Sunday, December 18, 2016

ပြင်ဦးလွင် တောင်သူများရင်ဖွင့်

"လယ်ယာမြေသိမ်းဆည်းခံ တောင်သူများ၏
ရင်ဖွင့်သံ သတင်းစာရှင်းလင်းပွဲ့ပြုလုပ်"
=============================
ပြင်ဦးလွင် ဒီဇင်ဘာ ၁၈

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ထုံးကွင်း
ကျေးရွာတွင် ဒေသခံတောင်သူများစုပေါင်း
ကာ လယ်ယာမြေသိမ်းဆည်းခံခြင်းများကို
သတင်းမီဒီယာများအား ရင်ဖွင့်ပြောကြားခြင်းကို ထုံးကွင်းကျေးရွာ
ရွာဦးကျောင်းတိုက်အတွင်း ဒီဇင်ဘာလ ၁၈
ရက်နေ့ နေခင်း ၁ နာရီအချိန်ကစတင်၍
ကျင်းပပြုလုပ်ခဲ့သည်ကိုတွေ့ရသည်။

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ရေငယ်ကျေးရွာ
ညောင်နီကျေးရွာ မီးသွေးဖိုကျေးရွာ သပြေ
ရေကျေးရွာ မိုးကြိုးစံပြကျေးရွာ ပိုးဇာကျေးရွာ
ထုံးကွင်းကျေးရွာ အောင်ချမ်းသာကျေးရွာ
ညောင်ကုန်းကျေးရွာ ပင်လိမ်အလယ်ရွာ
တို့က မြေသိမ်းဆည်းခံတောင်သူ အင်အား
၈၀ ခန့်တက်ရောက်ကာ လယ်ယာမြေများ
အသိမ်းခံခြင်း တောင်သူများကိုပုဒ်မများ
အမျိုးမျိုးတပ်ကာ ထောင်ကျခံရခြင်း မြေယာ
မတားအသိမ်းခံရခြင်းများကိုရင်ဖွင့်ပြောကြား
ခဲ့ကြသည်။

posted from Bloggeroid

No comments:

Post a Comment