Friday, December 30, 2016
ပထမဆုံးအကြိမ်​ ကားပြိုင်​ပွဲ ပြပွဲမန္တ​လေး
မန္တလေးမြို့မှကားဝါသနာရှင်များစုပေါင်း၍ ပြင်ဦးလွင်တွင်
ကားပြပွဲနှင့်Car Driftဆွဲပြိုင်ပွဲကျင်းပ
မြတ်​သစ်​ခိုင်
မန္တလေးမြို့မှကားဝါသနာရှင်များစုပေါင်းဖွဲ့စည်းထားသော Mandalay Car
Week(2016-Event) အနေ ဖြင့် ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာအုပ်စုရှိ
ပြင်စာ(Cyber City)၌ ကားပြပွဲနှင့်Car Driftဆွဲပြိုင်ပွဲကို ယနေ့
နံနက်(၁၀)နာရီခွဲမှစတင်၍ နှစ်ရက်တာကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကိုဝါသနာရှင်များမှတစ်ဆင့်
နိုင်ငံတကာကားပြိုင်ပွဲများသို့ ၀င်ရောက်နိုင်သူများပေါ်ထွက် လာစေရန်၊
ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာမောင်းနှင်ကြစေရန်၊ ကားနှင့်ပတ်သက်သည့်
စိတ်ကူးစိတ်သန်းများတိုးတက်လာစေရန်နှင့်အတွေးအမြင်ဗဟုသုတများတိုးတက်လာစေရန်ရည်ရွယ်၍ကျင်းပခြင်းဖြစ်ကြောင်း
ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ(၁)ဦးစိုင်းကျော်နိုင်ဦးက
ပြောကြားခဲ့ သည်။
“Car Driftဆွဲပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်မဲ့သူတွေဟာ
ကော်မတီကထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်း အတိုင်း
လိုက်နာပြီးပါဝင်ယှဉ်ဖို့ လုပ်ဆောင်ထားပါတယ်။ နောက်ပြီး
သတ်မှတ်ထားတဲ့ပုံစံအတိုင်းလိုက်နာယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အခု
ပြိုင်ပွဲဟာ Mandalay Car Weekအတွက် မန္တလေးမှာပထမဆုံးဖြစ်တဲ့အတွက်
နောက်နှစ်တွေမှာ ဒီထက်မကပိုပြီး ကောင်းမွန်အောင်လုပ်ဆောင်သွားမှာပါ။
အခုပထမရက်မှာက ကားအလှပြပွဲသီးသန့်ပါ။ ဒုတိယရက် မှာက Car
Driftဆွဲသီးသန့်ပြိုင်သွားမှာပါ။ ကားပြိုင်ပွဲဆိုတာ
ကမ္ဘာမှာအားကစားတစ်ခုပဲ။
နိုင်ငံတကာနဲ့ယှဉ်ပြိုင်ပြီးသူတို့လိုမောင်းနိုင်တဲ့ Off Road &
Driftကျွမ်းကျင်သူတစ်ယောက်ဖြစ်စေချင်တဲ့အတွက်
အခုလိုပြုလုပ်ခြင်းဖြစ်ပါတယ်။”ဟု ၎င်းကဆက်လက်ပြောကြားသည်။
Car Driftဆွဲပြိုင်ပွဲကို (A)အုပ်စုနှင့်(B)အုပ်စုဟူ၍သတ်မှတ်ထားပြီး
ဝင်ရောက်ယှဉ်ပြိုင်မည့်သူများ အနေဖြင့်
တစ်ဦးလင်ငွေကျပ်နှစ်သောင်းပေးသွင်း၍ ပါဝင်ယှဉ်ပြိုင်စေကာ ဆုကြေးအဖြစ်
(၆)သိန်း၊ (၄)သိန်းနှင့် (၂) သိန်းတို့ကိုချီးမြှင့်သွားမည်ဖြစ်သည်။
“ကျွန်တော်က (A)အုပ်စုကနေ၀င်ရောက်ယှဉ်ပြိုင်သွားမှာပါ။
ဒီပြိုင်ပွဲပါဝင်ယှဉ်ပြိုင်ဖို့ သုံး၊လေးလောက်ကြိုတင်ပြင်ဆင်ခဲ့တာပါ။
ဝင်ရောက်ယှဉ်ပြိုင်မဲ့ကားအမျိုးအစားကတော့ တိုယိုတာ Mark-2(99)ပါ။
ဒီပြိုင်ပွဲကိုဝင်ရောက်ရတဲ့ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာလည်း
ကားအားကစားပြိုင်ပွဲတစ်ခုဖြစ်မြောက်လာစေဖို့အတွက်
ယှဉ်ပြိုင်ခြင်းဖြစ်ပါတယ်။ ဆုရရှိအောင်လည်းယှဉ်ပြိုင်သွားမှာပါ။”ဟု
ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မန္တလေးမြို့နေ
ကိုအကြီးကောင်(ခ)၀င်းတင့်ထွန်းက ပြောကြားသည်။
အဆိုပါပြိုင်ပွဲတွင် ပြပွဲအတွက်ပါဝင်ပြသမည့်ကားအစီးရေ(၇၀)ကျော်ရှိပြီး
Car Driftဆွဲပြိုင်ပွဲတွင် ကား အစီးရေ(၃၅)စီးကျော်၊
အလှပြကားအစီးရေ(၂၀)နှင့် ရှေးဟောင်းများနှင့် ပုံစံသစ်ထုတ်လုပ်ထားသည့်
ကားအစီးရေ(၁၀)ကျော်တို့ကိုပြသခဲ့ကာ ဒီဇင်ဘာ(၃၁)ရက်တွင်
ကားဒရစ်ဆွဲပြိုင်ပွဲကို ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း သိရသည်။
မန္တ​လေးကားပြိုင်​ပွဲပြပွဲ
ပြင်ဦးလွင်တွင် Mandalay Car Week ပွဲ ကျင်းပ
---- ------ ------ ------ ----
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ ပြင်စာကျေးရွာအနီး Cyber City တွင် ကားဝါသနာရှင်များစုပေါင်းကာ Mandalay Car Week (2016) ကားပြပွဲပြိုင်ပွဲကို ဒီဇင်ဘာလ ၃၀နှင့် ၃၁ ရက်နေ့တွင် ကျင်းပကြောင်း သိရသည်။
ဝါသနာရှင်များမှတဆင့် နိုင်ငံတကာကားပြိုင်ပွဲများသို့ ဝင်ရောက်နိုင်သူများပေါ်ထွက်လာစေရန်၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းကို လိုက်နာမောင်းနှင်ကြစေရန်အတွက်
ပြိုင်ပွဲစည်းကမ်းများ သတ်မှတ်ထားကြောင်း၊ ကားနှင့်ပတ်သက်သည့် စိတ်ကူစိတ်သန်းများနှင့်တွေးမြင်ဗဟုသုတများ တိုးတက်လာစေရန်နှင့် မျိုးဆက်သစ်များ ကားပြိုင်ပွဲစည်းကမ်းများကို သိရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး တာဝန်ခံ ကိုစိုင်းကျော်နိုင်ဦးကပြောသည်။
"ကျွန်တော်တို့က လားရိုးကနေ ကားလာပြတာပါ။ ပြိုင်ပွဲမဝင်ပါဘူး။ သူငယ်ချင်းတွေစုပြီး လာကြတာ။ ကား အစီး၂၀ ပါ။ အားလုံးက ဝါသနာရှင်တွေပေါ့”ဟု ကားအလှပြပွဲလာသူတဦးက ပြောသည်။
အဆိုပါ ကားပြပွဲပြိုင်ပွဲတွင် ကားစီးရေ ၇၀ ကျော်ခန့် ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။
စိုင်းထူးခန့်
Wednesday, December 28, 2016
"နှစ်​စဉ်​ကျင်းပလျှက်​ရှိ​သောတံခွန်​တိုင်​ နွား
ဘေးမဲ့ပွဲ​တော်​ (၇၁)ကြိမ်​​မြောက်​ကျင်းပ"
=============================
မန္တ​လေး ဒီဇင်​ဘာ ၂၈
မန္တ​လေးတိုင်း ပြည်​ကြီးတံခွန်​မြို့နယ်​ တံခွန်
တိုင်​နွား​ဘေးမဲ့ပွဲ​တော်​ကိုဒီဇင်​ဘာလ ၂၈
နေ့က နှစ်​စဉ်​ကျင်းပလျှက်​ရှိ​သော နွား​ဘေး
မဲပွဲ​တော်​ကို (၇၁)ကြိမ်​​မြောက်​အဖြစ်​စည်​ကားသိုက်​မြိုက်​စွာကျင်းပပြုလုပ်​ခဲ့သည်​ကို
တွေ့ရသည်​။
တံခွန်​တိုင်​နွား​ဘေးမဲပွဲ​တော်​ကို အိန္ဒိယနွယ်
ဝင်​ ဟိန္ဒူဘသာဝင်​များက ဦးစီး၍ နှစ်​စဉ်​ကျင်း
ပပြုလုပ်​ခဲ့ရာ ယခုနှစ်​ဆိုလျှင်​ ၇၁ ကြိမ်​​မြောက်​ကျင်းပခဲ့တာဖြစ်​ပြီး နွားများကိုလာ​ရောက်​လှူဒါန်းသူများရှိသဖြင့်​ ယခင်​နှစ်​က
၇၉ ​ကောင်​ရှိပြီး ယ​နေ့ ၁၁ ​ကောင်းလာ​ရောက်​လှူကြသူများရှိသဖြင့်​ တံခွန်​တိုင်​နွား​ဘေးမဲ့ စခန်းတွင်​ နွာအ​ကောင်​​ရေ ၉၀ ထိ
ထိမ်းသိမ်း​ဆောက်​​ရှောက်​ထားကာ တစ်​နှစ်
မှတစ်​ကြိမ်​ ပွဲ​တော်​အတွက်​ မန္တ​လေး စီးပွား
ရေးလုပ်​ငန်းရှင်​များထံကို လှူခံကား​ကျွေး​မွေး
ဆောင့်​​ရှောက်​လျှက်​ရှိပြီ ​မြေဧက ၄၀ အတွင်းနွားများကို ​နောင်​ကြိုးမဲ လွတ်​ထားလျှက်​ရှိ
ကြောင်း တာရှိသူများထံကသိရသည်​။
Tuesday, December 27, 2016
မန္တ​လေးတက္ကသိုလ်​တွင်​တပ်​မ​တော်​စစ်​ပညာသင်​ကြား​ပေးမည်
"မန္တ​လေးတက္ကသိုလ်​တွင်​​ကျောင်းသား​ကျောင်းသူများတပ်​မ​တော်​ တပ်​ဖွဲ့ဝင်​သင်
တန်း အခမဲ့စာရင်း​ပေးသွင်းကာတက်​​ရောက်
ခွင့်​သင်​တန်းပိုချသွားမည်​"
==============================
မန္တ​လေး ဒီဇင်​ဘာ ၂၈
မန္တ​လေးတိုင်း​ဒေသကြီး မဟာ​အောင်​​မြေမြို့
နယ်​ မန္တ​လေးတက္ကသိုလ်​​ကျောင်းအတွင်းရှိ
အင်​ဝ​ဆောင်​အမှတ်​(၉)ခန်းမ​ဆောင်​တွင်
မန္တ​လေးတက္ကသိုလ်​နှင့်​အမှတ်​(၂)တက္ကသို
လ်​​လေ့ကျင့်​​ရေးတပ်​တို့ပူး​ပေါင်းကာ ၂၀၁၆/
၂၀၁၇ ပညာသင်​နှစ်​ တပ်​ဖွဲ့ဝင်​သင်​တန်းဖွင့်
လှစ်​နိုင်​​ရေး ​ဟော​ပြောပွဲကို ဒီဇင်​ဘာလ ၂၇
နေ့ကကျင်းပပြုလုပ်​ခဲပြီး စိတ်​ပါဝင်​စား​သော
ကျောင်းသား​ကျောင်းသူများ ဒီဇင်​ဘာလ ၂၈
နေ့မှစတင်​၍ ဇန်​နဝါရီလ ၁၀ ရက်​​နေ့၂၀၁၇
ထိ အင်​ဝ​ဆောင်​​ရှေ့တွင်​လူကိုယ်​တိုင်​လာ​ရောက်​စာရင်း​ပေးသွင်းနိုင်​​ကြောင်းသိရသည်​။
၂၀၁၆/၂၀၁၇ပညာသင်​နှစ်​ တပ်​ဖွဲ့ဝင်​သင်​တန်းဖွင့်​လှစ်​နိုင်​​ရေးအသိပညာ​ပေး​ဟော​ပြောပွဲအခန်းအနားကို မန္တ​လေးတက္ကသိုလ်
ပါ​မောက္ခချုပ်​ ​ဒေါက်​တာသိတာ အမှတ်​(၂)
တက္ကသိုလ်​​လေ့ကျင့်​​ရေးတပ်​မှ တပ်​​ရေး
ဗိုလ်​ကြီး ရန်​နိုင်​ထွန်းနှင့်​တပ်​ဖွဲဝင်​များ​ကျောင်း
သား​ကျောင်းသူ(၁၅၀)ခန့်​တက်​​ရောက်​ကာ
ဒေါက်​တာသိတာကအဖွင့်​အမှာစကား​ပြော
ကြားခဲ့သည်​ကို​တွေရသည်​။
"ကျွန်​မအ​နေနဲ့ ဒီအခန်းအနားတွင်​​ပြောခွင့်​ရ
လို့ ​ကျေးဇူးတင်​​ကြောင်း​ပြောလိုပါတယ်
သင်​တန်း၏ရည်​ရွယ်​ချက်​မှ ယခု​လေ့ကျင့်​​ရေး အ​ပျော်​တမ်းတပ်​မ​တော်​မှ အမြဲတမ်​မ
တော်​သို့ဝင်​​ရောက်​လိုပါကများစွာ အကျိုးရှိ
လာမှာဖြစ်​ပါတယ်​ ဘွဲရရှိပြီပါက(OTS)သင်
တန်းသို့တက်​​ရောက်​နိုင်​​ကြောင်း​လေ့ကျင့်​ခြင်းအားဖြင့်​ ကိုယ်​ခန္ဓာ ကျန်းမာကြံခိုင်​ခြင်း
စွမ်းရည်​ထက်​မျက်​ခြင်း အ​တွေ့အကြုံ​ကောင်
းများရရှိနိုင်​ခြင်း ယခု​လေ့ကျင့်​​ရေးသည်​က
ကာကွယ်​​ရေးဝန်​ကြီးဌာနနှင်​ပညာ​ရေးဝန်​ကြီးဌာနသို့ပူး​ပေါင်း​ဆောင်​ရွက်​ခြင်းဖြစ်​ပါတယ်​။ ကျွန်​မနိုင်​ငံတွင်​မကပါဘူး အစ္စ​ရေး
ကိုရီးယား အစရှိသည့်​ နိုင်​ငံများ အမျိုးသမီး
အမျိုးသား​တွေပါ စစ်​မူထမ်း​ဆောင်​​နေကြတာ
ဖြစ်​ပါတယ်​ဟု မန္တ​လေးတက္ကသိုလ်​ ပါ​မောက္ခ
ချုပ်​​ဒေါက်​တာသိတာက​ပြောကြားခဲ့သည်​။
"တက္ကသိုလ်​​လေ့ကျင့်​​ရေးသင်​တန်းသို့​ကျောင်းသားတိုင်​မတက်​​ကြောင်း ​နေ့​ကျောင်း
သားများသာရရှိသည့်​ အခွင့်​အ​ရေးဖြစ်​ပါတယ်​။
သင်​တန်းတက်​​ရောက်​ခြင်းဖြင့်​ ကျန်းမာ​ရေး
ကြံခိုင်​ခြင်း တိုက်​ပွဲများတွင်​ အသုံးချရသည့်
ပညာရပ်​များ အုပ်​ချုပ်​မှုစွမ်းရည်​များ စခန်းချ
နည်​များ ​ရှေ့သို့လိုက်​ပါနိုင်​ပါက များစွာအကျိုး
ရှိနိုင်​ပါတယ်​ဒီလိုသင်​တန်း​တွေက စစ်​ကြို​ခေတ်​တက်​​ရောက်​ခဲ့ကြ​သော(UTC)​ကျောင်း
သားများရဲ့မှတ်​တမ်းဓာက်​ပုံများရှိ​ကြောင်း
သင်​တန်းတက်​​ရောက်​စဉ်​နိုင်​ငံ​တော်​ကမှ​ပေး
အပ်​​သော ​ထောက်​ပံ​ငွေလစာများရရှိကာ
သင်​တန်းတက်​​ရောက်​စဉ်​​ပေးအပ်​သည့်​ရာထူးအဆင့်​များ​ပေးအပ်​သွားဖို့ရှိပါတယ်
အခြားနိုင်​ငံရှိတက္ကသိုလ်​တက်​​ရောက်​စဉ်
စစ်​မှုထမ်း​ဆောင်​မှု့မှတ်​တမ်းများနှင့်​ တက္ကသိုလ်​​လေ့ကျင့်​​ရေးတပ်​တွင်​ ​ကျောင်း
သား​ကျောင်းသူသင်​တန်းတက်​စဉ်​ ရိုက်​ကူး
ထားသည့်​မှတ်​တမ်းဗီဒီယိုများပြသာကာ
သင်​တန်းသို့တက်​​ရောက်​လိုပါက ဒီဇင်​ဘာလ၂၈ ​နေ့မှ ဇန်​နဝါရီလ ၁၀ ရက်​​နေ့များ
တွင်​ မန္တ​လေးတက္ကသိုလ်​ အင်​ဝ​ဆောင်​အမှတ်​(၉)​ရှေ့တွင်​ လာ​ရောက်​စာရင်း​ပေးသွင်းနိုင်​​ကြောင်း​ပြောကြားခဲ့သည်​။
ချည်​​ဆေးဆိုးလုပ်​ငန်းပိတ်​ခံရသူသတင်းစားရှင်
"ယက္ကန်းအသုံးပြု ချည်​​ဆေးဆိုးလုပ်​ငန်းအား
ပြန်​လည်​လုပ်​ကိုင်​ခွင့်​ပြု​စေလိုဟုဆို"
===========================
မန္တ​လေး ဒီဇင်​ဘာ ၂၇
မန္တ​လေး အမရပူရမြိုနယ်​ စာ​တော်​​ကျေးရွာ
မြန်​မာရိုရာယက္ကန်းလုပ်​ငန်းများအတွက်
အသုံးပြုလျှက်​ရှိ​သော ချည်​​ဆေးဆိုးလုပ်​ငန်း
အား စည်​ပင်​ဥပ​ဒေဖြစ်​ ဒဏ်​ရုက်​ခြင်း လုပ်
ငန်းရပ်​နားခိုင်းခြင်း ပိတ်​သိမ်းထားခြင်းများ
ကြောင့်​ အိမ်​တွင်းလုပ်​ငန်းရှင်​တစ်​ဦးရဲ့
နစ်​နာဆုံးရှုံးမှုများရှိသဖြင့်​စာနယ်​ဇင်းရှင်​ပွဲ
လုပ်​၍​ပြောသည်​။
ကျွန်​​တော်​ဟာ ၂၀၀၄ ခုနှစ်​ထဲကစတင်​၍
ထင်းကို​လောင်​စာအဖြစ်​အသုံးပြုကာ
ချည်​​ဆေးဆိုးလုပ်​ငန်းလုပ်​ကိုင်​ခဲ့တာပါ
မန္တ​လေးတိုင်း​ဒေသကြီးအတွင်းရှိ စက်​မှုလုပ်​ငန်းရှင်​များနှင့်​ အမရပူရမြို့နယ်​အတွင်းရှိ
ယက္ကန်းလုပ်​ငန်းရှင်​များ၏ ချည်​​ဆေးဆိုးလုပ်
ငန်းတွင်​ အသုံးပြုလျှက်​ရှိ​သော စပါးခွံ​လောင်
စာသုံးမီးဖိုများကိုအသုံးပြု​နေသည်​ကို​တွေ့ရှိရလို ကျွန်​​တော်​တို့ ချည်​​ဆေးဆိုးလုပ်
ငန်းကို စပါးခွံ​လောင်​စားသုံး မီးဖိုကိုအသုံးပြု
ကာ ထင်းကို​လောင်​စာအဖြစ်​အသုံးပြု​နေ
သောမီးဖိုထက်​ ကုန်​ကျစရိတ်​သက်​သာ​စေခြင်း မီး​ဘေးအန္တရာယ်​နှင်​ သဘာဝပတ်
ဝန်းကျင်းကိုထိုခိုက်​မည့်​ဆိုးကျိုးများသက်​သာ
