတ်ဖို့ အတွက် နိုင်ငံခြားကနေလာရောက် ရင်းနှီးမြှပ်နှံသူတွေရော၊ ပြည်တွင်းက ရင်းနှီးမြှပ်နှံသူတွေပါ ရှိနေကြတာပါ။္ခ ဒီလူတွေဟာ စက်ရုံကြီးတွေတည်ပြီး လုပ်နေကြတာပါ။ ဆောက်လက်စ စက်ရုံတွေ ရှိသလို လည်နေပြီဖြစ်တဲ့ စက်ရုံတွေလည်း ရှိပါတယ်။ အခု သစ်ကို ရပ်လိုက်တဲ့ အခါ အဲဒီလူတွေဟာ အခု ကုန်ကြမ်းတွေ မရပဲ ဖြစ်ကုန်ပြီး ပြည်တွင်းမှာ အတော်ဒုက္ခရောက်ကုန်ပါတယ်။

သူတို့အတွက် သစ်ကို ဘယ်ကရမလဲ လို့ ကြည့်တဲ့အခါ သစ်လုပ်ငန်းက ဆက်ထုတ်မယ်၊ တနှစ် ဆက်ထုတ်မယ် ဆိုတော့ အဲဒီ သစ်လုပ်ငန်းက ထုတ်တဲ့ သစ်ကိုပဲ ဝိုင်းပြီး လုပြီး လေလံဆွဲကြရမယ့် အနေထားပါ။ တကယ်လို့ လေလံဆွဲမယ်ဆိုရင် သစ်ဈေးက သိပ်မြင့်သွားမှာ ဖြစ်ပါတယ်။ ဒီပုံစံနဲ့ သွားရင် မြန်မာပြည်ထဲမှာ သစ်ကို သုံးဖို့အတော်ခက်လာမယ့် သဘောရှိနေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သစ်ခုတ်တာကို ရပ်ပစ်လိုက်တာကြောင့်ပါ။

သစ်ခုတ်တာကို ရပ်ပစ်လိုက်တာဟာ sustainable management လို့ ခေါ်တဲ့ ရေရှည်တည်တံ့တဲ့ သစ်တောရရေးအတွက် စီမံအုပ်ချုပ်မှု သဘော မဖြစ်တော့တဲ့ အနေထားကို ရောက်သွားတာမို့ပါ။

သစ်ခုတ်တာကို လုံးဝ ရပ်လိုက်တဲ့ ပုံစံထက် ပိုပြီး ကောင်းမယ့် နည်းက ဘာပါလဲ။ ရေရှည်ခံမယ့် သစ်တော ပြုပြင်ထိမ်းသိမ်းရေး အတွက် သတ်မှတ်ထားတာ တွေက ဘာတွေ ပါလဲ။ ဘာတွေ လုပ်ဖို့သင့်ပါသလဲ။

ရေရှည်ခံတဲ့သစ်တောမှာ management က ခုတ်စရာ ရှိတာကို ခုတ်ရမှာ ဖြစ်သလို ထုတ်စရာ ရှိတာလည်း ထုတ်၊ သဘာဝ ပါတ်ဝန်းကျင်ကိုလည်း ထိမ်းရမယ်၊ ဒေသခံတွေရဲ့ ကောင်းကျိုး လူမှုရေးဆိုင်ရာကို ပံ့ပိုးပေးမှုလည်း ဖြစ်စေရမှာ ဖြစ်ပါတယ်။ အခု တော့ အဲဒီပုံစံ မဝင်တော့ပါဘူး။ လက်ရှိမှာ သဘာဝ ပါတ်ဝန်းကျင်ဟာ လုံးဝထိခိုက် သွားပြီမို့ ခုတ်တာတွေ အားလုံးရပ်ပြီး သဘာဝ ပါတ်ဝန်းကျင်ကိုပဲ ပြန်ပြီး စဉ်းစားတဲ့ ပုံစံမျိုး ဖြစ်သွားတာပါ။ ဒါ့ကြောင့် ပုံမှန် စီမံခန့်ခွဲမှု မဟုတ်တော့ပဲ management out သွားတဲ့ သဘောဖြစ်နေပါတယ်။

ကျွန်တော့် အမြင် ပြောရရင် ထုတ်စရာရှိတာကိုလည်း ဆက်ထုတ်သွားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်နေရာမှာ ဘယ်လောက်ပဲ ထုတ်သင့်တယ် ဆိုတာကို ရှိတဲ့ တောကို ဘယ်နေရာမှာ ဘယ်လောက်လျှော့ ထုတ်၊ ပြည်တွင်း သုံးကုန် ဖူလုံအောင်ထုတ်၊ ပြည်ပကို မပို့နဲ့၊ ပြည်တွင်းမှာပဲ လုံလောက်အောင် ထုတ်ပေးသင့်တယ်။ ဒီလိုလုပ်ရာမှာ ရှိတဲ့ စည်းကမ်းနဲ့ ဥပဒေနဲ့ ကျကျနန သတ်မှတ်ပြီး ထုတ်သင့်တယ်လို့ ထင်ပါတယ်။ အခုလိုမျိုး ရပ်ပစ်လိုက်မယ် ဆိုတာကတော့ တကယ်တော့ သစ်တောပညာ ရှုဒေါင့်က ကြည့်ရင် မှားနေပါတယ်လို့ သစ်တော ပညာရှင် ဦးဝင်းမော်က ပြောပါတယ်။


posted from Bloggeroid

မြန်မာစီးပွားပိတ်ဆိုမှု့များရပ်

အကြံပေးလည်းဖြစ်တဲ့ ပါမောက္ခ Sean Turnell က လည်း အစိုးရအနေနဲ့ ဒီစိန်ခေါ်မှုတွေကို ပြည့်မှီနိုင်ဖို့လိုတယ်လို့လည်း ပြောလိုက်ပါတယ်။

လန်ဒန်အခြေစိုက် သယံဇာတ အဂတိလိုက်စားမှု စောင့်ကြည့်ရေးအဖွဲ့ကြီးကတော့ ကျောက်စိမ်းလုပ်ငန်းနဲ့ ပတ်သက်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေရုတ်သိမ်းလိုက်တဲ့အတွက် မြန်မာအစိုးရဟာ ပြုပြင်ပြောင်းလဲရေးအတွက် အရေးပါတဲ့အရာတခုကို ဆုံးရှုံးသွားနိုင်တယ်တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့

