မီးဘေးသင့်မင်္ဂလာဈေးဖြိုဖျက်ရန် အဆင့်မြင့်ဈေးအဆောက်အအုံတည်ဆောက်ခွင့်တင်ဒါခေါ်ယူ
============================
မန္တလေး ဒီဇင်ဘာ ၅
မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် လမ်း ၃၀
၇၃လမ်းထောင့်ရှိ မင်္ဂလာဈေး
မီးဘေးသင့်မင်္ဂလာဈေးဟောင်းကို
ဖျက်သိမ်းနိုင်ရန်တင်ဒါခေါ်ယူမှုမအောင်မြင်သဖြင့် ဈေးဖြိုဖျက်ရန် အတွက်
အဆင့်မြင့်ဈေးအဆောက်အအုံအဖြစ်ပြန်လည်တည်ဆောက်ခွင့်တင်ဒါကို ခေါ်ယူသွားမည်
ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီထံမှ သိရသည်။
မီးဘေးသင့်ခဲ့သည့် မင်္ဂလာဈေး အသစ်တည်ဆောက်ရန် တင်ဒါရရှိသူသည်
ဈေးဟောင်းအား ဖြိုဖျက် ရန်ကိုပါ တစ်ပါတည်းလုပ်ဆောင်ရမည်ဖြစ်ပြီး
ဖြိုဖျက်သည့်အတွက် တန်ဖိုးသတ်မှတ်ချက်အတိုင်း ငွေပေးသွင်းရမည်ဖြစ်သည်။
“ဈေးဟောင်းကိုဖြိုဖျက်ဖို့တင်ဒါခေါ်ယူခဲ့တဲ့အခါမှာ ကုမ္ပဏီတွေကလည်း
စီးပွားရေးသမားတွေဆိုတော့ တွက်ချက်ကြတယ်။ နည်းပညာပိုင်းအရသူတို့က
ပိုကျွမ်းကြတယ်။ အကြောင်းအမျိုးအမျိုးပြပြီးဈေးနှိမ် ကြတယ်။
ကျွန်တော်တို့တောင်းသလောက်ဈေးမရဘူး။ ညှိနှိုင်းပြီး လုပ်ပေးမယ်ဆိုတော့
ဆက်သွယ် လို့မရတော့ဘူး။ဒါကြောင့်မို့ ဖြိုဖျက်ဖို့ မခေါ်တော့ဘူး။
အသစ်တည်ဆောက်ခွင့်တင်ဒါပဲခေါ်တော့မယ်။ အသစ်တည်ဆောက်ခွင့်တင်ဒါရတဲ့သူသည်
ဈေးကိုဖြိုဖျက်ရမယ် ဖြိုဖျက်တဲ့အတွက် တန်ဖိုးသတ်မှတ်
ချက်အတိုင်းငွေပေးသွင်းရမယ်။”ဟုမန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊အဆောက်အအုံနှင့်ကုန်ရုံဌာနမှ
တာဝန်ရှိသူတစ်ဦးကပြောသည်။
ဈေးသစ်တည်ဆောက်ခွင့်တင်ဒါကို နိုဝင်ဘာ(၂၈)ရက်ကစတင်ကြေညာခဲ့ပြီး
ဒီဇင်ဘာ(၂၈)ရက်တွင် တင်ဒါစတင်ရောင်းချမည်ဖြစ်ကာ
ဇန်နဝါရီ(၁၀)ရက်တွင်ပိတ်သိမ်း၍ ယင်းလအတွင်းအပြီးသတ် open
တင်ဒါရနိုင်မည်ဖြစ်သည်။
မီးဘေးသင့်မင်္ဂလာဈေး အသစ်ပြန်လည်တည်ဆောက်ရန်အတွက်
ဈေးအဆောက်အအုံဖျက်သိမ်းရေး လုပ်ငန်းများလုပ်ဆောင်ရန်
ဇူလိုင်(၁)ရက်နေ့တွင်တင်ဒါခေါ်ယူခဲ့သော်လည်း ကုမ္ပဏီများမှပေးသော
နှုန်းနှင့် မန်းစည်ပင်မှသတ်မှတ်နှုန်းထား ကိုက်ညီမှုမရှိသဖြင့် ကြန့်ကြာ
လျက်ရှိသဖြင့် ယခုလို
အဆင့်မြင့်ဈေးအဆောက်အအုံအဖြစ်ပြန်လည်တည်ဆောက်ခွင့်တင်ဒါကိုခေါ်ယူခြင်းဖြစ်သည်။
မန္တလေးမြို့ မင်္ဂလာဈေးကြီှးမှာ ပြီးခဲ့သည့် မတ်လ(၂၂)ရက်က
မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်ကျွမ်းမှု ကြောင့်
ငွေကျပ်သိန်းပေါင်းတစ်သောင်းကျော်ဆုံးရှုံးခဲ့ရကာ ယနေ့အချိန်ထိ
မည်သို့သောအကြောင်း ကြောင့် မီးလောင်ကျွမ်းခဲ့သည်ကိုမသိရှိရသေးကြောင်း
သိရသည်။

posted from Bloggeroid
No comments:
Post a Comment