လိုကျွန်​​တောက စပါးခွံ​လောင်​စာသုံးမီးဖိုကို
အသုံးပြုခဲ့တာပါ။
အဲဒါကိုတစ်​ရွာတည်း​နေ အိမ်​နီးခြင်းဖြစ်​သူ
ဦး​အောင်​မြင့်​က စပါးခွံမီးဖိုဖြင့်​ မပြုလုပ်​ရန်
တိုင်​ကြားသဖြင့်​ တာဝန်​ရှိသူများက လာ​ရောက်​စစ်​​ဆေးပြီး လုပ်​ငန်းလိုင်​စင်​လုပ်​ခိုင်
ခြင်း ဆက်​မလုပ်​ရန်​ ပိတ်​ထားခြင်း စည်​ပင်
ဥပ​ဒေဖြစ်​ဒဏ်​​ကြေး​ငွေ​တောင်းခံခြင်းများခံ
ရပါတယ်​ လုပ်​ငန်းပိတ်​သိမ်းပါက ကျွန်​​တော်
မှာ ဆုံးရှုံးနစ်​နာမှု​တွေအများကြီးရှိတယ်
ကျွန်​​တော်​တို့မြန်​မာနိုင်​ငံရဲ ဖွံဖြိုးတိုးတက်​ဖို့
ဆိုလျှင်​ နိုင်​ငံသူ နိုင်​ငံသား​တွေရဲ အ​သေးစား
အလတ်​စား ရင်းနှီးမြုပ်​နှံသူလုပ်​ငန်းရှင်​များကို ဖွံဖြိုးတိုးတက်​​အောင်​​ဆောင်​ရွက်​​ပေး
ဖို့အဓိကကြတယ်
ကျွန်​​တော်​အ​နေဖြင့်​​ပြောရရင်​ မန္တ​လေးစက်​မှု
လုပ်​ငန်းရှင်​များတွင်​အသုံးပြုလျှက်​ရှိ​သော
စပါးခွံမီးဖိုသုံး အ​သေးစား လုပ်​ငန်းတစ်​ခုဖြစ်
သောကျွန်​​တော်​ချည်​​ဆေးဆိုးဖိုလုပ်​ငန်းအား
စပါးခွံမီးဖိုအားပြန်​လည်​အသုံးပြုခွင့်​​ပေ​စေ
လို​ကြောင်း တိုင်း​ဒေသကြီးအစိုးရထံ အသ
နားခံစာတင်​ထားပါတယ်​ အကြိမ်​ကြိမ်​ပါ
ကျွန်​​တော်​ရွာထဲမှာ ကျွန်​​တော်​နဲ့ လုပ်​ငန်းတူ
၃ ဦးရှိပါတယ်​ အဲဒီလူ​တွေကြ မပိတ်​ခိုင်​ဘူး
ကျွန်​​တော်​ကြ​တော့ပိတ်​ခိုင်းတယ်​ ဒဏ်​တပ်
တယ်​ လုပ်​ငန်းလိုင်​စင်​လုပ်​မယ်​ဆို​တော့
လျှောက်​ထား​သော်​လည်းချမ​ပေးဘူး ကျွန်​​တော်​တို့အလုပ်​က လုပ်​ငန်းလိုင်​စင်​နဲ့မဆိုင်
ဘူး အမရပူရတစ်​မြိုလုံးမိရိုဖလာလုပ်​ငန်း
အဖြစ်​​ရှေးယခင်​ထဲ့က လုပ်​​နေကြတာယက္ကန်းလုပ်​ငန်းလိုင်​စင်​​တော့
လူတိုင်​ရှိတယ်​ ကျွန်​​တော်​တို့လုပ်​ငန်းဟာ
လက်​မှုပညာဖြစ်​​သော လက်​ယက္ကန်းထဲ့က
လုပ်​လာခဲ့တာ အခုစက်​ယက္ကန်းအထိပါ
ဘေးပတ်​ဝန်းကျင်းလည်းထိခိုက်​မှုမရှိပါဘူး
တိုင်းတဲသူက နှံတယ်​လို​ပြောပြီး တိုင်းကြား
ခဲတာပါ အမှန်​က မနှံဘူး စပါးခွံ မီးဖိုအသုံး
ပြုသည့်​အတွက်​ ကုန်​ကျသတ်​သာတယ်
သဘာဝပတ်​ဝန်းထိမ်းသိမ်းပြီးသားလည်းကျ
တယ်​တစ်​ခြားရွာ​တွေလည်းဒီလိုပဲအသုံးပြု
တယ်​ အမရပူရ တစ်​မြို့လုံးလည်းအသုံးပြု
လျှက်​ရှိ​ကြောင်း ချည်​​ဆေးဆိုးဖိုပိတ်​သိမ်းခံရ
သူဦး​နေမျိုးထွန်းက​ပြောသည်​။
အဆိုပါချည်​​ဆေးဆိုးလုပ်​ငန်းဟာ အိမ်​တွင်း
အ​သေးစားလုပ်​ငန်းတစ်​ခုဖြစ်​သလို အမရပူ
ရမြိုနယ်​ရဲ့ မြန်​မာရိုးရာယာဉ်​​ကျေးမှုအ​မွေနစ်
တစ်​ခုဆိုရင်​ မမှားပါဘူး ယက္ကန်းပညာတွင်
ချည်​အကြမ်းထည်​များကို အတိုင်​အ​ဖောက်
လိုအပ်​​သောအ​ရောင်​မျာရရှိ​စေရန်​အတွက်
အိန္ဒိယ တရုတ်​ မြန်​မာချည်​ ပိုးချည်​များဖြစ်​ကြ
သော ၂-၈၀ ၂-၄၀ ၂-၆၀ မြန်​မာချည် ဝါဂွမ်း
ချည်​ ပိုးချည်​များကို လိုသလို့​ရောင်​အ​သွေး
ချယ်​ကာ အလှဆင်​ယက်​လုပ်​ရာတွင်​မရှိမဖြစ်​လိုအပ်​​သောလုပ်​ငန်းကို ​ရှေးယခင်
ထဲက ရိုးရားယာဉ်​​ကျေးမှုဖြစ်​တစ်​ပိုင်​တစ်​နိုင်
စီးပွား​ရေးလုပ်​ငန်းအဖြစ်​ တစ်​မြို့လုံးလုပ်​ကိုင်​ခဲ့ကြ​သော်​လည်း ယခုလို ရိုရာလုပ်​ငန်း
ကိုဘယ်​အစိုးရလက်​ထက်​ကမှာတားဆီးခြင်း လုပ်​ငန်းရပ်​ခိုင်းခြင်းမရှိခဲ့​ကြောင်း ပုဂ္ဂိုလ်​​ရေး
ကျေနပ်​မှုမရှိခြင်း လုပ်​ငန်းတူ စီးပွားတူများက
ထင်းအစားအခြား​လောင်​စာသုံးစွဲရာက
ကုန်​ကျသက်​သာပြီး လုပ်​ငန်းဖြစ်​သည့်​အ​ပေါ် တိုင်းကြားခဲ့ရာကဖြစ်​​ပေါ်လျှက်​ရှိ​ကြောင်းသိရသည်​။
Monday, December 26, 2016
အိမ်​တွင်းလုပ်​ငန်းရှင်​တစ်​၍ဦးရဲရင်​ဖွင့်​သံ
"အိမ်​တွင်းအ​သေးစားလုပ်​ငန်းရှင်​လူငယ်
တစ်​ဦးရဲ့ရင်​ဖွင့်​သံဟုဆို"
=============================
မန္တ​လေး ဒီဇင်​ဘာ ၂၇
မန္တ​လေး အမရပူရမြို့နယ်​ စ​တော်​​ကျေးရွာ
အိမ်​တွင်းအ​သေစားလုပ်​ငန်းရှင်​လူငယ်
တစ်​ဦးက ဒီဇင်​ဘာလ၂၇ ရက်​​နေ့ ​နေခင်း
၁ နာရီအချိန်​က ချမ်း​အေးသာဇံမြို့နယ်
၈၈ က​ဖေးတွင်​ မိမိရဲ့ခံစားချက်​များကိုအများ
သိရှိ​စေရန်​ သတင်းစာရှင်​လင်းပွဲပြုလုပ်​၍
သတင်းမီဒီယာများကို​ပြောသည်​။
"ကျွန်​​တော်​ဟာ ၂၀၀၄ခုနှစ်​ထဲ့ကအမရပူရမြို့
နယ်​အတွင်းယက္ကန်းလုပ်​ငန်းရှင်​များ၏ ချည်
ဆေးဆိုလုပ်​ငန်းတွင်​ အသုံးပြုလျှက်​ရှိ​သော
စပါးခွံ​လောင်​စာသုံးမီးဖိုများကိုအသုံးပြု​နေ
သည်​ကိုမီး​ဘေးအန္တရာယ်​နှင့်​သဘာဝပတ်
ဝန်းကျင်းကိုထိခိုက်​မည့်​ဆိုးကျိုးများသတ်​သာ
ကြောင်းသိရ၍ ကျွန်​​တော်​ စပါးခွံ​လောင်​စား
သုံးမီးဖိုကို အသုံးပြုလုပ်​ကိုင်​​နေတာကို
တစ်​ရွာထဲ​နေ အိမ်​နီးခြင်းဖြစ်​သူဦး​အောင်​မြင့်
မှ စပါးခွံမီးဖိုးဖြင့်​ မပြုလုပ်​ရန်​တိုင်​ကြားခြင်းကို တာဝန်​အရသာ လာ​ရောက်​စစ်​​ဆေးပြီး
အမရပူရမြို့နယ်​စည်​ပင်​က ဒဏ်​တပ်​တယ်
လုပ်​ငန်းလိုင်​စင်​မရှိလို​ပြောတယ်​ တစ်​ရွား
တည်း​နေ အခြားချည်​​ဆေးဆိုးဖို​တွေမပိတ်
ရဘူး ကျွန်​​တော်​တစ်​​ယောက်​တည်းပိတ်​ခံရ
တာဖြစ်​ပါတယ်​ စည်​ပင်​ဥပ​ဒေနဲ့အ​ရေးယူခံရ
တာ ကျွန်​​တော်​တို့ရွာက စည်​ပင်​နယ်​နမိတ်​မဟုတ်​ဘူးဟုကို​နေမျိုးထွန်းက​ပြောသည်​။
အဆိုပါမိသားစုတပိုင်းတနိုင်​ချည်​​ဆေးဆိုးဖို
လုပ်​ငန်​ဟာ အမရပူရမြို့နယ်​ယက္ကန်းလုပ်
ငန်းအတွက်​ လက်​မှုပညာအတက်​ပညာ
တစ်​ခုဖြစ်​ပြီး မြန်​မာရိုရာ လက်​မှုယက္ကန်း
အတွက်​မရှိမဖြစ်​ လုပ်​ငန်းတစ်​ခုဖြစ်​ပြီး
အမရပူရမြို့နယ်​အတွက်​ မလုပ်​မဖြစ်​လုပ်​ရ
သောလုပ်​ငန်းတစ်​ခုဖြစ်​ တစ်​မြို့လုံးမှ
ယက္ကန်းသမားများအသုံးပြုလျှာက်​ရှိတာကို
စာ​တော်​​ကျေးရွာအတွင်း အိမ်​တွင်းအ​သေစားလုပ်​ငန်းအဖြစ်​ ၃ ဦးထိလုပ်​ကိုင်​​နေ
သော်​လည်း ၎င်းတစ်​ဦးတည်​ပိတ်​ခံရသဖြင့်
တိုင်း​ဒေသကြီးအစိုးရထံ နိုင်​ငံ​တော်​အ​ဆင့်​ဆင်​သို့တိုင်​ကြားစာများပို့၍အ​ကြောင်းကြား
ခဲ့​သော်​လည်း ထူခြားမှုမရှိသဖြင့်​ယ​နေ့
သတင်းစာရှင်​ပွဲလုပ်​ရ​ကြောင်းသိရသည်​။
ဘောလုံးပွဲသတင်း
ယ​နေ့ မြန်​မာ ရတနာပုံအသင်းနဲ့ လာအို လန်​ဇီ
အသင်းကန်​မည်
အခြေခံပညာအဆင့်မြင့်တန်း(ဒသမတန်း)စာမေးပွဲ ကြီးကြပ်ရေးမှူးဆိုင်ရာ လုပ်ငန်း တာဝန်များ သင်တန်းဖွင့်ပွဲပြုလုပ်မည်ဖြစ်ရာ ဝန်ကြီးချုပ် တက်ရောက်ပါမည်။
သတင်းယူနိုင်ပါရန် ဖိတ်ကြားပါသည်။
နေ့ရက် အချိန် =ဒီဇင်ဘာ၂၆ နံနက် ၈ နာရီခွဲ
နေရာ =လမ်း၈၀။၃၃×၃၃ကြား14- အထက
Sunday, December 25, 2016
မိန်​မဖြစ်​သူ​နောက်​​ယောက်​ကျားယူလိုသတ်​ပြစ်
"မန္တလေးတွင် မိန်မဖြစ်သူနောက်ယောက်ယူ
သွားသဖြင့် ခင်ပွန်းဟောင်းဖြစ်သူက ဓါးဖြင့်
လာရောက်ထိုးသတ်မှု့ဖြစ်ပွား"
=============================
မန္တလေး ဒီဇင်ဘာ ၂၅
မန္တလေး ပြည်ကြီးတံခွန်မြို့နယ် တောင်မြင့်
ရပ်ကွက် အကွက်(၉) နေထိုင်သူ မဇာဇာထွန်း(ခ)မသဲစု အသက် ၃၇ နှစ်နေအိမ်တွင် မြစ်ကြီးနားမှအလည်ရောက်
ရှိလာသော ညီမဖြစ်သူ မချောစု(၂၈)နှစ်
အတူခင်ပွန်းဖြစ်သူ ကိုဖိုးချို(၃၈)တို့စကား
ပြောနေစဉ် မချောစု၏ခင်ပွန်းဟောင်းဖြစ်သူ
သက်မင်းထွေး(၃၃)နှစ်ရောက်ရှိလာကာ
အသင့်ယူဆောင်လာသောဓါးဖြင့်ထိုးသတ်ခဲ့
မှု့ ဒီဇင်ဘာလ ၂၃ နေ ၇း၃၀ အချိန်ကဖြစ်ပွား
ခဲ့ကြောင်းသိရသည်။
"မဇာဇာထွန်း၏ညီမဖြစ်သူ မချောစု ငါးအရောင်းအဝယ်လုပ်ငန်းလုပ်သူနှင့်
ကိုဖိုးချို ဆိုင်ကယ်ဝပ်ရှော့လုပ်ငန်းလုပ်သူ
တို့ လင်မယားနှစ်ယောက် မြစ်ကြီးနားမြို့
ဟေမာသီရိရပ်ကွက်ကနေ အမဖြစ်သူထံ
အလည်ရောက်ရှိ၍စကားပြောနေစဉ်အချိန်
မှ မချော်စု၏ ခင်ပွန်းဟောင်းဖြစ်သူ သက်မင်းထွေး အကွက်(၅)တောင်မြင့်ရပ်ကွက် ပြည်ကြီးတံ
ခွန့်မြို့နယ်နေသူမှ နေအိမ်အတွင်းရောက်ရှိ
လာပြီး မချောစုတို့လင်မယာနှင့် လူမှုရေးကိစ္စစကားများကာ အသင့်ယူဆောင်လာသော အရိုးအသွား(၁၁)လက်မခန့်ရှိ ကော်ရိုးတပ်
စတီးဓါးဖြင့် ထိုးခဲ့ရာ မချော်စု၏ရင်ညွန့်တွင်
ထိုးသွင်းဒဏ်ရာ(၄)ချက် ကိုဖိုးချိုတွင်ဝဲလက်
ပြင်ထိုးသွင်းဒဏ်ရာ(၁)ချက် ယာဘက်ကျော
ကုန်ူထိုးသွင်းဒဏ်ရာ(၁)ချက်တို့အသီးသီးရရှိ
ခဲ့ပြီး မန္တလေူပြည်သူဆေးရုံကြီးသို့ တင်ပို့
ကုသစဉ် ညီမဖြစ်သူ မချောစုမှာ ရရှိဒဏ်ရာ
များဖြင့်သေးဆုံးသွားသဖြင့် သေဆုံးသူ၏
အမဖြစ်သူ မဇာဇာထွန်းမှ ပြည်ကြီးတံခွန်မြို့
မရဲစခန်းသို့သွားရောက်၍ တရားလိုပြုလုပ်၍
တိုင်းကြားခဲ့ရာ စခန်းမှ တရားခံဖြစ်သူ
သက်မင်းထွေးအား ဖမ်းဆီးပြီး (ပ)၈၃၃/၂၀၁၆ အမှုကြီးအမှတ်စဉ်(၃/၂၀၁၆)ပြစ်မှုပုဒ်မ-
(၃၀၂/၃၂၆ဖြင့်အမှုဖွင့်လှစ်ပြီး ဒုရဲမှူးဇော်အောင်မှစစ်ဆေးဆောင်ရွက်ကာ
တရားစီစစ်နိုင်ရေးပြုလျှက်ရှိကြောင်းသိရသည်။
စိုင်းထူးခန့် 
Thursday, December 22, 2016
မကွေး မီးလောင်
မကွေးမြို့ စားသုံးဆီသိုလှောင်ရုံ မီးလောင်မှုဖြစ်ပွား
================================
မကွေးမြို့ အောင်မင်္ဂလာရပ်ကွက်၊ ရန်ကင်း(၉)လမ်းနှင့် ယုဇနလမ်းထောင့်ရှိ ပိုင်ရှင် ဦးမိုးကျော်(၄၅)နှစ်၏ ရတနာစိုးပွဲရုံတွင် ယနေ့နံနက်(၂း၂၀)အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ ရတနာစိုးပွဲရုံအတွင်းတွင် မန်နေဂျာ ဦး၇န်နိုင်စိုး အသက်(၃၅)နှစ်သည် လျှပ်စစ်မီးဖိုဖြင့် ၀က်အူချောင်းကြော်ထားပြီး အိပ်ပျော်သွားရာမှ ဆီအပူလွန်ကဲရာ အနီးရှိ စားဆီပုံးများသို့ ကူးစက်ပြီးမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ယင်းမီးလောင်ရာသို့ မကွေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှူး ဦးအောင်ဝင်းစိန် ဦးဆောင်ပြီး မီးငြိမ်း သတ်ယာဉ် (၁၂)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ အထောက်အကူပြုယာဉ်(၁)စီး၊ ဆည်မြောင်း ရေသယ်ယာဉ် (၁)စီး၊ ပုဂလိကရေသယ်ယာဉ်(၁)စီးပေါင်း(၁၉)စီး သွားရောက်ငြိမ်းသတ်ရာ နံနက်(၃း၃၀)အချိန်တွင် မီးလုံးဝ ငြိမ်းသတ်နိုင်ခဲ့ပါသည်။
မီးလောင်မှုကြောင့် (၄၀×၆၀)ပေသွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်းအဆောက်အဦ(၁)လုံး၊ (၅၀×၆၀)ပေ သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်းအဆောက်အဦး(၁)လုံး၊ (၁၅×၃၀)ပေသွပ်မိုး၊ မြေစိုက်(အကာမပါ) ဂိုထောင်(၁)လုံး၊ ပေါင်း(၃) လုံး မီးလောင်ကျွမ်းခံရပြီး မီးလောင်မှုကြောင့် လူ၊ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။
ညီညီမောင်(မကွေး)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
posted from Bloggeroid
Wednesday, December 21, 2016
မြန်မာရိုးရားယက္ကန်းတွေပျောက်တော့မယ်
"မြန်မာရိုးရာလက်ယက္ကန်းလုပ်ငန်းများ
ပျောက်ကွယ်တော့မည်ဟုဆို"
=============================
မန္တလေး ဒီဇင်ဘာ ၂၂
မန္တလေး အမရပူရမြို့နယ် အတွင်းရှိမြန်မာ
ရိုးရာ လက်မှုပညာ ဖြစ်သော လက်ယက္ကန်း
စဉ်များ ချည်ဈေးများတက်ခြင်း အတိုင်များ
ဝယ်ယူ၍ယက်လုပ်ခဲ့သော်လည်းအထည်
များထွက်လာပါက ဝယ်ယူသူနည်းပါးသဖြင့်
ရိုးရာ ယက္ကန်းစဉ်များပျောက်ကွယ်သွားသည့်
အပြင် လက်ရှိလုပ်နေသူများ အရှုံးဖြစ်ရင်ဆိုင်နေရကြောင်းသိရသည်။
"မူဆယ်ဘက် စစ်ဖြစ်တာကနေ ချည်ဈေးတက်လို နားနေရတာ တစ်လောက်
ရှိပြီး ချည်တစ်ပေါင်းကို ၂၇၀၀ ဝယ်ရတယ်
အခု ၃၀၀၀ ကျော် ပိုးချည်က တစ်သိန်း ၁၀၀၅၀၀ ဝယ်ရတယ် အခုဈေးက ၁၂၂၀၀၀
ဝယ်ရတယ် ကိုယ်လိုအပ်တဲ့ ချည်မရဘူး
အရင်က လက်ခလောက်နဲ့ မိသားစု တစ်ပိုင်
တစ်နိုင် လုပ်နေပေးမယ် အခု အရှုံးခံရတာ
တစ်မြို့လုံးမှာဆို လက်ယက္ကန်းစဉ်လုပ်ငန်းက
ကျွန်မတို့လောက်ဘဲရှိတော့တာ အားလုံးက
စက်ယက္ကန်းတွေဖြစ်ကုန်ပြီး စက်ယက္ကန်း