ဇူလိုင်လကတော့ အစိုးရသစ်က ကျောက်စိမ်းတူးဖော်ခွင့်နဲ့ ပတ်သက်တဲ့ ဥပဒေသစ်ကို အတည်မပြုသေးမချင်း တူးဖော်ခွင့်တွေကို တရားဝင်ဆိုင်းငံ့ထားပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လုံးဝရုပ်သိမ်းလိုက်မယ့်အစား၊ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေ၊ ပွင့်လင်းမြင်သာမှုတွေနဲ့ ပတ်သက်ပြီး သတ်မှတ်ထားတဲ့စံနှုန်းတွေအတိုင်းဖြစ်မှာသာ ရုတ်သိမ်းသင့်တယ်လို့ Global Witness အဖွဲ့ကက အကြီးတန်းတာဝန်ရှိသူတဦး Juman Kubba က ပြောလိုက်ပါတယ်။

posted from Bloggeroid

မြစ်ဆုံစီမံကိန် တရုတ်သတင်ားရေးသား



အစွန်းရောက်အမြင်တွေကြောင့် မြစ်ဆုံစီမံကိန်းရပ်ဆိုင်းဟု တရုတ်သတင်းစာ ရေးသား

19.09.2016 20:46

မြင့်မြင့်ခိုင်



ဧရာဝတီမြစ်

မျှဝေပါ

မြန်မာနိုင်ငံမှာ မြစ်ဆုံစီမံကိန်းအပေါ် ဆန့်ကျင်ကန့်ကွက်မှုတွေ ပေါ်ပေါက်လာရတာဟာ အစွန်းရောက် အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေကြောင့် ဖြစ်တယ်ဆိုတဲ့ တရုတ်အစိုးရရဲ့ မူဝါဒတွေကို ထင်ဟပ်လေ့ရှိတဲ့ တရုတ်သတင်းစာတစောင်ရဲ့ ရေးသားဖော်ပြမှုနဲ့ ပတ်သက်လို့ သတိထားဖို့လိုတယ်လို့ တရုတ်- မြန်မာ ဆက်ဆံရေး စောင့်ကြည့်လေ့လာသူ တဦးက သုံးသပ်ပါတယ်။ အစိုးရက ဖွဲ့စည်းပေးထားတဲ့ ဧရာဝတီ မြစ်ဆုံဒေသစီမံကိန်းများ လေ့လာသုံးသပ်ရေး ကော်မရှင်အနေနဲ့ မြစ်ဆုံဒေသကို သွားရောက်လေ့လာ ခဲ့ပြီး မကြာခင်မှာပဲ အခုလို ရေးသားချက်မျိုး ထွက်ပေါ်လာတာပါ။ သတင်းအပြည့်အစုံ ကိုတော့ ဗွီအို အေ သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြထားပါတယ်။

တရုတ် ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီဝင်တွေကို မွေးထုတ်ပေးနေတဲ့ ဗဟိုပါတီကျောင်းက ထုတ် ဝေတဲ့ ဒီကနေ့ စက်တင်ဘာ ၁၉ ရက်နေ့ ထုတ် သတင်းစာမှာ မြန်မာပြည်သူတွေကြား မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေ ပေါ်ပေါက်လာအောင် အစွန်းရောက်တဲ့အဖွဲ့အစည်းတွေ၊ အ စွန်း ရောက်တဲ့ မီဒီယာတွေက လုပ်ဆောင်နေတာဖြစ်တယ်လို့ စွပ်စွဲဖော်ပြထားပါတယ်။

The Study Times လို့ခေါ်တဲ့ တရုတ်နိုင်ငံက ဗဟိုပါတီကျောင်းက ပိုင်တဲ့ သတင်းစာဟာ တရုတ်အစိုး ရရဲ့ မူဝါဒတွေကို ထင်ဟပ်လေ့ရှိတာမို့ ဒီရေးသားဖော်ပြမှုနဲ့ ပတ်သက်လို့ သတိထားဖို့တော့ လိုမယ်လို့ တရုတ်- မြန်မာ ဆက်ဆံရေး လေ့လာစောင့်ကြည့်သူ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။

“ဗဟိုကျောင်းလို့ခေါ်တယ် အဲဒါကတော့နည်းနည်း သြဇာကြီးတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ဗဟိုကော်မတီတွေအတွက် အထူးဖွင့်ထားတဲ့ကျောင်း ကထုတ်တာဖြစ်တော့ ယေဘုယျအားဖြင့် အစိုးရကို ပေါ်လာစီတွေအကြံပေးနေတဲ့ ဌာနတွေဘာတွေလည်းဖြစ်တယ်။ အဲဒီက အကြံပေးချက်တွေဘာတွေလည်းရှိတော့ တချို့ကတော့ ဒီလိုတောင်ပြောတယ် အဲဒီဗဟိုကျောင်းကထွက်လာတဲ့ ညွန်ကြားချက်တွေဟာ အစိုးရရဲ့ ပေါ်လစီဖြစ်ဖို့ လမ်းများတယ်လို့ တချို့ကပြောတယ်။ ဗဟိုကျောင်းဆိုတာက အစိုးရနားကို ပေါက်တဲ့ကျောင်းဖြစ်တာကို ၊ အာဘော်တွေဖြစ်တာကိုအဲဒီတော့ သတိတော့ထားသင့်တယ်လို့ ထင်ပါတယ်။”

မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ဖိအားပေး တာခံနေရသလို မြန်မာပြည်က မီဒီယာတချို့ရဲ့ အစွန်းရောက်တဲ့ ရေးသားပြောဆိုမှုတွေကြောင့် တရုတ်- မြန်မာ နှစ်နိုင်ငံ ပူးတွဲ လုပ်ဆောင်မယ့် စီမံကိန်းတွေကို ကြီးကြီးမားမား ထိခိုက်စေတယ်လို့ လည်း တရုတ်ဗဟိုပါတီကျောင်းပိုင် သတင်းစာက ဖော်ပြထားပါတယ်။

ဒီစွပ်စွဲချက်နဲ့ ပတ်သက်လို့တော့ စိမ်းလန်းအမိမြေအဖွဲ့ ဥက္ကဌ ဦးဝင်းမျိုးသူကတော့ ဘယ်အချက်ကို ကြည့်ပြီး အစွန်းရောက်တယ်ဆိုတာ စွပ်စွဲသလဲလို့ မေးခွန်းထုတ်ပါတယ်။

