Tuesday, August 16, 2016

စားပွဲအလုပ်ဟာ မွန်မြတ်သောအလုပ်ဟုဆို

"လူမျိုးဘာသာခွဲခြားမှု့မရှိသောမွန်မြတ်သောစားပွဲထိုးအလုပ်"

==========================
မြန်မာနိုင်ငံရဲ့ အောက်ခြေအလုပ်ဟုအများသူငှာသက်မှာတ်ထားသောစားပွဲထိုး
လုပ်ငန်းဟာ အမှန်တော့ ကုသိုလ်ရသည့်လုပ်ငန်းတစ်ခုဖြစ်ပါတယ်။
အလုပ်ဟုသမျှဂုဏ်ရှိထဲ့မှာတော့ ကုသိုလ်လည်းရဝမ်းလည်းဝအလုပ်ဟု
ကျွန်တော်အနေဖြင့်မြင်မိတယ် ကျွန်တော်မြန်မာလူမျိုးတွေဟာ နိုင်ငံခြားအလုပ်
သွားလုပ်တယ်ဆိုကာ အထင်ကြီးလေးစားသူများဖြစ်နေသောခေတ်ကြီးမှ
ကိုယ်ရဲ့နိုင်ငံ ကိုယ်လူမျိုးတွေခြား စားပွဲထိုးရမှာကို ရှက်သလိုလိုကြောက်သလိုလို
ရှိနေကြတာ တစ်ခြားနိုင်ငံအလုပ်သွားလုပ်သည့်အချိန်မှာတော့ လက်လုပ်မှ
ပစပ်လှုပ်ရမှာဆိုတော့ စားပွဲထိုးအလုပ်လည်း လုပ်နေတာတွေကိုလေ့လာတွေ့
ရှိရပါတော့
"ကျေးလက်ဒေသရွာတွေကနေ မြို့ပေါ်တက်၍ စားပွဲထိုးလုပ်သူကနေလက်ရှိ
သူဌေးကြီးဖြစ်လာတာတွေအများကြီး ရှိပါတယ် ကျွန်တော်မိတိဆွေ လက်ရှိ
သူဌေးကြီးတွေရဲ့ နောက်ကြောင်းကို ပြောပြချက်တွေအရ ကျွန်တော်သိရတာက
"ကျွန်တော်တို့ဒေသက အလွန်ခေါင်ပါးပါတယ် ပညာရေးဆိုတာလည်းဆုံးခန်း
တိုင်အောင်မသင်ခဲ့ရဘူး ကိုယ်ဒေသမှနေရင် တောင်သူအလုပ်ဘဲ လုပ်ရတာ
မြို့ကြီးပြကြီးတွေလို အတွေ့အကြုံ စီးပွားရေးအမြင့် လူတစ်ကာနဲ့ဆက်ဆံဖို့
ဆိုတာ အခတ်အခဲအများကြီးရှိတယ် ပညာဆက်မသင်ဖြစ်တဲ့ ကလေးတွေကို
ရွာတွေက မိဘတွေက မန္တလေးမြို့ပေါ်ကို ပို့တဲ့အထည် ကျွန်တ်ာတစ်ယောက်
ပါခဲ့တယ် အချိန်ကတော့ ၁၉၇၉ ခုနှစ်လောက်က မန္တလေးကိုရောက်တယ်
ညဈေးတန်းက မိတ်ဆွေးတစ်ဦးရဲ မိတ်ဆက်ပေးမှု့ကြောင့် အဲဒီဆိုင် စားပွဲထိုး
ဝင်လုပ်တယ် နေခင်းဘက်ဆိုရင် ဈေးချိုအတွင်းက ဆိုင်တွေကို ပစ္စည်းသယ်ပို့
ပေးတယ် အဲဒီခေတ်က ငါးကျပ် ၁၀ဆယ်ရတယ် ၁၀ နှစ်လောက်ကြတော့
ဈေးချို့အတွင်း လုပ်တာကြာလာတော့ ဆိုင်တွေက ငွေ ခံခိုင်တာတွေ ပေးခိုင်
တာတွေထိ ယုံကြည်လာတယ် နောက်တော့ ဘယ်ပစ္စည်းတွေက ဘယ်ကယူ
တယ်သိရတော့ ဖေါက်သည်ယူပြီး အမြတ်ရသောအလုပ်တွေ အားလုံးလုပ်တက်
လာတာကနေ အဲဒီကနေ ဈေးချိုဆိုင်ခန်းလေးတစ်ပိုင်လာတာနေ အခု လုပ်ငန်း
ရှင်တစ်ယောက်ဖြစ်လာခဲ့တာဟု ကျွန်တော်မိဆ်ဆွေ သူဌေးကြီး၏ပြောပြချက်
အရသိရပါတယ်။