သမားတွေလည်း အရှုံးပေါ်နေကြတာဟု
လက်ယက္ကန်းလက်ရှိလုပ်နေသူ ဒေါ်မြသန်း
အေးကပြောသည်။
ပိုးချည်ဖြစ်ယက်လုပ်ထားသော အထည့်တစ်
ကွင်းကို ၂ သောင်းခန့်လောက် ကုန်သည်ကို
သွင်းရပြီး အရင်းမှာ ၂ သောင်ခွဲလောက်ထိ
ချည်ဈေးများရှိသဖြစ် လက်ရှိလုပ်နေသူများ
ပါ ရပ်ထားရကြောင်း ကုန်သည်ထံပေးထား
သော်လည်း အထည်များရောင်းမထွက်ပါက
ကုန်သည်က ပိုက်ဆံရှင်မပေးသေတာတွေ
ရှိသဖြစ် မြန်မာရိုးရာလက်ယက္ကန်းလုပ်ငန်း
များ ပျောက်ကွယ်တော့မယ်ဖြစ်ကြောင်းသိရ
သည်။
"ကျွန်တော်ကတော့ လက်ယက္ကန်းတွေရပ်
ထားတာပါ အခုလောလောဆယ်အလုပ်လက်မဲ့ဖြစ်နေ
တာပါ ကိုယ်တွေက လုပ်ရပြီး လက်ခတောင်မရဘဲ အရှုံးပေါ်နေတော့
ဆက်မလုပ်ရဲဘူး လက်ယက္ကန်းက ဒီမြို့မှ
တစ်ဖြေးဖြေးပျောက်ကွယ်နေပါပြီး အဆိုးဆုံး
က နိုင်ငံခြားက ဝင်လာသောအဝတ်တွေ
လောက်ဘဲ မြန်မာလူမျိုးတွေက တန်ဖိုးထား
ဝယ်ယူဝတ်ဆင်လာခြင်း မြန်မာရိုးရာယက္ကန်းအထည်များက မင်္ဂလာ
ဆောင်နဲ့အလှူလောက်ဘဲဝတ်ကြတော့
ကြောင့်လဲပါတယ် အထည်ထွက်လာရင်
တော့ ကုန်သည်ကယူပါတယ် ယခင်လို
အတိုင်ဖိုးအဖေါက်ဖိုးထုတ်မပေးတော့ဘူး
အဲဒီတော့ လက်ယက္ကန်းတွေရပ်ထားရကြောင်း
မိသားစု လက်ယက္ကန်းလုပ်သူဦးကျော်ဋ္ဌေးက
ပြောသည်။
အဆိုပါ မြန်မာရိုးရာ လက်မှုပညာတစ်ခုဖြစ်
သော မြန်မာချည်ထည့် ပိုးထည့် ရိုးရာယက္ကန်းအနုပညာဟာ ရှေးယခင် အဆက်ဆက်ထဲ့ကရှိခဲ့သော်လည်း ယနေ့
အချိန်ကာလမှာ လုပ်ကိုင်သူနည်းပါးလာခြင်း
ယက်ရင်းနဲကန်းနေလို ယက္ကန်းဟုဒေသခံ
များက သုံးသပ်လျှက်ရှိသော်လည်း ရိုးရာ
အတက်ပညာကို အိမ်မှု့လုပ်ငန်းအဖြစ်လုပ်
ကိုင်ခဲ့ပါလျှက် အရှုံးပေါ်၍ရပ်ထားရကြောင်း
သိရသည်။
posted from Bloggeroid
Tuesday, December 20, 2016
ယောက်ကျားဖြစ်သူကိုမိန်မက ကတ်ကြေးဖြင့်ထိုးသတ်
ကျွန်းစုမြို့နယ်တွင်လင်မယားချင်းစကားများရန်ဖြစ်ရာမှ လူသတ်မှုအထိဖြစ်ပွား
================
မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ စစ်ဘုကျေးရွာ တွင် ဒီဇင်ဘာလ(၁၉)ရက်နေ့၊ ညပိုင်းက လင်မယားနှစ်ဦးစကားများရန်ဖြစ်ရာ ဇနီးဖြစ်သူမှ၎င်း၏ခင်ပွန်းသည်အား ကတ်ကြေးဖြင့်ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ စစ်ဘုကျေးရွာနေ ရဲဝင်း(၃၄)နှစ်၊ (ဘ)ဦးဖေသိန်းနှင့်၎င်း၏ဇနီးဖြစ်သူ မဝေဝေမြင့်(ခ)မမိငယ်(၃၄)နှစ်၊ (ဘ)ဦးရွှေလင်းတို့လင်မယားနှစ်ဦးမှာ ဒီဇင်ဘာ ၁၉ ရက်နေ့၊ ညပိုင်းက ခရုဝယ်ရန်အတွက် စရံငွေ (၄၀၀၀၀)ကျပ်ပေးထားသည့်ကိစ္စနှင့်ပတ်သက်၍ တဦးနှင့်တဦး ခိုက်ရန် ဖြစ်ပွားစကားများခဲ့ကြပြီး ဇနီးဖြစ်သူ မဝေေ၀မြင့်(ခ)မမိငယ်မှ ၎င်း၏ခင်ပွန်းဖြစ် သူ ရဲဝင်း၏ယာဘက်ရင်အုံအောက်သို့ ကတ်ကြေးဖြင့်ထိုးခဲ့ရာ ခင်ပွန်းဖြစ်သူတွင် ဒဏ်ရာများရရှိခဲ့သဖြင့် ကျွန်းစုမြို့နယ် စခန်းသစ်ဆေးရုံသို့ တင်ပို့ကုသခဲ့စဉ် ရရှိသည့်ဒဏ်ရာဖြင့်ပင်သေဆုံးသွားခဲ့ကြောင်းနှင့်ပြစ်မှုကျူးလွန်သူမဝေေ၀မြင့်အား ချက်ချင်းဖမ်းဆီးရမိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာအားစစ်ဆေးခဲ့ရာ၌ နေအိမ်အတွင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားထားသည့်အနေအထားများ နှင့် အခင်းဖြစ်စဉ်ကအသုံးပြုခဲ့သော သွေးစွန်းပေနေသည့်ကတ်ကြေးတလက်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း ရဲစခန်းမှ သိရသည်။
သေဆုံးသူရဲဝင်းသည် အရက်သေစာ သောက်စားပြီး ရမ်းကားတတ်သူတဦးဖြစ်ကာ ၎င်းတို့လင်မယားမှာ မကြာခဏဆိုသလို စကားများကာ ခိုက်ရန်ဖြစ်ပွားလေ့ရှိကြောင်း နှင့် ခင်ပွန်းသည်အား ကတ်ကြေးဖြင့် ထိုးသတ်ခဲ့သူ မဝေေ၀မြင့်(ခ)မမိငယ်တွင်လည်း (၁)နှစ်ကျော်အရွယ် သားယောက်ကျားလေးတစ်ဦးနှင့် လက်ရှိတွင်(၂)လခန့်ရှိသော ကိုယ်ဝန်ကိုလွယ်ထားရကြောင်း အိမ်နီးချင်းများထံမှ သိရှိရသည်။
အမှုနှင့်ပတ်သက်၍ ကတ်ကြေးဖြင့်ထိုးကာ
ဒဏ်ရာရရှိသေဆုံးအောင် ပြုလုပ်ခဲ့သူ မဝေေ၀မြင့်(ခ)မမိငယ်အား ဥပဒေအရအရေးယူပေးနိုင်ပါရန် ကျေးရွာရာအိမ်မှူး ဦးသန်းထွန်းဦးမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ကံမော်ရဲစခန်းမှ (ပ)၅၃/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်လျှက်ရှိကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
လတ်ကိုကိုဦး
posted from Bloggeroid
၃ထပ်ရေတံအသစ်ကြီး
"မကြာမှီဖွင့်လှစ်တော့မယ် သာဘဝ(၃)ထပ်
ရေတံကြီးဟုဆို"
=============================
မန္တလေး ဒီဇင်ဘာ ၂၁
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် လွန်ကောင်း
ကျေးရွာအုပ်စု မန်ကျည်းအင်း ကျေးရွာ
ခိုနန်းရှင်းတောင်တန်း ရဲရွာရေအားလျှပ်စစ်
အသွားလမ်း (၉)မိုင် တွင် သဘာဝအလှတစ်
ခုဖြစ် ၁၂ ရာသီ စီးဆင်းလျှာက်ရှိသော (၃)
ထပ်ရေတံခွန်ကြီးကို ၂၀၁၇ ခု ဧပြီလတွင်
ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
"ကျွန်တော်တို့ ဒီရေတံခွန်ကြီးက ရှိနေတာကြာပါပြီ လူသူအရောက်နည်းပါး
တာရယ် လမ်းအခတ်အခဲတွေကြောင့် အပန်းဖြေဖို့ လာရောက်သူမရှိသေဘူး
ဒီနေရာဟာ ပြင်ဦးလွင် ဖြက်လမ်းလေးတစ်
ခုပါဒေသခံတွေလောက်ဘဲသိကြတာ
အခုတော့ လမ်းတွေပြင်ထားတယ် ကားနဲ့
လည်းလာလို့ရတယ် ဆိုင်ကယ်နဲ့လည်းလာ
လိုရပါပြီး (၃)ထပ်ရေတံကြီးဟာ အပေါ်ရော
က်လေပိုလှလေပါပဲ ခေသဖွံဖြိုးလှပဖို့အတွက် လမ်းတွေပြင်ထား
ပေးတယ် တောင်တက်တောင်ဆင်းလမ်း
တွေပြင်နေတုံးပါ အပေါ်မှ ဆိုင်တွေထားမယ်
လမ်းတစ်လျှောက် သဘာဝ ဝါးပင်တွေနဲ့
တက်ရဆင်းရ လွယ်ကူအောင်ပြုပြင်ပေးထား
ပါတယ် ကားရပ်နားကွင်း အများသုံးအိမ်သာ
ကလေးငယ်များအတွက် သာဘဝရေတံခွန်ကကြလာသော ရေတွေနဲ့
အန္တရာယ်မဖြစ်အောင် တောင်ခြေမှရေကန်
လေးပြုလုပ်ပေးထားတာမိသားစုနဲ့ဘဲလာလာ သူငယ်ချင်းတွေနဲ့လာလာ မန္တလေးနဲ့
သိမ်မဝေးပါဘူး မန္တလေး ပြင်ဦးလွင်လမ်း
၁၆ မိုင် တိုးဂိတ် အလွန်ကနေ ဇီဒုတ် ရေ
ပြာအိုင် နဲ့ ရဲရွာ ရေအားလျှပ်စစ်အသွားလမ်း
ဘေးကနေ မောင်းလာခဲ့ပါ ၅ မိုင်း ကမ္ဘာမြေ
အောင်ခြံ ၆မိုင် ဒီကာဒန်း ၇ မိုင်ချောင်းသာ
အပန်းဖြေစခန်းတွေ အကျော် ၉ မိုင်အရောက်တွင် (၃)ထပ်ရေတံခွန်သို့ ဆို
သော လမ်းညွန် ဆိုင်ဘုတ်လေး လမ်းအရှေ့
ဘက်ဘေးတွင်းတယ်ထားကြောင်း ၃ ထပ်
ရေတံခွန်တွင် လမ်းများပြုပြင်နေသူဒေသခံ
တစ်ဦးကပြောသည်။
အဆိုပါ ရေတံခွန်ကြီးဟာ (၃)ထက်ရေတံခွန်
ကြီးလိုအမည်ပေးထားသော်လည်း ရေတံခွန်
ငယ်လေးများ ၂၀ ခန့်ပါရှိပြီး အပေါ်(၃)ထပ်
ရေတံခွန်ကြီး၏အောက်တွင် ရေကန်အကြီး
အတွင်း ရေပြာရေစိမ်းတွေနဲ့တောတောင်သာဘဝ
အလှတွေ ကျောက်တောင်ကျောက်စွယ်တွေ
ကျောက်တုံကြီးတွေကြားကနေ ရေစီးဆင်းသံ ကျေးငှက်အသံ တောတောင်
ရဲ့စိမ်းလန်းသောအရသာများ ခံစားလိုသူများ
မိသားစုအပျောခရီဘဲသွာသွား သူငယ်ချင်း
တွေနဲ့ဘဲသွားသွား လမ်းကနေ စားသောက်
စရာလေးတွေ ဝယ်ပြီး သွားစေချင်ပါတယ်
အရမ်းသာယာလှပသော ရေတံခွန်ကြီးထိ
အရောက်သွာပါ ဒေသခံတွေကတော့
လမ်းတွေ ဆိုင်တွေ ပြင်ထားပါတယ် အခု
တော့မဖွင့်လှစ်ပါဘူး ကြိုတင်အပန်းဖြေ
သွားလိုသူများ နှင့်လေ့လာလိုသူများသိရှိ
စေရန်ရေးသားဖော်ပြလိုက်ရပါသည်။
posted from Bloggeroid
တပ်မတော် သတင်း
"  ဂီဒုန် ရဲ့ ရင်ဝကို လာစိုက်တဲ့  မြှားတွေ  "
-----------------------------------------------------
ရေးသားသူ - နေရီ
၂၀၁၆ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့  မှာ စကခ ၃ လက်အောက်ခံ ခမရ ( ၃၈၁) က  လှုပ်ရှား စစ်ကြောင်းတစ်ခုဟာ အင်ခရမ်ဒေသ ခန့် မှန်းမြေပုံညွှန်း LH 634745  တစ်ဝိုက်မှာ တောတိုးနေတယ် ။
တိုက်ပွဲပြီးချိန်မှာ ခုနက ဆူညံနေတဲ့  ပတ်ဝန်းကျင်ဟာ ပြန် တိတ်ဆိတ်နေတယ် ။ စစ်ကြောင်းမှူးဟာ သူမြင်ရတဲ့  အနေအထားကို ဘ၀င်မကျဘူး ။ ပေ ၈၀၀ ကျော် မြင့်တဲ့  တောင်ထိပ်ပေါ်က ဘယ်ကမှန်းမသိရောက်လာတဲ့  ခံစစ်စခန်းငယ်လေး တစ်ခုဆိုတာ အဓိပ္ပာယ်မှ မရှိတာ ။  တောင်ထိပ်ပေါ်ရောက်တော့ ပတ်ဝန်းကျင်ဟာ ပိုရှင်းလင်းလာတယ် ။ ဟိုးအဝေး မီတာ ၁၅၀၀ လောက်မှာ တောင်ထိပ်ကုန်းကြီးတွေ တွေ့ တယ် ။ လူသွားလမ်းကြောင်းလေးတွေ တွေ့ တယ် ။ တောင်ကုန်းတွေရဲ့ မြေအနေအထားဟာ ပတ်ဝန်းကျင်ကို စိုးမိုးလွန်းလှတယ် ။ နောက်ပြီး ဆုတ်သွားတဲ့ ရန်သူတွေဟာ အဲဒီဘက်ကို ဆုတ်သွားတယ် ။ စစ်ကြောင်းမှူးဟာ တပ်ကို စနစ်တကျနေရာယူထားပြီး တပ်မဌာနချုပ် နဲ့  စက်အဆက်အသွယ်ယူတယ် ။ သူ့  မျက်လုံး အစုံကတော့  မျက်စိတူရူ မီတာ ၁၅၀၀ လောက်က တောင်ကုန်းကြီးတွေကို မျက်ခြေမပြတ် စိုက်ကြည့်နေဆဲပဲ ။
တကယ့်တကယ်ပြောရလျင် တပ်မဌာနချုပ်ကလဲ ဒီအခြေအနေကို သိပ်ပြီး သဘောတွေ့ လှတယ်တော့ မဟုတ်ဘူး ။ အမှတ် (၃) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်က စကခမှူးဟာ ကြေးနန်းသတင်းပို့ ချက်အရ သူတို့ စကခ လက်အောက်ခံ လှုပ်ရှားစစ်ကြောင်းတစ်ခု အခုသိမ်းပိုက်လိုက်တဲ့  ခံစစ်စခန်းငယ်ဟာ ကင်းစခန်းငယ် ၊ ကာကင်းစခန်းငယ် တစ်ခုသာ ဖြစ်ရမယ်လို့ သုံးသပ်တယ် ။ ဒါဆို မေးစရာမေးခွန်းက တစ်ခုပဲ ရှိတော့တယ် ။ ဘာကို စောင့်တဲ့  ကင်းစခန်းလဲ ။ ဘာကို ကာတဲ့  ကာကင်းစခန်းလဲ ။
ဒီအဖြေဟာ မကြာခင် နာရီအနည်းငယ်အတွင်းမှာပဲ စသိရတယ် ။ ခုနက ကာကင်းစခန်းကို သိမ်းပြီး နေရာယူလိုက်တဲ့  စစ်ကြောင်းဟာ အရှေ့ ဘက် မီတာ ၉၀၀ လောက်ကို လက်တံလေးတွေ ဆန့် ထုတ်လိုက်တယ် ။ အဲဒီမှာ တိုက်ပွဲတွေ စဖြစ်တော့တယ် ။ ဂီဒုန်ရဲ့  ရှေ့ ကာကင်းကုန်းတွေနဲ့  ထပ်ပြီးထိတွေ့ တာ ။ တစ်တောလုံး တစ်တောင်လုံး သေနတ်သံတွေ ဆူညံသွားတယ် ။  မကြာမီ ရက်အနည်းငယ်အတွင်းမှာပဲ အမှတ် ၃ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ဟာ သမိုင်းဝင် ဂီဒုန်တိုက်ပွဲကို စပြီး တိုက်ဖို့ ပြင်ဆင်ရတော့မယ် ။
----------------
ဂီဒုန်ဟာ ဘာလဲ 
-----------------
ဂီဒုန်ဟာ ကေအိုင်အေ တပ်ရင်း ၂၅၂ ရဲ့ ဌာနချုပ် ၊ ပေ၁၀၀၀ကျော်မြင့်တဲ့  တောင်ထိပ်ပေါ်မှာ အခိုင်အမာတည်ဆောက်ထားတဲ့  တပ်စခန်းဖြစ်တယ် ။ မြစ်ကြီးနား - ဗန်းမော်ကားလမ်း ( မလန်းယန် ဒေသ ) နဲ့  အဖြောင့်တိုင်းလျင် မီတာ ၁၅၀၀ လောက်ပဲ ဝေးပြီး တရုတ်နယ်စပ်နဲ့  အဖြောင့်တိုင်းလျင် မီတာ ၂၀၀၀ လောက်ပဲ ဝေးတယ် ။ ၀ိုင်းမော်နဲ့  အဖြောင့်တိုင်းလျင် ၈မိုင်လောက်ပဲ ဝေးမယ် ။ တောတောင် ထူထပ်တဲ့ အနေအထားကို အခွင့်ကောင်းယူပြီး ဒီ ၂၀၁၆ ခုနှစ်ထဲမှာမှ ဒီစခန်းကို လာတည်ဆောက်ထားတာ ဖြစ်မယ်လို့  ခန့် မှန်းရတယ် ။
ဂီဒုန် ရဲ့ ပင်မခံစစ် စခန်းကုန်းဟာ ပွိုင့် ၁၁၀၃ ခန့် မှန်း မြေပုံညွှန်း LH 639755 နေရာမှာ တည်ဆောက်ထားတယ် ။ ပင်မကုန်းရဲ့ တောင်ဘက် ကိုက် ၁၀၀၀လောက်မှာ အဓိက ကာကင်းကုန်း နဲ့  ပင်မစကားကို ကာထားသလို ပင်မကုန်းရဲ့ မြောက်ဘက် ကိုက် ၁၀၀၀ လောက်မှာလဲ လိပ်ပြာကုန်းစခန်းနဲ့  ပင်မကုန်းကို ထပ်ကာထားတယ် ။ လိပ်ပြာကုန်းနဲ့ ပင်မကုန်းကြားမှာ ခံစစ်စခန်းအသေး နှစ်ခုရှိသလို အရှေ့ ဘက်နဲ့  အနောက်ဘက်မှာလဲ ခံစစ်စခန်းအသေးလေးတွေ မွနေအောင် တည်ဆောက်ထားတယ် ။
စခန်းကုန်းတွေအားလုံးကို တစ်ခုနဲ့  တစ်ခုဆက်သွယ်ထားတဲ့ လူသွားလမ်းတွေကလွဲလို့  ပတ်ပတ်လည် ချည်းကပ်လို့ မရအောင် မိုင်းတွေ အပြည့်ထောင်ထားတယ် ။ ကတုတ်ကျင်းတွေ အခိုင်အမာတည်ထားတယ် ။ မြေခွေးကျင်း ( Fox Hole ) တွေ ဖောက်ထားတယ် ။ ကတုတ်ကျင်းတွေကို ဆက်ထားတဲ့  လျောက်လမ်းတွေဟာ လူတစ်ရပ်ကျော် နက်တယ် ။ ဘန်ကာတွေဟာ ကွန်ကရစ်နဲ့  သံပြားနဲ့  ရောစပ်တည်ဆောက်ထားတယ် ။ လေကြောင်းတိုက်ခိုက်မှု ဒဏ်ခံနိုင်အောင် အမိုးတွေကို အခိုင်အခန့် တည်ဆောက်ထားတယ် ။ ပင်မ စခန်းကုန်းမှာ လူ၂၀၀ လောက် ရှိမယ် ခန့် မှန်းရပြီး ကျန်စခန်းကုန်းတွေနဲ့  ပေါင်းလျင် အင်အား ၇၀၀ လောက် ရှိမယ် ခန့် မှန်းရတယ် ။
