"နိုင်ငံရေးအကျဉ်းသားဟောင်းဆရာဦးထွန်းအောင်ကျော်(ခ)သခင်မီးပွားအတွက်အမှတ်
တရဂုဏ်ပြုပွဲ ပထမဆုံးအကြိမ်ကျင်းပ"
===========================
မန္တလေး ဒီဇင်ဘာ ၆
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ဘုရားကြီးအလယ်တိုက်တွင် အမေ့လျော့ခံနိင်ငံရေးအကျဉ်းသားဟောင်းဆရာဦးထွန်းအောင်ကျော်(ခ)သခင်မီးပွား(၁၉၅၀-၂၀၀၃)အားရည်စူးဆွမ်းဆက်ကပ်ကုသိုလ်ပွဲနှင့်အမှတ်တရဂုဏ်ပြုပွဲကိုပထမဆုံးအကြိမ် မန္တလေးအခြေစိုက်နိုင်ငံ
ရေးအကျဉ်းသားများနှင့်စာရေးဆရာများပါ
ဝင်ကာကျင်းပခဲ့သည်ကိုတွေ့ရသည်။
ဦးထွန်းအောင်ကျော်ကို အဘဦးဘမင်း
အမိ ဒေါ်သိန်းရင်တို့မှ မုံရွာ သနီမြို့နယ်၌
၁၉၅၀ ခုနှစ်ဒီဇင်ဘာလ ၃ ရက်နေ့တွင်
ဖွားမြင်ခဲ့ မွေးချင်း(၇)ယောက်တွင်အကြီး
သား ကျောင်းဆရာဘဝနှင့် B.A(Myanmar)ဘွဲ့ကိုရရှိခဲ့ပြီး အ.ထ.က
(၁၁)တွင် အလယ်တန်းပြ မြန်မာစာ
ဆရာအဖြစ် သင်ကြားသည့် ဇနီဖြစါသူမှ
အ.ထ.က(၁)အလယ်တန်းပြ(ငြိမ်း)ဒေါ်နန်းခင်ရွှေဖြစ်ပြီး သားတစ်ယောက်ထွန်းကားခဲ့ပြီး၂၀၁၃ခု
နှစ် သြဂုတ်(၂၆)ရက်နေ့တွင် ကွယ်လွန်ခဲ့
သည့် နိုင်ငံရေးအကျဉ်းသားတစ်ယောက်
ဖြစ်ကြောင်းသိရသည်။
"အဖေကကျွန်တော်တို့နဲ့အတူနေခဲ့ရတယ်
မရှိဘူးဗျာ အဖေအကြောင်းကိုအဖေတပည်တွေကပို
သိပါတယ် ကျွန်တော်သုံးသားအရွယ်မှာ
အဖေကထောင်ထဲ့မှာပါ ငယ်သေတော့
မမှတ်မိဘူး အဖေက ဆုံးမတာကတော့
စိတ်ထားကောင်းဖို့လောက်နဲ့စေတနာထားလုပ်ဖို့လောက်ဘဲသိတာ နိုင်ငံနဲ့လူ
မျိုးအပေါ်အနစ်နာခံနိုင်ရဲ့တဲ့စိတ်မွေးဖို့ပါ
ကျွန်တော်မှတ်မိသလောက်ကတော့
ထောင်ထဲကနေ အဖေကိုအပြင်ဆေးရုံကြီး မန္တလေး(MuIii)မှာတင်တဲ့အခါ အမေပို့ခိုင်းတဲ့ထမင်းချိုင့်လေးသွားပို့တာ
မှတ်မိတယ် အဖေက သံခြေကျဉ်းခတ်ခံထားရတဲ့အပြင် လက်တစ်ဖက်ကို ခုတင်တိုင်နဲ့ ခုတင်တိုင်
နဲ့တွဲပြီးလက်ထိပ်ခတ်ခံထားရတာ
ထမင်းစားမှာမို့ အဖေက ခဏဖြုတ်ပေးဖို့
ပြောသေတယ်။ အဲဒီမှာသေနတ်အိပ်ဘေးချထားတဲ့ အရပ်
ဝတ်နဲ့ ထောက်လှမ်းရေးက ဖြုတ်မပေးနိုင်
ဘူး ဒီအတိုင်းစား မရရင် မစားနဲ့ပေါ့ လို့

posted from Bloggeroid
No comments:
Post a Comment