Friday, August 19, 2016

တိုင်းဒသကြီးအလှူတော်

Sent မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၆ကြိမ်မြောက်စတုပစ္စယာနုဂ္ဂဟပစ္စည်း
လေးပါးထောက်ပံလှူဒါန်းခြင်းအခမ်းအနားကျင်းပ
မန္တလေး သြဂုတ် ၁၈

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ မဟာအတုလဝေယန်(အတုမရှိ)ကျောင်း
တော်ကြီးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော စတုပစ္စယာနုဂ္ဂဟ
ပစ္စည်းလေးပါးထောက်ပံ့လှူဒါန်းခြင်းနှင့်ဝါဆိုသင်္ကန်းဆွမ်းဆန်တော်လှူဒါန်း
ခြင်း ရေစက်ချအခမ်းအနားပွဲကို သြဂုတ်လ ၁၈ ရက်နေ့ နေခင်း ၂ နာရီအချိန်
တွင်ကျင်းပခဲ့သည်ကိုတွေရသည်။
အခမ်းအနားတွင်နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ဒုတိယဥက္ကဌအဂ္ဂမဟာပဏ္ဏိတ ဒက္ခိဏာရာမဘုရားကြီးတိုက် ဆင်မင်းကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တ
သြဘာသ ဘိဝံသ မဟာထေရ်ထံမှ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီး
ချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်ဇနီးဒေါက်တာယုယုမေအမှူးပြုကာဧည်ပရိတ်
သတ်တို့က ကိုးပါးသီလ ခံယူတည်ဆောက်ကာ ဆရာတော်သံယာတော်များများ
ချီးမြင့်တော်မူအပ်သောပရိတ်တရားတော်များကိုနာယူကြည်ညိုကြသည်ကိုတွေ့
ရသည်။

ဆက်လက်၍ မန္တလေးတိုင်ူဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်
ဒေါက်တာဇော်မြင့်မောင်က သာသနာရေးဆိုင်ရာများကိုလျှောက်ထားပြီး
တက်ရောက်လာသောတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဖိတ်ကြားထား
သောဧည့်သည်တော်များက ပင်သံဃာများနှင့် သီလရှင်ဆရာလေးများအား လှူ

ဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်ကိုတွေ့ရသည်။

အဆိုပါလှူဒါန်းမှူ့မှာ မန္တလေးခရိုင်အတွင်းရှိ ရဟန်းသံမဏေ နှင့်သီလရှင် များ
စုစုပေါင်း (၄၃၁၇၇)ပါးအား ဆွမ်းဆန်းအိပ် ပေါင်း ၇၁၉၆ အိက် သင်္ကန်ူ ၁၆၁၉
စုံ သီလရှင်ဝတ်စုံ ၁၁၈စုံေ ယျာဝစ္စမောရိယမန်းဆေးမှ ဆေးပစ္စည်း တန်ဖိုး
၁၉၃၆၉၂၄၅၀ ကျပ်သိန် ၂ ရာကျော်ဖိုးအထိ လှူဒါန်းခဲ့ကြောင်းသိရသည်။

စိုင်းထူးခန့်  

posted from Bloggeroid

No comments:

Post a Comment