စကခ ၃ က လှုပ်ရှားစစ်ကြောင်းတစ်ခုဟာ မထင်မှတ်ဘဲ ဒီ ဂီဒုန်ရဲ့ တောင်ဘက် ကိုက် ၂၀၀၀ လောက်က ကာကင်းစခန်းတစ်ခုကို တွေ့ သွားရာကနေ ရှေ့ ဆက်တိုးလာတဲ့ အချိန် ဂီဒုန်ရဲ့ တောင်ဘက် ကိုက်၁၀၀၀ လောက်က ပင်မကာကင်းကုန်း နဲ့  ထိတွေ့ ပြီး ဂီဒုန် တိုက်ပွဲစဉ်တွေ စဖြစ်လာရတာ ဖြစ်တယ် ။
----------------------------------------------
အမှတ် ၃ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် 
-----------------------------------------------
ဒါပေမယ့် စကခ ၃ အနေနဲ့ ကတော့ ဌာနချုပ်ကလဲ ကချင်ပြည်နယ်မှာပဲ တည်ရှိတဲ့  အပြင် လက်အောက်ခံတပ်ရင်းတွေက စစ်သည်တွေမှာလဲ ကချင်တိုင်းရင်းသားစစ်သည်တွေ ကချင်ရဲမေတွေ အများအပြား ပါဝင်နေတဲ့  အတွက် တပ်တွေဟာ ကချင်ပြည်နယ် နယ်မြေတွေကို ပိုကျွမ်းကျင်တယ် ။ ဘာသာစကား ကောင်းကောင်းတတ်တယ် ။ ကချင်ပြည်နယ်က တောင်တန်းတွေ တောတွေထဲ ကျင်ကျင်လည်လည် သွားလာလှုပ်ရှားနိုင်တယ် ။
စကခ ၃ ဟာ ပြီးခဲ့တဲ့  ကချင်ပြည်နယ် တိုက်ပွဲတွေမှာ ကေအိုင်အေကို ကောင်းကောင်း လက်စွမ်းပြခဲ့တဲ့  နာမည်ကြီး ခြေမြန်တပ်မ တစ်ခုဖြစ်တယ် ။ ကေအိုင်အေက ပိတ်ဆို့ ပြီး ၀ိုင်းတိုက်နေတဲ့  လဂျားယန်စခန်းကို ဖောက်ဝင်ပြီး ကယ်တင်ခဲ့တာလဲ ဒီတပ်မပဲ ။ ခရာဘွန်တောင်ကြောပေါ်က ပွိုင့် ၁၀၁၂ ကို တက်သိမ်းလိုက်ပြီး ပွိုင့် ၇၇၁ ကို ခြိမ်းခြောက်နေတဲ့  အမြောက်စခန်းကို ဖြိုပြစ်ခဲ့တာလဲ ဒီတပ်မပဲ ။အခုဒီတပ်မက တပ်တွေဟာ နယ်မြေတိုးချဲ့ အသစ်လာဖွင့်တဲ့  ကေအိုင်အေ တပ်ရင်း ၂၅၂ ရဲ့ အခိုင်အမာ ဌာနချုပ် ဂီဒုန်ကို ဖယ်ရှားရှင်းလင်းဖို့  အမိန့် စရတယ် ။
---------------------------------
ဂီဒုန် က တိုက်ပွဲငယ်တွေ  
----------------------------------
စက်တင်ဘာလ တစ်လလုံးဟာ ဂီဒုန်နားမှာ ဖြိုးဖြိုးဖြောက်ဖြောက်  သေနတ်သံတွေ ဆူညံနေတယ် ။ ဂီဒုန်ရဲ့ တောင်ဘက်က ကာကင်းစခန်းလေးကို သိမ်းပိုက်လိုက်တဲ့  စကခ ၃ က အမှတ် ၃၈၁ ခြေမြန်တပ်ရင်းဟာ  ဟာ ဂီဒုန်ရဲ့ တောင်ဘက် မီတာ ၁၀၀၀ လောက်က နောက်ထပ်ကာကင်းကုန်း စခန်းကို ၀င်လုံးပြီး သိမ်းပိုက်လိုက်တယ် ။ မြေပြင် သတင်းထောက်လှမ်းချက်အရရော လေကြောင်းကင်းထောက်မှုအရပါ ဂီဒုန်ဟာ စခန်းကြီး သုံးခု ၊ စခန်းငယ်လေးပေါင်း များစွာပါဝင်တဲ့  အင်အား ၇၀၀ လောက် တပ်စွဲထားတဲ့  ရန်သူ့  အခိုင်အမာ ခံစစ်ဒေသကြီး မှန်း စကခ ၃ က သိသွားခဲ့ပြီ။
အဲဒီနောက်မှာတော့  ရက်အနည်းငယ်အတွင်းမှာပဲ ဂီဒုန်ကို ချည်းကပ်ရာလမ်းမှာ နောက်ထပ် စကခ ၃ လက်အောက်ခံ ခြေမြန်တပ်ရင်းတွေ ရောက်လာတယ် ။စကခ ၃ စကခမှူးဟာ တိုက်ပွဲဖြစ်နေတဲ့  ဂီဒုန်ရဲ့ ပင်မကာကင်းကုန်းနား အထိ ကပ်လာခဲ့ပြီး ဂီဒုန်ကို ဘယ်လိုတိုက်မလဲ စစ်ရေးသုံးသပ် စီမံချက်ဆွဲ တော့တယ် ။
------------------------------------------------
ဂီဒုန်ရဲ့ အဓိက အဟန့် အတားက ဘာလဲ 
-----------------------------------------------
ဂီဒုန်ရဲ့ အဓိက အဟန့် အတားက သုံးချက် ရှိတယ် ။ ပထမအချက်က မြေအနေအထား အသာစီးရရှိတာပဲ ။ ဂီဒုန်ကို ချဉ်းကပ်ရာလမ်းဟာ မတ်စောက်ပြောင်ချော လှတယ် ။ ချဉ်းကပ်တဲ့  တပ်တွေဟာ မီတာ ၆၀၀  ၇၀၀ လောက် ကုန်းပြောင်ပြောင်ကို အလွတ် ချဉ်းကပ်ရမယ် ။ ကုန်းပေါ် မှာက ရန်သူ့ စက်သေနတ်ကြီးတွေ လက်ယှက်ထိုး ချထားတယ် ။ စနိုက်ပါတွေ နေရာယူထားတယ် ။ လက်နက်ကြီး ပစ်ကူုက စခန်းကုန်း သုံးကုန်းလုံးက ထိထိရောက်ရောက် အနီးကပ် ပစ်ကူပေးနိုင်တယ် ။ ဒါကြောင့် ဂီဒုန်ကို လူမသိအောင် ချဉ်းကပ်ဖို့ ခက်ခဲတယ် ။
ဒုတိယအချက်ကတော့ ဂီဒုန်က ဘန်ကာတွေရဲ့ ခိုင်ခန့် မှုပဲ ။ ဘန်ကာတွေဟာ ကွန်ကရစ်ထဲမှာ သံပြားတွေပါ ထည့်သွင်း ဆောက်ထားတယ် ။ ၁၂၀ မီလီမီတာ စိန်ပြောင်းကြီး တိုက်ရိုက်ထိမှန်တာတောင် ဘန်ကာက အခြေအနေ မပျက်ဘူး ။ လေယာဉ်က ဗုံးကြဲတော့လဲ ဘန်ကာကို တိုက်ရိုက် မထိဘူး ။ ကတုတ်ကျင်းတွေ ပြိုကျပေမယ့်  ဘန်ကာတွေက အကောင်းအတိုင်းကျန်နေတယ် ။ ဒါကြောင့် ဂီဒုန်က ဘန်ကာတွေဟာ စကခ ၃ ရဲ့ ဒုတိယ အတားအဆီး ဖြစ်နေတယ် ။
တတိယအချက်ကတော့ မိုင်းကွင်းတွေပဲ ။ ဂီဒုန်က စခန်းတွေ ပတ်လည်မှာ နင်းမိုင်းတွေ ဗလဗွ ထောင်ထားတယ် ။ စခန်းနားကို ရောက်အောင် ချဉ်းကပ်နိုင်တယ်ဆိုဦးတော့ ဘာအကာအကွယ်မှ မရှိတဲ့  နေရာ ဘန်ကာထဲက စက်သေနတ်ကြီး ပုံသေပစ်ကြောင်းတွေရဲ့ အောက် စခန်းကုန်းသုံးခုက လက်နက်ကြီး ပစ်ခတ်မှုတွေရဲ့ အလယ် ဂီဒုန်က မိုင်းကွင်းတွေကို ဘယ်လိုဖြတ်မလဲ ဒါဟာ အဓိက စိန်ခေါ်မှု တစ်ရပ်ပဲ ။
---------------------------------
ထူးခြားတဲ့  တိုက်စစ် စီမံချက် 
------------------------------------
စကခ ၃ စကခမှူးဟာ ဂီဒုန်ရဲ့ အခက်အခဲ အတားအဆီး သုံးခုကို စတင်ရှင်းလင်းဖို့ စီစဉ်တယ် ။ သူ့ ရဲ့ တိုက်စစ် စီမံချက်ဟာ သမားရိုးကျမဟုတ် ၊ အတော် အံ့ အားသင့်စရာ ကောင်းသလို  အလုပ်မဖြစ်ဘူးလို့  ဘယ်သူ မှ တပ်အပ် မပြောနိုင်ဘူး ။
စကခမှူးရဲ့ စီမံချက်အတိုင်း ပထမဆုံး စဖောက်လာတာက တပ်မရဲ့  စစ်မြေပြင်အင်ဂျင်နီယာတပ်က ဖောက်လာတဲ့  တစ်ကြောင်းထိုး လမ်းဖြစ်တယ် ။ အဲဒီလမ်းလဲ ပြီးရော ကိုယ့်ဘက်က သိမ်းထားတဲ့  ရန်သူ ကာကင်းကုန်း အခြေနားအထိ ရိက္ခာ ခဲယမ်းတွေ လွယ်လွယ်ကူကူ ရောက်လာတယ် ။ ဒုတိယ ထပ် ရောက်လာတာကတော့ ဘယ်သူမှ ထင်မထားတဲ့  တင့်ကားတွေ ။ စကခမှူးဟာ တိုက်ရိုက်ပစ်ကူရယူဖို့ တင့်ကားကို သုံးဖို့ ဆုံးဖြတ်ခဲ့တယ် ။ တင့်ကားလေးစီးဟာ ရန်သူ့ စခန်းနားအထိ မချဉ်းကပ်ဘဲ မီတာ ၂၀၀၀ လောက် အကွာမှာပဲ ပုံဖျက်ဖုံးကွယ် နေရာယူထားတယ် ။
စကခ ၃ လက်အောက်ခံ ခမရ ၃၈၆ တပ်ရင်းမှူးဟာ စစ်တက္ကသိုလ် အပတ်စဉ် ၄၂ ဆင်းဖြစ်တယ် ။ သူက ဒီစခန်းကို သူရှေ့ ဆုံးက တိုက်ပါရစေလို့  ထပြီး ဆန္ဒပြုတယ် ။ သူနဲ့ နောက်ထပ် တပ်ရင်းတစ်ရင်းဟာ လက်ကိုင်ရိုးအတိုတပ်ထားတဲ့  ခေါက်ဂေါ်ပြားတွေ ကိုယ်စီကိုင်ပြီး စကခမှူးရဲ့ နောက်ထပ် စီမံချက်ကို အကောင်အထည်ဖော်တယ် ။ သူတို့ တက်ညီလက်ညီ လုပ်နေကြတာက Tunnel ကြီး တစ်ခုဖောက်ကြတာ ။
သူတို့ ဒီလို လှိုဏ်ခေါင်းဖောက်နေတုန်းမှာ စကခ ၃ လက်အောက်ခံ အမှတ် ၃၈၈ ခြေမြန်တပ်ရင်းက ဂီဒုန်ရဲ့ အရှေ့ ဘက်ကနေ တစ်ချိန်လုံး ယောင်ပြတိုက်နေတယ် ။ လေယာဉ်နှစ်စီးလောက်ကလဲ ရာသီဥတုကောင်းရင် ဗုံးလေးလာကြဲလိုက် ၊ ရော့ကက်နဲ့  ပစ်သွားလိုက် လုပ်ပြနေတယ် ။ ရန်သူအနေနဲ့  သူတို့ ရဲ့ အဓိက သေမင်းဟာ မြေအောက်က လာနေတာမှန်း လုံးဝ မရိပ်မိခဲ့ဘူး ။ ဘယ်တော့မှ တိုက်လို့ မရတဲ့  ဂီဒုန် စခန်းကြီး စသဖြင့် စသဖြင့်  ၀ံကြွားနေခဲ့ကြတယ် ။
ဒီဇင်ဘာလ ၁၆ ရက်နေ့ မတိုင်မီ ရက်အနည်းငယ်မှာ စကခမှူး မှာထားတဲ့  ထူးထူးဆန်းဆန်း ပစ္စည်းတွေရောက်လာတယ် ။ ခြေထောက် ခြေဖ၀ါးပုံစံ သံမဏိပြားအထူတွေ ။ အဲဒီ ဘယ်ညာ သံခြေဖ၀ါးတွေကို တောစီးဖိနပ်ထဲကို ထည့်ဝတ်ဖို့ အမိန့် ရတယ် ။ ဂီဒုန်ကို ရှေ့ ဆုံးက ၀င်ဆောင့်မယ့်  စစ်သည်တွေဟာ အဲဒီ သံခြေဖ၀ါးတပ် ဖိနပ်တွေစီးလိုက် ထူးဆန်း အံ့သြတဲ့ အမူအယာနဲ့  အောက်ကို ငုံ့ ကြည့်လိုက် ဒီလို ဖြစ်နေကြတယ် ။ ဒီလို ထူးထူးဆန်းဆန်း ကိစ္စမျိုး သူတို့ တစ်ခါမှ မစဉ်းစားခဲ့မိကြဘူး ။
-------------------------------------------------
-------------------------------------------------
၁၆.၁၂.၂၀၁၆ ရက်နေ့ ဟာ ကေအိုင်အေ တပ်ရင်း ၂၅၂ ဌာနချုပ် ရဲ့ ဘယ်တော့မှ မကျနိုင်ဘူးဆိုတဲ့  ဂီဒုန် ခံစစ်ဒေသကြီး ကြမ္မာဆိုး ၀င်တဲ့ နေ့ ပဲ ။ မနက် မိုးလင်းချိန်မှာ လေယာဉ်တွေရောက်လာတယ် ။ ဗုံးကြဲတယ် ။ ရန်သူတွေဟာ အရင်လိုပဲ ဘန်ကာထဲက မထွက်ဘူး ။ ဗုံးကြဲတာက ခါတိုင်းထက် ပိုပြင်းထန်တယ် ။ ဒါပေမယ့် ကိစ္စမရှိဘူး ။ သူတို့ ဘန်ကာတွေဟာ သံမဏိပြားတွေ ကွန်ကရစ်ထဲ မြုပ်ထားတာ ။ ဘယ်လို ဗုံးဆန်ကမှ သူတို့ ကို မဖောက်နိုင် ။ ဒါကို သူတို့ ယုံတယ် ။
ဒါပေမယ့် ဒီယုံကြည်မှုဟာ စက္ကန့်  နှစ်ဆယ်လောက်ပဲ ကြာတယ် ။ ဂီဒုန်ရဲ့ တောင်ဘက် မျက်နှာစာက ဘန်ကာတစ်လုံး ၀ုန်းကနဲ ပြိုဆင်းသွားတယ် ။ ဘန်ကာတစ်ခုလုံး ပွင့်ထွက်ပြီး မီးဟုန်းဟုန်းတောက်နေတယ် ။ ဒုန်းကနဲ အသံနဲ့  နောက်တစ်လုံး ပြိုဆင်းသွားတယ် ။ ရန်သူက ဘာလက်နက်မှန်းမသိတဲ့  လက်နက်တစ်ခုနဲ့  ပစ်နေတာ ။ အဲဒီလက်နက်ဟာ သံမဏိပြားတွေ ခံထားတဲ့  ကွန်ကရစ်ဘန်ကာကို ဖောက်ဝင်ပြီးမှ ပွင့်ထွက်သွားတယ် ။ ဘန်ကာထဲက တစ်ယောက်မှ အသက်မရှင်ဘူး ။ ကျန်တဲ့  ဘန်ကာတွေက စစ်သားတွေဟာ အံအားသင့်ပြီး ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်ကုန်တယ် ။
ဂီဒုန် ရဲ့ တောင်ဘက် ကိုက် ၂၀၀၀ လောက်က တင့်ကားတွေကတော့ လက်နက်ကြီး ပစ်ကူရဲ့ အခြေခံ ဥပဒေသတွေကို အကုန်ချိုးဖောက်ပြီး တိုက်ရိုက်ပစ်ကူ ပေးနေတယ် ။ လက်နက်ကြီး ပစ်ကူမှာ ခြေလျင်တပ်နဲ့  လက်နက်ကြီးတည်နေရာဟာ ၉၀ ဒီဂရီလောက် ထောင့်မှန်ကျလေ့ရှိတယ် ။ အခုက ခြေလျင်တပ်တွေရဲ့ ခေါင်းပေါ်က ကျော်ပစ်နေတာ ။ ဒီလို ပစ်လို့ ရတဲ့  အကြောင်းအချက်နှစ်ချက်ရှိတယ် ။ ပထမတစ်ချက်က ဂီဒုန်က ဘန်ကာတွေဟာ ကုန်းပေါ်မှာမို့  မော့ပြီး ပစ်ရတယ် ။ ဒုတိယအချက်က အောက်ကကပ်နေတဲ့ ခြေလျင်တပ်တွေက ဥမင်လိုဏ်ခေါင်းထဲက ကပ်နေတာမို့ လို့  ။
ဘန်ကာတွေ ပေါက်ကွဲထွက်ကုန်ရတဲ့ အကြောင်းရင်းက တင့်ကားတွေက ပစ်နေတဲ့  ကျည်တွေက ရိုးရိုးကျည်မဟုတ် တင့်ကားဖျက် ဖောက်ကျည်တွေ ။ ဒီ ကျည်တွေဟာ သံမဏိ ဘန်ကာတွေထိုးခွဲပြီး အထဲရောက်မှ ပေါက်ကွဲ ပွင့်ထွက်သွားစေတယ် ။ စကခမှူး နဲ့  သံချပ်ကာတပ်မှူး နှစ်ယောက်ဟာ ဘန်ကာတွေ တစ်လုံးပြီး တစ်လုံး အတွဲညီညီ ဖြိုချနေကြတယ် ။
စစ်သည် သုံးလေးယောက် ဂျိမ်းကနဲ လေထဲမြောက်တက်သွားတယ် ။ ပြန်ကျလာတယ် ။ မိုင်းထိသွားတာ ။ ဒါပေမယ့် သံမဏိ ဖိနပ်ခွာတွေရဲ့ အစွမ်းနဲ့  ချက်ချင်းလူးလဲ ပြန်ထပြီး ကတုတ်ကျင်းတွေကို တက်လုံးတယ် ။ ဆယ်မိနစ်လောက်အတွင်း ပွိုင့် ၁၁၀၃ ဂီဒွန်ဟာ မြှားတံဆိပ်တပ် စစ်သည်တွေရဲ့ အပြတ်ရှင်းခြင်း ခံရတော့တယ် ။ ဂီဒုန်ပြိုပြီမို့  နောက်က ခံစစ်စခန်းငယ်လေးတွေ လိပ်ပြာကုန်းစခန်း စတဲ့ စခန်းတွေဟာလဲ နောက်တစ်ရက်မှာ ဆက်ပြိုဆင်းပါတယ် ။
---------------------------------------
ဂီဒုန်က ပေးပို့ တဲ့  သတင်းစကား
-------------------------------------
ဒုတိယအချက်က ဂီဒုန်ကို တိုက်သွားတာဟာ ခြေမြန်တပ်မ တစ်မက ဆိုင်ထားပြီး တကယ်တန်း တပ်ရင်း နှစ်ရင်းကပဲ စခန်းသိမ်း တိုက်ပွဲ လုပ်သွားတာပါ ။ ခမရ ၃၈၆ နဲ့ ၃၈၃ တို့ က ဂီဒုန်ကို ၀င်သိမ်းလိုက်တာ ဖြစ်ပါတယ် ။ ကေအိုင်အေ အနေနဲ့  ဒီတပ်မရဲ့ လက်စွမ်းလက်စကို လဂျားယန်တို့ ခရာဘွန်တို့ တုန်းကလဲ မြည်းစမ်းကြည့်ပြီး ဖြစ်ပါလိမ့်မယ် ။
တတိယအချက်က ဂီဒုန်ကို တိုက်တာ ဒေါ်လာ သန်း ၇၀၀လဲ မကုန်ပါဘူး ဒေါ်လာ သန်း ၇၀ လဲ မကုန်သလို ဒေါ်လာ ၇သန်းလဲ မကုန်ပါဘူး ။ တကယ် အသုံးပြုခဲ့တာက ခပ်ထက်ထက် တပ်မမှူးတစ်ဦး ၊ တိုက်ရည်ခိုက်ရည်ကောင်းတဲ့  တပ်ရင်း သုံးလေးရင်း  ၊ တင့်ကားလေးစီး ၊ ဘန်ကာဖျက် ဖောက်ကျည် အနည်းငယ် ၊ ဥမှင်လှိုဏ်ခေါင်းငယ် တစ်ခုနဲ့  သံမဏိ ဖိနပ်ခွာ အရံ တစ်ရာလောက်သာ ဖြစ်ပါတယ် ။
--------------
ရေးသားသူ - နေရီ
Ps ။ ပုံထဲက ဥမင်လိုဏ်ခေါင်းငယ်ဟာ 
စကခ ၃ တပ်တွေ တစ်လလောက် အချိန်ယူ ဖောက်ခဲ့ တဲ့  
