တကောင်းနီကယ်စက်ရုံမှ ဝန်ထမ်းမျး ဆန္ဒထုတ်ဖေါ်။
တကောင်းနီကယ် စက်ရုံ မှ မြန်မာဝန်ထမ်းများက အလုပ်သမားအခင်ွင့်အရေးရရန် ဒီဇင်ဘာ ၁၈ ရက် နံနက် ၉ နာရီက လူအင်အား ၅၀၀ ခန့်က မဟာဗျူဟာလမ်း နီကယ်လမ်းဆုံတွင် တွင် စတင်ကာ နီကယ်စက်ရုံးရှေ့ထိ လက်ပတ်ဖြူ များဖြင့် လမ်းလျောက် ဆန္ဒထုတ်ဖေါ်ကြ့သည်။
ဆန္ဒထုတ်ဖေါ်ရာ လမ်းတစ်လျောက် တွင် ၄င်းတို့ ဆုံးရှုံးနေသည့်အခွင့်အရေးမျာုးဖြေရှင်း ပေးရန် နိုင်ငံသားတို့၏ ဘဝလုံးခြုံရေး ဥပဒေမဲ့ နီကယ်စက်ရုံ လုပ်ရပ်များရပ်ဆိုင်းရေးစသည့်တို့ ကြွေးကြော်ကာ စီတန်း လှည်လည်ခဲ့ပြီး နီကယ် စက်ရုံရှေ့တွင် ဟောပြောပွဲကြသည်။
" အသက်အားမခံလည်လုပ်ခွင့် လူမူဖူလုံးရေး ဝင်ခွင့်လည်းမပေးပါဘူး ။ကျွန်တော်တို့ ဘယ် လောက် တော်တော် ဘယ်လောက် လုပ်လုပ် လုပ်ခလစာတိုးမပေးတာက မြန်မာ အလုပ် သမားတွေ ကျွန်းပြု ခံရတာပါ နစ်နာလို့ တောင်း ဆိုချက်တွေမရရင် လက်ပတ်စိမ်း ဝတ်ပြီးဆက် လုပ်မယ်။" ဟုစက်ရုံ ကုန်ကြမ်းဌာန တာဝန်ထမ်း ဆောင်သူက ပြောသည်။
နိုင်ငံခြား ရင်းနှီးမြုပ်နှံမူ ဥပဒေချိုးဖေါက်နေမူ များကို အရေး ယူဆောင်ရွက်ပေးရေး အလုပ်သမားကိစ္စများ ကို ပါဝင်ဆွေး နွေးပိုင်ခွင့် အသိမှတ်ပြုခွင့် ရရှိရေး သတ္တူတွင်း လုပ်သား များ၏ အခြေခံလုပ်ခလစာများ တိုးမြှင့်ရရှိရေး နင့်ဥပဒေ၏ အကာကွယ်စောင့်ရှောက်မူအပြည့် အဝရရှိရေးဗီနိုင်များဖြင့်ကိုင် ဆောင်ခဲ့ကြသည်။
ဆန္ဒထုတ်ဖေါ်မူတွင် နီကယ်စက်ရုံမှ တာဝန်ရှိ သူနင့်ဆက်သွယ်မှုမရ သော်လည်း လုံခြုံရေး ဝန်ထမ်းဦးမျိုးမင်းသိန်းက"လုပ်အားခ မကိုက်လို့ တောင်းဆိုကြတာကိုမပြောလိုပါဘူး။မိသားစုများ ရင်အဆင်မပြေဘူး။လုံးခြုံရေး ဝန်ထမ်းတွေက လစာ၂-သိန်းခွဲရတယ် " ဟု ပြောသည်။
အလုပ်သမားများစု တောင်ချက်သည့် အချက် ၁၃ ချက် တွင် အလုပ်သမားအပြစ်ဖြစ်လာပါက ပွင့်လင်းမြင်သာစွာ ဖြေရှင်းရန် နိုင်ငံတော်နင့် အကျိုးအမြတ်ခွဲဝေမူကို ပွင့်လင်း မြင်သာဖေါ် ပြရန်။အလုပ်သမားများတင်မြောက် သည့်ခေါင်း ဆောင်ရွှေးချယ်ပေးရန် တရုတ်-မြန်မာလူမျိုးရေး ခွဲခြားမူမပြု ရန်တို့ပါဝင်သည်။

posted from Bloggeroid
No comments:
Post a Comment