"မန္တလေးမြို့သြဂုတ်လ ၂၀ နေ့က မိုးသည်းထန်စွာရွားသွန်းခဲ့သဖြင့်နေအိမ်တစ်
ချို့နှင့်လမ်းများပေါ်ရေကြီးရေလျှံဖြစ်ပွား"
====================================================
မန္တလေး သြဂုတ် ၂၀
မန္တလေးမြို့ သြဂုတ်လ ၂၀ နေ့ မိုးသည်းထန်စွာရွားသွန်းခဲ့သဖြင့် နေအိမ်တစ်ချို့
နှင့် လမ်းများပေါ်ရေကြီးရေလျှံဖြစ်ပွားလျှက်ရှိပြီး ၎င်းနေ့မိုးရေချိန် တိုင်ထွာချက်
ရ(၄.၅၆)ရွာသွန်းခဲကြောင်းသိရသည်။
မန္တလေးမြို့ တော်အတွင်း မနက်ပိုင်းမှ ညနေပိုင်းအထိ မိုးရွာသွန်းပြီးနောက် လမ်းများတွင် ရေဝင်ရောက်မှု အခြေအနေဖြစ်ပါသည်။ရေကျဆင်းစေရေးအတွက် မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီ ဌာနများအလိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါ မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်
မှ၎င်း၏FaceBookတွင်အောက်ပါအတိုင်ရေးသားဖော်ပြခဲ့သည်ကိုတွေရသည်။
မီးရထားဌာနဘူတာကြီးမှရွှေတချောင်းသို့စွန့်ထုတ်သည့်မြေအောက်ရေဆိုးပိုက်သည်(၃၃)လမ်း(၈၅)လမ်းထောင့်တွင်ပိတ်ဆို့ကာလမ်းသားကြွတက်ပျက်စီးမှုများဖြစ်ပေါ်နေသည့်အတွက်လမ်းတံတားဌာနမှလိုအပ်သည်များပြင်ဆင်ဆောင်ရွက်နေပါသည်။အကွက်(၅၆၁)မလွန်ဆေးရိုးဝင်းနှင့်ကြယ်ခတ်ဝင်းမှကူညီဆောင်ရွက်ပေးကြသည့်မိဘပြည်သူများအားကျေးဇူးတင်ရှိပါသည်။
မိုးရာသီအမှတ်ပေးချန်ပီယံဖလား သြဂုတ်လဒုတိယ ပွဲစဉ်မှာ ဧည့်သည် မိုးဒေဝါ အသင်းကို အိမ်ရှင် သန့်ရှင်းရေးအသင်းကမနက် ၂ နာရီမှ ၉ နာရီခွဲ အထိသာ ခံစစ်အသားပေးတောင့်ခံကစားနိုင်ခဲ့ပေမယ့်နောက်ပိုင်းမှာ အလူးအလဲ ခံနေရပါတယ်လက်ကျန်ပွဲစဉ်တွေမှာ အိမ်ရှင်အသင်းဘယ်လိုထပ်မံပြင်ဆင်မယ်ဆိုတာကွင်းဆင်းလေ့လာနေပါတယ်
ဟုမန္တလေးမြို့တော်ဝန် ဦးရဲလွင်က၎င်း၏FaceBookတွင်ရေးသားဖေါ်ပြခဲသည်။
စိုင်းထူးခန့် 

posted from Bloggeroid
No comments:
Post a Comment