"အစာ ဝပြီးသော စပါးကြီးမြွေ နှင့် အသစ်တက်လာသောအစာ မဝသေသော
စပါးကြီးများမဖြစ်စေလို"
====================================================
"ကျွန်တော်တို့ မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေး အပြောင်းအလဲ နှင့်အစိုးသစ်လက်ထက်
ကို "အစားဝပြီးသော စပါးကြီးမြွေအစိုးရနဲ့ အသစ်တက်လာသော အစိုးရသစ်
အစာမဝသေသော် စပါးကြီးမြွေများမဖြစ်ပွားစေလိုကြောင်း အများပြည်သူ
အလုပ်အကိုင်အခွင့်အလမ်းနှင့် စားဝတ်နေရေး စီးပွားရေးသမားများ၏ထင်မြင်
ယူဆချက်များပြောနေသည်များကို လေ့လာတွေ့ရှိရသဖြင့် စာရေးသူအနေဖြင့်
ဒီစာကို ရေးသားဖြစ်ခဲပါတယ်။
လူအခွင့်အရေးကြော်ငြာစာတမ်း အပိုဒ် ၁၉ တွင် လူသားတိုင်းသည် လွတ်လပ်
စွာထုတ်ဖော်ပြောဆိုခွင့်ရှိသည်ဟု ဖော်ပြထားသကဲသို့ ထို့အတုနိုင်ငံသားတိုင်း
တွင် သိပိုင်ခွင့်များရှိပါတယ်။ လွတ်လပ်ထုတ်ဖော်ပြောဆိုခွင့် သိရှိပိုင်ခွင့်သည်
နိုင်ငံသားတိုင်း၏ အခြေခံအခွင့်အရေးလည်းဖြစ်သောကြောင့် မြန်မာနိုင်ငံ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေအပိုဒ် ၃၅၄ တွင် လည်း နိုင်ငံသားတိုင်းသည်နိုင်ငံတော်
လုံခြုံရေး တရားဥပဒေစိုးမိုးရေး ရပ်ရွာအေးချမ်းသာယာရေးသို့မဟုတ် ပြည်သူတို့
၏ကိုယ်ကျင့်တရားအလိုငှာ ပြဌာန်းထားသည့်ဥပဒေများနှင့် မဆန့်ကျင်လျှင်
အခွင့်အရေးများကို လွတ်လပ်စွာသုံးစွဲဆောင်ရွက်ခွင့်ရှိသည်ဟုဖော်ပြထားသည်
ကိုလေ့လာတွေ့ရှိရပါတယ်။
မြန်မာ့လူ့အဖွဲ့အစည်းက ကဏ္ဍမျိုးစုံကို ဦးဆောင်အကောင်းအထည်ဖော်နေသူများကဘာတွေလုပ်နေသလဲဆိုတာ
သိခွင့်ရှိသလို ဘာတွေလုပ်ပါလို့ ဆန္ဒထုတ်ဖေါ်ခွင့်ရှိရပါမည် ပြည်သူများ၏
အသံကို စာရေးသူတစ်ယောက်အနေဖြင့် ကူညီထုတ်ဖော်ပေးခြင်းဖြင့်ပွင့်လင်း
မြင်သာမှုရှိပြီး တာဝန်ခံမှု့ တုံ့ပြန်မှု့အပြည့်ရှိသောအစိုးရ မြန်မာနိုင်ငံတွင် ပေါ်
ပေါက်လာစေရန် အစိုးရသစ်ကိုဝေဘန်းပေးကြသောပြည်သူများအသံကို
အခုလိုရေးသားဖော်ပြဖြစ်ခဲ့ကြောင်း
"ကျွန်တော်တို့မြန်မာနိုင်ငံအခုအစိုးသစ်တက်လာတော့ စီးပွားရေးလုပ်ငန်းတွေ
အားလုံးထိုးရပ်သွားတာ ဘာကြောင့်လဲဆိုရင် ရက် ၁၀၀ စီမံချက်ကာလာကြောင့်
လိုပြောလိုရတယ် အဲဒီရက် ၁၀၀ စီမံချက်ကြောင့် အများပြည်သူစီးပွားရေးတွေ
အများကြီးထိခိုက်တယ်လအရင်အစိုးရလက်ထက်က မြန်မာနိုင်ငံအတွင်းအလောင်စားတွေကို ပြည်ထဲရေးဝန်ထမ်းတွေက လိုင်ကြေး
