Saturday, August 27, 2016

ရေလှောင်ကန့်ကြောင့်စပါးများပျက်ဆီးရဟုဆို


လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက် ဆည်မြောင်းဦးစီးဌာနကရေဝပ်ဧရိယာ
နှင့်ရေလှောင်ကန်မြေသားတမံတည်ဆောက်ခွင့်ပေးသဖြင့်အမှန်တကယ်စိုက်ပျိုး
နေူသောလယ်ယာမြေများအတွင်းရေဝင်ရောက်သဖြင့်စားဝတ်နေရေးအတွက်ဒုက္ခတွေရသည်ဟုဆို"
====================================================
မန္တလေး သြဂုတ်

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် ကွင်းအမှတ် ၂၄
ပေါက်ပင်ကန်ကွင်း ဦးပိုင်အမှတ် ၁၃/၁ ဧရိယာ ၆.၅၃ ဧကလယ်မြေလုပ်ပိုင်ခွင့်
ပုံစံ နိုက်ငံတော်ကချပေးထားသည့်နေရာအတွင်း လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏
အကျိုးစီးပွားအတွက် ရေလှောင်ကန်တူးဖော်ခွင့်ဆည်မြောင်းဦးစီးဌာနကချပေးခဲ့
သဖြင့် ဒေသခံအမှန်တကယ်စိုက်ပျိုးထားသည့် လယ်ယာမြေအတွင်းရေများဝင်
ရောက်၍စိုက်ပျိုးထားသောသီနှံများပျက်ဆီးဆုံးရှုံးမှု့များစွာရှိကြောင်းဒေသခံတွေ၏ပြောပြချက်အရသိရသည်။

"ကျွန်တော်စိုက်ပျိုးလုပ်ကိုင်ခဲ့သော စိုက်ပျိုးမြေတွေက ၂၀၁၂ခုနှစ် လယ်ယာမြေ
ဥပဒေအသစ်နဲ့အညီ လယ်ယာမြေလုပ်ကိုင်လျှက်ရှိပါတယ် သပိတ်ကျင်းမြို့နယ်
ကြာညှပ်ကျေးရွာအုပ်စု ရွှေဇကာကျေးရွာရှိ ပေါက်ပင်ရေလှောင်ကန်အဖြစ်
ဆည်မြောင်းဦးစီးဌာနက ဦးရေတိုး ဦးတင်သန်း ဦးဖိုးသတို့က အမြင်ပေ ၁၂ ပေ
အကျယ် ၈ ပေ အရှည်ပေ ၃၀၀ ဖြစ်မြေသားတမံပြုလုပ်ထားသဖြင့် လက်လုပ်
လက်စားဒေသခံ လယ်ယာစိုက်ပျိုးထားသူတွေ၏လယ်ယာမြေများအတွင်း
ရေများဝင်ရောက်ကာ သီနှံများပျက်ဆီးဆုံးခြင်းများရှိသဖြင့်သက်ဆိုင်ရာအာဏာ
ပိုင် သပိတ်ကျင်းမြို့နယ်ကိုတင်ကြားခဲ့သေညလည်းအရေးယူဆောင်ခြင်းမရှိတာ
တွေ လာဘ်ပေးလာဘ်ယူကိစ္စတွေလုပ်ကာ ဒေသခံတောင်သူများကိုမငဲညာဘဲ
ဦးရေးတိုးဆိုသူက ပိုက်ဆံရှိတယ်ဆိုပြီး သူထင်ရာလုပ်နေတာတွေကိုအထက်
လူကြီးများလာရောက်စစ်ဆေးအရေးယူပေးစေလိုကြောင်းဒေသခံတောင်သူ
ဦးစိုးသန်းဦးကပြောသည်။

အဆိုပါရေလှောင်ကန်ကြီးတည်ဆောက်ခဲ့ရာ မိုးစပါးအမှီပြုလုပ်ကိုင်လျှက်ရှိသူ
များ၏လယ်အတွင်းရေများဝပ့်ကာ စပါးများပဖျက်ဆီးခြင်း ယာမြေလုပ်ကိုင်လျှက်
ရှိသော အထက်နေရာများအားလုံးစိုက်ပျိုး၍မရရှိခြင်း မိမိတို့အကျိုးစီးပွားတစ်ခုတည်းကြည့်ကာ ကိုယ်ကျိုးတစ်ခုတည်သာအသုံးပြု့ခွင့်
ပေးထားသော မြို့နယ်ဆည်မြောင်းဦးစီးဌာန မြေစာရင်းဌာနတို့ လူပုဂ္ဂိုလ်တစ်ဦ
းတစ်ယောက်အတွက်ကြည်ခြင်းတွေကြောင့် အမှန်တကယ်လယ်ယာလုပ်ကိုင်
နေသူများဒုက္ခတွေ့နေရကြောင်း ဒေသခံတွေ၏ပြောပြချက်အရသိရသည်။

"ကျွန်တော်လယ်ယာမြေအမှန်တကယ်စိုက်ပျိုးလုပ်ကိုင်လျှက်ရှိသောမြေနေရာ
တွေ ရေဝင်ရောက်မှု့မရှိစေရန်အတွက်သက်ဆိုင်ရာနဲ့ တရားမျှတစွာဆောင်ရွက်
ပေးစေလိုပါတယ် သူတို့ရေလှောင်ကန်လုပ်တာ မကန့်ကွက်ပါဘူး သူကန်တည်း
သူရေထားပါ သူများ အခင်းတွေပျက်ဆီးလောက်အောင်ထိ မထားသင့်ပါဘူးဟု
ဒေသခံတောင်သူများကပြောသည်။
စိုင်းထူးခန့် 

posted from Bloggeroid

No comments:

Post a Comment