မြန်မာပါတီစုံဒီမိုကရေစီ အစီအစဉ်မှစီစဉ်ကျင်းပသောမန္တလေးမြို့တော်စည်ပင်
သာယာရေးကော်မတီရွေးကောက်ပွဲဆိုင်ရာပါတီစုံဆွေးနွေးပွဲကျင်းပ"
မန္တလေး မဟာအောင်မြေမြို့နယ် ၇၈လမ်းကြီးဘေးရှိ WILSON HOTELတွင်
သြဂုတ်လ ၁၇ နေက မန္တလေးစည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲ
ဆိုင်ရာပါတီစုံဆွေးနွေးပွဲကို နံနက် ၉ နာရီမှ ညနေ ၄ နာရီ အချိန်ထိ မန္တလေး
မြို့ပေါ်ရှိနိုင်ငံရေးပါတီပေါင်းစုံက တာဝန်ရှိသူများနှင့်အရပ်ဘက်လူအဖွဲ့အစည်း
များတက်ရောက်ခဲ့ကြောင်းသိရသည်။
"အဓိကတော့ မန္တလေးမြို့တော် စည်ပင်သာယာရေးရွေးကောက်ပွဲဆိုင်ရာပါတီစုံ
ဆွေးနွေးပွဲကို ပထမဆုံးအနေနဲ့ ကျွန်မတို့ (DIPD)မြန်မာပါတီစုံဒီမိုကရေစီအစဉ်
အနေဖြင့် နိုင်ငံရေးပါတီတွေရဲ့အမြင် စည်ပင်သာယာရေးရွေးကောက်ပွဲဆိုင်ရာ
လုပ်ငန်းစဉ်အဆင့်ဆင့်များကိုဆွေးနွေးကြတာပါ ရန်ကုန်မှတောင်မလုပ်သေပါဘူ
တက်ရောက်လာသူတွေထဲ့မှာ မန္တလေးစည်ပင်ကော်မတီဝင်အဟောင်တွေလည်းပါတယ် ပါတီး တွေပါတယ်
အရပ်ဖက်အဖွဲ့အစည်းတွေပါတယ် အဲဒီကဆွေးနွေးထဲမှာ ယုံကြည်ရာအဖွဲ့က
ပါဝင်ပါတယ် အများပြည်သူအနေဖြင့်ဒီမိုကရေစီလိုပြောလိုက်ရင် နိုင်ငံတစ်လုံး
နဲ့ဆိုင်တယ်လိုသိတာ မဟုတ်ပါဘူး သပ်ဆိုင်ရာ စည်ပင်သာယာမြို့နယ်တွေအား
လုံးသက်ဆိုင်ပါတယ်အခုတက်ရောက်လာသည့်ထဲ့မှတော့ စည်ပင်ရွေးကောက်
ပွဲဝင်ရောက်ပြိုင်မယ် သူတွေပါတယ် လူတိုင်ကိုယ်နယ်မြေ ကိုယ်ဒေသကိုအမှန်
တကယ်အလုပ် လုပ်ပေးနိုင်မယ် ကိုယ်စားလှယ်ကိုရွေးချယ်ရအောင်ရယ်
ဒီဆွေးနွေးပွဲကိုကျင်းပဖြစ်တာဟု(DIPD)မှသတင်းနှင့်ဆက်သွယ်ရေးအရာရှိ
ဒေါ်ဆုမွန်အောင်ကပြောသည်။
အဆိုပါ မန္တလေးစည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲအခမ်းအနားကို
တက်ရောက်လာသူ ၆၀ ကျော်တို့က ဥပဒေအကြောင်းအရာ စည်းမျဉ်းစည်းကမ်း
တွေ သတ်မှတ်ပြီး ဒါတွေကိုလေးစားလိုက်နာဖို့လိုအပ်ချက်များ ဥပဒေအသစ်
တွေရေးဆွဲတာမျိုါ် ပြောင်းလဲမယ်ဆိုရင်လည်း ဖွံ့စည်းပုံဆိုင်ရာအရ နည်းလမ်း
ကျစွာ ပြောင်းလဲ ရမည်ူအကြောင်းအရာများ ဒီမိုကရေစီနိုင်ငံတစ်ခုကို စီမံအုပ်ချုပ်
ရမည် တရားဥပဒေစိုးမိုးရေးအပေါ် လုံးအခြေခံထားမှု့များနှင့်လိုအပ်သောစည်းမျဉ်စည်းကမ်းတွေအတွက်အုပ်စုများ
ဖွဲကာဆွေးနွေးနေသည်များကိုတွေ့ရသည်။

posted from Bloggeroid
No comments:
Post a Comment