"ကလာကာ၏နောက်ကွယ်က အခတ်များစွာနဲ့မြန်မာဇာတ်သဘင်လောက"
==================================================
မြန်မာ့ဇာတ်သဘင်လောက၏ကလာကာ၏နောက်ကွယ်ကနေပွဲကြည့်ပရိတ်
သတ်ကိုဖျော်ဖြေတင်ဆက်မှု့များကို စာရေးသူကိုယ်တိုင် တောင်ပြုံးပွဲကြီးတွင်
ကြည့်လိုက်သည့်အချိန်မှာတော့ အခတ်အခဲများစွာနဲ့ သူဇာတ်ကောင်နဲ့သူ
တင်ဆက်ဖို့အတွက် တက်ညီလက်ညီးကြိုးစားကပြလျှက်ရှိသော မဟာရန်ကုန်
စံပြသဘင်ရဲ့ ပရိတ်သက်အပေါ်ထားသည့်စေတနာထားဖျော်ဖြေမှု့တွေကိုလေ့လာခွင့်
ရရှိခဲသည်ကိုစာရေးသူတစ်ယောက်အနေဖြင့် မချီးကျူးဘဲမနေနိုင်လောက်အောင်
ဖြစ်ခဲ့ရပါသည်။
"ကျွန်တော်တို့ ဇာတ်သဘင်လောကဆိုတာ ရုပ်ရှင်ရိုက်သလို မှားသွားရင်ပြန်ပြီး
သရုပ်ဆောင်လို့မရဘူး သူဇာတ်ကောင်နဲ့သူ စာတွေဖက်ရတယ် ဇာတ်တိုက်ရ
တယ် ပြီးတော့မှ ပွဲကြည့်ပရိတ်သက်ကိုပြရတာ နောက်ကွယ်က အခတ်အခဲကို
လူတိုင်မသိဘူး ကုန်ကျစရိတ်လည်းကြီးတယ် အနေဆင်းရဲ အစားဆင်းရဲ နောက်
ဆုံးအိမ်သာရေချီးခန်းအခတ်အခဲ့တွေလည်းရှိတယ် ကျွန်တော်ကတော့ ကျွန်တော် ဇာတ်အဖွဲ့သူအဖွဲ့သားတွေနဲ့ အမြဲအတူ ဇာတ်ရုံမှနေတာများတယ်
ဇာတ်ရုံအတွင်းမှဘဲ ညကပြမယ် ပြဇာတ် သီချင်း နှစ်ပါးအစီအစဉ်တွေကို
ကျွန်တော်တို့ဇာတ်အဖွဲ့နဲ့အတူ တိုက်တယ် သီချင်းတွေနားထောင်တယ်ကျက်
တယ် မြန်မာဇာတ်သဘင်ကို အကိုအနေနဲ့ မြန်မာဇာတ်သဘင်းအကြောင်းကို
လေ့လာလိုရပါတယ်ဟု မဟာရန်ကုန်စံပြသဘင်က မင်းသားဟန်ဇာမိုးဝင်းက
ပြောသည်။
တောင်ပြုံးပွဲကြီးအတွင် ကပြလျှက်ရှိသော မဟာရန်ကုန်စံပြသဘင်ဇာတ်ကြီးကို
ရှေ့ကနေ တစ်ရက်ကြည့်နေတော့ ဇာတ်ခုံပေါ်ကပြနေသော သရုပ်ဆောင်တင်
ဆက်မှု့တွေက ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်ကိုကြည့်နေရသလို အလွယ်ခံစားခဲရ
ပေမယ် ကလာကာ၏နောက်ကွယ်မှာတော့ သူဇာတ်ကောင်းနဲ့သူ ပြေးလွား
သရုပ်ဆောင်မှု့တွေ မြင်ရတော့ ဇာတ်သမားတွေရဲ့ ပရိတ်သက်ကိုထားသည့်
တင်ဆက်မှု့က သူအခန်းနဲ့ အားလုံးပင်ပန်းကြီးစွာ လုပ်နေတာတွေကိုတွေ့ရ
တော့ မြန်မာဇာတ်သဘင်လောက သားတွေရဲ့ အခတ်အခဲများစွာ စတိပ်စင်
ပြင်ဆင်းထားခြင်း တီးဝိုင်း မိတ်ကပ်ပညာ သဒန်လုပ်သရုပ်ဆောင်မှု့များစကား
အပြောအဆို မာန်ပါမှု့များ တက်ညီလက်ညီ ကပြတင်ဆက်ပေးနေတော့သူတို့
ရဲ့ကလာကာနောက်ကွယ်က မြန်မာဇာတ်လောကဆိုတာ အနုပညာသမား
အစစ်တွေကြည့်စုစည်းထားလျှက်ရှိသော မြန်မာဇာတ်သဘင်လောကကို
တန်ဖိုးထားတက်လာခဲတယ်။
အဲဒီနေညက မဟာရန်ကုန်စံပြသဘင်ရဲ့ ပြဇာတ်တင်ဆက်မှု့ကတော့ လောက
ကြီးအတွင်း လူသားတွေ သာဘဝအဖြစ်အပြက်ဖြစ်သော ငါမဟုတ်တဲ့ ငါ