“အဲဒီတော့ တရုတ်နိုင်ငံကတော့ စွပ်စွဲတာကတော့ သူတို့ကတော့ စွပ်စွဲနေကြပဲလေ။ အဲဒီတော့ ဘယ်အချက်အလက်ပေါ်မှာမှုတည်ပြီး စွပ်စွဲတာလဲ ၊ ဘက်အချက်အလက်ကိုပြောတာလဲ၊ လူထုကမကြိုက်လို့ပြောတာကို သူတို့ကအစွန်းရောက်တယ်ဆိုတော့ အစွန်းရောက်တယ်ဆိုတာက ဘာလုပ်တာလဲ၊ အစွန်းရောက်တယ်ဆိုတာက ဘာတွေများဖြစ်တာလဲ အဲဒါတွေတော့ သိချင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် အစိုးရအနေနဲ့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ တရုတ်- မြန်မာ နှစ်နိုင်ငံအတွက် အဆင်ပြေစေမယ့် အဖြေတခုရှာဖို့ ဆန္ဒရှိသလို လက်ရှိမှာတော့ မြစ်ဆုံ ကော်မရှင်အနေနဲ့ စီမံကိန်းနဲ့ ပတ်သက်လို့ လေ့လာဆန်းစစ်မှုတွေလုပ်နေပြီး သမ္မတထံ လာမယ့် နိုဝင်ဘာလမှာ အစီရင်ခံစာတင် သွင်းဖို့ ရှိပါတယ်။

မြစ်ဆုံ စီမံကိန်း လေ့လာစိစစ်သုံးသပ်ရေး ကော်မရှင်အနေနဲ့ မြန်မာပြည်သူတွေရဲ့ ခံစားမှု အပါအဝင် တရုတ်- မြန်မာနှစ်နိုင်ငံရဲ့ စဉ်းစားချက်တွေကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် အားလုံးလက်ခံနိုင်လောက် တဲ့ အဖြေတခု ထုတ်နိုင်မယ်လို့ ယုံကြည်ကြောင်း ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

“တကယ့်ကို သိပ္ပံနည်းကျ စဉ်းစားပြီးတော့ မြန်မာပြည်ရဲ့လိုအပ်မှုရော ၊ ပြည်သူလူထုရဲ့ ခံစားမှုရော၊ အကုန် တရုတ်ပြည်ရဲ့ နစ်နာချက်တွေရော ၊ မြန်မာပြည်ရဲ့လိုအပ်မှုရော အားလုံး ခြုံပြီးတော့ စဉ်းစားမယ်ဆိုရင်တော့ အားလုံးလက်ခံနိုင်တဲ့ အဖြေတခုရမယ်လို့တော့ ထင်ပါတယ်။”

မြစ်ဆုံ စီမံကိန်း ကော်မရှင်အနေနဲ့ သူတို့ရဲ့ တွေ့ရှိချက်တွေကို အစီရင်ခံစာတင်သွင်းတာလောက်ပဲရှိပြီး ပြတ်သားတဲ့ အဖြေတခုကို သုံးသပ်ပေးပါ့မလားဆိုတာ သံသယရှိတယ်လို့ ဦးဝင်းမျိုးသူက သူ့အမြင်ကို အခုလို ပါတယ်။

“လက်ရှိကော်မရှင်ကတော့ သူတို့မကြိုက်ရင် မကြိုက်တဲ့ သူတို့ရတဲ့အချက်အလက်ကိုပဲ သူတို့က ဒီအတိုင်းပြည်လည်ဖော်ပြပေးမယ်ဆိုတဲ့အနေအထားလောက်ပဲ ရှိမယ်လို့ ကျနော်တို့ ခန့်မှန်းတယ်။ ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ပေးပ့ါမလားဆိုတာလည်း ဆရာ့အနေနဲ့ကတော့ သံသယရှိတယ်ပေါ့နော်။ ဟိုဘက် ဒီဘက်ပေါ့ ၂ ဖက် ဆည်ဆောက်ချင်တဲ့လူနဲ့ မဆောက်ချင်တဲ့လူတွေဟာကို စုပြီးတော့ တင်ပြပေးမယ့်သဘောပဲ လို့ နားလည်တယ်။ အဖြေတခုခုကို သုံးသပ်ပြီးတော့ ပေးပါ့မလားတော့ ဆရာ့အနေနဲ့ သံသယ၀င်တယ်။”

ဧရာဝတီမြစ်ကို မှီတင်းနေထိုင်သူ တွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ ကန့်ကွက်မှုတွေကြောင့် အမေရိကန်ဒေါ်လာ ၃.၆ ဘီယီယံ တန်ဖိုးရှိတဲ့ မြစ်ဆုံစီမံကိန်းကို ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၁မှာ ယာယီရပ်ဆိုင်းထားခဲ့တာဖြစ်ပါတယ်။ လက်ရှိ NLD သစ် လက်ထက်မှာတော့ တရုတ်အစိုးရဘက်က စီမံကိန်းကို ပြန်စတင်လိုကြောင်း ပြောဆိုထားပြီး မြန်မာပြည်သူတွေဘက်ကတော့ မြစ်ဆုံစီမံကိန်းကို အပြီးသတ် ရပ်ဆိုင်းစေလိုတဲ့ ဆန္ဒရှိတာမို့ လက် ရှိမှာ ကော်မရှင်ဖွဲ့ပြီး ဆန်းစစ်လေ့လာမှုတွေ လုပ်နေတာပါ။ စီမံကိန်းကို အပြီးသတ်ရပ်ဆိုင်းလိုက်မယ် ဆိုရင်တော့ မြန်မာနိုင်ငံဘက်က အမေရိကန်ဒေါ်လာ သန်း ၈၀၀ ပေးလျော်ရမယ့် အခြေအနေ ရှိနေတာလည်းဖြစ်ပါတယ်။

posted from Bloggeroid

မဲသဝေါတိုက်ပွဲ နှစ်ဘက်ထိခိုက်သေဆုံးမှုရှိ

မြန်မာ

မဲသဝေါတိုက်ပွဲ နှစ်ဘက်ထိခိုက်သေဆုံးမှု ရှိ

19.09.2016 18:48

နိုင်ကွန်းအိမ်



DKBA ရှေ့တန်းတပ် ၊ ကရင်ပြည်နယ် (၁၉ ဇန်န၀ါရီ ၂၀၁၅)

