"မန္တလေးတွင် မိန်မဖြစ်သူနောက်ယောက်ယူ
သွားသဖြင့် ခင်ပွန်းဟောင်းဖြစ်သူက ဓါးဖြင့်
လာရောက်ထိုးသတ်မှု့ဖြစ်ပွား"
=============================
မန္တလေး ဒီဇင်ဘာ ၂၅
မန္တလေး ပြည်ကြီးတံခွန်မြို့နယ် တောင်မြင့်
ရပ်ကွက် အကွက်(၉) နေထိုင်သူ မဇာဇာထွန်း(ခ)မသဲစု အသက် ၃၇ နှစ်နေအိမ်တွင် မြစ်ကြီးနားမှအလည်ရောက်
ရှိလာသော ညီမဖြစ်သူ မချောစု(၂၈)နှစ်
အတူခင်ပွန်းဖြစ်သူ ကိုဖိုးချို(၃၈)တို့စကား
ပြောနေစဉ် မချောစု၏ခင်ပွန်းဟောင်းဖြစ်သူ
သက်မင်းထွေး(၃၃)နှစ်ရောက်ရှိလာကာ
အသင့်ယူဆောင်လာသောဓါးဖြင့်ထိုးသတ်ခဲ့
မှု့ ဒီဇင်ဘာလ ၂၃ နေ ၇း၃၀ အချိန်ကဖြစ်ပွား
ခဲ့ကြောင်းသိရသည်။
"မဇာဇာထွန်း၏ညီမဖြစ်သူ မချောစု ငါးအရောင်းအဝယ်လုပ်ငန်းလုပ်သူနှင့်
ကိုဖိုးချို ဆိုင်ကယ်ဝပ်ရှော့လုပ်ငန်းလုပ်သူ
တို့ လင်မယားနှစ်ယောက် မြစ်ကြီးနားမြို့
ဟေမာသီရိရပ်ကွက်ကနေ အမဖြစ်သူထံ
အလည်ရောက်ရှိ၍စကားပြောနေစဉ်အချိန်
မှ မချော်စု၏ ခင်ပွန်းဟောင်းဖြစ်သူ သက်မင်းထွေး အကွက်(၅)တောင်မြင့်ရပ်ကွက် ပြည်ကြီးတံ
ခွန့်မြို့နယ်နေသူမှ နေအိမ်အတွင်းရောက်ရှိ
လာပြီး မချောစုတို့လင်မယာနှင့် လူမှုရေးကိစ္စစကားများကာ အသင့်ယူဆောင်လာသော အရိုးအသွား(၁၁)လက်မခန့်ရှိ ကော်ရိုးတပ်
စတီးဓါးဖြင့် ထိုးခဲ့ရာ မချော်စု၏ရင်ညွန့်တွင်
ထိုးသွင်းဒဏ်ရာ(၄)ချက် ကိုဖိုးချိုတွင်ဝဲလက်
ပြင်ထိုးသွင်းဒဏ်ရာ(၁)ချက် ယာဘက်ကျော
ကုန်ူထိုးသွင်းဒဏ်ရာ(၁)ချက်တို့အသီးသီးရရှိ
ခဲ့ပြီး မန္တလေူပြည်သူဆေးရုံကြီးသို့ တင်ပို့
ကုသစဉ် ညီမဖြစ်သူ မချောစုမှာ ရရှိဒဏ်ရာ
များဖြင့်သေးဆုံးသွားသဖြင့် သေဆုံးသူ၏
အမဖြစ်သူ မဇာဇာထွန်းမှ ပြည်ကြီးတံခွန်မြို့
မရဲစခန်းသို့သွားရောက်၍ တရားလိုပြုလုပ်၍
တိုင်းကြားခဲ့ရာ စခန်းမှ တရားခံဖြစ်သူ
သက်မင်းထွေးအား ဖမ်းဆီးပြီး (ပ)၈၃၃/၂၀၁၆ အမှုကြီးအမှတ်စဉ်(၃/၂၀၁၆)ပြစ်မှုပုဒ်မ-
(၃၀၂/၃၂၆ဖြင့်အမှုဖွင့်လှစ်ပြီး ဒုရဲမှူးဇော်အောင်မှစစ်ဆေးဆောင်ရွက်ကာ
တရားစီစစ်နိုင်ရေးပြုလျှက်ရှိကြောင်းသိရသည်။
စိုင်းထူးခန့် 

No comments:
Post a Comment