Tuesday, December 20, 2016

ယောက်ကျားဖြစ်သူကိုမိန်မက ကတ်ကြေးဖြင့်ထိုးသတ်



ကျွန်းစုမြို့နယ်တွင်လင်မယားချင်းစကားများရန်ဖြစ်ရာမှ လူသတ်မှုအထိဖြစ်ပွား
================
မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ စစ်ဘုကျေးရွာ တွင် ဒီဇင်ဘာလ(၁၉)ရက်နေ့၊ ညပိုင်းက လင်မယားနှစ်ဦးစကားများရန်ဖြစ်ရာ ဇနီးဖြစ်သူမှ၎င်း၏ခင်ပွန်းသည်အား ကတ်ကြေးဖြင့်ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ စစ်ဘုကျေးရွာနေ ရဲဝင်း(၃၄)နှစ်၊ (ဘ)ဦးဖေသိန်းနှင့်၎င်း၏ဇနီးဖြစ်သူ မဝေဝေမြင့်(ခ)မမိငယ်(၃၄)နှစ်၊ (ဘ)ဦးရွှေလင်းတို့လင်မယားနှစ်ဦးမှာ ဒီဇင်ဘာ ၁၉ ရက်နေ့၊ ညပိုင်းက ခရုဝယ်ရန်အတွက် စရံငွေ (၄၀၀၀၀)ကျပ်ပေးထားသည့်ကိစ္စနှင့်ပတ်သက်၍ တဦးနှင့်တဦး ခိုက်ရန် ဖြစ်ပွားစကားများခဲ့ကြပြီး ဇနီးဖြစ်သူ မဝေေ၀မြင့်(ခ)မမိငယ်မှ ၎င်း၏ခင်ပွန်းဖြစ် သူ ရဲဝင်း၏ယာဘက်ရင်အုံအောက်သို့ ကတ်ကြေးဖြင့်ထိုးခဲ့ရာ ခင်ပွန်းဖြစ်သူတွင် ဒဏ်ရာများရရှိခဲ့သဖြင့် ကျွန်းစုမြို့နယ် စခန်းသစ်ဆေးရုံသို့ တင်ပို့ကုသခဲ့စဉ် ရရှိသည့်ဒဏ်ရာဖြင့်ပင်သေဆုံးသွားခဲ့ကြောင်းနှင့်ပြစ်မှုကျူးလွန်သူမဝေေ၀မြင့်အား ချက်ချင်းဖမ်းဆီးရမိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာအားစစ်ဆေးခဲ့ရာ၌ နေအိမ်အတွင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားထားသည့်အနေအထားများ နှင့် အခင်းဖြစ်စဉ်ကအသုံးပြုခဲ့သော သွေးစွန်းပေနေသည့်ကတ်ကြေးတလက်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း ရဲစခန်းမှ သိရသည်။

သေဆုံးသူရဲဝင်းသည် အရက်သေစာ သောက်စားပြီး ရမ်းကားတတ်သူတဦးဖြစ်ကာ ၎င်းတို့လင်မယားမှာ မကြာခဏဆိုသလို စကားများကာ ခိုက်ရန်ဖြစ်ပွားလေ့ရှိကြောင်း နှင့် ခင်ပွန်းသည်အား ကတ်ကြေးဖြင့် ထိုးသတ်ခဲ့သူ မဝေေ၀မြင့်(ခ)မမိငယ်တွင်လည်း (၁)နှစ်ကျော်အရွယ် သားယောက်ကျားလေးတစ်ဦးနှင့် လက်ရှိတွင်(၂)လခန့်ရှိသော ကိုယ်ဝန်ကိုလွယ်ထားရကြောင်း အိမ်နီးချင်းများထံမှ သိရှိရသည်။

အမှုနှင့်ပတ်သက်၍ ကတ်ကြေးဖြင့်ထိုးကာ
ဒဏ်ရာရရှိသေဆုံးအောင် ပြုလုပ်ခဲ့သူ မဝေေ၀မြင့်(ခ)မမိငယ်အား ဥပဒေအရအရေးယူပေးနိုင်ပါရန် ကျေးရွာရာအိမ်မှူး ဦးသန်းထွန်းဦးမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ကံမော်ရဲစခန်းမှ (ပ)၅၃/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်လျှက်ရှိကြောင်း ရဲမှတ်တမ်းများအရ သိရသည်။


လတ်ကိုကိုဦး

posted from Bloggeroid

No comments:

Post a Comment