မျှဝေပါ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မဲသဝေါဒေသမှာ ခွဲထွက် (DKBA ) ဒီကေဘီိအေဘက်ကနေ အခြေပြုထားတဲ့ တပ်စခန်းတွေကို မြန်မာ့တပ် မတော်နဲ့ နယ်ခြားစောင့်တပ် BGF ပူးပေါင်းတပ်တို့ကနေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် နှစ်ဘက်တိုက်ပွဲဖြစ်ပွါးနေစဲလို့ နှစ်ဖက် တပ် ဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။ ဒီရက်ပိုင်းအတွင်း မြန်မာ့တပ်မတော်ဘက်ကလဲ တပ်အင်အားတိုးချဲ့နေရာယူမှုတွေရှိလာနေ သလို ဒီကေဘီိအေဘက်က ပြောက်ကျားစံနစ်နဲ့ခုခံသွားမယ်လို့လဲဆိုပါတယ်။ ဒီတိုက်ပွဲကြောင့်တိမ်းရှောင်လာတဲ့ စစ်ပြေးဒုက္ခ သည် ဦးရေ(၄၀၀၀)အထိရှိလာပြီး စစ်ဘေးလွတ်ရာမြိုင်ကြီးငူဒေသမှာ သောင်တင်နေစဲဖြစ်ပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက်နိုင်ကွန်းအိမ်ကနေ သတင်းပေးပို့ထား ပါတယ်။

မြန်မာ့တပ်မတော်နဲ့ ကရင်နယ်ခြားစောင့်တပ်ပူးပေါင်းအင်အားနဲ့ထိုးစစ်ဆင်နေမှုကြောင့် ကရင်ပြည်နယ် မဲသဝေါဒေသက ခွဲထွက်ဒီကေဘီအေ အဖွဲ့ရဲ့အထိုင်စခန်းတွေလက်လွှတ်ခဲ့ရပေမယ့် အခုချိန်ထိ တိုက်ပွဲဖြစ်ပွားနေစဲလို့ ဒီကေဘီအေပြန်ကြားရေး အရာရှိ ဗိုလ်ကြီးစောရဲထက်ကပြောပါတယ်။

“လက်ရှိ ရှိနေတဲ့ စခန်းတွေကနေပြီးတော့ ဆုတ်ခွာပြီးတော့ အနီးအနားပတ်ဝန်းကျင်နဲ့ ကျနော်တို့ ထိန်းချုပ်နယ်မြေဒေသ တခုလုံးမှာ တပ်တွေဖြန့် ပြီးတော့ ကျနော်တို့ ပြောက်ကျားနည်းဗျူဟာနဲ့ ကျနော်တို့ စစ်ကစားပါတယ်။ ဒီနေ့မနက်ကတည်းကပစ်ကြတယ်။ မနေ့ကလည်း လူအင်အားစုစုပေါင်း ၁၀ ယောက်ကျော်ကျဆုံးတယ်ဆိုပြီး သတင်းရပါတယ်။ ဘယ်မှာပစ်တယ်ဆိုတာတော့ နေရာအတည်တကျမရှိဘူး။”

မနေ့ကမနက်ပိုင်းမှာ ဒီကေဘီအေအခြေပြုစခန်းတွေဖြစ်တဲ့ ရိက္ခာကုန်း ၊ ဘုရားကုန်း၊ ၀ါးဘိုးတောင်စခန်း နဲ့ ဗိုလ်ကျော်သက်စခန်း စတဲ့ စခန်း(၄)ခုကို မြန်မာ့တပ်မတော်နဲ့ ကရင်နယ်ခြားစောင့်တပ်တို့ကနေ သိမ်းပိုက်နိုင်ခဲ့တာပါ။

သိမ်းပိုက်ရရှိထားတဲ့ ဒီကေဘီအေစခန်းတွေကို မြန်မာ့တပ်မတော်နဲ့ ကရင်နယ်ခြားစောင့်တပ်တို့ကနေ အထိုင်ချနေရာယူထား ပြီးပေမဲ့ ဒီကေဘီအေအဖွဲ့တွေနဲ့တော့ တိုက်ပွဲဖြစ်ပွါးနေစဲလို့ ကရင်နယ်ခြားစောင့်တပ် အမှတ်၁၀၁၇တပ်ရင်းက ဒုရင်းမှူး ဗိုလ်မှူးကျော်နောကပြောပါတယ်။

“အဲဒီဘက်မှာတော့ ရိက္ခာကုန်း တို့ဘာတို့က သူတို့သိမ်းပိုက်ပြီးတော့ ကိုင်ထားတာကို တပ်နဲ့ BGF နဲ့။ သူတို့ကျတော့ အဲဒီတ၀ိုက်မှာ လက်ပစ်ဗုံးတို့ဘာတို့ ပြောက်ကျားစနစ်နဲ့ ပြန်ပစ်တာတို့တော့ ပြန်ရှိတာပေါ့။”

စက်တင်ဘာလ(၂)ရက်နေ့ကနေစတင်ဖြစ်ပွါးခဲ့တဲ့ မဲသဝေါတိုက်ပွဲမှာ ထိခိုက်ကျဆုံးမှုများပြားနေပေမယ့် အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။

လက်ရှိမှာမြန်မာ့တပ်မတော်ဘက်ကအင်အားဖြည့်တင်းပြီး ထပ်မံထိုးစစ်ဆင်လာနေသလို ပေါ်တာအထမ်းသမားတွေကိုလဲ အဓမ္မ ဖမ်းဆီးနေတယ်လို့ ဒီကေဘီအေဘက်ကစွပ်စွဲပြောဆိုပါတယ်။

“တပ်မတော်ဘက်ကဆိုရင် တပ်ရင်း ၇ ရင်း ဗျူဟာ၂ ခုထပ်ပြီးတော့ အင်အားတိုးလာတယ်။ တပ်မတော်က ဒီပေါ်တာ ဆွဲတဲ့အနေအထားရှိတယ် နယ်မြေ ၄ ခုမှာပေါ့နော် ။ အခုမွန်ပြည်နယ် ကျိုက်ကော်မှာ မနေ့ကဆိုရင် ပေါ်တာဆွဲတယ်၊ မနေ့ညကပဲ မြိုင်ကြီးငူဒေသဘက်မှာ ကလော့ထော့ရွာ၊ တမုသားရွာ၊ နောက် မအဲရွာ အဲဒီမှာတွေ သူတို့ ပေါ်တာဆွဲတယ်။”

