မန္တလေး ဗဟိုအကျဉ်းထောင်ရှေ့တွင် အပြည်ပြည်ဆိုင်ရာလူအခွင့်ရေးနေ့အထိမ်းအမှတ် တကိုယ်တော်ဆန္ဒထုတ်ဖော်
---- ------ ------ ------ ----
မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ မန္တလေးဗဟိုအကျဉ်းထောင်ရှေ့တွင် ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးနေ့တွင် အပြစ်မဲ့စွာ မှားယွင်းထောင်ချခံရသူများကို စိစစ်ပေးရန်နှင့် အကျဉ်းထောင်အတွင်းမှ ဝန်ထမ်းများ၏အခတ်အခဲများကို ဖြေရှင်ပေးရန် ၂၀၀၇ ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ဒီမိုကရေစီးအရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများအဖွဲ့ (M.D.C.F) အဖွဲ့မှ ကိုသိန်းအောင်မြင့်က နံနက် ၁၀း ၃၀ အချိန်မှ ၁၂ နာရီထိ တကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့သည်။
"အပြည်ပြည်ဆိုင်ရာလူအခွင့်နေ့မှာ နိုင်ငံတဝန်းကအကျဉ်ထောင်တွေမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားများ၊ အခြားသောပုဒ်မများဖြင့် မတရားသဖြင့်ထောင်ချခံထားရသူများ လွှတ်ပေးသင့်လွတ်ပေးထိုက်သူများကို နိုင်ငံတော်က အမြန်ဆုံးစိစစ်ပြီး လွှတ်ပေးဖို့နဲ့ အကျဉ်းဦးစီးဌာနက ဝန်ထမ်းမိသားစုတွေကို နိုင်ငံတော်က ဝန်ထမ်းခံစားခွင့် အပြည့်အဝပေးရေးအတွက် ငြိမ်းချမ်းစွာတောင်ဆိုတာဖြစ်ပါတယ်”ဟု
ကိုသိန်းအောင်မြင့်က ပြောသည်။
စိုင်းထူးခန့်

posted from Bloggeroid
No comments:
Post a Comment