"အလုပ်ဟုသမျှဂုဏ်ရှိစွဆိုသောစကားအရပြောရရင် ဘယ်အလုပ်ဘဲလုပ်လုပ်
ကိုယ်လုပ်သည့်အလုပ်အပေါ်တန်းဖိုးထားတက်ဖို့လိုတယ် ငါကတော့စားပွဲထိုး
လုပ်နေရတာဘဲ ဆိုပြီးအားမငယ်ပါနဲ့ အဲဒီအလုပ်ဟာ စားသုံးသူတွေကိုဝန်ဆောင်မှု့ပေးသောအလုပ်ဖြစ်လို့  ကုသိုလ်ရတယ်
လူတွေဟာ အစားအစာ ကိုလူတိုင်စားနေကြတာ အဲဒီအတွက်ဝန်ဆောင်ပေး
သောအလုပ်ဖြစ်လို မွန်မြတ်တယ် အဲဒါကို တစ်ချို့ စားသုံးသူတွေက စားပွဲထိုး
ကလေးတွေကို အော်တာ ငေါက်တာ ဆဲတာတွေ လုပ်နေတာကို စားသောက်
ဆိုင်တစ်ချို့ လာရောက်စားသူတွေက အဆင့်အတန်းခွဲတာမျိုးတွေရှိပါတယ်
ကိုယ်နိုင်ငံအတွင်း ကိုယ်လူမျိုးကြားက စားပွဲထိုးကလေးတွေကိုအထင်မသေ
သင့်ဘူး အဲဒီဘဝကနေ မြို့ပေါ်တွေမှ လုပ်ငန်းရှင်းတွေ ဖြစ်လာတာတွေအများ
ကြီးရှိပါတယ် လူတိုင်တော့မဟုတ်ပါဘူး ကိုယ်လုပ်တဲ့လုပ်ငန်းကနေ ဆိုင်ရှင်း
ဘဝ အထိဖြစ်သွားသောသူတွေထဲ့မှကျွန်တော်ပါဝင်ခဲတာပါ အခုကျွန်တော်
ဆိုင်က ကလေးတွေကိုလည်း မိသားစုလိုသဘေားထားတယ် ကိုယ်လည်း
ဒီဘဝကတက်လာတာပါဟု လက္ဘ်ရည်ဆိုင်ရှင်းတစ်ဦးကပြောသည်။

ပညာရေးမှ ၁၀ တန်းမအောင်ရင် အလုပ်မရသောခေတ်ကြီးမှ ပညာအရေအချင်း
မပြည့်စုံသူတွေ အလုပ်မရှိရသလိုဖြစ်သွားပါတယ် အမှန်တော့ အလုပ်ဟာဘယ်
အလုပ်ကိုဘဲလုပ်လုပ် စေတနာထားလုပ်ဖို့ လိုအပ်ပါတယ် စားပွဲထိုးအလုပ်ဟာ
လူမျိုးဘာသာ ခွဲခြားမှု့မရိသော အစားအသောက်အတွက် အများသူငှါကိုဝန်ဆောင်ပေးသော အလုပ်ဖြစ်လို အလွန်မွန်မြတ်သောအလုပ်ပါ
စားပွဲထိုးလုပ်ရင်ကနေ မုန့်ဆရာ တီးဆရာဘဝရောက်သွားသူတွေ စားသောက်
ဆိုင်တွေဟာ ဝိတ်တာခေါင်ဆောင်ဖြစ်သွားသူတွေ ကနေ ဆိုင်ပိုင်ရှင်များဖြစ်သွားသူများရှိကြောင်းလေ့လာတွေ့ရှိရပါသည်။
စိုင်းထူးခန့်




posted from Bloggeroid

No comments:

Post a Comment