Wednesday, December 7, 2016

ဆောင်းပါး

"နှစ်ပေါင်း(၂၀) ကျော် အောင်သိမ်းကုမ္ပံဏီများ မရှိစေလို"
=======================================
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် စဥ့်ကူးမြို့နယ်
အတွင်းက ရွှေလုပ်ကွက်များ ဒေသခံ အများကုမ္ပံဏီ တွေ
လုပ်ခွင့် ရရှိရေး နှစ်ပေါင်း(၂၀) ကျော် ဒေသအာဏာပိုင်များ
နှင့် တိုင်းဒေသကြီး အစိုးရဝန်ကြီး ပူပေါင်းကာ ရွှေကုမ္ပံများကို
လုပ်ပိုင်ခွင့် ပေးထားသဖြင့် ရွှေတူးဖော်ရေး လုပ်ငန်းအမှီပြု
ကာ လုပ်ကိုင်းစားနေသော် ရွှေအင်များ တွင်းများကို ရွှေထွက်
လာတာနဲ့အမျှ "အောင်ပြီဆိုလျှင် "အသိမ်းခံရလို့ အောင်သိမ်း
ကုမ္ပံဏီများ မရှိစေကြောင်း အစိုးသစ်လက်ထက်မှ အဆိုပါ
ကုမ္ပံဏီ များ သက်တမ်းတိုးမြင့် မပေးထားသော်လည်း
လက်ရှိ လုပ်ကိုင်နေခြင်းများကို တားမြှစ်ပေးကာ ဒေသခံ
များလျှောက်ထားသော အများပိုင်ကုမ္ပံဏီ များခွင့်ပြုပေးမှာသာ
ရွှေတော့ဒေသ ဖွံဖြိုးကာ လွန်ခဲ့သော နှစ် (၂၀)ကျော်က စည်းကားမှုများပြန်ရရှိကာ အများစီးပွားရေးဖြစ်မည်ဖြစ်ကြောင်း ခရိုနီများ၏ ဒေသခံများ
ထံကမတရားသိမ်းဆည်းထားသည့် နေရာများ ပြန်လုပ်ခွင့်
ရပါက တိုင်းပြည်အတွက် အထောက်အကူဖြစ်မယ်ဟု
ဒေသခံများကပြောပြခဲ့သဖြင့်စာရေးသူအနေဖြင့်နှစ်ပေါင်း(၂၀) ကျော်အောင်သိမ်းကုမ္ပံဏီများ မရှိစေလို"အမည်ပေးကား
ရေးသားဖော်ပြလိုက်ရပါသည်။
"စိတ်နေ ဘုံဖျာ အိပ်တော့ ခြုံ ကြား သောက်တော့ ဒူးယား
ဝတ်တော့ မလေးရှား ဟု ဒေသအခေါ် အသုံးအနှုံန်းများဖြင့်
စည်ကားလျှက်ရှိသော ရွှေတော့ဒေသ ကို မြန်မာနိုင်ငံ တစ်ဝှမ်းက အလုပ်မရှိသူတွေ နေစား ရွှေလုပ်သားများဘဝ
တွေဖြစ် သွားရောက်ကာလုပ်ကိုင်ခဲ့ကြသော ရွှေများထွက်
ရှိသော နေရာများတွင် မြန်မာနိုင်ငံအတွင်းက စီးပွားရေး
လုပ်ငန်းများ ဈေးသည်များ ရောင်းဝယ်ဖေါက်ကားသူများနှင့်
လွန်ခဲ့သော နှစ်ပေါင်း (၂၀)ကာလက စည်းကားလျှက်ရှိသည်
ကို သတိရမိခဲ့ပါတယ် "
ဒေသခံ ရွှေတူးဖော်ရေး လုပ်ငန်းများကို တစ်ပိုင်တစ်နိုင်လုပ်
ခွင့်ကို အစိုးရသစ်လက်ထက်တွင် ပြန်လှည်လုပ်ပိုင်ခွင့်
မျော်လင့်ကြသော်လည်း လက်ရှိအစိုးသစ် အနေဖြင့်
ဘယ်လိုဆောင်ရွက်ပေးမယ်ဆိုတာ မသိရသေပေမယ့်
အစိုးသစ်လက်ထက် ကုမ္ပံဏီများ ကို ရွှေများတူးဖော်ခွင့်
လိုင်စင် သက်တမ်း တိုးမပေးတာလောက်တော့သိရတယ်
အောင်သိမ်းကုမ္ပံဏီ အနေနဲ့ လက်ရှိအစိုးရက တားမြစ်ထား
သေည်လည်း တူးဖော်လျှက်ရှိပြီး ဒေသ အာဏာပိုင်များက
အကာကွယ်ပေးထားကြောင်း ဒေသခံတွေ၏ပြောပြချက်
တွေအရသိရှိခဲ့ပါတယ်။
"၁၉၉၀ခုနှစ်ကာလ အထိ ရွှေတော့ဒေသကို အလုပ်သွားလုပ်