မီတာတစ်ထောင်လောက် ရှည်လျားတဲ့ ဥမင် ဖြစ်ပါတယ် ။
posted from Bloggeroid
Sunday, December 18, 2016
ပြင်ဦးလွင် တောင်သူများရင်ဖွင့်
"လယ်ယာမြေသိမ်းဆည်းခံ တောင်သူများ၏
ရင်ဖွင့်သံ သတင်းစာရှင်းလင်းပွဲ့ပြုလုပ်"
=============================
ပြင်ဦးလွင် ဒီဇင်ဘာ ၁၈
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ထုံးကွင်း
ကျေးရွာတွင် ဒေသခံတောင်သူများစုပေါင်း
ကာ လယ်ယာမြေသိမ်းဆည်းခံခြင်းများကို
သတင်းမီဒီယာများအား ရင်ဖွင့်ပြောကြားခြင်းကို ထုံးကွင်းကျေးရွာ
ရွာဦးကျောင်းတိုက်အတွင်း ဒီဇင်ဘာလ ၁၈
ရက်နေ့ နေခင်း ၁ နာရီအချိန်ကစတင်၍
ကျင်းပပြုလုပ်ခဲ့သည်ကိုတွေ့ရသည်။
ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ရေငယ်ကျေးရွာ
ညောင်နီကျေးရွာ မီးသွေးဖိုကျေးရွာ သပြေ
ရေကျေးရွာ မိုးကြိုးစံပြကျေးရွာ ပိုးဇာကျေးရွာ
ထုံးကွင်းကျေးရွာ အောင်ချမ်းသာကျေးရွာ
ညောင်ကုန်းကျေးရွာ ပင်လိမ်အလယ်ရွာ
တို့က မြေသိမ်းဆည်းခံတောင်သူ အင်အား
၈၀ ခန့်တက်ရောက်ကာ လယ်ယာမြေများ
အသိမ်းခံခြင်း တောင်သူများကိုပုဒ်မများ
အမျိုးမျိုးတပ်ကာ ထောင်ကျခံရခြင်း မြေယာ
မတားအသိမ်းခံရခြင်းများကိုရင်ဖွင့်ပြောကြား
ခဲ့ကြသည်။
posted from Bloggeroid
ပုသိမ်ကြီး
သိမ်းဆည်းခံလယ်ယာမြေများကို မူလတောင်သူများက
ပြန်လည်လုပ်ကိုင်ခွင့်ရရှိလိုကြောင်းရှင်လင်း။
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်ချမ်းသာကျေးရွာအုပ်စု မှ
ကွင်းအမှတ် ၄၄၇ အတွင်း အကျဉ်းဦးစီးဌာန မှ ၁၉၉၂ ခုနှစ်၊အကျဉ်းထောင်
တည်ဆောက်စဉ်က သိမ်းဆည်းခဲ့သည့် မြေများတွင် ပိုလျှံမြေများကို မူလ
တောင်သူများက ပြန်လည်လုပ်ကိုင်လိုကြောင်း
ယနေ့ဒီဇင်ဘာ ၁၈-ရက် မွန်းလွဲ
၁-နာရီက ရှင်းလင်းသည်။
အကျဉ်းထောင်ဆောက်လုပ်စဉ်က ပစ္စည်းများစုပုံထားရှိရန် မေတ္တာရပ်ခံခဲ့သဖြင့်
ခွင့်ပြုခဲ့ရာမှ နောက်ပိုင်းတွင် ခြံခတ်သိမ်းဆည်းခဲ့ပြီး ပိုလျှံနေသော
မြေများကို လုပ်ကိုင်ခွင့်ရလိုသဖြင့် ယခင်အစိုးရလက်ထက်မှ ယနေ့ထိ
သက်ဆိုင်ရာကို တင်ပြတောင်းခံခဲ့သည်ဟု သိရသည်။
“အရင်အစိုးရ ဆင်းခါနိးမှာ လွှတ်တော်ကိုယ်စားလှယ်တွေက စစ်ဆေးတွေ့ရှိချက်ကို
တိုင်းဒေသကြီးလွှတ် တော် မှာ တင်ပြခဲ့တယ်။ခုလည်း ၀န်ကြီးချုပ်လက်ဝယ်ထိ
တင်ပြခဲ့ပြီးပြီ။ဘာမှ အကြောင်းပြန်လာတာ မရှိသေး ဘူး။ ပိုလျှံတဲ့ မြေကို
တောင်းဆို တာဖြစ်ပြီး အဲဒီမှာ မြေပွဲစားတွေက အရောင်းအ၀ယ်လုပ်နေကြတယ်။”ဟု
ရှင်းလင်းသူ ဦးသိန်းလွင်က ပြောသည်။
စုစုပေါင်း ၆-ဧက ကျော်ဖြစ်ပြီး အကျဉ်းထောင်နှင့်
ဆက်စပ်ဧရိယာမဟုတ်သကဲ့သို့ စီမံကိန်းအကောင်အထည် ဖေါ်ခြင်း လည်းမရှိသည့်
နေရာဖြစ်၍ ဥပဒေအတိုင်းဆောင်ရွက်ပေးစေလိုကြောင်းနှင့် သက်ဆိုင်ရာ
တိုင်းဒေသ ကြီး လွှတ်တော်ကိုယ် စားလှယ်ထံသို့လည်း
သွားရောက်တင်ပြခဲ့ကြောင်းသိရသည်။
ရှင်းလင်းသူတစ်ဦးကပြောကြားရာတွင် “လက်ရှိ တိုင်းဒေသကြီးဝန်ကြီးချုပ်ကို
ပုသိမ်ကြီး မြို့မဈေးဖွင့်ပွဲနေ့က တွေ့ဆုံပြီး လက်ထဲအထိ ပေးအပ်ခဲ့တော့
စီစစ်ဆောင်ရွက်ပေးမယ်လို့ ပြောခဲ့တယ်။ ကြားကာလမှာ အဲဒီမြေ တွေကို
ကွက်စိပ်ပြီး ရောင်းကြတာကို အကျဉ်းဦးစိးကိုလည်း အသိပေးခဲ့တယ်”ဟု ဆိုသည်။
posted from Bloggeroid
နီကယ်စက်ရုံဆန္ဒပြ
တကောင်းနီကယ်စက်ရုံမှ ဝန်ထမ်းမျး ဆန္ဒထုတ်ဖေါ်။
တကောင်းနီကယ် စက်ရုံ မှ မြန်မာဝန်ထမ်းများက အလုပ်သမားအခင်ွင့်အရေးရရန် ဒီဇင်ဘာ ၁၈ ရက် နံနက် ၉ နာရီက လူအင်အား ၅၀၀ ခန့်က မဟာဗျူဟာလမ်း နီကယ်လမ်းဆုံတွင် တွင် စတင်ကာ နီကယ်စက်ရုံးရှေ့ထိ လက်ပတ်ဖြူ များဖြင့် လမ်းလျောက် ဆန္ဒထုတ်ဖေါ်ကြ့သည်။
ဆန္ဒထုတ်ဖေါ်ရာ လမ်းတစ်လျောက် တွင် ၄င်းတို့ ဆုံးရှုံးနေသည့်အခွင့်အရေးမျာုးဖြေရှင်း ပေးရန် နိုင်ငံသားတို့၏ ဘဝလုံးခြုံရေး ဥပဒေမဲ့ နီကယ်စက်ရုံ လုပ်ရပ်များရပ်ဆိုင်းရေးစသည့်တို့ ကြွေးကြော်ကာ စီတန်း လှည်လည်ခဲ့ပြီး နီကယ် စက်ရုံရှေ့တွင် ဟောပြောပွဲကြသည်။
" အသက်အားမခံလည်လုပ်ခွင့် လူမူဖူလုံးရေး ဝင်ခွင့်လည်းမပေးပါဘူး ။ကျွန်တော်တို့ ဘယ် လောက် တော်တော် ဘယ်လောက် လုပ်လုပ် လုပ်ခလစာတိုးမပေးတာက မြန်မာ အလုပ် သမားတွေ ကျွန်းပြု ခံရတာပါ နစ်နာလို့ တောင်း ဆိုချက်တွေမရရင် လက်ပတ်စိမ်း ဝတ်ပြီးဆက် လုပ်မယ်။" ဟုစက်ရုံ ကုန်ကြမ်းဌာန တာဝန်ထမ်း ဆောင်သူက ပြောသည်။
နိုင်ငံခြား ရင်းနှီးမြုပ်နှံမူ ဥပဒေချိုးဖေါက်နေမူ များကို အရေး ယူဆောင်ရွက်ပေးရေး အလုပ်သမားကိစ္စများ ကို ပါဝင်ဆွေး နွေးပိုင်ခွင့် အသိမှတ်ပြုခွင့် ရရှိရေး သတ္တူတွင်း လုပ်သား များ၏ အခြေခံလုပ်ခလစာများ တိုးမြှင့်ရရှိရေး နင့်ဥပဒေ၏ အကာကွယ်စောင့်ရှောက်မူအပြည့် အဝရရှိရေးဗီနိုင်များဖြင့်ကိုင် ဆောင်ခဲ့ကြသည်။
ဆန္ဒထုတ်ဖေါ်မူတွင် နီကယ်စက်ရုံမှ တာဝန်ရှိ သူနင့်ဆက်သွယ်မှုမရ သော်လည်း လုံခြုံရေး ဝန်ထမ်းဦးမျိုးမင်းသိန်းက"လုပ်အားခ မကိုက်လို့ တောင်းဆိုကြတာကိုမပြောလိုပါဘူး။မိသားစုများ ရင်အဆင်မပြေဘူး။လုံးခြုံရေး ဝန်ထမ်းတွေက လစာ၂-သိန်းခွဲရတယ် " ဟု ပြောသည်။
အလုပ်သမားများစု တောင်ချက်သည့် အချက် ၁၃ ချက် တွင် အလုပ်သမားအပြစ်ဖြစ်လာပါက ပွင့်လင်းမြင်သာစွာ ဖြေရှင်းရန် နိုင်ငံတော်နင့် အကျိုးအမြတ်ခွဲဝေမူကို ပွင့်လင်း မြင်သာဖေါ် ပြရန်။အလုပ်သမားများတင်မြောက် သည့်ခေါင်း ဆောင်ရွှေးချယ်ပေးရန် တရုတ်-မြန်မာလူမျိုးရေး ခွဲခြားမူမပြု ရန်တို့ပါဝင်သည်။
posted from Bloggeroid
Saturday, December 17, 2016
မင်းကွန်းသတင်း
"မင်းကွန်းတိပိဋကဆရာတော်ရဲ့အသုံးဆောင်ပစ္စည်းများတန်ဖိုးမဖြက်နိုင်သောရွှေပေစာ
များမီးလောင်းထဲ့လုံးဝမပါဟုဆို"
=============================
စစ်ကိုင်း ဒီဇင်ဘာ ၁၇
စစ်ကိုင်းတိုင်း မင်းကွန်းတောင်ရိုး
မီးလောင်စဉ်က မင်းကွန်း တိပိဋကဆရာတော်ဘုရားကြီးရဲ့ ရဟန်းအသုံးအဆောင်တွေ တန်ဖိုးမဖြတ်နိုင်တဲ့ရှေးဟောင်းပေစာထုပ်တွေ မီးသင့်ခဲ့တယ်ဆိုတာ လုံးဝမဟုတ်ဘူးလို့ မင်းကွန်း တိပိဋကဓမ္မနာဒပရိယတ္တိစာသင်တိုက်ကြီးရဲ့ နာယကဆရာတော်များအဖွဲ့က ဒီနေ့ပဲတရားဝင်သတင်းစာရှင်းလင်းပွဲပြုလုပ်
၍ပြောသည်။
“သတင်းတစ်ချို့မှာပါလာတဲ့အခါကျတော့ ဆရာတော်ကြီး ကို တန်ဖိုးထားမြတ်နိုးကြတဲ့ ရပ်ဝေးရပ်နီးတပည့်ဒါယ ကာ ဒါယိကာတွေကလှမ်းဖုန်းဆက်မေးကြတယ်၊ ၀မ်းနည်းပူဆွေးကြတယ် ဒါကြောင့်မို့လို့ အဖြစ်မှန်ကို ပြန်ရှင်းတာပါ" လို့ နာယကအဖွဲ့ဝင်ဆရာတော်ဦးကေသရက
မိန်ကြားခဲ့သည်။
ဒီဇင်ဘာ ၁၂ ရက် ည ၉ နာရီခွဲခန့် က မင်းကွန်းတိပိဋက ဓမ္မနာဒပရိယတ္တိစာသင်တိုက်အတွင်းက သံဃာ ၆ ပါးသတင်းသုံးရာ ၃ ထပ်ကျောင်းဆိုင်တစ်ခုမီးလောင်မှုဖြစ်ခဲ့တာမှာ သတင်းဌာနတစ်ချို့က ဆရာတော်ကြီးမူလသတင်းသုံးတော်မူရာ ကျောင်းဆောင်မီးလောင်ခဲ့တာဖြစ်ပါတယ်
ဆရာတော်ကြီးနဲ့ပတ်သက်တဲ့ ရဟန်းအသုံးအဆောင်တွေ တန်ဖိုးဖြတ်မရတဲ့ ရှေးဟောင်းပေစာတွေပျက်စီးဆုံးရှုံးခဲ့ကြောင်း ရေးသားဖော်ပြကြတဲ့အတွက် ဆရာတော်ကြီးအပေါ် ကြည်ညိုကြသူတွေ များစွာဝမ်းနည်းပူဆွေးမှု ဖြစ်ခဲ့ကြတယ်
“သံဃာ ၆ ပါးရဲ့ရဟန်းအသုံးအဆောင်တွေပဲပါသွား
ဆရာတော်နဲ့ပတ်သက်တာတွေ လုံးဝ လုံးဝမပါ၂၀၁၁ တုန်းက မိုးကြီးလို့အုတ်တံတိုင်းပြိုပြီးကတည်းက၂၀၁၁ ကတည်းက ဆရာတော်ပုံတူရုပ်တု ၂ ခုနဲ့ ရွှေပေစာတွေ၊ တန်ဖိုးကြီးအရာမှန်သမျှ ရာပြည့်ကျောင်းထဲ ရွှေ့ထားပြီးဖြစ်ပါတယ်၊ ဆဌသင်္ဂါယနာတင်ကာလက ဆရာတော်ရဲ့ နှစ်ထပ်သင်္ဃန်းကြီး၊ ယပ် အစရှိတဲ့ပရိက္ခရာရှစ်ပါး ပေစာတွေမီးလောင်ခံရတယ်ဆို တာလည်း လုံးဝမဟုတ်ပါဘူး၊ အဲဒါတွေက
ဗုဒ္ဓပြတိုက်အတွင်းရှိတာပါ၊
ပြခန်းဆောင်လုံးဝမီးမသင့်ခဲ့ပါဘူး " လို့လည်း ဆရာတော်ကမိန့်ပါတယ်။
ဗုဒ္ဓ၀င်ပြခန်းဆောင်ဟာ လုံးဝ လုံးဝမီးလောင်ခြင်းမရှိတာ ကို ဆရာတော်ရဲ့တပည့်ဒါယကာဒါယိကာတွေ သိစေလို တဲ့အတွက် အခုလိုသတင်းစာရှင်းလင်းပွဲတစ်ခုနဲ့ ပြန်လည်ရှင်းပြရတာဖြစ်တယ်လို့လည်း နာယကအဖွဲ့ဝင် ဆရာတော်တွေ မိန့်ကြားခဲ့
သည်။
အဆိုပါ မင်းကွန်းတိပိဋကဓမ္မနာဒကျောင်းအတွင်းမှ
ဆရာတော်ဘုရားကြီးသတင်းသုံးတော်မူခဲ့ရာ ကျောင်းဆောင်ကြီး လုံးဝလုံး ၀ မီးလောင်ခဲ့ခြင်းမရှိကြောင်း နဲ့ ဆရာတော့်ရဟန်း အသုံး အဆောင်တွေ ရွှေပေစာတွေ တန်ဖိုးဖြတ်မရတဲ့ဆရာတော် နဲ့ ပတ်သက်တာတွေ လုံးဝမီးမသင့်ခဲ့ပါဘူး
လက်ရှိအနေအထားအရ ဘုရားဖူးများ
လာရောက်လေ့လာခြင်း ဗုဒ္ဓဝင် ပြတိုက်နဲ့
ရာပြည့်ကျောင်းဆောင်အတွင်းမှယနေ့တိုင်
တိရှိလျှာက်ရှိသည်ကိုတွေ့ရသည်။
စိုင်းထူးခန့် 
posted from Bloggeroid
ငါန်းမြာကြီးသတင်း
ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးကျေးရွာအုပ်စုတွင် တောင်သူများအကြား မြေနုကျွန်းခွဲဝေရာတွင် အငြင်းပွားမှုဖြစ်ပွား
===================================================
သုတ
ငါန်းဇွန် ဒီဇင်ဘာ ၁၆
===============
ငါန်းဇွန်မြို့နယ် ငါန်းမြာကျေးရွာ အုပ်စုတွင်နေထိုင်သော တောင်သူ များအကြား မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မြေ စာရင်းဦးစီးဌာနမှ မြေနုကျွန်းခွဲဝေ ပေးအပ်ရာတွင် မြေနုကျွန်းခွဲဝေမှု ပိုင်းဆိုင်ရာ မြေယာပိုင်ဆိုင်မှုအငြင်း ပွားမှုတစ်ရပ် ယခုလ ၁၄ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။
မြို့နယ်မြေစာရင်းဦးစီးဌာန၏ မြေနုကျွန်း သတ်မှတ်ချက်များအရ ငါန်းမြာကျေးရွာအုပ်စုအတွင်း မြေ ဧက၁၉၁၆ဧကကို အဆိုပါအုပ်စု အတွင်းနေထိုင်သော တောင်သူ ဦးရေ ၁၈၇၇ဦးအား အချိုးကျ ခွဲဝေနိုင်ရန် စီစဉ်ခဲ့သော်လည်း အဆိုပါ မြေနုကျွန်းများပေါ်တွင် နှစ်စဉ် စိုက်ပျိုးလုပ်ကိုင်ခဲ့သော တောင်သူ ၈၄၈ဦးမှ ၄င်းတို့စိုက်ပျိုး လျက်ရှိသည့် မြေဧက ၁၁၄၄ ဧက သည် ယခင်အစိုးရအဆက်ဆက် က လက်ရှိနေရာတွင်သာ ပုံမှန် စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိသဖြင့် ခွဲဝေ သည့် မြေနုကျွန်းအမျိုးအစားတွင် မပါဝင်သည့်အတွက် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်မြေစာရင်းဦးစီးဌာနမှ မြေနု ကျွန်းခွဲဝေပေးမှုအား လက်မခံနိုင် ကြောင်း၊ လက်ရှိအချိန်တွင်လည်း သီးနှံများ စိုက်ပျိုးပြီးဖြစ်သော ကြောင့် သက်ဆိုင်ရာမှ မြေနုကျွန်း ခွဲဝေမှုများကို ရပ်တန့်ပေးရန် တောင်းဆိုခဲ့ကြသည်။
မြေယာခွဲခြမ်းရေး ပြဿနာ ဖြစ်ပွားနေသည့် ငါန်းမြာကျေးရွာ သို့ရောက်ရှိနေသော ငါန်းဇွန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးက ''ကျွန်တော်က အစိုးရဝန်ထမ်း တစ်ဦးဖြစ်လို့ အထက်အဆင့်ဆင့် က ညွှန်ကြားချက်ကို လေးစား လိုက်နာပြီး ဥပဒေနဲ့အညီ ဆောင် ရွက်ရပါတယ်။ ငါန်းမြာမှာ မြေယာ ခွဲခြမ်းရေးနဲ့ပတ်သက်ပြီး သူတို့ ရွာသူရွာသားအချင်းချင်း ညှိနှိုင်း မရလို့ ခုလိုပြဿနာတွေ ဖြစ်လာရ တယ်လို့ ယူဆပါတယ်။ ကျွန်တော် တို့ အခုလာတယ်ဆိုတာကလည်း ယခုလ ၁၂ရက်က ကျွန်တော့်ကို အထက်ကနေ မြေယာခွဲပေးဖို့ အမိန့်စာရောက်လာလို့ ရွာသူ ရွာသားတွေ အချင်းချင်းပြဿနာ တွေမဖြစ်အောင်ထိန်းသိမ်းဖို့လာ ရတာပါ။ အခုလည်း မြေယာခွဲဖို့ မလိုလားတဲ့တောင်သူနဲ့ ခွဲချင်တဲ့ တောင်သူဆိုပြီး အုပ်စုနှစ်ခုကွဲနေ တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက် နေရပါတယ်။ မြေယာခွဲခြမ်းမှုကို မလိုလားတဲ့ တောင်သူတွေအနေနဲ့ မြေရင့်ကျွန်းအဖြစ်သတ်မှတ်ဖို့ တင်ပြလာမှုက ကျွန်တော်ဒီမြို့နယ် မှာ တာဝန်ထမ်းဆောင်တဲ့ တစ်နှစ် အတွင်းတော့ မရှိသေးပါဘူး။ သူတို့အနေနဲ့ သူတို့ရဲ့မြေဟာ မြေရင့် ဖြစ်ကြောင်း အထောက်အထား ပြည့်ပြည့်စုံစုံနဲ့ တင်ပြလာရင်တော့ အဆင့်ဆင့်ပြန်လည်တင်ပြပြီး တိုင်း ဒေသကြီးအစိုးရက မြေရင့်ကျွန်း အဖြစ် သတ်မှတ်ပေးရင်တော့ အဆင်ပြေသွားလိမ့်မယ်လို့ ထင်ပါ တယ်''ဟု ရှင်းလင်းပြောကြား ခဲ့သည်။