ဒါပေမယ့် မြိုင်ကြီးငူဒေသအတွင်း ပေါ်တာဝန်ထမ်းဖမ်းဆီးတဲ့သတင်းဟာ တပ်မတော်ကနေ စစ်ကြောင်းချီတက်တဲ့ လမ်းကြောမှာ ဒေသခံရွာသားတွေပုန်းရှောင်တာဖြစ်တယ်လို့ မြိုင်ကြီးငူဒေသခံ စေတနာဝန်ထမ်းကိုကျော်လေးကဆိုပါတယ်။

“ရဲဘော်တွေ ပေါ်တာဖမ်းတာတော့မဟုတ်ပါဘူး ဘာဖြစ်တာလဲဆိုတော့ ရဲဘော်တွေတအားတက်လာတဲ့အခါကျတော့ စိုးရိမ်လို့ ရှောင်တိမ်းနေတာပါ။ တောင်စွန်းရွာ၊ မအဲရွာ၊ ကမွတ်လဲရွာတို့ မှာ တိမ်းရှောင်နေတာပါ။ အင်အားကတော့ ကား ၁၉ စီးတက်လာတာပါ ၁၇ ရက်နေ့က တက်လာတာ ။ ရဲဘော်တွေ တစီးကို ၂၀-၃၀ လောက်တော့ပါတယ်။”

မဲသဝေါဒေသတိုက်ပွဲကြောင့် မဲသဝေါဒေသ ရွာပေါင်း(၂၀)ကရွာသား(၄၀၀၀)ကျော်ဟာ မြိုင်ကြီးငူဒေသဘက်ကို တိမ်းရှောင်နေ ရသလို သူတို့ရဲ့နေထိုင်စားသောက်ရေးအတွက် အစိုးရအပါအ၀င် အနယ်နယ်အရပ်ရပ်ကစေတနာရှင်တွေကနေ လာရောက် အကူညီပေးဆောင်နေကြပါတယ်။

ကရင်ပြည်နယ်အစိုးရအနေနဲ့အစားအသောက် အ၀တ်အထည်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးဆောင်နေတယ်လို့ သာသနာရေးဝန်ကြီး ဦးမင်းတင်ဝင်းကအခုလိုပြောပါတယ်။

“ကျန်းမာရေးကိစ္စတွေ သူတို့မှာတော့ ဆေးရုံရှိနေပြီးသားလေ ကျနော်တို့ ဒီကနေပြီးတော့ ဆရာ၊ ဆရာမ အလှည့်ကျလွှတ်ထားပေးတယ်။ စားဖို့အတွက်ဆန်မပြတ်အောင်လည်း ကျနော်တို့လုပ်ပေးတယ်။ သူတို့က သတ်သတ်လွတ်ပဲ မြိုင်ကြီးငူဒေသမှာ စားရတာကို ဆိုတော့ ကျနော်တို့က ဆန်၊စားစရာ။ နောက်တခုက ခုနပြောတဲ့ ကျန်းမာရေး၊ ဆေး နောက်တခုက အ၀တ်အစား”

စက်တင်ဘာလဆန်းကနေ ဒီကနေ့အထိဖြစ်ပွါးနေပြီး မဲသဝေါတိုက်ပွဲအတွင်း နှစ်ဖက်တပ်တွေထိခိုက်မှုများပြားနေသလို စစ်ဘေးရှောင်ရွာသားတဦးလဲ မြေမြုတ်ဗုံးနင်းမိတာကြောင့် သေဆုံးမှုဖြစ်ပွါးခဲ့ပါတယ်။

ကရင်ပြည်နယ် မဲသဝေါဒေသအတွင်းဖြစ်ပွါးနေတဲ့တိုက်ပွဲနဲ့ပက်သက်လို့ KNU ခေါ်ကရင်အမျိုးသားအစည်းရုံးကလည်း တိုက်ပွဲ ရပ်တန့်ပေးဖို့စက်တင်ဘာ(၁၃)ရက်နေ့က ကြေညာချက်ထုတ်ပြန်တောင်းဆိုထားပါတယ်။

မဲသဝေါဒေသတိုက်ပွဲဖြစ်ပွါးမှုနဲ့ပတ်သက်လို့ ဒီကေဘီအေတပ်တွေအနေနဲ့ တပ်မတော်စစ်ကြောင်းနဲ့ နယ်ခြားစောင့်တပ်စခမ်း တွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခြင်း မိုင်းထောင်ဖေါက်ခွဲတိုက်ခိုက်ခြင်းတွေဆက်တိုက်လုပ်ဆောင်နေတာကြောင့် တပ်မ တော်ကနေ ဝါးဘိုးတောင်-ကျုံထော်နယ်မြေနှင့် မဲသဝေါနယ်မြေသို့ အကန့်အသတ်ရည်မှန်းချက်သတ်မှတ်ပေးပြီး တပ်သွင်း ရှင်း လင်းစေရာမှာ စက်တင်ဘာလ ၁၅ ရက်အထိ တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မြန်မာ့တပ်မတော်ကနေ စက်တင်ဘာ(၁၆) ရက်စွဲနဲ့ သတင်းထုတ်ပြန် ထားပါတယ်။

posted from Bloggeroid

ဆေးတက္ကသိုလ်တွေ နိုင်ငံတကာအဆင့်မှီရေး



ဆေးတက္ကသိုလ်တွေ နိုင်ငံတကာအဆင့်မှီရေး ဒေါ်စုကို တိုက်တွန်း

20.09.2016 07:46

ကိုဉာဏ်ဝင်းအောင်




နယူးယောက်တွင် မြန်မာမိသားစုများနှင့် တွေ့ဆုံနေသည့် ဒေါ်အောင်ဆန်းစုကြည်။ စက်တင်ဘာ ၁၇၊ ၂၀၁၆။

မျှဝေပါ

မြန်မာနိုင်ငံက ဆေးတက္ကသိုလ် ပညာရေးစနစ်ကို ကမ္ဘာက လက်ခံတဲ့ အဆင့် အတန်းဖြစ်အောင် လာမယ့် ၇နှစ်အတွင်း အချိန်မီပြုပြင်ပြောင်း လဲဖို့ လိုတယ်လို့ နယူးယောက်အခြေစိုက် မြန်မာ-အမေရိကန် ဆေးပညာအသင်းက တိုက်တွန်းလိုက် ပါတယ်။

