
"ရဲအရာရှိဟောင်း တစ်မိသားစုလုံးအသတ်ခံရ၊ ကျောင်းတက်နေသည့် ကလေးငယ်နှစ်ဦးပါဝင်"
========================
ရဲအရာရှိဟောင်း မိသားစုဝင်လေးဦးအသတ်ခံခဲ့ရပြီး သေဆုံးသူများထဲတွင် အဌမတန်းနှင့် တတိယတန်းကျောင်းသားနှစ်ဦးလည်း ပါဝင်ကြောင်း သတင်းရရှိသည်။ ထောက်ကြန့်မြို့နယ် ရွှေနံသာကျေးရွာအုပ်စု ပတ္တမြားမြို့သစ် ကျူးကျော်ကွက်သစ် မြအေးချမ်းလမ်းသွယ်မှ အိမ်တစ်အိမ်တွင် ယင်းလူသတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း ထောက်ကြန့်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။
အသတ်ခံသူများမှာ အသက် ၃၇ နှစ်အရွယ် ဦးစိုးနောင်(အမှတ် ၈ လုံခြုံရေးရဲတပ်ဖွဲခွဲမှ ဒုရဲအုပ်အဆင့်ဖြင့် နှုတ်ထွက်ထား)နှင့် ဇနီးဖြစ်သူ မနွယ်နီလွင်၊ အဌမတန်းနှင့် တတိယတန်းတက်နေသော သားနှစ်ဦးတို့ဖြစ်ကြောင်း အထက်ပါရဲအရာရှိကပြောသည်။
အသတ်ခံရသည့်အကြောင်းရင်နှင့် အချိန်ကို အတိအကျမသိရသေးဘဲ အခင်းဖြစ်ရာနေရာသို့ တိုင်းနှင့် ခရိုင်အဆင့်ရဲအရာရှိများ ယနေ့ နေ့လယ်တွင် လာရောက်စစ်ဆေးနေကြောင်း သတင်းရရှိသည်။
သတင်း- 7day news
လူရွှင်တော်ဟန်ကို

posted from Bloggeroid
No comments:
Post a Comment