"မန္တလေးမြို့တွင် ပေါက်ကွဲစေတက်သော
ပစ္စည်းများနှင့်ရောစပ်အသုံးပြု၍ရသော
လျှပ်စစ်ဒီတိုနီတာများ ဖော်ထုတ်အရေးယူ"
==============================
မန္တလေး ဒီဇင်ဘာ ၁၁
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ဒေးဝန်း
အရှေ့ရပ်ကွက် အကွက်(၂၉၄) ညောင်ကုန်
ရပ်ရှိ ရေပန်းဘုန်းကြီးကျောက်တိုက် လက်
ဘက်အုပ်ကျောင်းအတွင်း၌ ပေါက်ကွဲစေတက်သော ပစ္စည်းများနှင့် ရောစပ်အသုံးပြု၍ရသော လျှပ်စစ်ဒီတိုနီတာ
များကို ဒီဇင်ဘာလ ၁၁ ရက်နေ့ နေ့ခင်း ၁၂း
၁၅ မိနစ်အချိန်က ဖမ်းဆီးဖော်ထုတ်အရေးယူနိုင်ခဲ့ကြောငသိရ
သည်။
"ပေါက်ကွဲစေတက်သော လျှပ်စစ်ဒီတိုနီတာ
များသိုလှောင်ထားကြောင်း သတင်းအရ
မန္တလေးတိုင်းဒေသကြီး မှု့ခင်အကူဌာနမှ
ဒုရဲမှူး ဋ္ဌေးမြင့် ဦးစီးသော ရဲအုပ် အောင်ဇော်မိုးနှင့်အဖွဲ့ စဒရ(၉၁၀) မန္တလေးမှ
ဗိုလ်ကြီး အောင်သူဝင်းနှင့်အဖွဲ့ ခေတ္တ မခရ
(ခွဲ)(၃)မှ ရဲမှူးဖိုနိုင်အဖွဲ့ ခရိုင်မှုခင်းအကူဌာန
စိတ်မှ ရဲအုပ် ကြည်ဇင် နယ်မြေ အမှတ်(၇)
ရဲတပ်ဖွဲစခန်းမှ တပ်ဖွဲ့ဝင်များ ရပ်ကွက်လူကြီး
အသိသက်သေများနှင့်အတူ သတင်းအရ
သွားရောက်ရှာဖွေခဲ့ရာ ရေပန်းဘုန်ကြီးကျောင်းတိုက် လက်ဘက်အုပ် ကျောင်းအတွင်း ရပ်ထား
သော ယာဉ်အမှတ် MDY 8H-1725 လိုက်ထရပ်ကား၏ ခေါင်းခန်းတွင် ထိုင်လျှက်ရှိသူ သူရိန်ဖြိုး(ခ) သူရိန်အားတွေ့
ရှိပြီး အဆိုပါယာဉ်ကို ရှာဖွေခဲရာ အနောက်
ခန်းတွင် ရောင်စုံဝါယာကြိုးများတပ်ဆင်ထား
သည့် တရုတ်နိုင်ငံထုတ် ဒီတိုနီတာ(ခ)လျှပ်စစ်စနစ်တံ(၂၀၀)ချောင်းအားလည်းကောင်း လက်ဘက်အုပ်ကျောင်း
အတွင်း ကိုရဲစိမ်းအောင် နေထိုင်သော သွပ်မိုး အုတ်ကာ ကျောင်းဆောင်၏မြေအောက်ခန်းအတွင်းမှ
ရောင်စုံဝါယာကြိုးများတပ်ဆင်ထားသည့်
တရုတ်နိုင်ငံထုတ် ဒီတိုနီတာ(ခ)လျှပ်စစ်စနစ်
တံ(၁၃၁)ချောင်းနှင့်အိန္ဒီယားနိုင်ငံထုတ် (SOD)တံဆိပ်ပါ မီးရှီု့ဒီတိုနီတာ(၁၇၃)ချောင်း
အားဂျပ်စက္ကူဗူးအတွင်းထည့်ထားလျှက်
လူမနေသည့်အဆောက်အဦးအတွင်းပစ္စည်း
သိုလှောင်ရုံအတွင်းမှ GARRY တံဆိပ်ပါ
ပီနှံအိပ်ချုပ်စက်(၁)လုံး SONY တံဆိပ်ပါ
ပီနံအိမ်ချုပ်စက်(၁)လုံးနှင့် အရှည်(၂၅)ပေခန့်
ရှိ မီးပလပ်ခုံပါ မီးကြိုး(၁)ခု စင်ထွားတံဆိပ်ပါ
ဒီဂျစ်တယ် ကတ္တား(၁)လုံး ပေါက်ကွဲစေတက်
သော ပစ္စည်းများနှင့်ရောစပ်အသုံးပြု၍ရသော အမိုး
နီးယား နိုက်ထရိတ် မြေဆီအိပ်မျိုးစုံ(၂၅၀)လုံး ပေါက်ကွဲစေတက်
သော ပစ္စည်းများနှင့်ရောစပ်အသုံးပြု၍ရသော
မီးသွေးအိပ်(၂)လုံး ရပ်ထားသော ကိုရဲစိမ်းအောင် စီးနှင်းလာသော MDY SE-5539နံမှတ်ပါ CRV ကားအဖြူရောင်ကား
(၁)တစ်စီးတို့အားသိမ်းဆည်ရမိခဲ့ပြီး
အမှတ်(၇)နယ်မြေစခန်းမှ (ပ)၄၇၇/၂၀၁၆
ပေါက်ကွဲစေတက်သောဝတ္ထုပစ္စည်းများအက်
ဥပဒေပုဒ်မ(၅)အရ အမှုဖွင့်အရေးယူဆောင်
ရွက်လျှက်ရှိကြောင်းသိရသည်။

posted from Bloggeroid
No comments:
Post a Comment