Saturday, December 17, 2016

မင်းကွန်းသတင်း



"မင်းကွန်းတိပိဋကဆရာတော်ရဲ့အသုံးဆောင်ပစ္စည်းများတန်ဖိုးမဖြက်နိုင်သောရွှေပေစာ
များမီးလောင်းထဲ့လုံးဝမပါဟုဆို"
=============================
စစ်ကိုင်း ဒီဇင်ဘာ ၁၇


စစ်ကိုင်းတိုင်း မင်းကွန်းတောင်ရိုး
မီးလောင်စဉ်က မင်းကွန်း တိပိဋကဆရာတော်ဘုရားကြီးရဲ့ ရဟန်းအသုံးအဆောင်တွေ တန်ဖိုးမဖြတ်နိုင်တဲ့ရှေးဟောင်းပေစာထုပ်တွေ မီးသင့်ခဲ့တယ်ဆိုတာ လုံးဝမဟုတ်ဘူးလို့ မင်းကွန်း တိပိဋကဓမ္မနာဒပရိယတ္တိစာသင်တိုက်ကြီးရဲ့ နာယကဆရာတော်များအဖွဲ့က ဒီနေ့ပဲတရားဝင်သတင်းစာရှင်းလင်းပွဲပြုလုပ်
၍ပြောသည်။


“သတင်းတစ်ချို့မှာပါလာတဲ့အခါကျတော့ ဆရာတော်ကြီး ကို တန်ဖိုးထားမြတ်နိုးကြတဲ့ ရပ်ဝေးရပ်နီးတပည့်ဒါယ ကာ ဒါယိကာတွေကလှမ်းဖုန်းဆက်မေးကြတယ်၊ ၀မ်းနည်းပူဆွေးကြတယ် ဒါကြောင့်မို့လို့ အဖြစ်မှန်ကို ပြန်ရှင်းတာပါ" လို့ နာယကအဖွဲ့ဝင်ဆရာတော်ဦးကေသရက
မိန်ကြားခဲ့သည်။


ဒီဇင်ဘာ ၁၂ ရက် ည ၉ နာရီခွဲခန့် က မင်းကွန်းတိပိဋက ဓမ္မနာဒပရိယတ္တိစာသင်တိုက်အတွင်းက သံဃာ ၆ ပါးသတင်းသုံးရာ ၃ ထပ်ကျောင်းဆိုင်တစ်ခုမီးလောင်မှုဖြစ်ခဲ့တာမှာ သတင်းဌာနတစ်ချို့က ဆရာတော်ကြီးမူလသတင်းသုံးတော်မူရာ ကျောင်းဆောင်မီးလောင်ခဲ့တာဖြစ်ပါတယ်
ဆရာတော်ကြီးနဲ့ပတ်သက်တဲ့ ရဟန်းအသုံးအဆောင်တွေ တန်ဖိုးဖြတ်မရတဲ့ ရှေးဟောင်းပေစာတွေပျက်စီးဆုံးရှုံးခဲ့ကြောင်း ရေးသားဖော်ပြကြတဲ့အတွက် ဆရာတော်ကြီးအပေါ် ကြည်ညိုကြသူတွေ များစွာဝမ်းနည်းပူဆွေးမှု ဖြစ်ခဲ့ကြတယ်
“သံဃာ ၆ ပါးရဲ့ရဟန်းအသုံးအဆောင်တွေပဲပါသွား
ဆရာတော်နဲ့ပတ်သက်တာတွေ လုံးဝ လုံးဝမပါ၂၀၁၁ တုန်းက မိုးကြီးလို့အုတ်တံတိုင်းပြိုပြီးကတည်းက၂၀၁၁ ကတည်းက ဆရာတော်ပုံတူရုပ်တု ၂ ခုနဲ့ ရွှေပေစာတွေ၊ တန်ဖိုးကြီးအရာမှန်သမျှ ရာပြည့်ကျောင်းထဲ ရွှေ့ထားပြီးဖြစ်ပါတယ်၊ ဆဌသင်္ဂါယနာတင်ကာလက ဆရာတော်ရဲ့ နှစ်ထပ်သင်္ဃန်းကြီး၊ ယပ် အစရှိတဲ့ပရိက္ခရာရှစ်ပါး ပေစာတွေမီးလောင်ခံရတယ်ဆို တာလည်း လုံးဝမဟုတ်ပါဘူး၊ အဲဒါတွေက
ဗုဒ္ဓပြတိုက်အတွင်းရှိတာပါ၊
ပြခန်းဆောင်လုံးဝမီးမသင့်ခဲ့ပါဘူး " လို့လည်း ဆရာတော်ကမိန့်ပါတယ်။
ဗုဒ္ဓ၀င်ပြခန်းဆောင်ဟာ လုံးဝ လုံးဝမီးလောင်ခြင်းမရှိတာ ကို ဆရာတော်ရဲ့တပည့်ဒါယကာဒါယိကာတွေ သိစေလို တဲ့အတွက် အခုလိုသတင်းစာရှင်းလင်းပွဲတစ်ခုနဲ့ ပြန်လည်ရှင်းပြရတာဖြစ်တယ်လို့လည်း နာယကအဖွဲ့ဝင် ဆရာတော်တွေ မိန့်ကြားခဲ့
သည်။
အဆိုပါ မင်းကွန်းတိပိဋကဓမ္မနာဒကျောင်းအတွင်းမှ
ဆရာတော်ဘုရားကြီးသတင်းသုံးတော်မူခဲ့ရာ ကျောင်းဆောင်ကြီး လုံးဝလုံး ၀ မီးလောင်ခဲ့ခြင်းမရှိကြောင်း နဲ့ ဆရာတော့်ရဟန်း အသုံး အဆောင်တွေ ရွှေပေစာတွေ တန်ဖိုးဖြတ်မရတဲ့ဆရာတော် နဲ့ ပတ်သက်တာတွေ လုံးဝမီးမသင့်ခဲ့ပါဘူး
လက်ရှိအနေအထားအရ ဘုရားဖူးများ
လာရောက်လေ့လာခြင်း ဗုဒ္ဓဝင် ပြတိုက်နဲ့
ရာပြည့်ကျောင်းဆောင်အတွင်းမှယနေ့တိုင်
တိရှိလျှာက်ရှိသည်ကိုတွေ့ရသည်။
စိုင်းထူးခန့် 

posted from Bloggeroid

No comments:

Post a Comment