၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃ ရက်ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် ဂုဏ်ပြုအစီအစဉ်အဖြစ် မုံရွာမြို့ကနေ မန္တလေးမြို့အထိ စွမ်းရည်ပြ၀ှီးချဲ့အဖွဲ့ဟာ ဒီနေ့မနက် ၁၀ နာရီလောက်က မန္တလေးမြို့ဆီရောက်လာပါတယ်။
ဝှီးချဲ ၂၆ စီး စက်ဘီး ၂ စီးပါတဲ့ အဲဒီအဖွဲ့ဟာ အခုလောလောဆယ်မှာတော့ မန္တလေးမြို့ ဘုရားကြီးအနောက်ဘက် သာသနာ ၂၅၀၀ အဆောက်အဦးမှာ ယာယီအနားယူနေပြီး မကြာခင်မှာဘဲ မန္တလေးမြို့ကိုလှည့်လည်စွမ်းရည်ပြသွားမှာဖြစ်ပြီး ည ၇ နာရီမှာတော့ မနော်ရမ္မံပြည်သူ့ဟစ်တိုင်ကွင်းအတွင်း ပြင်ဦးလွင်မျက်မမြင်ကျောင်းက မသန်ပေမယ့်လည်းစွမ်းကြသူတွေနဲ့အတူ သီဆိုဖျော်ဖြေမှုတွေနဲ့ ဆက်ပြီးစွမ်းရည်ပြသွားဦးမှာလို့ သိရပါတယ်။

ဒီဇင်ဘာ ၃ ရက် မနက်မှာတော့ အဲဒီမနော်ရမ္မံပြည်သူ့ ဟစ်တိုင်ကွင်းမှာပဲ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများ နေ့ အထိမ်းအမှတ်အခမ်းအနားကို ဆက်လက်ကျင်းပပြု လုပ်သွားမှာဖြစ်တယ်လို့ ဒီခရီးစဉ်မှာအတူလိုက်ပါတဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

posted from Bloggeroid
No comments:
Post a Comment