ပြဇာတ်ကြီးတစ်ပုဒ်ကို ခေါင်ဆောင်မင်ူသား ဟန်ဇာမိုးဝင်းကိုယ်တိုင်ပါဝင်ပြီး
ထောင်အတွင်းက အမှန်တကယ်အဖြစ်အပျက်များ လူလောကကြီးအတွင်းက
ကြီးနိုင်ငယ်ညင်းလူဘဝ လောင်းစားသမားတွေရဲ့လောဘ အပြစ်မရှိသူကို
အပြစ်ပုံချခံသောမြန်မာနိုင်ငံရဲ့ တရားဥပဒေ ပြစ်ဒဏ်ကျခံရပြီးနောင်တများစွာနဲ့
လူလောကကြီးအတွင်းက ထွက်သွားကာ အသိတရားများနဲ့ ရဟန်လောက
ငါမဟုတ်သော ငါ ပြဇာတ်ကြီးကို ဇာတ်အဖွဲ့သားအင်အား ၁၀၀ ခန့်က ဇာတ်ပို့
ဇာတ်ရံ ဟသပီပြင်စွာ သရုပ်ဖော်ကပြခဲ့တော့ နောက်ကွယ်က ထောင်အတွင်း
အဖြစ်အပျက်များစွာကို အခတ်အခဲများကြားကနေလုပ်သွားတာတွေ့ရတော့
မြန်မာဇာတ်သဘင်ကို မကြည့်ဖြစ်သူတစ်အနေနဲ့ဇာတ်လောကသားတွေကို
လေးစားမိခဲပါတယ်။
မထင်မှတ်ဘဲ တောင်ပြုံးပွဲကြီးကို သူငယ်ချင်းတစ်ယောက်က ခေါ်သဖြင့်ညကြီး
ရောက်သွားပါတယ် မဟာရန်ကုန်စံပြသဘင် ဇာတ်ကြီးနံမည်ကြီးဇာတ်တစ်
ဇာတ်ဆိုတာ သိပါတယ် နောက်ကွယ်က သူတို့ရဲ့အခတ်အခဲ့တွေမသိရဘူး
ခေါ်သွားတဲ့သူငယ်ချင်းက ဇာတ်သမားတွေ အလွန်ရင်နီးသောသူတစ်ယောက်
ဖို့ မင်းသားဟန်ဇာမိုးဝင်းနဲ့မိတ်ဆက်ပေးလို့  မြန်မာဇာတ်သဘင်လောကရဲ့
ကလာကာ၏နောက်ကွယ်က ဇာတ်လောကသားတွေရဲ့ အခတ်အခဲ့များစွာကို
လေ့လာကြည့်ခွင့်ရခဲလို့  ဇာတ်သဘင်ဟာ မြန်မာနိုင်ငံအတွက်ရိုရာတစ်ခုဆို
ပေးမယ် ဇာတ်သမားတွေဟာ ပရိတ်သက်အကြိုက်ခေတ်နဲ့အညီဖျော်ဖြေတင်
ဆက်ဖို့ တစ်ညတစ်မျိုးမရိုးရအောင် တင်ဆက်ရသည့်အခတ်အခဲများစွာရှိပြီး
အနေအထိုင်အစားအသောက်ပါဆင်းရဲခံပြီး ပွဲလာကြည့်သူတွေရဲ့တစ်ညတ
ကိုဖျော်ပေးရတယ်ဆိုပေမယ် လနဲချီပြီးတိုက်ရတာတွေ ကလာကာတွေ
မီးဆလိုက်တွေ စတိပ်ခုံတွေ အပြင်အဆင်တွေ အားလုံးကြိုတင်ပြင်ဆင်ပြီးအချိန်စယားနဲ့ မိုးလင်းသည်အထိကပြရတာဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံအနှံလိုက်လံဖျော်ဖြေပေးနေသော မြန်မာ့ဇာတ်သဘင်တွေအနေနဲ့
သွားရေးလာရေး သွယ်ယူဆောင်ရေးများအတွက် ကားကြီးများဖြင့်ရွေ့ပြောင်း
ရသည့်အခတ်အခဲ့ လမ်းပန်းဆက်သွယ်ရေး များ ရေတစ်တန်း ကုန်တစ်တန်း
သွားရောက်ကပြရသည့်နေရာတွေရှိပြီး နေရာဒေသအလိုက်အစားအသောက်
များစားသောက်၍ပွဲကြည့်ပရိတ်သက်ကို ဖျော်ဖြေတင်ဆက်ခြင်းများ ပွဲတော်ကြီး
များတွင် လေလံဆွဲပြီး ကပြရရာမှာ လေလံဈေးကြီးခြင်း ဇာတ်ခုံအတွက်နေရာ
လုံလောက်စွာမရသဖြင့် စတိပ်စင်ဆင်ရာအခတ်အခဲ့ရှိခြင်းနေရာဒေသအလိုက်
ပရိတ်သက်အကြိုက်ဖျော်ဖြေတင်ဆက်ပေးရခြင်းများရှိကြောင်းမြန်မာဇာတ်သ
ဘင်လောကသားများထံကနေသိရပါသည်။

posted from Bloggeroid
No comments:
Post a Comment