သိမ်းဆည်းခံလယ်ယာမြေများကို မူလတောင်သူများက
ပြန်လည်လုပ်ကိုင်ခွင့်ရရှိလိုကြောင်းရှင်လင်း။
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်ချမ်းသာကျေးရွာအုပ်စု မှ
ကွင်းအမှတ် ၄၄၇ အတွင်း အကျဉ်းဦးစီးဌာန မှ ၁၉၉၂ ခုနှစ်၊အကျဉ်းထောင်
တည်ဆောက်စဉ်က သိမ်းဆည်းခဲ့သည့် မြေများတွင် ပိုလျှံမြေများကို မူလ
တောင်သူများက ပြန်လည်လုပ်ကိုင်လိုကြောင်း

ယနေ့ဒီဇင်ဘာ ၁၈-ရက် မွန်းလွဲ
၁-နာရီက ရှင်းလင်းသည်။
အကျဉ်းထောင်ဆောက်လုပ်စဉ်က ပစ္စည်းများစုပုံထားရှိရန် မေတ္တာရပ်ခံခဲ့သဖြင့်
ခွင့်ပြုခဲ့ရာမှ နောက်ပိုင်းတွင် ခြံခတ်သိမ်းဆည်းခဲ့ပြီး ပိုလျှံနေသော
မြေများကို လုပ်ကိုင်ခွင့်ရလိုသဖြင့် ယခင်အစိုးရလက်ထက်မှ ယနေ့ထိ
သက်ဆိုင်ရာကို တင်ပြတောင်းခံခဲ့သည်ဟု သိရသည်။
“အရင်အစိုးရ ဆင်းခါနိးမှာ လွှတ်တော်ကိုယ်စားလှယ်တွေက စစ်ဆေးတွေ့ရှိချက်ကို
တိုင်းဒေသကြီးလွှတ် တော် မှာ တင်ပြခဲ့တယ်။ခုလည်း ၀န်ကြီးချုပ်လက်ဝယ်ထိ
တင်ပြခဲ့ပြီးပြီ။ဘာမှ အကြောင်းပြန်လာတာ မရှိသေး ဘူး။ ပိုလျှံတဲ့ မြေကို
တောင်းဆို တာဖြစ်ပြီး အဲဒီမှာ မြေပွဲစားတွေက အရောင်းအ၀ယ်လုပ်နေကြတယ်။”ဟု
ရှင်းလင်းသူ ဦးသိန်းလွင်က ပြောသည်။
စုစုပေါင်း ၆-ဧက ကျော်ဖြစ်ပြီး အကျဉ်းထောင်နှင့်
ဆက်စပ်ဧရိယာမဟုတ်သကဲ့သို့ စီမံကိန်းအကောင်အထည် ဖေါ်ခြင်း လည်းမရှိသည့်
နေရာဖြစ်၍ ဥပဒေအတိုင်းဆောင်ရွက်ပေးစေလိုကြောင်းနှင့် သက်ဆိုင်ရာ
တိုင်းဒေသ ကြီး လွှတ်တော်ကိုယ် စားလှယ်ထံသို့လည်း
သွားရောက်တင်ပြခဲ့ကြောင်းသိရသည်။
ရှင်းလင်းသူတစ်ဦးကပြောကြားရာတွင် “လက်ရှိ တိုင်းဒေသကြီးဝန်ကြီးချုပ်ကို
ပုသိမ်ကြီး မြို့မဈေးဖွင့်ပွဲနေ့က တွေ့ဆုံပြီး လက်ထဲအထိ ပေးအပ်ခဲ့တော့
စီစစ်ဆောင်ရွက်ပေးမယ်လို့ ပြောခဲ့တယ်။ ကြားကာလမှာ အဲဒီမြေ တွေကို
ကွက်စိပ်ပြီး ရောင်းကြတာကို အကျဉ်းဦးစိးကိုလည်း အသိပေးခဲ့တယ်”ဟု ဆိုသည်။

posted from Bloggeroid
No comments:
Post a Comment