"မြင့်" ရင်းနှီးမြှုပ်နှံမှု အုပ်စုကုမ္ပံဏီမှ ကျောက်
မီးသွေးစွစ်းအင်သုံး၍ "မာဘယ်"အလှဆင်
ကျောက်တောင်များကို တန်(၅၀၀၀)ကျ ဘိလပ်မြေစက်ရုံတည်ဆောက်မညါအတွက်
ဒေသခံများလက်မခံဟုဆို"
=============================
မန္တလေး ဒီဇင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်
ပသိမ်ကြီးမြို့နယ် အတွင်းက ကျေးရွာများဖြစ်
သောကင်းကျေးရွာ အောင်သပြေကျေးရွာ
ထုံးဘိုကျေးရွာ သရက်ကိုင်ကျေးရွာ မြကန်သာကျေးရွာများကဒဟတ္တောကျေးရွာ ဒေသခံ များက "မြင့်"ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက
ကျောက်မီးသွေးစွမ်းအင်သုံး၍ တန်(၅၀၀၀)
ကျ ဘိလပ်မြေစက်ရုံ တည်ဆောက်ပါက
ဒေသခံများ၏ ကျန်းမာရေးနှင့်သဘာဝရေ
အရင်းမြစ်များဆုံရှုံးမည်ဖြစ်သဖြင့် လက်မခံ
ဘဲ ကန့်ကွက်ကြောင်း မီဒီယာစင်တာတွင်
ဒီဇင်ဘာလ ၁၅ ရက်နေ့ နေ့ခင်း ၁ နာရီက
နေ ၂ နာရီအချိန်ထိ သတင်းစာရှင်းလင်းပွဲ
ပြုလုပ်၍ ပြောသည်။
"ကုမ္ပံဏီအနေဖြင့် ထုံးဘိုတောင်မှ ထုံးကျောက်များထုတ်ယူမည်ကိစ္စများကို
ကန့်ကွက်ပါတယ်။
ထုံးဘိုတောင်သည် မာဘက်(ခေါ်) အလှဆင် ကျောက်များထွက်ရှိပြီ အမှန်တစ်
ကယ် စက်ရုံတည်ဆောက်မည်ဆိုပါက
ဒေသခံများအတွက် အကျိုးခံစားခွင့်နည်းပါး
ကာ ကျောက်မီးသွေးစွမ်းအင်အသုံးပြုခြင်း
ဒေသခံများကျန်းမာရေးအတွက် လွန်စွာထိ
ခိုက်မည်ဖြစ်သောကြောင်း ကုမ္ပံဏီသည်
ထုံးဘိုတောင်အား ပေ(၁၀၀၀)မှ(၂၀၀၀)
အထိ တွင်းများတူ၍ စမ်းသပ်ကာ ထွက်ရှိ
လာသော ကျောက်များကိုဒေသခံများ သိရှိမှု
မရှိဘဲ ကားများဖြင့် သယ်ယူကြောင်း သတ္တု
တွင်းဦးစီးဌာနမှ လာရောက်စမ်းသပ်သည့်
အခါတွင်လည်း ပွင့်လင်းမြင်သာမှုမရှိကြောင်း ကုမ္ပံဏီအနေ
ဖြင့် စမ်းသပ်သည့်အခါ တောင်ထိပ်အမြင့်
တွင်စမ်းသပ်ပြီး သတ္တုတွင်းဦးစီးဌာနက
စစ်ဆေးသည့်အခါ တောင်ခြေတွင်စမ်းသပ်
ခြင်းများကြောင့် ဒေသခံများအနေဖြင့် ပွင့်လင်းမြင်သာမှုမရှိဟု ထင်မြင်မိပါတယ်
ကျွန်တော်တို့ဒေသခံများအနေဖြင့် သတ္တုတွင်းဦးစီဌာနကလာရောက်စမ်းသပ်သည့်အခါ ကုမ္ပံဏီက စမ်းသပ်သကဲသို့
တောင်ထိပ်များတွင် စမ်းသပ်စေလိုကြောင်း
စမ်းသပ်တွေ့ရှိချက်စာများသည် တောင်ပေါ်
တွင်တွေ့ရှိသည့် စမ်းသပ်စစ်ဆေးချက်စာ
မဟုတ်ဘဲ တောင်ခြေတွင်စမ်းသပ်စစ်ဆေး
ထားသည့် စာများဖြစ်ကြောင်း ပွင့်လင်းမြင်
သာမှုမရှိသဖြင့် အများသိစေရန် သတင်းစာ
ရှင်းလင်းပွဲလုပ်ကာပြောရသည်ဟုကိုအောင်
မျိုးဦးကပြောသည်။
"ကုမ္ပံဏီ အနေဖြင့် လိုင်စင်လျှောက်ထားရာ
ထုံးကျောက်ထုတ်လုပ်မည်ဟု လျှောက်ထား
သော်လည်း အမှန်တစ်ကယ်ထွက်ရှိသည်မှာ
မာဘယ်အလှဆင်ကျောက်များဖြင့် ကုမ္ပံဏီမှ
ထုတ်လုပ်သည့် ကျောက်အမျိုးအစားများသည် မာဘယ်ကျောက်အမျိုးအစားဖြင့်ဖြစ်ပြီး ကမ္ဘာ
ပေါ်တွင် အလှဆင်မာဘယ် ကျောက်ထွက်ရှိ
သည် နိုင်ငံများအနေဖြင့် အိန္ဒိယ တရုတ် အီတလီ အစရှိသည့် နိုင်ငံ(၂၀)ခန့်သာရှိပြီ
အဆိုပါ
့် မာဘယ်ကျောက်များထက် ကျွန်တော်
တို့နိုင်ငံကထွက်ရှိသည့် မာဘယ်ကျောက်များ
သည်ပိုမိုကောင်းမွန်သော ကျောက်မျာဖြစ်ပါ
တယ် တစ်ပေပတ်လည် ကျောက်တစ်တုံးကို
နိုင်ငံတော်မှ တရားဝင်သတ်မှတ်သည်မှာ
မေရိကန်ဒေါ်လာ(၁၀၀၀)နှုန်းသတ်မှတ်ထား
သောကျောက်များဖြစ်ပြီ ကုမ္ပံဏီက အမှန်
တစ်ကယ်ထုတ်လုပ်ပါက တောတောင်သဘာဝ ရာသီဥတု သားရဲတရိစ္ဆာန်မျာ၏ သဘာဝဂေဟစနစ်များ
ပျက်စီးနိုင်ပြီး ကျွန်တော်တို့အနေဖြင့် ဘိလပ်မြေထုတ်လုပ်ခြင်း မာဘယ်အလှဆင်
ကျောက်များထုတ်လုပ်ခြင်းတို့ကို ကန့်ကွက်
ပါတယ် တောတောင်သဘာဝကို မှီခို၍ လုပ်
ကိုင်စားသောက်နေရခြင်း ကန့်ကွက်ရခြင်း
ဟာ မြန်မာနိုင်ငံက သယံဇတကိုကာကွယ်
လိုသောဆန္ဒဒေသခံတွေဒုက္ခရောက်ကို
တွေးမိကြောင်း ဒေသခံဦးလှိုင်ကပြောသည်။
အဆိုပါသတင်းစာရှင်းလင်းပွဲကို အထက်ပါကျေးရွာများက ဒေသခံရွာသား
အင်အား ၂၀ ခန့် တက်ရောက်ကာ ကန့်ကွက်ကြောင်းသိရသည်။

posted from Bloggeroid
No comments:
Post a Comment