
တိုးချဲ့ကျေးရွာအားပြည်ထဲရေးအမည်ပေါက်ရရှိရန်တောင်းခံရာ မြို့နယ်အထွေု
ထွေချုပ်ရေးမှူးက အာဏာအလွဲသုံးစားပြုထားသဖြင့် တိုင်းကြားထားမှု့များမဖြေ
ရှင်းပေးပါက ပြင်ဦးလွင်မြို့ပေါ်တက်၍ဒေသခံများဆန္ဒဖော်ထုတ်မည်ဟုဆို"
===================================================
ပြင်ဦးလွင် သြဂုတ် ၂၂
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် အမှတ်(၃)နယ်မြေ လွန်ကောင်းကျေးရွာအုပ်စု
မန်ကျဉ်းအင်းကျေးရွာမန္တလေး ပြင်ဦးလွင် ကားလမ်း ၁၆ မိုင်ဂိတ်မှ ၉ မိုင်ကွာ
သော ဒုဋ္ဌဝတီမြစ်ကမ်းနဖူးတွင်တည်ရှိသော ရွာကလေးက ဒေသခံများနေထိုင်
သည့်နေရာတစ်ချို့ မြစ်ရေတိုက်စားမှု့များရှိသဖြင့် ၎င်းတို့ စိုက်ပျိုးလျှက်ရှိသော
ယာမြေတစ်ချို့အပေါ် ပြောင်းရွေ့နေထိုင်ခဲ့ရာ မန်းကျည်းအင်းကျေးရွာတိုးချဲကွက်
သစ်ပေါ်လျှက်ရှိသဖြင့် တိုးချဲ့ကျေးရွာအား ပြည်ထဲရေးအမည်ပေါက်ရရှိရန် တောင်းခံရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးက အာဏာအလွဲသုံးစားပြုကာ
ချမပေးသဖြင့် တိုင်းဒေသကြီး အစိုးရထံ တိုင်ကြားစာများဖြင့် အကြောင်းကြား
တာ ဆောင်ရွက်မပေးပါက ဒေသခံရွာသူရွာသားများ ပြင်ဦးလွင်မြို့ပေါ်တက်၍
ဆန္ဒဖော်ထုတ်သွားမည်ဟု ဒေသခံတွေကပြောသည်။
"ကျွန်တော်တို့ဒေသကို ၂၀၀၀ခုနှစ်က နိုင်ငံတော်အစိုးရ၏စီမံချက်ဖြင့် ဒုဋ္ဌဝတီမြစ်
အား တာတမံပိတ်၍ ရဲရွာရေအားလျှပ်စစ်စီမံကိန်းစတင်တည်ဆောက်ပြီးထဲ့က
မန်ကျည်းအင်းကျေးရွာကို နှစ်စဉ်နှစ်တိုင်းသဘာဝရေလွှမ်းမိုးသည့် ရေဘေးဒုက္ခ
နှင့်ကြံတွေ့နေရသဖြင့် ဘေးအန္တရာယ်ကင်းလွတ်စေရန် ရဲရွာရေအားလျှပ်စစ်စီမံ
ကိန်းသို့သွားသည့် ကားလမ်းမကြီးဘေး ကျေးရွာနဲ့ကပ်လျှက်ရှိသောနေရာအား
တိုးချဲ့ကွက်သစ်အဖြစ် ပြောင်းရွေ့နေထိုင်ခဲရာ ရွာလုံးကျွတ်ပြောင်းရွေ့ရာတွင်
အိမ်ခြေ ၁၅၀ ခန့် လူဦးရေ ၁၀၀၀ကျော်ရှိတာကို ပြည်ထဲ့ရေးအမည်ပေါက်
လျှောက်ထားခဲ့တာကို မြို့နယ်အုပ်ချုပ်ရေးမှူးက အာဏာအသုံးပြုကာ ပိုက်ဆံ
တောင်းယူပြီး ယနေအချိန်ထိ ချမပေးလို့  မန္တလေးတိုင်းဒေသကြီးအစိုးရထံ
ယနေ့ တိုင်ကြားစာများပို့ထားပါတယ် ထူးခြားမှု့မရှိပါက ပြင်ဦးလွင်မြို့ပေါ်တက်
ကာဆန္ဒဖော်ထုတ်သွားမည်ဟ"ုဒေသခံဦးမောင်ထွန်းကပြောသည်။
ယနေအချိန်ထိလည်း နိုင်ငံတော်က ချမှတ်ပေးထားသည့် နယ်နိမိတ်အတွင်း
ကျေးရွာအား ဘက်ပေါင်းစုံမှ ဖွံဖြိုးတိုးတက်စေရန် ကျေးရွာသူ ကျေးရွာသားများ
က အားသွန်ခွန်စိုက်ကြိုးစားလျှက်ရှိကြောင်း ရွာသူရွာသားများ၏ကြိုးစားမှုကြောင့်
မန်ကျည်းအင်းရွာလေးဟာ ဖွံဖြိုးတိုးတက်လာ၍ ၂၀၁၄ခုနှစ်တွင် ရွာအား ပြည်ထဲ
ရေးအမည်ပေါက်ရရှိအောင် နိုင်ငံတော်သမ္မတနှင့်ပြည်ထဲရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဌာနအသီးသီးသို့ တရားဝင်တင်ပြတောင်းဆိုခဲ့လို ပြည်ထဲရေးအမည်ပေါက်ရခဲ့ပါတယ်။ မန်ကျည်းအင်းအင်ရွာကလေးဟာ ပြင်ဦး
