
ပြင်ဦးလွင်တွင် Mandalay Car Week ပွဲ ကျင်းပ
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ ပြင်စာကျေးရွာအနီး Cyber City တွင် ကားဝါသနာရှင်များစုပေါင်းကာ Mandalay Car Week (2016) ကားပြပွဲပြိုင်ပွဲကို ဒီဇင်ဘာလ ၃၀နှင့် ၃၁ ရက်နေ့တွင် ကျင်းပကြောင်း သိရသည်။
ဝါသနာရှင်များမှတဆင့် နိုင်ငံတကာကားပြိုင်ပွဲများသို့ ဝင်ရောက်နိုင်သူများပေါ်ထွက်လာစေရန်၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းကို လိုက်နာမောင်းနှင်ကြစေရန်အတွက်
ပြိုင်ပွဲစည်းကမ်းများ သတ်မှတ်ထားကြောင်း၊ ကားနှင့်ပတ်သက်သည့် စိတ်ကူစိတ်သန်းများနှင့်တွေးမြင်ဗဟုသုတများ တိုးတက်လာစေရန်နှင့် မျိုးဆက်သစ်များ ကားပြိုင်ပွဲစည်းကမ်းများကို သိရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး တာဝန်ခံ ကိုစိုင်းကျော်နိုင်ဦးကပြောသည်။
"ကျွန်တော်တို့က လားရိုးကနေ ကားလာပြတာပါ။ ပြိုင်ပွဲမဝင်ပါဘူး။ သူငယ်ချင်းတွေစုပြီး လာကြတာ။ ကား အစီး၂၀ ပါ။ အားလုံးက ဝါသနာရှင်တွေပေါ့”ဟု ကားအလှပြပွဲလာသူတဦးက ပြောသည်။
အဆိုပါ ကားပြပွဲပြိုင်ပွဲတွင် ကားစီးရေ ၇၀ ကျော်ခန့် ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။
စိုင်းထူးခန့်

No comments:
Post a Comment