ယူပြီး ၂လုံး ၃ လုံး ဘောလုံးအလောင်စားတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို
မြန်မာနိုင်ငံအနှံ တရားမ ဝင်သာပြောတာ တရားဝင်လိုလုပ်နေကြတော့
အများပြည်သူရဲ ငွေကြေးအခတ်အခဲအားလုံးနဲ့စီးပွားရေးတွေကလည်ပက်မှု့ရှိ
နေတာကို ရက် ၁၀၀ စီမံချက်ပေါ်လာတော့ ဘယ်သုမှ အလောင်းအစားမလုပ်
ရဲကြတာလည်းပါတယ် မြန်မာနိုင်ငံအတွင်းနိုင်ငံသားတွေ ကြိုက်တဲ့နေရာ
ကြိုက်တဲ့ဒေသတွေမှာ သွားရောက်စီးပွားရှာခွင့်ရှိတယ် ဒါပေမယ် ဘယ်ဒေသ
ကိုသွားရှာရှာ ကုမ္ပံဏီပိုင်နဲ့ လူမျိုးခြား တရုပ်တွေကဘဲ စီးပွားရေးလုပ်ငန်းတွေကို
အပိုင်သိမ်းထားပြီး ယခင်အစိုးရကတရားဝင်ရောင်းစားထားတော့ မြန်မာနိုင်ငံ
နေအများပြည်သူတွေက ကျန်စီးပွားရေးမရှိတော့ အလောင်းအစားစီးပွားရေး
ဘဲလုပ်ကြတာများတယ် အစိုးရသစ်တက်လာတော့ အရင်အစိုးရသစ်က
"စပါးကြီးမြွေကြီးတွေကလဝအောင်စားပြီးသွားကြပြီး အခုရောက်လာသည့်
အစိုးရသစ်လက်ထက် စပါးကြီးမြွေကြီးတွေကလအစာမစားရသေဘူး သူတို့
သာ ထက်စားမယ်ဆို ကျွန်တော်တို့ ပြည်သူတွေ အရိုးတောင်ကျန်မှာမဟုတ်
တော့သူးဟု အခင်အစိုးရလက်ထက်က လောင်းစားဒိုင်လုပ်စားသူတစ်ဦးက
ပြောလိုသိရသည်။
"ကျွန်တော်တို့မြန်မာနိုင်ငံတော်ခေတ်အဆက်ဆက် ကျောက်စိမ်းတူးဖော်ရေး
လုပ်ငန်းတွေ စက်ယန္တရားကြီးတွေနဲ့ ကုမ္ပံဏီတွေ တူဖော်ခဲလို့ မြန်မာကျောက်
မျက်ဈေးကွက်ပျက်သလို့ ဘယ်အစိုးရထက်ထက်ကမှ မတားခဲ့သော ရေမဆေး
ကျောက်ရှာသူ အသက်နဲ့ရင်းပြီးစီးပွားရှာသူတွေကို မတားခဲ့ပါဘူး ဟိုတစ်လော
က လွတ်တော်မှ ရေမဆေးကျောက်ရှာသူတွေ တားတော့ စိတ်မကောင်းဖြစ်မိ
တယ် ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းက ကျောက်အရောင်းအဝယ်ကုမ္ပံဏီ
တွေနဲ့ လက်ရှိ ကျောက်လောကကိုအမှီပြုလုပ်စားနေသူများအားလုံးရဲကျေးဇူး
ရှင်တွေဟာ ရေမဆေးကျောက်ရှာသူတွေနဲ့လည်ပက်နေရလိုသူတို့ကမြန်မာ
ကျောက်သမားတွေရဲ့ထင်မင်းရှင်တွေပါ အခုတော့ လက်လုပ်လက်စားကျောက်
သမားဘဝတွေတော့ ရပ်ခိုင်ပြီး စက်ယန္တရားကြီးတွေနဲ့တရားဝင်တာရော့တရား
မဝင်တာရော့ တရုတ်ပြည် မူဆယ် ကျယ်ခေါင်အထိ တင်ရောင်းချမှု့တွေကြောင့်
မြန်မာကျေက်မျက်ဈေးကွက်ပျက်တာ သူတို့ကုမ္ပဏီတွေက ကိုယ်တိုင်တူးဖော်
