"ပတ်ဝန်းကျင်ရေးရာ နှင့် မြေယာစီမံခန့်
ခွဲမှုဆိုင်ရာအမြင်ဖွင့်သင်တန်းပို့ချလျှက်ရှိ"
============================
ပြင်ဦးလွင် ဒီဇင်ဘာ ၁၁
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် အာရှအလင်းရောင် ကျောက်တိုက် သိင်္ဂီရွှေဝါ
စာချကျောင်းအပေါ်တွင် စိမ်းလန်းပြင်ဦးလွင်
အဖွဲ့င ဦးစီးကျင်းပသော သာဘဝပတ်ဝန်းကျင်ရေးရာနှင့်မြေယာစီမံခန့်ခွဲမှုဆိုင်ရာ အမြင်ဖွင့်သင်တန်းကို ဒီဇင်ဘာ
လ (၁၀) ရက်(၁၁)နေ့ (၂)ဆက်တိုက်သင်တန်းသား ၂၅ ယောက်
ကိုအသိပညာပေးသင်တန်းပို့ချခဲ့သည်ကို
တွေ့ရသည်။
"အဓိက ဒီသင်တန်းလေး လုပ်ဖြစ်တာက
ပြင်ဦးလွင်မြို့နယ်အတွင်း သာဘဝပတ်ဝန်း
ကျင် ပျက်စီးဆုံးရှုံးနေခြင်းများနှင့် သစ်တော
မြေတွေ မြေယာစီမံခန့်ခွဲမှုဆိုင်ရာ အမြင်တွေ
အများပြည်သူသိရှိနားလည်းစေရန်အတွက်
သင်တန်းဆရာအဖြစ်နဲ့ ကျွန်တော်က မကွေ
ကနေလာရောက်ပို့ချပေးတာဖြစ်ကြောင်း
သစ်တောမြေယာကိစ္စများဥပဒေရေးရာများ
သင်ကြားပေးသူ ဆရာညဏ်မြင့်မောင်က
ပြောသည်။
မြန်မာနိုင်ငံအတွင်းက လယ်ယာမြေတွေရဲ့
ပိုင်ရှင်ဟာအစိုးရသာကဖြစ်တယ်။
လယ်ယာမြေကိုစီမံခန့်ခွဲပိုင်ခွင့်ရှိတာနဲ့သိမ်း
တယ်ဆိုတာ မည်သည့်ကုမ္ပံဏီမှမသိမ်းဘူး
အစိုးရကပဲ သိမ်းလိုရတာ အစိုးရကသိမ်းပြီး
ကုမ္ပံဏီတွေကို လုပ်ပိုင်ခွင့်ချပေးတာကြောင့်
တောင်သူတွေ ထွန်တုံးတိုက်ပွဲလုပ်လျှင်ဖမ်း
ခံရကြောင်း ပြင်ဦးလွင်မြို့ ပတ်ဝန်းကျင်ရေးရာနှင့် မြေယာစီမံခန့် ခွဲမှု
ဆိုင်ရာ အမြင်ဖွင့်သင်တန်းတွင် သင်တန်း
ဆရာညဏ်မြင့်မောင်ကပြောသည်။
"တောင်သူထွန်တုံးတိုက်ပွဲလုပ်လို ပုဒ်မတွေ
တပ်ပြီ အဖမ်းခံရတယ်ဆိုတာ ကုမ္ပံဏီတွေ
က မြေမသိမ်းပဲ ကုမ္ပံဏီတွေကိုသွားတိုက်
လို့ အခုလိုအဖမ်းခံရတယ် အမှန်က အစိုးရ
ကသိမ်းတာ ဘယ်ကုမ္ပံဏီကမှမြေသိမ်းခွင့်
လုံးဝ မရှိဘူး အစိုးရကသာ သိမ်းပိုင်ခွင့်ရှိ
တာ မြန်မာနိုင်ငံဓါမဦးချ ခုတ်ထွင်ရှင်းလင်း
ထားကြသော မြေယာများဖြစ်သော မြေလွတ် မြေရိုင် မြေလတ် အားလုံးဟာ
လယ်ယာမြေဥပဒေအောက် အလိုလိုရောက်
တယ် အားလုံးပုံစံ(၇)လျှောက်ထားခွင့်ရှိတယ်
လျှောက်ထားလို့ရတယ် နည်းဥပဒေမှန်ကန်
စွာလျှောက်ထားဖို့လိုအပ်တယ်
စီမံခွဲမှုဆိုင်ရာ လွဲနေတာတွေကြောင့်
တောင်သူတွေပုဒ်မတပ်ကာ အဖမ်းခံရကြောင်း၎င်းကပြောသည်။
"ဒီမှာပြုလုပ်တဲ့သင်တန်းမှ သာဘဝပတ်ဝန်း
ကျင်စိတ်ဝင်စားသူများဖြစ်သော မန္တလေး
မုံရွာ ဟံလင်း ပြင်ဦးလွင်က လူတွေတက်
ရောက်ပါတယ် သင်တန်းကတော့ ၂ ရက်
တည်းပါ ရည်ရွယ်ချက်ကတော့ သာဘဝ
ပတ်ကျင် မပျက်စီစေရေး ထိမ်းသိမ်းနိုင်ရန်
အတွက်ဖြစ်ကြောင်း စိမ်းလန်းပြင်ဦးလွင်
အဖွဲ့ဥက္ကဌဖြစ်သူ ဦးကိုကြီးကပြောသည်။
အဆိုပါ ပြင်ဦးလွင်မြို့ဟာ (၅)မည်ရ မြို့လို့
တွင်ခေါ်ရသော တောင်လှေကားမြို့ ပန်းမြို့တော် ချယ်ရီမြေ မေမြို့ ဟုသော (၅)
မည်ရမြို့လေးဟာ မြန်မာနိုင်ငံသူနိုင်ငံသား
တွေ အနေဖြင့် ပန်းဥယျာဉ် တောတောင်သာ
ယာလှပမှု့တွေနဲ့အတူ အပန်ဖြေမြို့လေးရဲ့
သာဘဝအလှတွေ သစ်တောထွက်ပစ္စည်
တွေ အကြောင်း မြေယာစီမံခန့်ခွဲ့မှုဆိုင်ရာ
တွေကို နံနင် ၉ နာရီမှ ညနေ ၄ နာရီအထိ
အသိပညာပေး ဥပဒေဆိုင်ရာများပို့ချပေးခဲ့
သည်ကိုတွေ့ရသည်။

posted from Bloggeroid
Enter your comment...ငါလိုးမသားကြီးလိမ်
ReplyDelete