နယူးယောက်မြို့မှာ မြန်မာ နိုင်ငံသားတွေနဲ့တွေ့ဆုံချိန် မြန်မာပြည်ရဲ့ကျန်းမာရေးကဏ္ဍမှာ ပြန်ပြီး အကူအညီပေးကြဖို့ ပြည်ပရောက် မြန်မာပြည်ဖွားဆရာဝန်တွေ ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း တိုက်တွန်းစဉ် ပြောဆိုလိုက်ကြ တာပါ။အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၁၇-ရက် ပြီးခဲ့တဲ့ စနေနေ့ နယူးယောက် မြန်မာအသိုင်း အဝိုင်းနဲ့ တွေ့ဆုံချိန်မှာ မြန် မာ အမေရိကန် ဆေးပညာအသင်းက အကြံပြုချက် စာတမ်းတစောင် တင်သွင်းခဲ့ ပြီး၊ မြန်မာနိုင်ငံကဆေးတက္ကသိုလ် တွေရဲ့ ပညာရေးစနစ်ကို ကမ္ဘာကလက်ခံတဲ့ အဆင့်အတန်းဖြစ်အောင် လာမယ့် ၇-နှစ် မတိုင်ခင် အချိန်မီပြုပြင်ပြောင်းလဲဖို့ လိုတယ်လို့ နယူးယောက်အခြေစိုက် မြန်မာ-အမေရိကန် ဆေးပညာအသင်းက တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်နောက်ပိုင်းကျရင် ပြင်သစ်နဲ့ ဒိန်းမတ်အခြေစိုက် World Federation for Medical Education (WFME) ဆေးပညာအဖွဲ့နဲ့ အမေရိကန် အခြေစိုက် Foundation for Advancement of International Medical Education and Research (FAIMER) ဆေးပညာ သုတေသနအဖွဲ့တွေက အသိမှတ်ပြု ထားတဲ့၊ ဆေးတက္ကသိုလ်က ဘွဲ့ရဆရာဝန်တွေကိုသာ နိုင်ငံတကာမှာ အသိအမှတ်ြ ပုတော့မှာမို့ မြန်မာ နိုင်ငံရဲ့ဆေးတက္ကသိုလ် သင်ရိုးညွှန်းတမ်းတွေကို အမြန်ဆုံး ပြန် လည်ပြုပြင် လုပ်ဆောင်ဖို့ လိုနေပြီလို့ မြန်မာ-အမေရိကန် ဆေးပညာအသင်း ရဲ့ တိုက်တွန်းချက်ကို အသင်းရဲ့ဒုဥက္ကဌ ဒေါက်တာ ဒေါ်မြတ်မြတ်မွန်က ဒေါ်အောင် ဆန်းစုကြည်နဲ့ တွေ့ဆုံချိန် အကြံပြုခဲ့တာဖြစ်ပါတယ်။



ဒေါက်တာ မြတ်မြတ်မွန် (မြန်မာ အမေရိကန် ဆေးပညာအသင်း - ဒု ဥက္ကဌ)

“ဘာလဲဆိုတော့ World Federation for Medical Education နဲ့ Foundation for Advancement of International Medical Education and Research ဆိုတဲ့ အဖွဲ့အစည်းတွေကနေ အသိမှတ်ပြုတဲ့ ဆေးတက္ကသိုလ် မဟုတ်လို့ရှိရင် ၂၀၂၃ ခုနှစ်ကနေ စပြီးတော့ ဒီမြန်မာနိုင်ငံမှာ ရှိတဲ့ ဆေးတက္ကသိုလ်က ဘွဲ့ရတဲ့ ဆရာဝန်တွေကို နိုင်ငံတကာက အသိအမှတ်ပြုတဲ့ အဆင့်ကို မရောက်တော့ပါဘူး။ အဓိကက ဆေးတက္ကသိုလ် ကျောင်းတွေ အကုန်လုံးကို နိုင်ငံတကာ စံချိန်နဲ့ညီတဲ့ အဆင့်ဖြစ်အောင်လုပ်မှ၊ ၂၀၂၃ ဆိုတာ ၇နှစ်ပဲ ကျန်ပါတော့တယ်၊ အဲဒါအတွက်ကို လုပ်ဖို့ ကျမအကြံပေးချင်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံခြားရောက်နေတဲ့ မြန်မာဆရာဝန်တွေရဲ့ လုပ်အားကို သူတို့အစိုးရက လိုလားကြောင်း၊ ဆရာဝန်တွေ စေတနာ့ဝန်ထမ်း လာလုပ်နိုင်အောင်လို့ အစိုးရက အစီစဉ်တွေ လုပ်နေကြောင်း ရှင်းပြသွားပါတယ်။

“ကျမတို့ နိုင်ငံခြားရောက်သွားတဲ့ ဆရာဝန်တွေရဲ့ လုပ်အားကို ကျမတို့လိုချင် ပါတယ်။ အဲဒီတော့ ပေးနိုင်တဲ့လုပ်အားနဲ့ ကျမတို့လိုအပ်တဲ့ လုပ်အားနှစ်ခုကို ညှိဖို့၊ အဲလို အစီစဉ်တခုကို လုပ်ဖို့ ဆွေးနွေးထားပါတယ်။ ပြီးတော့ လုပ်အားပေးချင်တဲ့ ဆရာဝန်များက Register တခုလုပ်ထားဖို့ပေါ့နော်၊ နာမည်ပေးထားပြီးတော့ ဘယ်လို လုပ်အားပေးချင်လဲ၊ ဘယ်လောက်လောက် ပေးနိုင်လဲ၊ ဥပမာ တနှစ်ကို တလလောက်လာပြီးတော့ လုပ်ပေးမယ်ပေါ့၊ လာပြီးတော့ လုပ်ပေးမယ်ဆိုရင် ဘာလုပ်ပေးချင်တာလဲ၊ teaching ဖက်က လုပ်ပေးချင်တာလား၊ ဒါမှမဟုတ် တကယ့်ကို လိုအပ်နေတဲ့ တောမြို့လေး တွေမှာ တလလောက်နေပြီးတော့ လုပ်အားပေးမယ်၊ လုပ်အားပေးခြင်းအားဖြင့် ထိထိရောက်ရောက်နဲ့ လူနာတွေကို လုပ်အား ပေးရရုံတင် မကပဲ အဲဒီက ဆရာဝန်လေးတွေကိုလဲ သူတို့သင်ပေးရာ ရောက် တာပေါ့နော်။ သူတို့ကိုလဲ training ပေးရာရောက်တယ်”