လွင်မြို့နယ် နယ်နိမိတ်တွင် ပါဝင်ခြင်းကြောင့် ကျေးရွာလေးကို ပြည်ထဲရေးအမည်ပေါက်ဖြစ်စေရန် ပြင်ဦးလွင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး
ထံသို့ အကြိမ်ကြိမ်းတင်ပြတောင်းဆိုခဲ့သော်လည်း မြို့နယ် ဌာနပေါင်းစုံက
တာဝန်ရှိသူများလည်း ကွင်းဆင်းစစ်ဆေးပြီး တင်ပြသည့် ရွာနယ်နိမိတ်အား တိုက်ဆိုင်စစ်ဆေးပြီးအတည်ပြုခဲ့ပြီးဖြစ်သော်လည်းယနေ့အချိန်ထိ မထူးခြား
သေကြောင်း၎င်းတို့၏ပြောပြချက်အရသိရသည်။
"ကျွန်တော်တို့ရွာကိုပြည်ထဲရေးအမည်ပေါက်ကျေးရွာဖြစ်မြောက်ရေးအတွက်
ရွာသူရွာသားများအားလုံးက အားကြိုးမာန်တက်ဖြင့် ဆောင်ရွက်ကြရာတွင်
ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူများက
တရားမဝင်ငွေကြေးများကို တောင်းခံယူကာ တောင်းခံသောငွေကြေးများကို
ရွာက ရပ်မိရပ်ဖများက မညည်းမငြူပေးပါသော်လည်း အားရကျေနပ်ခြင်းမရှိဘဲ
ရွာ၏ဆိုင်းဘုတ်ပါ ဖြိုဖျက်ခိုင်းခြင်း နေအိမ်တိုက်တာများအားဖျက်ဆီးခိုင်သည့်
နိ့တစ်စာပို့ခြင်းများသာမက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးဦးတင်နိုင်စိုးကိုယ်
တိုင်ဆောင်ရွက်ခဲ့ပါတယ် ကျွန်တော်တို့ရွာက ဒေသခံတောင်သူ ဗမာလူမျိုး
နိုင်ငံသားများဖြစ်ပါလျှက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးဦးတင်နိုင်စိုးကိုယ်တိုင်
ဖျက်လိုဖ်ျဆီးပြုလုပ်နေခြင်းကိုတရားဥပဒေမဲ့လွန်းသဖြင့် ကျွန်တော်တို့ဒေသခံ
တွေအားလုံးခံရပြီး ကျွန်တော်တို့ဒေသကို ရောက်လာသော တရုတ်လူမျိုးပိုင်
(D-GARDEN)ရေပေါ်ဥယျာဉ် ဧက ၆၀ ကျော်ကျယ်ဝန်ပြီးပုံစံ ၇ သာရှိသည့်နေ
ရာကို စိုက်ပျိုးမြေအားအခြားနည်းအသုံးပြုနေခြင်း မြို့နယ်ထွေအုပ်တစ်ယောက်
အနေဖြင့်မျက်ကွယ်ပြု၍နေခြင်း လဘ်စားထားကာ အာဏာအလွဲသုံးစားပြုလုပ်
ဆောင်ရွက်နေပြီး ကျွန်တော်ဒေသခံတွေရဲ့အခတ်အခဲများကို မသိဟန်ဆောင်
နေတာတွေရှိကြောင်းဦးချစ်စံကပြောသည်။
အဆိုပါ မန်ကျည်းအင်းကျေးရွာသစ်အားပြည်ထဲရေးအမည်ပေါက်ကျေးရွာအဖြစ်
အမှုတွဲဖွင့်လှစ်ဆောင်ရွက်တင်ပြပေးနိုင်ရေးအတွက် ညှိနိုင်းဆွေးနွေးဆောင်ရွက်
ရန်ရှိသဖြင့်မြို့နယ်အုပ်ချုပ်ရေးမှူးထံလာတွေ့ရန်ဆိုကာ သြဂုတ်လ ၂၂ နေ့ နေခင်း
က ရပ်မိရပ်ဖ ၃ဦးကို ခေါ်ယူတွေ့ဆုံပြီး ယခင်အဖွဲ့အစည်းပေါင်းစုံဖြစ်တိုင်းထွား
ထားသည့် မြေပုံကို ဘယ်ချကာ ပြင်ဦးလွင်မြို့နယ်အုပ်ချုပ်ရေးမှူးဦးတင်နိုင်စိုးက
မိမိစိတ်ကြိုက်မြေပုံရေးဆွဲကာ ရပ်မိရပ်ဖ ၃ ဦးကို ခေါ်ပြီးလက်မှတ်ထိုးခိုင်သည့်
အတွက် ၎င်းရေးဆွဲထားသည့် မြေပုံနေရာတွင်မပါရှိသူများအတွက်နစ်နာမှု့တွေ
ရှိပြီး အဖွဲ့အစည်းပေါင်းစုံရေဆွဲထားသည့်မြေပုံအတိုင်ချမှတ်ပေးရန်အတွက်
ဒေသခံများက တိုင်းဒေသကြီး၏ခွင့်ပြုမိန်ကျလာပါက ပြင်ဦးလွင်မြို့ပေါ်ထိတက်
ကာဆန္ဒဖော်ထုတ်မည်ဟုဒေသခံတွေ၏ပြောပြချက်များအရသိရသည်။
စိုင်းထူးခန့် 

posted from Bloggeroid
No comments:
Post a Comment