"ပြင်ဦးလွင် ဇီးပင်ကြီးကျေးရွာဗဟိုမီးသတ်တပ်ဖွဲ့သင်တန်းကျောင်းကသိမ်းယူ
ထားသော ပို့လျှံမြေများအပေါ် မူလတောင်သူများစိုက်ပျိုးထားသည့်သီးနှံများကို
လာရောက်အဖျက်စီခံရဟုဆို"
====================================================
ပြင်ဦးလွင် သြဂုတ် ၁၉
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးကျေးရွာ ဒေသခံမူလတောင်
သူများ၏မြေများကို ဗဟိုမီးသတ် သင်တန်းကျောင်း ရဲအရာရှိသင်တန်းကျောင်း
ဦးစီးအရာရှိသင်တန်းကျောင်းဖြစ်သော ကျောင်းကြီး ၃ ကျောင်းက မြေဧကပေါင်း
၂၀၀၀ ကျော်ကို သိမ်းယူကာ ကျောင်းများတည်ဆောက်ပြီး၍ပိုလျှံမြေများအပေါ်
ယနေအချိန်ထိ စိုက်ပျိုးလုပ်ကိုင်လျှက်ရှိသော သီးနှံများကို ဗဟိုမီးသတ်သင်တန်း
ကျောင်းက တာဝန်ရှိသူအရာရှိများက သြဂုတ်လ ၁၉ ရက်နေ့ကလာရောက်ဖျက်
စီးနေကြောင်းဒေသခံတောင်သူများကပြောသည်။
"ကျွန်မတို့ စိုက်ပျိုးထားသည့်သီးနှံများကို ဒီနေ့နံနက်ကစတင်၍ဗဟိုမီးသတ်သင်
တန်းကျောင်းက ဦးစီးအရာရှိ ညွန့်ကြားရေးမှူးတို့ကိုယ်တိုင်က ထွန်စက်ကြီးတွေ
နဲ့ နံနက်အစေားကြီးထဲ့က ဖျက်စီးနေပါတယ် ကျွန်မတို့အတွက် ဆုံးရှုံးနစ်နာမှု့
တွေအများကြီးပါ သူတို့သင်တန်းကျောင်းအတွက် အသုံးပြုပြီး နိုင်ငံတော်အတွက်
အကျိုးရှိစွာသိမ်းယူတာကို ကျွန်မတို့ကဒေသခံတောင်သူတွေက မပြောပါဘူး
အခုသူတို့ကျောင်း အသုံးပြုပြီး ပို့လျှံမြေများအပေါ် စိုက်ပျိုးလုပ်ကိုင်လာတာ
၁၀ နှစ်ကျော်ရှိပြီ အရင်းအနှီးများစွာအသုံးပြုကာ အလုပ်သမားခ ထွန်ယက်
စိုက်ပျိုးက မျိုးစေ့အတွက် အကုန်ခံပြီး လုပ်ထားတွေကို ယနေ့လာရောက်ဖျက်စီး
ခြင်းခံရကြောင်းဒေသခံတောင်သူဒေါ်စိုးစိုးကပြောသည်။
မြန်မာနိုင်ငံမြေယာဥပဒေမှပါတာက သီးနှံဖျက်စီးခွင့်မရှိဘူး မစိုက်ပျိုးခင်တားလို့
ရတယ် အခုလိုစိုက်ပျိုးပြီးမှ ဖျက်သီးလို့  လုံးဝမရပါဘူး မကျေနပ်လို့ တရားစွဲဆို
ခွင့်တော့ ရှိတယ် မြေယာအငြင်းပွားမှု့အရ တရားဥပဒေလမ်းကြောင်းလုပ်ရမှာ
ကို မူလတောင်သူတွေ စိုက်ပျိုးစဉ်က မတားဘဲ အခုမှဖျက်စီးတာမျိုးတော့မလုပ်
သင့်ဘူး ဒီမြေတွေက နိုင်ငံတော်အနေဖြင့် မူလတောင်သူများကိုပို့လျှံမြေတွေ
ပြန်ပေးရန် ဆုံစမ်းစစ်ဆေးလျှက်ရှိသောမြေယာတွေဖြစ်တယ် ဒီလိုအချိန်မျိုးမှာ
လာရောက်မဖျက်သင့်ဘူးလို ကျွန်တော်အနေနဲ့မြင်တယ်ဟု တောင်သူလယ်
သမားအလုပ်သမားအရေးဆောင်ရွက်ပေးသူ (FNIFL)ဗဟိုကော်မတီဝင်
ကိုလင်းလင်းပြောသည်။
"တောင်သူတွေ စိုက်ပျိုးထားတဲ့ သီးနှံတွေဖျက်စီးနေတယ်ဆိုတာဟုတ်ပါတယ်
ကျောင်းကြီး သုံးကျောင်းက သိမ်းယူထားသည့် ပိုလျှံမြေများနက် အခုသီနှံတွေ
ဖျက်စီးတာက ဗဟိုမီးသတိကပါ ကျန် ၂ ကျောင်းကမပါဘူး မီးသတ်တပ်ဖွဲ့
သင်တန်းကျောင်းက ညွန့်ကြားရေးမှူးကိုယ်တိုင်ပါဝင်တယ်လိုသိရတယ်
ကျွန်တော်က ဒီရွားသားပါ ဒီဒေသခံတွေက ဒီနေရာကိုမဲပေးထားလို အုပ်ချုပ်ရေး
မှူးအဖြစ် ယနေ့ တာဝန်ယူထမ်းဆောင်နေတာ ကျွန်တော်ရွာကဒေသခံတောင်သူ
တွေနဲ့ သင်တန်းကျောင်းနဲ့ပြသာနာ ကြီးကြီးမားမားမဖြစ်ပွားအောင် ကျွန်တော်
တက်နိုင်လောက် ကူညီဖြေရှင်းပေးနေပါတယ် ဇီးပင်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူး
ဦးဇော်နိုင်ဦးကပြောသည်။
အဆိုပါ သီးနှံများကို ဗဟိုမီးသတ်တပ်ဖွဲ့သင်တန်းကျောင်းက ဖျက်စီးနေသည့်အထဲ့ မည်သူမှမဝင်ရောက်ရန်တားမြှစ်ထားခြင်း ဝင်ရောက်လာ
ပါက မည်သူမဆို ပိုင်နက်ကျူးကျော်ဝင်ရောက်မှု့ဖြင့်တရားစွဲဆိုမည်ဖြစ်ကြောင်း
တားမြှစ်နယ်မြေ မည်သူမှမဝင်ကြောင်း ဗဟိုမီးသတ်သင်တန်းကျောင်းက
ဦးစီးအရာရှိနှင့် ညွန်ကြားရေးမှူးတို့က တောင်သူတွေကို သတိပေးထားလျှက်ရှိ
ကြောင်း ဒေသခံတောင်သူများ၏ပြောပြချက်တွေအရသိရသည်။
စိုင်းထူးခန့်

posted from Bloggeroid
No comments:
Post a Comment