''ကျွန်တော်တို့ တောင်သူတွေ အနေနဲ့ လက်ရှိလုပ်ကိုင်နေတဲ့နေရာ တွေမှာ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်လာတာ နှစ်ပေါင်း ၄ဝ လောက် ရှိပါပြီ။ အစိုးရအဆက် ဆက်က မြေနုကျွန်းခွဲဝေပေးတာနဲ့ ပတ်သက်ပြီး အငြင်းပွားမှု မရှိခဲ့ ပါဘူး။ အခုဒီမိုကရေစီ အစိုးရ လက်ထက်ကျမှ မြေနုကျွန်းခွဲဝေမှု ပြဿနာတွေ ဖြစ်လာရတာပါ။ ကျွန်တော်တို့ နှစ်ပေါင်းများစွာ စိုက်ပျိုးလာတဲ့ ဒီမြေနေရာတွေဟာ ကျေးရွာနေလူထုကို နှစ်စဉ်ခွဲခြမ်း ပေးတဲ့ မြေနုကျွန်းအမျိုးအစားထဲ မပါပါဘူး။ ပြီးခဲ့တဲ့အစိုးရလက် ထက်တုန်းကတော့ လက်ရှိစိုက်ပျိုး နေတဲ့နေရာတွေကို ခွဲဝေစရာမလိုဘဲ ကိုယ့်နေရာကို စိုက်ပျိုးခွင့်ရတဲ့ မြေရင့်ကျွန်းအဖြစ် လျှောက်ခဲ့ဖူး ပါတယ်။ပြီးခဲ့တဲ့အစိုးရလက်ထက် ကနေ လက်ရှိဒီမိုကရေစီအစိုးရ လက်ထက်အထိ ဘာအခက်အခဲ တွေကြောင့် ကျွန်တော်တို့မြေနေ ရာတွေကို မြို့နယ်မြေစာရင်းက မြေရင့်ကျွန်းအဖြစ် သတ်မှတ်မပေး သေးတာလဲဆိုတာကိုကျွန်တော်တို့ နားမလည်နိုင်ဘူးဖြစ်နေပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ကျွန် တော်တို့အနေနဲ့ တောင်းဆိုချင်တာ ကတော့ မြေနုကျွန်းခွဲရေးအစီအစဉ် တွေကို လောလောဆယ် မလုပ်ပေး ဖို့ရယ်နဲ့ ကျွန်တော်တို့နှစ်ပေါင်းများ စွာ အစဉ်အဆက်စိုက်ပျိုးလာတဲ့ နေရာတွေကို နှစ်စဉ်ခွဲဝေပေးလေ့ရှိ တဲ့ မြေနုကျွန်းအဖြစ် မသတ်မှတ်ဘဲ ခွဲဝေစရာမလိုတဲ့ ကိုယ့်နေရာကို နှစ်စဉ်စိုက်ပျိုးလို့ရတဲ့ မြေရင့်ကျွန်း အဖြစ်သတ်မှတ်ပေးဖို့ မေတ္တာရှေ့ ထားပြီး အလေးအနက် တင်ပြ တောင်းဆိုချင်ပါတယ်''ဟုငါန်းမြာ ကျေးရွာမှ တောင်သူကြီးဦးဝတိုး က ပြောကြားခဲ့သည်။
ငါန်းမြာကျေးရွာအုပ်စုတွင်နေထိုင် ပြီး ဌာနဆိုင်ရာ၏ မြေနုကျွန်းခွဲဝေ ပေးမှုအားလက်မခံနိုင်သောတောင်သူ ၈၄၈ဦးအားကိုယ်စားပြု၍ တည်မြဲ ကျွန်းမြေများ ဝေခြမ်းမှုနှင့်ပတ် သက်၍ ထိခိုက်နစ်နာမှုရှိသော တောင်သူများအနေဖြင့် ရာသီအမီ လုပ်စားခွင့်ပေးပါရန် အသနားခံ တင်ပြတောင်းခံခြင်းစာအား၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၁၁ရက်နေ့စွဲဖြင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ထံလိပ်မူ၍ ပေးပို့ထားသော်လည်း လက်ရှိအချိန်တွင် ၄င်းတို့အတွက် ထူးခြားမှု တစ်စုံတစ်ရာ မရှိသေး ကြောင်းလည်း သိရသည်။
posted from Bloggeroid
Friday, December 16, 2016
အင်ခရုမြေယာပြသာနာ
"သိမ်းဆည်ခံမြေယာပိုလျှံမြေပေါ်မူလပိုင်ရှင်
ခြံဝင်ခတ်သဖြင့်တရားစွဲခံရဟုဆို"
==============================
မန္တလေ ဒီဇင်ဘာ ၁၃
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အင်ခရု
ဘုရား မြောက်ဘက်ရှိ မြေ ဧကပေါင်း ၁၈
ဧကကို မူလတောင်သူထံက နစ်နာကြေး
လျော်ကြေး မပေးဘဲ သိမ်းယူသွားပြီး ပိုလျှံ
မြေ (၂)ဧကအပေါ် ဘာစီမံကိန်မှတည်ဆောက်ခြင်းမရှိသဖြင့်
မူလပိုင်ရှင်းက သနားခံစာတင်ကာ ခြံခတ်
သဖြင့် ပုဒ်မများတပ်ကာ တရားစွဲခံထားရ
ကြောင်း မန္တလေးစည်ပင်သာယာရေးအဖွဲ့
နှင် မူလတောင်သူမိသားစု ဒီဇင်ဘာလ ၁၃
ရက်နေ့က အခင်းဖြစ်ပွားရာနေရာတွင်ပြော
သည်။
"ဒီမြေတွေပိုင်ရှင် ဦးဖိုးလုံ ဒေါ်မမလေးရဲ့သမီးအငယ်မပါ ၁၉၉၂ ခုနှစ်
က မြေတွေ သိမ်းသွားတာ မြေဧက ၁၈ ဧက ခွဲရှိတယ် နိုင်ငံတော်ကသိမ်းသွားလိုဘဲသိရ
တာ အခု ဆက်သွယ်ရေးရုံးနေရာတွေ ပါတယ် လျော်ကြေးနစ်နာကြေးဘာတစ်ခုမှ
မပေးသွားတာမရှိဘူး နိုင်ငံတော်အတွက်
အကျိုးရှိသိမ်းသွားပြီး ပိုလျှံမြေတွေကို ပြန်ပေးတယ်ဆိုလို့ အထက်အဆင့်ဆင့်ကို
သနာခံစာတင်ပြီ လျှောက်ထားခဲ့ပါတယ်
သူများတွေ ဝင်ရောက်လုပ်ကိုင်နေလို ဒီအစိုး
ရလက်လက်ထပ်မှ သရက်ပင်စိုက်တယ်
ပို့လျှံမြေ ၂ ဧက ပေါ် ခြံလာခတ်တော့ ကျွန်မ
တို့ကို မန္တလေူစည်ပင်သာယာရေးအဖွဲ့က
လာရောက်တားတယ်ဟု မူလမြေပိုင်ရှင်သမီးဖြစ်သူဒေါ်တင်တင်အေး
ကပြောသည်။
ကျွန်တော် လက်ရှိပိုင်ရှင်ရဲ့မည်းတော်ပါတယ်
၂၀၁၄ ခုရှစ်မှ သမ္မတကြီး ဦးသိန်စိန်က
စီမံကိန်းအကောင်အထည်မဖော်သည့်မြေကို
မူလပိုင်ရှင်များပြန်လျှောက်လိုရတယ်ဆိုလို
ကျွန်တော်တို့အရပ်သားအစိုးရဖြစ်သောသမ္မ
တကြီး ဦးထင်ကျော်လက်ထပ်မှလျှောက်ထာ
းကာ လက်ရှိ ပိုလျှံမြေ ၂ ဧကအပေါ် ခြံလေး
လာခတ်တယ် အပင်လာစိုက်တာကို စည်ပင်
ကလာရောက်တားတယ် အခုသူတို့က
ဒီနေရာကို ကျွန်တော်တို့ကြတော့ မြေယာ
နှစ်ဘက်အငြင်းပွားမှု့ဖြစ်နေပါလျှက်နဲ့သူ
တို့က လာရောက်ပြီ ဝင်ခတ်နေကြတာ
တရားမျှတမှုလုံးဝမရှိဘူး ကျွန်တော်တို့မူလ
ပိုင်ရှင်တွေကြတော့ ခြံဝင်လာခတ်လို့ဆိုပြီ
ကျွန်တော်ကို ပုဒ်မ (၄၄၇)တရားစွဲထားပြီး
မြေယာအငြင်းပွားမှု့ဖြစ်နေစဉ်မှ သူတို့က
ခြံလာခတ်နေပါတယ်ဟု မူလမြေပိုင်ရှင်၏
မည်းတော်သူ ဦးကိုကိုအောင်ကပြောသည်။
"ကျွန်တော်တို့က အင်တာဗျူးခွင့်မရှိပါဘူး
အထက်ကခိုင်လိုသာ ဒီနေရာကို အလုပ်သ
မားတွေနဲ့ ခြံဝင်လာရောက်ခတ်တာပါ
မင်းခယောက်ကျား ကန်နားသစ်ပင်တွေပါ
ဟု မန္တလေူစည်ပင်သာယာရေးအဖွဲ့က
ခြံဝင်လာခတ်သူတာဝန်ခံတစ်ဦးကပြောသည်။
အဆိုပါနေရာဟာ စီမံကိန်းအကောင်အထည်ဖော်ဖို့အတွက်
မြေဧက ၁၈ ဧကခွဲသိမ်းယူထားပြီး ၂ ဧက
ခန့် နှစ်ပေါင်းများစွာ အကောင်အထည်ဖော်
ဆောင်ရွက်ခြင်းမရှိဘဲ တောထ၍ကျန်နေခဲ့
သောနေရာတစ်ခုဖြစ်ပြီး လက်ရှိအနေအထားအရမူလပိုင်ရှင်ဖြစ်သူ၏
သမီးဖြစ်သူဒေါ်တင်တင်အေးက လျှောက်ထားခြင်းသနားခံတင်ခြင်းပြုလုပ်ပြီး
အပင်လာရောက်စိုက်ကာမှ စည်ပင်က
လာရောက်ကာ ခြံဝင်လုခတ်နေသည်ကို
ဒီဇင်ဘာလ ၁၃ နေ့ နေ့ခင်ူပိုင်းကတွေ့ရပြီး
အခြားကျူးကျော်နေထိုင်သူများကိုပါတွေ့ရသည်။
မန္တလေးမြို့တော်ကတော့ အဆိုနေရာအား
ပြည်ကြီးတံခွန်မြို့နယ် ရေပေးရေးအတွက်အဆောက်အဦးတည်ဆောက်
သောနေရာဟုဆိုထားပါတယ် မူလပိုင်ရှင်များကို
နစ်နာကြေးလျှောကြေးမပေးခြင်း နှစ်ပေါင်းများစွာ
စီမံကိန်အကောင်အထည်ဖော်ဆောင်ခြင်းများမရှိ
ဘဲ ကျူးများမွေးထားကာ မူလပိုင်ရှင်များအဆောက်
ဦးတည်ဆောက်ကာမှ လာရောက်တည်ဆောင်ခြင်း မူလမြေပိုင်ရှင်များကို
မတရားပုဒ်မများတပ်ပြီး တရားစွဲခြင်းများပြုလုပ်လျှက်ရှိသည်ကိုတွေ့ရသည်။
posted from Bloggeroid
Thursday, December 15, 2016
အင်ခရုမြေယာပြသာနာ
"သိမ်းဆည်ခံမြေယာပိုလျှံမြေပေါ်မူလပိုင်ရှင်
ခြံဝင်ခတ်သဖြင့်တရားစွဲခံရဟုဆို"
==============================
မန္တလေ ဒီဇင်ဘာ ၁၃
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အင်ခရု
ဘုရား မြောက်ဘက်ရှိ မြေ ဧကပေါင်း ၁၈
ဧကကို မူလတောင်သူထံက နစ်နာကြေး
လျော်ကြေး မပေးဘဲ သိမ်းယူသွားပြီး ပိုလျှံ
မြေ (၂)ဧကအပေါ် ဘာစီမံကိန်မှတည်ဆောက်ခြင်းမရှိသဖြင့်
မူလပိုင်ရှင်းက သနားခံစာတင်ကာ ခြံခတ်
သဖြင့် ပုဒ်မများတပ်ကာ တရားစွဲခံထားရ
ကြောင်း မန္တလေးစည်ပင်သာယာရေးအဖွဲ့
နှင် မူလတောင်သူမိသားစု ဒီဇင်ဘာလ ၁၃
ရက်နေ့က အခင်းဖြစ်ပွားရာနေရာတွင်ပြော
သည်။
"ဒီမြေတွေပိုင်ရှင် ဦးဖိုးလုံ ဒေါ်မမလေးရဲ့သမီးအငယ်မပါ ၁၉၉၂ ခုနှစ်
က မြေတွေ သိမ်းသွားတာ မြေဧက ၁၈ ဧက ခွဲရှိတယ် နိုင်ငံတော်ကသိမ်းသွားလိုဘဲသိရ
တာ အခု ဆက်သွယ်ရေးရုံးနေရာတွေ ပါတယ် လျော်ကြေးနစ်နာကြေးဘာတစ်ခုမှ
မပေးသွားတာမရှိဘူး နိုင်ငံတော်အတွက်
အကျိုးရှိသိမ်းသွားပြီး ပိုလျှံမြေတွေကို ပြန်ပေးတယ်ဆိုလို့ အထက်အဆင့်ဆင့်ကို
သနာခံစာတင်ပြီ လျှောက်ထားခဲ့ပါတယ်
သူများတွေ ဝင်ရောက်လုပ်ကိုင်နေလို ဒီအစိုး
ရလက်လက်ထပ်မှ သရက်ပင်စိုက်တယ်
ပို့လျှံမြေ ၂ ဧက ပေါ် ခြံလာခတ်တော့ ကျွန်မ
တို့ကို မန္တလေူစည်ပင်သာယာရေးအဖွဲ့က
လာရောက်တားတယ်ဟု မူလမြေပိုင်ရှင်သမီးဖြစ်သူဒေါ်တင်တင်အေး
ကပြောသည်။
ကျွန်တော် လက်ရှိပိုင်ရှင်ရဲ့မည်းတော်ပါတယ်
၂၀၁၄ ခုရှစ်မှ သမ္မတကြီး ဦးသိန်စိန်က
စီမံကိန်းအကောင်အထည်မဖော်သည့်မြေကို
မူလပိုင်ရှင်များပြန်လျှောက်လိုရတယ်ဆိုလို
ကျွန်တော်တို့အရပ်သားအစိုးရဖြစ်သောသမ္မ
တကြီး ဦးထင်ကျော်လက်ထပ်မှလျှောက်ထာ
းကာ လက်ရှိ ပိုလျှံမြေ ၂ ဧကအပေါ် ခြံလေး
လာခတ်တယ် အပင်လာစိုက်တာကို စည်ပင်
ကလာရောက်တားတယ် အခုသူတို့က
ဒီနေရာကို ကျွန်တော်တို့ကြတော့ မြေယာ
နှစ်ဘက်အငြင်းပွားမှု့ဖြစ်နေပါလျှက်နဲ့သူ
တို့က လာရောက်ပြီ ဝင်ခတ်နေကြတာ
တရားမျှတမှုလုံးဝမရှိဘူး ကျွန်တော်တို့မူလ
ပိုင်ရှင်တွေကြတော့ ခြံဝင်လာခတ်လို့ဆိုပြီ
ကျွန်တော်ကို ပုဒ်မ (၄၄၇)တရားစွဲထားပြီး
မြေယာအငြင်းပွားမှု့ဖြစ်နေစဉ်မှ သူတို့က
ခြံလာခတ်နေပါတယ်ဟု မူလမြေပိုင်ရှင်၏
မည်းတော်သူ ဦးကိုကိုအောင်ကပြောသည်။
"ကျွန်တော်တို့က အင်တာဗျူးခွင့်မရှိပါဘူး
အထက်ကခိုင်လိုသာ ဒီနေရာကို အလုပ်သ
မားတွေနဲ့ ခြံဝင်လာရောက်ခတ်တာပါ
မင်းခယောက်ကျား ကန်နားသစ်ပင်တွေပါ
ဟု မန္တလေူစည်ပင်သာယာရေးအဖွဲ့က
ခြံဝင်လာခတ်သူတာဝန်ခံတစ်ဦးကပြောသည်။
အဆိုပါနေရာဟာ စီမံကိန်းအကောင်အထည်ဖော်ဖို့အတွက်
မြေဧက ၁၈ ဧကခွဲသိမ်းယူထားပြီး ၂ ဧက
ခန့် နှစ်ပေါင်းများစွာ အကောင်အထည်ဖော်
ဆောင်ရွက်ခြင်းမရှိဘဲ တောထ၍ကျန်နေခဲ့
သောနေရာတစ်ခုဖြစ်ပြီး လက်ရှိအနေအထားအရမူလပိုင်ရှင်ဖြစ်သူ၏
သမီးဖြစ်သူဒေါ်တင်တင်အေးက လျှောက်ထားခြင်းသနားခံတင်ခြင်းပြုလုပ်ပြီး
အပင်လာရောက်စိုက်ကာမှ စည်ပင်က
လာရောက်ကာ ခြံဝင်လုခတ်နေသည်ကို
ဒီဇင်ဘာလ ၁၃ နေ့ နေ့ခင်ူပိုင်းကတွေ့ရပြီး
အခြားကျူးကျော်နေထိုင်သူများကိုပါတွေ့ရသည်။
မန္တလေးမြို့တော်ကတော့ အဆိုနေရာအား
ပြည်ကြီးတံခွန်မြို့နယ် ရေပေးရေးအတွက်အဆောက်အဦးတည်ဆောက်
သောနေရာဟုဆိုထားပါတယ် မူလပိုင်ရှင်များကို
နစ်နာကြေးလျှောကြေးမပေးခြင်း နှစ်ပေါင်းများစွာ
စီမံကိန်အကောင်အထည်ဖော်ဆောင်ခြင်းများမရှိ
ဘဲ ကျူးများမွေးထားကာ မူလပိုင်ရှင်များအဆောက်
ဦးတည်ဆောက်ကာမှ လာရောက်တည်ဆောင်ခြင်း မူလမြေပိုင်ရှင်များကို
မတရားပုဒ်မများတပ်ပြီး တရားစွဲခြင်းများပြုလုပ်လျှက်ရှိသည်ကိုတွေ့ရသည်။
posted from Bloggeroid
မြေနုကျွန်းပြသာနာ
"ငါန်းမြာကြီးမြို့ မြေနုကွန်မူလပိုင်ရှင်များရှိပါ
လျှက်နဲ့ မြေယာဝေခြမ်းမှု့ထပ်မံပြုလုပ်သဖြင့်
ဒေသခံအဖွဲ့နှစ်ကွဲကာအငြင်းပွားမှု့များဖြစ်ပွား"
==============================
ငါန်းမြာ ဒီဇင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်
ငါန်းဇွန်မြို့နယ် ငါန်း
မြာမြို့ ဧရာဝတီမြစ်ကျွန်းပေါ်တွင် နှစ်ပေါင်း
၄၀ ကျော်အထိ လုပ်ကိုင်စားသောက်နေကြ
သောမူလပိုင်ရှင်များရှိပါလျှက်နဲ့ ၂၀၁၆ ခုနှစ်
ဒီဇင်ဘာလ ၁၄ ရက်နေ့က ဌာနဆိုင်ရာအဖွဲ့
ပေါင်းစုံပါဝင်သည့်အဖွဲ့က လာရောက်ကာ
ဒေသခံရွာသား မြေပြန်ခွဲပေးလိုသူများနှင့်
မူလပိုင်ရှင်းတို့အငြင်းပွားမှု့ပြသာနာဖြစ်ပွား
ခဲ့သည်ကိုတွေ့ရသည်။
ကျွန်မတို့က မူလ ကျွန်တော်ပေါ်မှာဖိုးဖွားအစဉ်အဆက်လုပ်
ကိုင်စားသောက်နေသူတွေ စုဝေနေတာ
ပါ အခု မြို့နယ်မြေစာရင်း ထွေအုပ် ရဲတပ်ဖွဲ့
မီးသတ်တက်ဖွဲတွေ အင်အား ၁၀၀ ကျော်
လောက်က ကျွန်မတို့ စိုက်ပျိုးထားသည့်သီး
နှံတွေကို မြေနုကျွန်းမြေ ပြန်လှည်ခွဲဝေပေး
ဖို့အတွက်ဆိုကာ လာရောက်ဖျက်စီးနေလို့