တယ် တရုတ်က ကမ္ဘာကျောက်စိမ်းဈေးကွက်ကိုကိုင်ထားတယ် ပြီးတော့လက်ရာက မြန်မာနိုင်ငံထက်သာတယ် ဝယ်ယူအားပေးတာကလည်း
တရုတ်လူမျိုးနိုင်ငံတကာနေသူတွေကအများဆုံးဝယ်တယ် မြန်မာနိုင်ငံကျောက်
မျက်ပြပွဲတစ်ခုက တရုတ်နိုင်ငံသားကျောက်တူဖော်ရေး ကုမ္ပံဏီတစ်စာဘဲရှိတာ
အမှန်တစ်ကယ် ရပ်ခိုင်ရမှာက ကျောက်တူးဖော်မှု့တွေရပ်ခိုင်ရမှာဒါမှာမြန်မာနိုင်
ငံအများပြည်သူအတွက် ကျောက်စိမ်းဈေးကွက်ဦးမော့လာမှာက ယခင်အစိုးရ
လက်ထက်က အဲဒီလိုမျိုးဖြစ်ဘူးတယ် ကျောက်စိမ်းတူးဖော်မှု့ယာယီရပ်လိုက်လို့
ကျောက်ဈေးကွက်ပြန်တက်လာတာ ကျွန်တော်တို့မြန်မာ့ကျောက်သမားတွေက
တရုတ်ဝယ်လက်ကိုအားထားရောင်းချရတာ သိန်းတစ်ရာ ရင်းနဲ့ကျောက်ဆို
အရင်က သိန်းသုံးရာလောက်ထိမြတ်တယ် အခု သိန်း၁၀၀ရင်းထားသောကျောက်က သိန်း ၂၅ သိန်းတောင်မရတော့ဘူး
အဲဒီလောက်အထိကျဆင်းခဲ့တာ ရေမဆေးကျောက်ရှာသူတွေက ကုမ္ပံဏီ
တွေရဲ့ ရန်သူဖြစ်သလို မြန်မာကျောက်ရောင်းဝယ်ရေးနိုင်ငံအတွင်းကလူတွေ
အတွက်တော့ ကျေးဇူးရှင်တွေပါ မြန်မာကျောက်စိမ်းလောကလူတွေစီးပွားရေး
အဆင်ပြေမှ မြန်မာတစ်နိုင်ငံလုံး၏စီးပွားရေးအားလုံးလည်ပက်တာများတာ
ကျောက်သမားတွေက ငွေမမြင်ဘူး အိမ်ခြံမြေ ကားအရောင်းအဝယ် ကအစ
မြန်မာကျောက်သမားရေမဆေးကျောက်သမားတွေအပါဝင်အားလုံးအတွက်
ကျောက်စက်ယန္တရားကြီးများတုဖော်မှု့အစိုးသစ်အနေဖြင့်ယာယီရပ်ပေးဖို့လိုအပ်
ကြောင်ူ မြန်မာနိုင်ငံကျောက်စိမ်းအရောင်းအဝယ်လုပ်သူများကပြောသည်။
အစာဝပြီးသော စပါးကြီးမြွေဆိုသောစကားကိုကြားလိုက်ရတော့ စပါးကြီးမြွေ
အစာမြိုထားသည့်ပုံလိပ်လိပ်နဲ့ဖြေးဖြေးလေးသွားနေသော မြွေကြီးတွေ
တော်တော်နဲ့မဆင်းနိုင်တာကိုမြင်မိပါတယ် အဝစားထားလို ထပ်မစားတော့ဘူး
လို မြင်ကြသူများရှိပေမယ် အစာချက်သည့်နေ့မရောက်ခင်ဆင်းသွားတာကိုဘဲ
ကျေးဇူးတင်မိပါတယ် အစာမဝသေသော အစိုးသစ်အနေနဲ့တော့ စပါးကြီးမြွေ
တော့ ဖြစ်လာစရာအကြောင်းမရှိပါဘူး အစာဝနေသောစပါးကြီးမြွေတွေက
တစ်ခြားနိုင်ငံ တစ်ခြားလူမျိုး တရုတ်နိုင်ငံအတွက်မြန်မာ့ကျောက်မျက်တွေကို
စက်ယန္တရားတွေနဲ့တူဖော်ခွင့်ပေးထားတော့ မြန်မာနိုင်ငံအများပြည်သူစီးပွားရေး
အခတ်အခဲတွေကျန်ရစ်နေပြီး လက်ရှိအနေအထားအရအစိုးရသစ်တက်လာလို့
အားလုံး အခတ်အခဲဖြစ်ရင်ဆိုင်နေရအောင် လုပ်ထားခဲ့ကြောင်းသိရပါတယ်။
စိုင်းထူးခန့် 

posted from Bloggeroid
No comments:
Post a Comment