
တပ္မေတာ္(ၾကည္း၊ေရ၊ေလ)မွ အစိုးရတကၠသိုလ္(အေ၀းသင္တကၠသိုလ္အပါအ၀င္)၊ ေကာလိပ္မ်ားမွ ဘြဲ႕၊ ဒီပလိုမာရရွိၿပီးသူ ျပစ္မႈကင္းရွင္းသည့္ အၾကပ္၊ စစ္သည္ မ်ားအား ရာထူး၊အဆင့္မ်ား တိုးျမႇင့္ခန္႔အပ္
ေနျပည္ေတာ္၊ ၾသဂုတ္ ၁၂
အစိုးရတကၠသိုလ္(အေ၀းသင္တကၠသိုလ္အပါအ၀င္)၊ ေကာလိပ္မ်ားမွ ဘြဲ႕၊ ဒီပလိုမာရရွိၿပီးသူ ျပစ္မႈကင္းရွင္းသည့္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)မွ အၾကပ္၊ စစ္သည္ မ်ားအား ရာထူး၊အဆင့္မ်ား တုိးျမႇင့္ခန္႔အပ္ျခင္းအခမ္းအနားကို ယေန႔တြင္ သက္ဆိုင္ရာ တုိင္းစစ္ဌာနခ်ဳပ္မ်ား၊ ေရတပ္စခန္းဌာနခ်ဳပ္မ်ား၊ ေလတပ္စခန္းဌာနခ်ဳပ္မ်ားတြင္ ျပဳလုပ္ခဲ့ရာ တုိင္းမွဴးမ်ား၊ ဌာနခ်ဳပ္မွဴးမ်ားႏွင့္ တာ၀န္ရွိသူမ်ားက အဆင့္တိုးျမႇင့္ျခင္းခံရသည့္ အၾကပ္၊ စစ္သည္မ်ားကို အဆင့္တံဆိပ္မ်ား တုိးျမႇင့္တပ္ဆင္ေပးၾကသည္။
အဆိုပါအခမ္းအနားမ်ားတြင္ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္မွ ၇၈ ဦး၊ ေျမာက္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္မွ ၃၁ ဦး၊ အေရွ႕ေျမာက္တုိင္းစစ္ဌာနခ်ဳပ္မွ ၃၀ ဦး၊ အေရွ႕ပိုင္းတုိင္းစစ္ဌာနခ်ဳပ္မွ ၅၂ ဦး၊ အေရွ႕အလယ္ပိုင္း တိုင္းစစ္ဌာနခ်ဳပ္မွ ၃၃ ဦး၊ ႀတိဂံေဒသတုိင္းစစ္ဌာနခ်ဳပ္မွ ၁၄ ဦး၊ အေရွ႕ေတာင္တုိင္းစစ္ဌာနခ်ဳပ္မွ ၁၃၉ ဦး၊ ကမ္း႐ိုးတန္းေဒသတုိင္းစစ္ဌာနခ်ဳပ္မွ ၄၉ ဦး၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္မွ ၃၈၉ ဦး၊ အေနာက္ေတာင္ တုိင္းစစ္ဌာနခ်ဳပ္မွ ၈၁ ဦး၊ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္မွ ၁၁၃ ဦး၊ အေနာက္ေျမာက္တုိင္းစစ္ဌာနခ်ဳပ္မွ ၅၂ ဦး၊ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္မွ ၂၆၄ ဦး၊ ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္မွ ၁၉၀ ဦး စုစုေပါင္း အၾကပ္၊ စစ္သည္ ၁၅၁၅ ဦးတို႔အား တာ၀န္ရွိသူမ်ားက အဆင့္တံဆိပ္မ်ား အသီးသီးတိုးျမႇင့္တပ္ဆင္ေပးၾကသည္။
တပ္မေတာ္အေနျဖင့္ ႏုိင္ငံေတာ္ႏွင့္ တပ္မေတာ္အေပၚ တာ၀န္သိသိ၊ သစၥာရွိရွိျဖင့္ ေပးအပ္သည့္တာ၀န္မ်ားကို စည္းကမ္းျပည့္၀စြာ ေက်ပြန္ေအာင္ထမ္းေဆာင္ခ့ဲၾကေသာ ျပစ္မႈကင္းရွင္းသည့္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)မွ အရာရွိ၊ စစ္သည္မ်ားအား အဆင့္တုိးျမႇင့္ျခင္းမ်ားေဆာင္ရြက္ေပးလ်က္ရွိရာ ယခုအႀကိမ္သည္ ဒုတိယအႀကိမ္ျဖစ္ၿပီး ဘြဲ႕၊ ဒီပလုိမာတစ္ခုခုရရွိၿပီးသူ အၾကပ္၊ စစ္သည္မ်ားအနက္မွ တပ္သားအဆင့္ျဖင့္ စစ္မႈထမ္းသက္ ၁ ႏွစ္ျပည့္ပါက ဒုတိယတပ္ၾကပ္အဆင့္သို႔လည္းေကာင္း၊ ဒုတိယတပ္ၾကပ္အဆင့္ျဖင့္ အမႈထမ္းသက္ ၄ ႏွစ္(သို႔မဟုတ္) စစ္မႈထမ္းသက္ ၅ ႏွစ္ ျပည့္ေျမာက္ၿပီးသူစစ္သည္မ်ားအား တပ္ၾကပ္အဆင့္သို႔လည္းေကာင္း အဆင့္တိုးျမႇင့္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သတင္းရရွိသည္။
(Unicode Version)
တပ်မတော်(ကြည်း၊ရေ၊လေ)မှ အစိုးရတက္ကသိုလ်(အဝေးသင်တက္ကသိုလ်အပါအဝင်)၊ ကောလိပ်များမှ ဘွဲ့၊ ဒီပလိုမာရရှိပြီးသူ ပြစ်မှုကင်းရှင်းသည့် အကြပ်၊ စစ်သည် များအား ရာထူး၊အဆင့်များ တိုးမြှင့်ခန့်အပ်