နှစ်ပေါင်း ၄၀ ကျော်အထိ လုပ်စားနေကြ
သော ဒေသခံတောင်သူ ၈၀၀ ကျော်က ကန့်
ကွက်ကြောင်းစုပြီးလာပြောတာပါ
ကျွန်မတို့က ဒီလို စိုက်ထားပြီးသားသီးနှံတွေ
ကိုအဖျက်အဆီးမခံနိုင်ပါဘူး အရင်းနှီးက
ကြီးပါတယ် အခု ဝေတဲ့နေရာလည်း ကျွန်မ
တို့မလုပ်ပါဘူး ကျွန်မတို့ မိဘတွေလက်ထက်ကနေ့  နှစ်ပေါင်း ၄၀ ကျော် လုပ်စားနေတာပါ ကျွန်မ တစ်သက်နဲ့
တစ်ကို တစ်ခါမှ ဒီလို ပြန်ဝေတာမရှိဘူး
အသစ်ပေါ်တဲ့နေရာဝေတာ မပြောပါဘူး
အခုဟာက ကျွန်မတို့ ခုတ်ထွင်ရှင်းလင်းပြီး
လုပ်စားနေသောနေရာကို အခြောင်သမား
တွေက ဌာနဆိုင်တွေနဲ့ပေါင်းပြီး အနိုင်လာကျင့်တာဟုဒေသခံတောင်သူဒေါ်
သင်းသင်းအေးကပြောသည်။
"ကျွန်မတို့လက်ရှိပြသာနာက ဒီကျွန်းဟာ
မြေရင့်ကျွန်းမဟုတ်ပါဘူး မြေနုကျွန်းပါ
ဘာကြောင့်ခေတ်အဆက်ဆက်ဝေခြမ်း
မပေးခဲလည်းဆိုရင် အာဏာရှင်လက်ကိုင်
ဒုတ်ဖြစ်ပြီး မြို့နယ် မြေစာရင်းဌာနတွေက
လာဘ်စားထာပြီး မရှိဆင်းရဲသားတွေကို
ဝေမပေးဘဲ လက်ဝါးကြီးအုပ်ကာ ယူထား
လိုပြောင်းလဲအောင်ဆိုပြီး အမေစုကိုမဲပေး
ကာ သူလက်ထက် တောင်သူတွေညီတူ
ညီမျှဖြစ်အောင်လို ဌာနဆိုင်ရာတွေကိုတင်
ပြကာဝေခြမ်းပေးခိုင်တာဟု မြေနုကျွန်းဝေ
ခြမ်းပေးရန်တောင်းဆိုသူ မအာကာဝင်းက
ပြောသည်။
"ကျွန်တော်တို့လည်းအခုအစည်းအဝေးထိုင်
ပါတယ် တိုင်းဒေသကြီး၏ ဒီဇင်ဘာလ ၁၂
ရက်နေ့၏အမိန်အရ တိုင်တာပေးပါဆိုလို
ဒီကိုလာရောက်ရတာပါ ခွဲဝေပေးတဲ့အခါမှ
မောင်ဖြူနဲ့မောင်နီနဲ့ ခွဲဝေပေးတဲ့နေရာမှ
မောင်ဖြူက စိုက်ပျိုးပြီးသားဖြစ်နေရင် ဒီနေ
ရတော့ မစိုက်နဲ့တော့ သူရထသည့်ခွဲတန်း
လေးရှိတယ် နှစ်ဘက်နားလည်းမှု့ယူကာ
လဲပြီး စိုက်ပျိုးအထိ ညီနိုင်းပေးဖို့ပါ လဲရင်
လည်းလဲကျရန် သူတို့တောင်သူအချင်းချင်း
ပြေလည်စေလိုပါတဟ် ဒီပြသာနာရဲ့ က
တောင်သူတွေပေါ်မှာ မူတိတယ် ခွဲဝေပေး
တယ်ဆိုရင် ဒီရွာကလူတွေပါပဲမြေ ဧကပေါင်း(၁၈၀၀)ကျော်ရှိတယ် မြေဧကပေါင်း(၁၈၇၇)ဧကပါ ရပ်ကွက်(၁၁)
ရပ်ကွက်ပါဟု ငါန်းဇွန်မြို့နယ် အုပ်ချုပ်ရေးမှူး
ဦးအောင်နိုင်ဦးကပြောသည်။
အဆိုပါမြေနုကွန်းမြေများအား ယခင်လုပ်စား
လာသူများက မြေရင့်ကျွန်းအဖြစ်လျှောက်
ထားပေးကြသော်လည်းလျှောက်ထားခွင့်
မပေးပဲ အစိုးလက်ထက်ကြမှာ ခွဲဝေပေးတာ
ကို လက်မခံသူ မူလလုပ်ကိုင်စားသောက်နေ
သူတောင်သူ (၈၄၈)ဦးရှိပြီ အလုံးပေါင်း
ဒေသခံတွေက (၁၈၇၇)ဦးထိရှိပြီး မြေယာ
ခွဲဝေမှု့ မညီမျှသဖြင့် အိမ်တောင်သစ်များနှင့်
မြေယာပိုင်ဆိုင်မှု့နည်းသူများက ငါန်းဇွန်မြို့
ပေါ်ကို ပြီးခဲ့သည့်လ က လာရောက်ဆန္ဒဖော်ထုတ်ခဲ့သဖြင့် ယနေ့လာ
ရောက်စစ်ဆေးတိုင်ထွာမှု့များပြုလုပ်ရကြောင်းသိရသည်။
posted from Bloggeroid
တောတောင်ပျက်စီမည်အရေးဒေခံများလက်မခံ
"မြင့်" ရင်းနှီးမြှုပ်နှံမှု အုပ်စုကုမ္ပံဏီမှ ကျောက်
မီးသွေးစွစ်းအင်သုံး၍ "မာဘယ်"အလှဆင်
ကျောက်တောင်များကို တန်(၅၀၀၀)ကျ ဘိလပ်မြေစက်ရုံတည်ဆောက်မညါအတွက်
ဒေသခံများလက်မခံဟုဆို"
=============================
မန္တလေး ဒီဇင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်
ပသိမ်ကြီးမြို့နယ် အတွင်းက ကျေးရွာများဖြစ်
သောကင်းကျေးရွာ အောင်သပြေကျေးရွာ
ထုံးဘိုကျေးရွာ သရက်ကိုင်ကျေးရွာ မြကန်သာကျေးရွာများကဒဟတ္တောကျေးရွာ ဒေသခံ များက "မြင့်"ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက
ကျောက်မီးသွေးစွမ်းအင်သုံး၍ တန်(၅၀၀၀)
ကျ ဘိလပ်မြေစက်ရုံ တည်ဆောက်ပါက
ဒေသခံများ၏ ကျန်းမာရေးနှင့်သဘာဝရေ
အရင်းမြစ်များဆုံရှုံးမည်ဖြစ်သဖြင့် လက်မခံ
ဘဲ ကန့်ကွက်ကြောင်း မီဒီယာစင်တာတွင်
ဒီဇင်ဘာလ ၁၅ ရက်နေ့ နေ့ခင်း ၁ နာရီက
နေ ၂ နာရီအချိန်ထိ သတင်းစာရှင်းလင်းပွဲ
ပြုလုပ်၍ ပြောသည်။
"ကုမ္ပံဏီအနေဖြင့် ထုံးဘိုတောင်မှ ထုံးကျောက်များထုတ်ယူမည်ကိစ္စများကို
ကန့်ကွက်ပါတယ်။
ထုံးဘိုတောင်သည် မာဘက်(ခေါ်) အလှဆင် ကျောက်များထွက်ရှိပြီ အမှန်တစ်
ကယ် စက်ရုံတည်ဆောက်မည်ဆိုပါက
ဒေသခံများအတွက် အကျိုးခံစားခွင့်နည်းပါး
ကာ ကျောက်မီးသွေးစွမ်းအင်အသုံးပြုခြင်း
ဒေသခံများကျန်းမာရေးအတွက် လွန်စွာထိ
ခိုက်မည်ဖြစ်သောကြောင်း ကုမ္ပံဏီသည်
ထုံးဘိုတောင်အား ပေ(၁၀၀၀)မှ(၂၀၀၀)
အထိ တွင်းများတူ၍ စမ်းသပ်ကာ ထွက်ရှိ
လာသော ကျောက်များကိုဒေသခံများ သိရှိမှု
မရှိဘဲ ကားများဖြင့် သယ်ယူကြောင်း သတ္တု
တွင်းဦးစီးဌာနမှ လာရောက်စမ်းသပ်သည့်
အခါတွင်လည်း ပွင့်လင်းမြင်သာမှုမရှိကြောင်း ကုမ္ပံဏီအနေ
ဖြင့် စမ်းသပ်သည့်အခါ တောင်ထိပ်အမြင့်
တွင်စမ်းသပ်ပြီး သတ္တုတွင်းဦးစီးဌာနက
စစ်ဆေးသည့်အခါ တောင်ခြေတွင်စမ်းသပ်
ခြင်းများကြောင့် ဒေသခံများအနေဖြင့် ပွင့်လင်းမြင်သာမှုမရှိဟု ထင်မြင်မိပါတယ်
ကျွန်တော်တို့ဒေသခံများအနေဖြင့် သတ္တုတွင်းဦးစီဌာနကလာရောက်စမ်းသပ်သည့်အခါ ကုမ္ပံဏီက စမ်းသပ်သကဲသို့
တောင်ထိပ်များတွင် စမ်းသပ်စေလိုကြောင်း
စမ်းသပ်တွေ့ရှိချက်စာများသည် တောင်ပေါ်
တွင်တွေ့ရှိသည့် စမ်းသပ်စစ်ဆေးချက်စာ
မဟုတ်ဘဲ တောင်ခြေတွင်စမ်းသပ်စစ်ဆေး
ထားသည့် စာများဖြစ်ကြောင်း ပွင့်လင်းမြင်
သာမှုမရှိသဖြင့် အများသိစေရန် သတင်းစာ
ရှင်းလင်းပွဲလုပ်ကာပြောရသည်ဟုကိုအောင်
မျိုးဦးကပြောသည်။
"ကုမ္ပံဏီ အနေဖြင့် လိုင်စင်လျှောက်ထားရာ
ထုံးကျောက်ထုတ်လုပ်မည်ဟု လျှောက်ထား
သော်လည်း အမှန်တစ်ကယ်ထွက်ရှိသည်မှာ
မာဘယ်အလှဆင်ကျောက်များဖြင့် ကုမ္ပံဏီမှ
ထုတ်လုပ်သည့် ကျောက်အမျိုးအစားများသည် မာဘယ်ကျောက်အမျိုးအစားဖြင့်ဖြစ်ပြီး ကမ္ဘာ
ပေါ်တွင် အလှဆင်မာဘယ် ကျောက်ထွက်ရှိ
သည် နိုင်ငံများအနေဖြင့် အိန္ဒိယ တရုတ် အီတလီ အစရှိသည့် နိုင်ငံ(၂၀)ခန့်သာရှိပြီ
အဆိုပါ
့် မာဘယ်ကျောက်များထက် ကျွန်တော်
တို့နိုင်ငံကထွက်ရှိသည့် မာဘယ်ကျောက်များ
သည်ပိုမိုကောင်းမွန်သော ကျောက်မျာဖြစ်ပါ
တယ် တစ်ပေပတ်လည် ကျောက်တစ်တုံးကို
နိုင်ငံတော်မှ တရားဝင်သတ်မှတ်သည်မှာ
မေရိကန်ဒေါ်လာ(၁၀၀၀)နှုန်းသတ်မှတ်ထား
သောကျောက်များဖြစ်ပြီ ကုမ္ပံဏီက အမှန်
တစ်ကယ်ထုတ်လုပ်ပါက တောတောင်သဘာဝ ရာသီဥတု သားရဲတရိစ္ဆာန်မျာ၏ သဘာဝဂေဟစနစ်များ
ပျက်စီးနိုင်ပြီး ကျွန်တော်တို့အနေဖြင့် ဘိလပ်မြေထုတ်လုပ်ခြင်း မာဘယ်အလှဆင်
ကျောက်များထုတ်လုပ်ခြင်းတို့ကို ကန့်ကွက်
ပါတယ် တောတောင်သဘာဝကို မှီခို၍ လုပ်
ကိုင်စားသောက်နေရခြင်း ကန့်ကွက်ရခြင်း
ဟာ မြန်မာနိုင်ငံက သယံဇတကိုကာကွယ်
လိုသောဆန္ဒဒေသခံတွေဒုက္ခရောက်ကို
တွေးမိကြောင်း ဒေသခံဦးလှိုင်ကပြောသည်။
အဆိုပါသတင်းစာရှင်းလင်းပွဲကို အထက်ပါကျေးရွာများက ဒေသခံရွာသား
အင်အား ၂၀ ခန့် တက်ရောက်ကာ ကန့်ကွက်ကြောင်းသိရသည်။
posted from Bloggeroid
Wednesday, December 14, 2016
ကြွေလွင့်သွားသော သတင်းသမားတစ်ဦး
အလဲဗင်း သတင်းထောက် အသတ်ခံရခြင်း၏ နောက်ကွယ်
....................................
Daily Eleven သတင်းစာ၏ မုံရွာဒေသခံ သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရသည့် ဖြစ်စဉ်၏ နောက်ကွယ်တွင် သစ်မှောင်ခို လောကနှင့် ဆက်စပ်နေဖွယ်ရှိသော သတင်းများ ထွက်ပေါ်လာခြင်းမှာ မြန်မာနိုင်ငံ၏ သတင်း မီဒီယာသမားများ၏ လုံခြုံရေး သာမက တရားဥပဒေ စိုးမိုးရေးကိုပါ အကြီးအကျယ် စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။
ကွယ်လွန်သွားသူ ကိုစိုးမိုးထွန်းသည် မုံရွာဒေသရှိ သစ်မှောင်ခို လုပ်ငန်းများ၊ တရားမဝင် ဖျော်ဖြေရေး လုပ်ငန်းများကို စုံစမ်းဖော်ထုတ် ရေးသားလေ့ရှိသူ တစ်ဦးဖြစ်ပြီး မကွယ်လွန်မီ ရက်ပိုင်းအတွင်းက သစ်မှောင်ခို သတင်းများ၊ မှောင်ခိုလုပ်ငန်းနှင့် ဆက်စပ်နေသူများ၏ တယ်လီဖုန်းနံပါတ်များ စုံစမ်း ဖော်ထုတ်ကာ ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် အများပြည်သူ သိရှိစေရန် ဖွင့်ချထားခဲ့သူ ဖြစ်သည်။
မြန်မာနိုင်ငံတွင် အကြီးဆုံး မြို့ကြီးများအနက် တစ်မြို့ အပါအဝင် ဖြစ်သော မုံရွာကဲ့သို့ နေရာမျိုးတွင် သတင်းထောက် တစ်ဦး အသတ်ခံရခြင်းမှာ ပထမဦးဆုံး ဖြစ်သည့်အပြင် လက်ရှိ အစိုးရ လက်ထက်တွင် ပထမဦးဆုံး အသတ်ခံရသည့် သတင်းထောက်လည်း ဖြစ်သည်။
မုံရွာမြို့သည် ကုန်ခဲ့သည့် အနှစ် လေးဆယ်ကျော်ခန့်က အိန္ဒိယနိုင်ငံ နယ်စပ်မှတစ်ဆင့် ရေကြောင်း၊ ကုန်းကြောင်းဖြင့် ဝင်ရောက်လာသော အိန္ဒိယ ထုတ်ကုန်ပစ္စည်းမျိုးစုံ မှောင်ခိုတင်သွင်းဖြန့်ချိရာ ဗဟိုဌာနအဖြစ် များစွာ အသက်ဝင် လှုပ်ရှားခဲ့သောမြို့ ဖြစ်သည်။
၁၉၉ဝ ပြည့်လွန်နှစ်နောက်ပိုင်း ဈေးကွက် စီးပွားရေးစနစ် ပွင့်လင်းစ တွင်မူ အိန္ဒိယ ထုတ်ကုန်များကို ရန်ကုန်နှင့် မန္တလေးမြို့တော်များမှတစ်ဆင့် လက်ကား ကုန်သည်ကြီးများက တိုက်ရိုက် ကုန်သွယ်လာကြသောကြောင့် မုံရွာမြို့၏ အိန္ဒိယပစ္စည်း မှောင်ခိုဈေးကွက် နေရာတွင် အထက်ချင်းတွင်း တစ်ကြောမှ သစ်မှောင်ခို လုပ်ငန်းများ အစားထိုး ဝင်ရောက် လာခဲ့သည်မှာ ယနေ့အချိန်အထိ ဖြစ်သည်။
သစ်မှောင်ခို သမားများသည် မည်သည့်နေရာတွင်မဆို လိုအပ်လာပါက ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်း၊ သတ်ဖြတ်၊ မီးရှို့ခြင်းများကို လက်မရွံ့ ကျူးလွန်တတ်သူများဖြစ်ကြောင်း မြန်မာနိုင်ငံ တစ်ဝန်းရှိ သစ်မှောင်ခို ဒေသများမှ တရားဝင် ထုတ်ပြန်သော အမှုအခင်းများကို လေ့လာကြည့်လျှင် သိရှိနိုင်ပေသည်။
မကြာသေးခင် လပိုင်းအတွင်းကပင် သစ်မှောင်ခို သတင်းများ ရေးသား သည့် The Voice သတင်းစာ၏ သပိတ်ကျင်းမြို့နယ် အခြေစိုက် သတင်းထောက် ကိုတင်ဇော်ဦးနှင့် ၎င်း၏ မိသားစုကိုလည်း သစ်မှောင်ခိုသမားများက အိမ်တိုင်ရာရောက် လာရောက် ခြိမ်းခြောက်ခဲ့ခြင်းကြောင့် မိသားစုနှင့်အတူ ပြင်ဦးလွင်မြို့သို့ သွားရောက် တိမ်းရှောင်ခဲ့ရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ သပိတ်ကျင်းမြို့နယ်ရှိ သက်ဆိုင်ရာ နယ်မြေခံ ရဲစခန်းနှင့် မြို့နယ် ရဲတပ်ဖွဲ့ထံ အသိပေး တိုင်ကြားခဲ့သော်လည်း ယနေ့အချိန်အထိ ခြိမ်းခြောက်သော သစ်မှောင်ခိုသမားများကို သိသာ ထင်ရှားသော သတိပေး၊ အရေးယူမှု မရှိသေးခြင်းမှာ သစ်မှောင်ခိုသမားများ၏ မလျော်သြဇာ ကျယ်ပြန့်မှု၊ လက်တံရှည်လျားမှုကို သတိပြုစရာ ဖြစ်စေခဲ့သည်။
ယနေ့ သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရခြင်း၏ နောက်ကွယ်တွင် အများက သံသယ ရှိနေသကဲ့သို့ သစ်မှောင်ခိုသမားများ ပတ်သက်မှု ရှိ မရှိ လတ်တလောအားဖြင့် အတိအကျ ပြောရန် ခဲယဉ်းသော်ငြား ယင်းသို့ ပတ်သက်နေပါက များစွာ ကြီးမားကျယ်ပြန့်သော ကွန်ရက်ရှိနေသည့် မုံရွာ အခြေစိုက် သစ်မှောင်ခိုလောက အနေနှင့် မဖြစ်၊ ဖြစ်သည့်နည်းဖြင့် အမှုမှန် ပေါ်ပေါက်ရေး တားဆီးနှောင့်ယှက်ဖွယ် ရှိနေသောကြောင့် မုံရွာအခြေစိုက် ရဲတပ်ဖွဲ့ အင်အားဖြင့် လုံလောက်ဖွယ် မရှိပေ။
သတင်းထောက် တစ်ဦး အသတ်ခံရခြင်း ဖြစ်သော်လည်း နောက်ကွယ်တွင် မသင်္ကာဖွယ်ရာ ကိစ္စများ ရှိနေခြင်းကြောင့် ယင်းအမှုကို မှန်ကန်စွာ စုံစမ်းဖော်ထုတ် အရေးယူပြခြင်းအားဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အပါအဝင် ပြည်ထဲရေးဝန်ကြီးဌာနနှင့် အစိုးရတို့အပေါ်တွင် မုံရွာဒေသခံ ပြည်သူများ သာမက တစ်နိုင်ငံလုံးမှ သတင်းမီဒီယာ လောကသားများ၊ ပြည်သူများက မေးခွန်းပေါင်း များစွာ မေးလာနိုင်ခြင်းကို ကောင်းမွန်စွာ ဖြေရှင်းရာ ရောက်ကြောင်း သိစေအပ်ပေသည်။
အယ်ဒီတာ (၁၃-၁၂-၂ဝ၁၆)
...............................