မြန်မာနိုင်ငံ ဆေးတက္ကသိုလ်တွေမှာ လက်ရှိကျင့်သုံးနေတဲ့ သင်ရိုးညွှန်းတမ်းတွေ ဟာ ခေတ်နဲ့ မလျှော်ညီတော့တဲ့အတွက် ဒါကိုအချိန်မီပြုပြင် ဖို့ လိုကြောင်း NLD အစိုးရကို အကြံပြုခဲ့သူတဦးကတော့ ကနေဒါနိုင်ငံ Edmonston မြို့ Alberta ဆေး တက္ကသိုလ်က ကထိကတဦးဖြစ်တဲ့ ဒေါက်တာ ခင်စောဝင်းပဲဖြစ်ပါတယ်။

“ဟိုး တကယ့်ကို ပထမနှစ် ဆေးကျောင်းသားဘ၀က အဲဒီကစတဲ့ ဒီ Curriculum သင်ရိုးညွှန်းတမ်းကို သေချာခိုင်မာအောင်၊ နိုင်ငံတကာ စံချိန်လဲ မီအောင်လို့ ကျမတို့ တကယ်ကိုပြုပြင် ဆွဲသင့်ပါတယ်။ ကျမတို့ ဆွဲလည်းဆွဲနိုင်တယ်၊ ပညာရှင်တွေ လည်း ရှိတယ်။ အဲလိုမျိုး ဒီသင်ရိုး ညွှန်းတမ်းကို ဆွဲလိုက်ပြီးပြီဆိုရင် ကျမတို့က ဘာမှ သိပ်စိတ်ပူစရာ မလိုတော့ဘူး။ ‘ဒီမှာသင်ရိုး ညွှန်းတမ်းရှိတယ် .. ဒါတွေ ဒါတွေ နာရီ ပြည့်ရမယ်.. အချိန်ပြည့်ရမယ်၊ ဒီခေါင်းစဉ်ကတော့ မသင် မဖြစ်၊ ကျောင်းသားတွေက မသိမဖြစ် သိရမယ့်ခေါင်းစဉ်တွေ။ ပြီးတော့တခါ သူတို့ရဲ့ အတွေးအခေါ်တွေကို အလွတ်ကျက်တဲ့ အတွေးအခေါ် ပညာရေးစနစ် ကနေပြီးတော့၊ Critical Thinking လို့ခေါ်တဲ့ စဉ်းစားတွေးခေါ် ချိန်ဆနိုင်တဲ့ အလေ့အကျင့်တွေ လေ့ကျင့်ပေးပြီးတော့၊ ကျမတို့ဒီ Curriculum ကို ပြင်လိုက် မယ်ဆိုရင် .. ဒါရေရှည်မှာ ဘာမှထပ်ပြီးတော့ စိတ်ပူစရာ မလိုတော့ဘူး နိုင်ငံတကာ စံချိန်နဲ့ ပြန်ပြီးတော့ သတ်မှတ်ဖို့လိုတယ်လို့ အန်ကယ်ဦးတင်ဦး (NLD နာယက) တွေ့တဲ့ အချိန်မှာ အကြံပြုခဲ့ ပါသေးတယ်”

တချိန်က မြန်မာနိုင်ငံဆေးတက္ကသိုလ်ထွက် ဆရာဝန်တွေကို နိုင်ငံတကာက အသိ အမှတ်ပြုကြသလို ဆေးကုသခွင့်လည်း ပေးကြပြီး၊ မြန်မာ ပြည်ရဲ့ ဆေးသိပ္ပံပညာဟာ စစ်အစိုးရ အဆက်ဆက်လက်ထက်မှာ အိမ်နီးချင်းနိုင်ငံတွေထက် နိမ့်ကျလာ ခဲ့တာကြောင့် ဒါကို ပြန်လည်မြှင့် တင်ဖို့လိုတယ်လို့ ပညာရှင်တွေကြား ဝေဖန်နေ ကြတာ ဖြစ်ပါတယ်။

posted from Bloggeroid

ရွှေဝါရောင်လှုပ်ရှားမှု့ ၉ နှစ်မြောက်မန္တလေးကျင်ပမည်

ရွှေဝါရောင်သံဃလှုပ်ရှားမှု့
(၉)နှစ်မြောက်အခမ်းအနားကျင်းပသွားမည်ဟုရွှေဝါရောင်သံဃာ
တော်များမိန့်ကြား"
============================================
မန္တလေး စတင်ဘာ ၂၀
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အောက်နန်းရပ်သာအနောက်ရပ်
ကွက် ၈၄လမ်း ၃၁ လမ်းဒေါင့်ရှိဓမ္မသာလခန်းမတွင်ကျင်ပပြုလုပ်မည်ရွှေဝါရောင်သံဃလှုပ်ရှားမှု့ (၉)နှစ်ပြည် အခမ်းအနားတွင် မဘသ ဆရာတော်များနဲ့
မသက်ဆိုင်လို့ မပါဝင်ကြောင်း မန္တလေး ရွှေဝါရောင်သံဃာများက
စတင်ဘာလ ၂၀ ရက်နေ့ ဣစ္ဆာသယ ကျောင်းတိုက်ဒုတိယအကြိမ်
ပွဲဖြစ်မြောက်ရေးဆွေးနွေးပွဲတွင်ပြောသည်။

"ဦးဇင် တို့အနေဖြင့် ရွှေဝါရောင်လှုပ်ရှားမှု့ (၉) နှစ်ပြည့်အခမ်းအနား
ကျင်းပဖို့ ဒုတိယအကြိမ် ဆွေးနွေးပွဲ ပြုလုပ်တာပါ ရွှေဝါရောင်သံဃာ
တော်များအနေနဲ့က ဒီမိုကရေစီး ကို အားပေးသော ဆရာတော်တွေ
ပါ NLD အစိုးရကို အပုတ်ချတာမျိုး လုံးဝ လက်မခံဘူး လက်ရှိအစိုး
ရက ဒီမိုကရေစီ အစိုးရဖြစ်လာဖို့ အများကြီးပေူဆပ်ခဲ့တာ ၂၆ ရက်
နေ့ ကျင်းပမည် ရွှေဝါရောင်လှုပ်ရှားမှု့ ပွဲမှ မဘသ ဆရာတော်တွေ
မပါဝင်ပါဘူး ပါဝင်လဲ ဦးဇင်တို့ ရွှေဝါရောင်သံဃာကွန်ရက်အနေ
ဖြင့် လက်မခံနိုင်ကြောင်း ရွှေဝါရောင်သံဃာကွန်ရက် ဘဝအလင်း
ဆရာတော် မဟာဂန္ဓာရုံကျောင်းတိုက် ဥူးသောဘိတက အမရပူရက
မိန်ကြားခဲ့သည်။