သူတွေ ဒေသခံတွေ ဈေးတွေ ရွှေတစ်ပိုင်တစ်နိုင် တူဖော်သူ တွေနဲ့ ညနေအချိန်ဆို တိုးမပေါက်အောင် စည်ကားခဲ့သော်
လည်း ကုမ္ပံဏီများကို တူးဖော်ခွင့် ပါမစ်ချပေးကာ ဒေသခံတွေ ထံက လုပ်ကွက်များ သိမ်းဆည်းသည့် အချိန်က
နေ ယနေ့အချိန်ထိ ဈေးသည်ဆိုသော သူတွေမရှိခြင်း
ကုမ္ပံဏီတွေ ဝင်လာတာနဲ့ သူအလုပ်သမားတွေနဲ့သူဆိုတော့
ဒေသခံအများစုဟာ နေရာပြောင်းရွေ့ ကာ ရေကြည်ရာ မြတ်နု
ရာဆိုသလို့  ပြောင်းရွေ့ ကာ ကြုံရာအလုပ်များသာ လုပ်ရကာ
မြန်မာနိုင်ငံအနှံက စီးပွားရှာဖို့ ရွှေတော့ဒေသကို မလာကြ
တော့ဘဲ တစ်ဦးတစ်ယောက် ကုမ္ပံဏီစီးပွားရေး လုပ်ငန်းရှင်
များသာ ချမ်းသာကာ ဒေသခံတွေ အလုပ်သမားဘဝတောင်
ရပ်တည်ခွင့်မရှိတော့အကြောင်းသိရပါတယ်။
အလုပ်မရှိလို့  ဈေးရောင်းစားးတယ် ဝယ်မယ်သူမရှိဘူး
ရွှေလုပ်ငန်းများ မလုပ်ရလို့  စက်ချုပ်စားမယ်ဆိုပြီး စက်ဆိုင်ဖွင့်တယ် အလုပ်မဖြစ်ကြလို့  လာချုပ်မယ်သူ မရှိတဲ့
ဘဝ အဲဒီလို့နဲ့ အမျိုးကောင်းသမီးတစ်ချို့ ပြည်တန်ဆာ ဖြစ်သူ
ဖြစ် ဘဝပျက်လို အခြားဒေသပြောင်းသွားသူများရှိပြီး လူမျိုးခြား တရုပ်များကို ရွှေတူးဖော်ခွင့် ကုမ္ပံဏီတွေချပေးခဲ့လို
ပြည်တွင်း မြန်မာလူမျိုးများအားလုံးတင်မက ဒေသခံတွေပါ
ဆင်းရဲဒုက္ခတွင်းထဲ့ တစ်ဖြေးဖြေးနဲ့ ရောက်ခဲ့ရလို အထွေ
ထွေ ရွေးကောက်ပွဲကြီး၂၀၁၅ အပြီး အနိုင်ရပါတီ NLD
အစိုးရတက်လာလို့ မြန်မာပြည်သူလူထု ကိုယ်စားပြု ပါတီ
ကြီးဖြစ်သော လက်ရှိအစိုးရအနေဖြင့် ဒေသခံများကို လုပ်ပိုင်
ခွင့်ချပေးစေလိုပါတယ် ဒေသခံတွေဟာ ကိုလူမျိုး ကိုဒေသ
ဖွံဖြိုးဖို့အတွက် အဓိက လူတွေပါ တရုတ်နိုင်ငံသား ကုမ္ပံဏီ
သူဌေးတွေဟာ ဒေသဖွံဖြိုးရေး လုပ်ပေးမယ်ဆိုပြီး ခေတ်မှီ
စက်ကြီးများဖြင့် သာဘဝဘေးအန္တရာယ် မကြည့် ကိုယ်ကြိုး
စီးပွားသာလုပ်ခြင်း ဒေသဖွံဖြိုးရေး လုပ်မည်ဆိုသော ကုမ္ပံဏီ
တွေကဘဲ ဒေသခံတွေ အလုပ်သမားဘဝတောင်မခိုင်းခဲ့ဘူး
ကိုယ်ပိုင် လက်လုပ်တွင်းလေး တူနေသူတွေတောင် သူတို့
ကုမ္ပံဏီ ပိုင် မြေနေရာဟုဆိုကာ မတရားအမှုဆင် ထောင်ကျ
တာတွေ ကျူးကျော်မှု့များ နဲ့ ဒေသ အာဏာပိုင်တွေနဲ့ပေါင်းကာ
လူကိုလူလိုမသိသူများကို အစိုးသစ်လက်ထက်မှ ကုမ္ပံဏီ
တွေ သက်တမ်းတိုးမြင့်ပေးမထားသည်ကို ကြားသိရလို
အထူးဝမ်းသာမိတယ် မြန်မာနိုင်ငံရဲ့ သယံဇတကို မြန်မာလူ

မျိုးတွေ ခံစားခွင့်ပေးစေလိုတယ်ဟု အစရှိသော ဒေသခံတွေ
၏တောင်ဆိုမှု့များ ရရှိစေလိုသောဆန္ဒဖြင့် ရေးသားဖော်ပြတာပါ မည်သူတစ်ဦးတစ်ယောက် ကုမ္ပံဏီး
များအကျိုးပျက်ဆီးစေလိုသော ဆန္ဒမပါပဲ ရေးသားရခြင်းဖြစ်
ပါတယ်။

posted from Bloggeroid

No comments:

Post a Comment