Editorial, The Voice Daily, Vol-4/No-212
posted from Bloggeroid
Monday, December 12, 2016
ဈေးသည်များနှင့်မြို့တော်စည်ပင်ပြသာနာ
"ပြင်ဦးလွင် မြို့မဈေးလမ်းကျူးဈေးသည်များ
ဒဏ်ရိုက်မှု့ ကြောင်း အငြင်းပွားမှု့ဖြစ်ပွား"
============================
ပြင်ဦးလွင် ဒီဇင်ဘာ ၁၁
မန္တလေးတိုင်း ပြင်ဦးလွင်မြို့ မြို့မဈေးပတ်လည်ရှိ ဈေးဆိုင်ခန်းများနှင့် လမ်းကျူးဈေးသည်များကို့  မြို့နယ်စည်ပင်
သာယာရေးအဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက
လမ်းဘေးဈေးသည်များဒဏ်ရိုက်ခြင်း လမ်း
ပိတ်ဆို့မှုမရှိစေရန် ရှင်းလင်းချက်ပြုလုပ်ရာမှ
ဈေးသည်များနှင့်အငြင်းပွားမှု့များဒီဇင်ဘာလ
၁၀ရက်နေ့နှင့် ၁၁တို့က ဖြစ်ပွားခဲ့သည်ကို
တွေရသည်။
"ကျွန်တော်တို့က မိုးဒဏ်လေဒဏ်ကြောင့်ရှေ့
ကိုအဖီထုတ်တယါ ခွင်ပြုချက်နဲ့ ထုတ်တာပါ
အခုလည်းကျတော့ ဒါတွေမထုတ်ရဘူး
ပြောလို ကျွန်တော်တို့ ဖြုတ်ပေးတယ်
ဖြုတ်တော့မယ်ဆိုတော့ တရားဝင်စာလေ
ထွက်ပြီတောမှ ကော်မတီဆိုတာဖွဲ့စည်းထား
တာလေးရှိတယ် ညှီနှိုင်းပြီးမှပြော ကြိုတင်ခြင်းလည်းမရှိဘဲ ဗြုန်းဗြုန်းဆိုရောက်
ချလာတယ် ဖြုတ်ဖြုတ်ဆို စွဲဖြုတ်ခိုင်တယ်
မဖြုတ်ရင် တရားစွဲအရေးယူမယ်ပြောတယ်
ဒါတွေမဖြစ်သင့်တဲ့ ကိစ္စတွေ ဒါဈေးမှာ
ဈေးလူကြီး ခန့်တဲ့ကော်မတီ အလကားဖြစ်တာပေါ့် ဈေးလူကြီးက အလာ
ကားတော့မဖြစ်သင့်ဘူး ဒါမျိုးကတော့ အဖြစ်
မခံဘူး ကျွန်တော်တို့ဈေးသည်တွေကို ဈေး
လူကြီးတွေနဲ့ပေါင်းပြီး စွာတယ်ပြောကြတယ်
အခုအခတ်အခဲကြုံတွေ့ရတာကတော့
ဒီလမ်းကအမြဲပိတ်ဆိုနေတာ ကားတွေက
ဒါတွေကို သူတို့ကဖြေရှင်းမပေးဘူး အဲဒါကို
ဖြစ်နိုင်ရင် ရှင်းပေးစေလိုပါတယ် အရင်က
ဒီလမ်းက နှစ်လမ်းသွားပါ ဟိုဘက်လည်း
တစ်လမ်းဒီဘက်ကလည်းသွားတယ် အခုကျ
တော့ တစ်လမ်းသွားထိကို ပိတ်တယ် အဲဒါ
တွေကို ရှင်းပေးစေချင်းတာပါ မနေ့ကတော့
ကျွန်တော်တို့ဈေူသည်တွေနဲ့ လူကြီးတွေ
ဒီနေရာမှ အငြင်းပွားမှု့ဖြစ်တော့ ဒီနေ့ရှင်းပေး
မယ်ပြောတယါ ဒီနေ့လည်းမရှင်းဘူး
ကားတွေက ပိတ်နေတော့ ဈေးသည်တွေ
မရောင်းရဘူးဟုအုန်းသီးငှက်ပျော်သီးရောင်း
သူဦးမြင့်ဋ္ဌေးကပြောသည်။
"ဈေးထဲလက်ရှိဖြစ်ပျက်နေတဲ့ဟာရယ်
ခံစားနေရတဲ့ ဈေးသည်တွေကို မတရားသဖြင့် လက်ရှိအာဏာပိုင်တွေနဲ့
ပေါင်းပြီးတော့ ဒဏ်တွေရိုက်နေတဲ့အပေါ်
ပြောရရင်အများကြီးပဲ လွန်ခဲ့တဲ့ ၃ ရက်က
ဒီမြေဝင်းကြီးကိုပြင်မယ်ဆိုပြီး ဈေးထဲ့မှာ
လူတွေအားလုံးကိုအသိမပေးဘဲ သူတို့က
ချက်ချင်းရောက်လာပြီး ဒီမြောင်းကြီးကိုပြင်
တယ် အဆုံးမသတ်ပဲ ပစ်ထားတယ် အပေါက်ကြီးတွေ အကျယ်ကြီးထားတယ်
အပေါက်ကြီးတွေ အပျယ်ကြီးထားခြင်းကြောင့် ကျွန်မတို့က
ဖြစ်သလိုတန်းတွေခံပြီးတော့ ကျွန်မတို့က
ဖွင့်တယ် ဖွင့်တဲ့အချိန်မှကျတော့ အဲဒါတွေကို
ပြင်ပေးလာဆိုတော့ မပြင်ပေးဘဲဇွတ်
နောက်ဆုတ်ခိုင်းတယ် ပြောတဲ့စကားက
ကောင်းကောင်းမွန်မွန်မပြောဘူး သူတို့က
အရာရှိတွေဆိုပြီး ကျွန်မတို့ကို အော်ငေါက်
တယ် ကျွန်မတို့က ပြန်အြောတဲ့ အချိန်ကျတော့ ဒီထဲမှ ရုန်းရုန်းဖြစ်ကျတာ
သူတို့ကဘာလုပ်လည်းဆိုတော့ ဒီဟာတွေကို ပြင်ပေးဖို့ပြောမှ ပြင်ပြီးရင်တော့ ကျွန်မတိုါ နောက်ဆုတ်ရုံပဲ
တစ်နာရီးအတွင်း နောက်မဆုတ်ရင် ဒဏ်ငွေ
တစ်သောင်းဆိုပြီး လာတောင်တာ တောင်းတဲအခါ ငွေ ၁၀၀၀၀ မပေးလိုအော်တာ အော်တော့ကျွန်မလည်းယပြန်အော်တော့
ဈေးထဲမှာ အုံးအုံးဖြစ်တယ် ပြင်ပေးမယ်သာ
ပြောတယ် ဒီနေထိ ပြင်မပေးဘူး ရှေ့မြောင်း
ကန်ထရိုက်တွေ လုပ်သွားတဲ့ဟာတွေက
အမိုးတိုတိုလေးတွေ တံစက်မိတ် တိုတိုလေး
တွေလုပ်ထားတာ အဲဒါတွေကြောင့်မို့
ကျွန်မတို့က အရှေ့ကို အကာလေးတွေ လုပ်ထားတဲ့အခါကျတော့ အဲဒါတွေ ဖျက်ခိုင်း
တယ်ဈေးသည်တွေအားလုံးအခတ်ခဲများ
ရှိပြီး ဆိုင်ရှေ့ကားများ ပိတ်ထားခြင်း မြောင်း
များတူးထားခြင်း မိုးရွာလျှင် ရွဲဆိုခံရမှမိုအမိုး
ကာရင် ဒဏ်ငွေတပ်ခံရကြောင်း မဝါဆန်
ရောင်းဝယ်ရေးက မဝါကပြောသည်။
"အခုတွေရတဲ့ အဖွဲ့တွေက ကျွန်တော်တို့
စည်ပင်နဲ့ ရဲတပ်ဖွဲပါတယ် အုပ်ချုပ်ရေးမှူး
မီးသတ်တပ်ဝင် ယာဉ်ထိမ်တွေပါ
ဒီဈေး ပတ်ပတ်လည်အတွင်း ပြန်ကျ ကျူး
ကျော်နေတာတွေ ဧရိယာ သတ်မှတ်ထားတာနဲ့ ကျော်လွန်ပြီး ဖွင့်လှစ်ထားတာတွေ ကြောင့် မြို့နယ်လုံး
အတိုင်အတာအနေနဲ့ မြို့နယ်ရဲ့ သန့်ရှင်းရေး
စည်းကမ်ူတကျဖြစ်ရေး မြို့နယ်ကောင်းမွန်ရေ
းအတွက် ဈေးပတ်ချာလည်ကို ကျွန်တော်တို့
အရင်းဆုံးလုပ်မယ် ဈေးပတ်ချာလည်ရှိတာ
တောင်မှ မြောက်ဈေးကနေ ကျူးကျော်ထားတဲ့ဆိုင်တွေကို အရင်ဦးစွာ
သတ်မှတ်ချက်အတိုင် သူဧရိယာ ထက်
မကျော်တဲ့ လမ်းအားလုံကို သန့်ရှင်းရေးလုပ်
သွားမယ် အဲဒီအချိန်မှာ လမ်ဧရိယာထက်
ကျော်ပြီူ လုပ်တဲ့ လူကို ကျွန်တော်တို့ ၁၀ ပေ
ပတ်လည်း ဦးစွာ တချို့ နေရာကို ပေးတယ်
တချို့နေရာ ၃ ပေ လောက်ပေးထားတယ်
လမ်းရဲ့ အကျယ်အဝန်ူအရ ကျွန်တော်တို့ဦးစွာ အခွန်းပေးတယ် လမ်းချဲ
တာတွေရှိတယ် လမ်ဘေမှ စည်းကမ်းတကျ
ကျွန်တော်တို့ တစ်မြို့လုံးလုပ်သွားမယ်
ဈေူပတ်ချာလည်ူပြီးလိုရင် တောင်ကျောင်းကြီး
နောက်ပြည်သူဆောက်လုပ်ရေးတိုက်တန်း
တစ်မြို့လုံးလုပ်သွားမှ လမ်းပေါ်ကျူးကျော်တဲ့
အရာအားလုံးကို ဝိုင်ဝန်ပြီးတော့ ပြည်သူ
တွေရော ရပ်ကွက်တွေရော အားလုံးစနစ်
တကျ ထိန်းသိမ်းရင်နဲ့ နေတိုင်လုပ်သွားမှာ
ဒဏါတပ်တော့ ပြည်သူတွေရဲ့ အသက်အိုး
အိမ် အတွက် ဆိုင်ကယ်ဦးထုတ်ဆောင်ဖို့
လုပ်တယ်တစ်လမ်းမောင်းတွေလုပ်တယ်
ကျူးကျော်တဲ့ဆိုင်တွေ စည်းကမ်ူရှိဖို့လုပ်တာ
ကျွန်တော်တို့စည်ပင်သာယာကော်မတီရဲ့
ပြည်သူလူထု ပူပေါင်းပြီးဆောင်ရွက်သွားမှ
ပါ ကျွန်တော်ဒီမြို့ကိုတာဝန်ကျတာ ၂ မပြည့်
သေပါဘူး ပြောင်းလဲစေချင်းလိုပါဟု
ပြင်ဦးလွင်မြို့နယ်စည်ပသ်ဥက္ကဌ ဦးအောင်ဆန်းကပြောသည်။
posted from Bloggeroid
ပြင်ဦးလွင် သတင်း
ပြင်ဦးလွင်မြို့နယ်အုပ်ချုပ်ရေးမှူးအဂတိလိုက်စားမှု့နှင့်ပါတ်သက်၍တိုင်ကြားသူနှစ်ဦးအားမန္တလေးဗဟိုအကျဉ်းထောင်းအတွင်း လိုက်ပါအစစ်ခံမှုငြင်းဆိုခဲ့သည်ဟုဆို"
=========================
ပြင်ဦးလွင် ဒီဇင်ဘာ ၅
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အပေါ်ထက်တွင် ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်၉ နာရီအချိန်က ပြင်ဦးလွင် မြို့နယ် အုပ်ချုပ်ရေးမှူးဦးတင်နိုင်စိုးက မကျည်းအင်းကျေးရွာက ဒေသခံ နှစ်ဦးဖြစ်သူ ဦးချစ်စံနှင့် ဦးမောင်ထွန်းတို့
နှစ်ဦးက မြို့နယ်က ဆင့်စာဖြင့်ခေါ်ယူကာမန္တလေးဗဟိုအကျည်းထောင်းအတွင်း
သက်သေများ၏ထွက်ဆိုချက်ငြိစွန်းနေပါသဖြင့် လိုက်ပါအစစ်ဆေးခံရန်တောင်းဆိုချက်အားငြင်းဆန်ခဲ့ကြောင်းသိရသည်။
"ကျွန်တော်တို့ကို အကြိမ်ကြိမ်စစ်ဆေးမှု့တွေ လုပ်ခဲ့ပြီးပါပြီး ယနေ့စစ်တာနဲ့ဆို(၄)ကြိမ်ရှိပြီး ကျွန်တော်တို့ရွာကနေ ပြင်ဦးလွင်ခရိုင် ရုံးကိုလာရင် တစ်ခေါက်ဆို၅၀၀၀၀၀လောက်ကုန်တယ်ဗျာ ယနေ့လည်း မန္တလေး ဗဟိုအကျဉ်းထောင် လိုက်ခဲပါလိုခေါ်တယ် တိုင်ကြားသူတွေက တရားစွဲတာမဟုတ်ဘူး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကစွဲတာဝန်ထမ်းဥပဒေအရဆိုပြီးလည်း စစ်ဆေးပြီပါပြီး အလုပ်ကလည်းပြက်တယ် ငွေကလည်းကုန်တယ် ဟုမကျည်းအင်းရွာကဒေသခံ
ဦးမောင်ထွန်းကပြောသည်။
ဘယ်နဲ့ဗျာ ပြင်ဦးလွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးတင်နိုင်စိုးက သူထောင်ထဲ့ရောက်သွားတာတောင်ကျွန်တော်တို့နှစ်ယောက်ကို ယနေ့ ပြန်လှန်မေးမြန်းချက် ပြုလုပ်လို
ကြောင်း ပြင်ဦးလွင်ခရိုင်ဦးစီးမှူး ဒုတိယခရိုင်ဥပဒေအရာရှိတို့နှင့်အတူ မန္တလေးအိုးဘိုထောင် လိုက်ပါအစစ်အဆေးခံဖို့ခေါ်တာကျွန်တော်တို့နှစ်ယောက်မလိုက်နိုင်ကြောင်းပြောခဲ့ပါတယ် ကျွန်တော်တို့
နှစ်ယောက်၏ထွက်ဆိုချက်တွေက ကွဲလွဲနေတယ်ပြောတယ် ကျွန်တော်တို့ပြောတာဘာတစ်ခုမှမမှားဘူးဟုမန်ကျည်းအင်းကျေးရွာဒေသခံဦးချစ်စံကပြောသည်။
"ကျွန်တော်ကမသိဘူးဗျာ ဦးတင်နိုင်စိုးကဝန်ထမ်းတစ်ယောက်ဖြစ်နေလို့ ဌာဆိုင်ရာ
ဥပဒေအရစစ်ဆေးမှုတွေကျန်နေသေလို့ကျွန်တော်ထံစာထုတ်ခိုင်းလို့သာထုတ်ပေးခဲ့တာ ကျွန်တော်အနေဖြင့်လက်ရှိအုပ်
ချုပ်ရေးမှူးတစ်ယောက်ဖြစ်နေလိုစာထုတ်ပေးတာဖြစ်ပါတယ်ဟု ပြင်ဦးလွင်မြို့နယ်လက်ရှိအုပ်ချုပ်ရေးမှူးဦးအာကာလင်းကပြောသည်။
ပြင်ဦးလွင်မြို့လွန်ကောင်းကျေးရွာအုပ်စု မန်ကျည်းအင်းကျေးရွာတိုးချဲ့(ရွာသစ်)ပြည်ထဲ့ရေးအမည်ကေါက် ရွာမြေရရှိရေးကိစ္စနှင့်ပါတ်သက်၍ တိုင်ကြားခံရသူ ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးမှ တိုင်ကြားသူနှစ်ဦးအားမန္တလေးဗဟိုအကျဉ်းထောင်ကို အပြန်အလှန်မေးမြန်ချက်များပြုလုပ်လိုသ
ဖြင့် ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၁၁ နာရီအချိန်က ဦးချစ်စံဦးမောင်ထွန်းတို့နှစ်
ဦးကို မြို့နယ်က တစ်ဆင့်ခရိုင်အုပ်ချုပ်ရေး
မှူးရုံးကိုလာရောက်ရန့်ဆင့်ခေါ်သဖြင့် ခရိုင်အုပ်ချုပ်ရေးမှူးအပါဝင်အဖွဲ့ဝင်နှစ်ဦး
ဒုတိယခရိုင်ဥပဒေအရာရှိအားသက်သေ
ထားကာ နိုင်ငံဝန်ထမ်းဥပဒေပုဒ်မ(၁၉၉/
၂၀၀)တို့ဖြင့် စစ်ဆေးခံရသူ၏ငြိစွန်းသည့်အချက်များ
ပါဝင်ထွက်ဆိုထားသောသက်သေများအား ပြန်လှန်မေးမြန်းခြင်း ဖြေဆိုခြင်း
မှတ်တမ်းများရယူရန်အတွက်ဆိုကာ
မန္တလေး ဗဟိုအကျဉ်းထောင်သွားရောက်
အစစ်အဆေးခံရန် မလိုက်နိုင်ကြောင်းဖြေကြားဘိုခြင်းမရှိ
ကြောင်း တရားရုံးတွင်သာ အများသူငှာ
သိရှိစေပြီး နှစ်ဦးနှစ်ဖက်အမေးအဖြေများ
ရှိပါက ဖြေကြားသွားပါမည်
ဦးတင်နိုင်စိုး၏မန္တလေးဗဟိုအကျဉ်းထောင်အတွင်းလိုက်ပါပြီး ပြန်လှန်မေးခွန်း
မေးမြန်းလိုခြင်းနှင့်ပတ်သက်၍ ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့ရှေ့တွင် လူကိုယ်တိုင်မေးမြန်ဖြေကြားခြင်းကိုလည်းကောင်း စာဖြင့်မေးမြန်းဖြေကြားခြင်းကိုလည်းကောင်း ဆောင်ရွက်ခြင်းမပြုနိုင်ပါကြောင်းနှင့်
လိုအပ်သလိုဆောင်ရွက်နိုင်ရန်တင်ပြခြင်းများအားစာဖြင့်ရိုက်ကာ မန်ကျည်းအင်း
ကျေးရွာဒေသခံနှစ်ဦးက ပြင်ဦးလွင်မြို့နယ် ခရိုင်အုပ်ချုပ်ရေးရုံးတွင်
လက်မှတ်ထိုးကာပြန်လာခဲ့ကြောင်းသိရ
သည်။
posted from Bloggeroid