အဆိုပါ ရွှေဝါရောင်သဃလှုပ်ရှားမှု့ (၉ )နှစ်မြောက်ကျင်းပရေးအကြို
ဆွေးနွေးပွဲကိုစတင်ဘာလ ၁၆ ရက်နေ့က ပထမအကြိမ် ကျင်းပဆွေး နွေးခဲ့ပြီး ပွဲဖြစ်မြောက်ရေးအတွက် စတင်ဘာလ ၂၀ ရက် နေ့တွင် ဣစ္ဆာသယ ကျောင်းတိုက်တွင် အပြီးသတ်ဆွေးနွေး
ပွဲကို မန္တလေး နိုင်ငံရေးအင်အားစုများနှင့် အရပ်ဘက်လူအဖွဲ့စည်းများ တက်ရောက်ကာ ၉ နှစ်မြောက်
ရွှေဝါရောင်လှုပ်ရှားမှု့ အခမ်းအနားအတွက် ကျင်းပနိုင်ရေးအောင်မြင်
စွာဆွေးနွေးခဲ့သည်ကိုတွေ့ရသည်။
စိုင်းထူးခန့် 

posted from Bloggeroid

တိုင်းဒေသကြီးလွှတ်တော်

"မန္တလေးမြို့ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ တိုင်းရုံမြေနေ
ရာပတ်သက်၍တိုင်းဒေသကြီးလွှတ်တော်သို့ မေးမြန်"
============================================
မန္တလေး စတင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး တတိယအကြီး ပထမနေ့ပုံမှန်အစည်းအဝေး
တွင် ဒီမိုကရက်တစ်ပါတီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဦးအောင်ရွှေ ချမ်းအေးသာစံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)က ချမ်းအေးသာစံမြို့နယ် ၇၃ လမ်း ၂၇လမ်း ၂၈ လမ်းကြားရှိ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေပါတီ တိုင်းရုံးမြေနေရာပတ်သတ်
၍ ယခင် မြန်မာနိုင်ငံလက်ကားသမဝါယမအဖွဲ့ချုပ် မြေနေရာအား
အသုံးပြုထညးခြင်းနှင့် အများပြည်သူပိုင်းနေရာဖြစ်ကြောင်းတင်ပြ
ကာ တိုင်းဒေသကြီးလွှတ်တော်အားမေးမြန်ခဲ့သည်ကိုတွေ့ရသည်။

"ယခင် နိုင်ငံတော်ပိုင် အများပြည်နေရာ ဖြစ်သော ချမ်းအေးသာစံ
မြို့နယ် ပတ်ကုန်းဝန်းကျင်ရပ်ကွက် အမှတ်(၇၃၂) ဦးပိုင်အမှတ်၈/(ဇ)
ဧရီယာ (၀.၀၂၁၃)ဧကရှိနှင့် ဦးပိုင်အမှတ်(၈/(ဇ)ဧရိယာ(၀.၉၄၁၁)ရှိ
ပြည်ထောင်စုကြံခိုင်းနှင့်ဖွံဖြိုးရေးအသင်း(ဌာနချုပ်)အမည်ပေါက်နှင့် ယင်မြေပေါ်ရှိ အဆောက်အဦးတို့နှင့်ပတ်သက်၍မေးမြန်ခဲ့ခြင်းများ
ကိုတွေ့ရသည်။

အထက်ပါဖော်ပြပါ မြေနှင့် မြေပေါ်ရှိအဆောက်အဦးတို့၏ မူလအမည်ပေါက်ပိုင်ရှင်မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်လက္ကာ
သမဝါယမအဖွဲ့ချုပ်ဖြစ်ပြီးသမဝါယမအဖွဲ့ချုပ်မှ အဆိုပါ မြေကွက်များ
နှင့်အဆောက်အဦးတို့ကို စာချုပ်စာတမ်း မှတ်ပုံတင်ရုံး ရေစကြီး
မှတ်ပုံတင်အမှတ်(၇၄၂/ ၁၉၆၂)အရ ဝယ်ယူပိုင်ဆိုင်ခဲ့သည်ကိုဘိုး
ဘွားပိုင်မြေဖြစ်ပါတယ် တစ်နည်းအားဖြင့်အဆိုပါမြေကွက်များမှာ
ပြည်တောင်စုသမ္မတမြန်မာနိုင်ငံတော်ပိုင်ဖြစ်ပြီး အများပြည်သူများ
ပိုင်ဆိုင်သောအထက်ပါအကြောင်းဖော်ပြမြေကွက်များနှင့်အဆောက်အဦးတို့ကို ၂၀၀၂ခုနှစ်တွင် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေး
အသင်းအမည်သို့လွဲပြောင်းခြင်းဖြင့် အများပြည်သူပိုင်ဆိုင်သည့်
နိုင်ငံပိုင်မြေနှင့်အဆောက်အဦးကို ပုဂ္ဂလိက အသင်းတစ်သင်း၏
အမည်သို့ပြောင်းလဲခဲခြင်းဖြစ်သည့်အတွက် ယခုအခါ မန္တလေးတိုင်း
ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ အဖြစ်ပြောင်လဲကာ ပါတီ
ရုံဖွင့်လှစ်အသုံးပြုလျှက်ရှိသည်များကို တိုင်းဒေသကြီးလွှတ်တော်သို့
တင်ပြ မေးမြန်းခဲ့သည်များကိုတွေ့ရသည်။

အဆိုပါတင်ပြမှု့ပတ်သက်၍ မန္တလေးမြို့တော်စည်ပင်သာယာအဖွဲ့အနေဖြင့်ဆောင်ရွက်လိုမရကြောင်း လက်ရှိ အမည်ပေါက်ဖြစ်နေသဖြင့် လုပ်ဖို့အခတ်အခဲရှိကြောင်း
မန္တလေးမြို့တော်ဝန် ဦးရဲလွင်ကဖြေကြားခဲ့ပြီး ဒီမိုကရက်တစ်ပါတီ
မြန်မာမှ ဦးအောင်ရွှေအနေဖြင့်အဆိုကိစ္စများကို ပြည်ထောင်စုလွှတ်
တော်အထိ တင်ပြသွားမည်ဟု ဖြေကြားခဲ့သည်။
စိုင်းထူးခန့် 

posted from Bloggeroid