နေပြည်တော်၊ သြဂုတ် ၁၂
အစိုးရတက္ကသိုလ်(အဝေးသင်တက္ကသိုလ်အပါအဝင်)၊ ကောလိပ်များမှ ဘွဲ့၊ ဒီပလိုမာရရှိပြီးသူ ပြစ်မှုကင်းရှင်းသည့် တပ်မတော်(ကြည်း၊ရေ၊လေ)မှ အကြပ်၊ စစ်သည် များအား ရာထူး၊အဆင့်များ တိုးမြှင့်ခန့်အပ်ခြင်းအခမ်းအနားကို ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ၊ ရေတပ်စခန်းဌာနချုပ်များ၊ လေတပ်စခန်းဌာနချုပ်များတွင် ပြုလုပ်ခဲ့ရာ တိုင်းမှူးများ၊ ဌာနချုပ်မှူးများနှင့် တာဝန်ရှိသူများက အဆင့်တိုးမြှင့်ခြင်းခံရသည့် အကြပ်၊ စစ်သည်များကို အဆင့်တံဆိပ်များ တိုးမြှင့်တပ်ဆင်ပေးကြသည်။
အဆိုပါအခမ်းအနားများတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ ရ၈ ဦး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ၃၁ ဦး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ၃၀ ဦး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ ၅၂ ဦး၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်မှ ၃၃ ဦး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ ၁၄ ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ၁၃၉ ဦး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ ၄၉ ဦး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ၃၈၉ ဦး၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်မှ ၈၁ ဦး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ၁၁၃ ဦး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ၅၂ ဦး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ၂၆၄ ဦး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ၁၉၀ ဦး စုစုပေါင်း အကြပ်၊ စစ်သည် ၁၅၁၅ ဦးတို့အား တာဝန်ရှိသူများက အဆင့်တံဆိပ်များ အသီးသီးတိုးမြှင့်တပ်ဆင်ပေးကြသည်။
တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့် တပ်မတော်အပေါ် တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် ပေးအပ်သည့်တာဝန်များကို စည်းကမ်းပြည့်ဝစွာ ကျေပွန်အောင်ထမ်းဆောင်ခဲ့ကြသော ပြစ်မှုကင်းရှင်းသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ အရာရှိ၊ စစ်သည်များအား အဆင့်တိုးမြှင့်ခြင်းများဆောင်ရွက်ပေးလျက်ရှိရာ ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ပြီး ဘွဲ့၊ ဒီပလိုမာတစ်ခုခုရရှိပြီးသူ အကြပ်၊ စစ်သည်များအနက်မှ တပ်သားအဆင့်ဖြင့် စစ်မှုထမ်းသက် ၁ နှစ်ပြည့်ပါက ဒုတိယတပ်ကြပ်အဆင့်သို့လည်းကောင်း၊ ဒုတိယတပ်ကြပ်အဆင့်ဖြင့် အမှုထမ်းသက် ၄ နှစ်(သို့မဟုတ်) စစ်မှုထမ်းသက် ၅ နှစ် ပြည့်မြောက်ပြီးသူစစ်သည်များအား တပ်ကြပ်အဆင့်သို့လည်းကောင်း အဆင့်တိုးမြှင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

posted from Bloggeroid
No comments:
Post a Comment