Thursday, August 11, 2016

အချစ်တဲများနဲ့မန္တလေး

"အေးဆိုင်ဘန်းပြ ချစ်တဲ့အလုံးခန်းလေးများအစိုးရသစ်ဘယ်လိုအရေးယူမလည်း"
====================================================
မန္တလေး ကန်တော်ကြီးအနောက်ဘက်ခြမ်းရှိ အအေးဆိုင်တွေဘန်းပြကာ
အချစ်တဲ့ခေါ် (အလုံးခန်းကလေးများ)မြန်မာအမျိုးသမီးလူငယ်ကျောင်းသား
ကျောင်းသူများနေ့စဉ်လိုလိုအခန်းအတွင်း မကောင်းမှု့တွေ စိတ်ကွယ်ရာအဖြစ်
တွေ့ရှိနေပါသဖြင့် လက်ရှိအစိုးရသစ်အနေဖြင့်အရေးယူဆောင်ရွက်ပေးရန်
ဒေသခံ ကျောင်းသားမိဘများကပြောသည်။

"ကျွန်တော်တို့ ချမ်းမြသာစည်မြို့နယ် သံလျှက်မှော်တောင်ရပ်ကွက်(သာယာကုန်း
)နေရာတွင် ကန်တော်ကြီး အနောက်ဘက်ခြမ်း တစ်လျှောက် အအေးဆိုင်အမည်
ဆိုင်ဘုတ်များတက်ကာ ဆိုင်အတွင်းဝင်လာသူသမီးရည်းစားဆုံတွဲတွေကို
အလုံခန်းအတွင် လွတ်လပ်စွာ နေထိုင်နိုင်ရန်အတွက် မွှေ့ယာချထားပေးပြီး
အခန်းအတွင်း နေစေရန်လုပ်ပေးထားပြီး အစားသောက်များနှင့် အရက်သေစာ
များရောင်းချကာစီးပွားရှာသူများကြောင့် အမျိုးကောင်းသမီးတွေ ဆေးချခြင်း
လိဒ်ကိစ္စဆက်ဆံခြင်း မကောင်းမှု့တွေ လွယ်လင့်တစ်ကူလုပ်နေလို ကျွန်တော်
တို့က ပြောရတာပါ သူတို့စီးပွားရှာတာ လွဲနေလိုပါအဏာဂဒ်သားသမီးတွေ
ပျက်စီးလွယ်နေတာကိုလက်ရှိအစိုးရသစ်အနေနဲ့ အရေးယူဆောင်ရွက်ပေးစေ
လိုပါတယ်ဟု မန္တလေးဒေသခံ အရာရှိဟောင် ဦးအောင်နိုင်ကပြောသည်။

"လက်ရှိတက်လာသည့်အစိုးရသစ်လက်ထက်မှ မန်စည်ပင် ဖွဲ့
မြို့နယ်အထွေထွေအုပ်ရေး အဖွဲ့ NLD ရပ်ကျေးအဖွဲ့ အမှတ် (၁၀) ရဲတပ်ဖွဲ့
ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တို့ကဲ့ လာရောက်စစ်ဆေးမှု့တွေကို
ဇွန်လအတွင်းက လုပ်ခဲသော်လည်း ယနေ့အချိန်ထိ အဲဒီဆိုင်တွေ ဖွင့်ထားလျှက်
ရှိပါတယ် အဲဒီဆိုင်အတွင်းကို ကျွန်မ သမီးအရွယ် ကလေူမလေးတွေ သားအရွယ် ကောင်းလေးတွေ အမြဲလိုလို လာနေကြတော့ စိတ်မကောင်းဖြစ်မိ
ပါတယ် စစ်ဆေးရေးအဖွဲ့တွေ လာရင်လအလုံ ခန်းတွေကိုဖွင့်ထားပါတယ်
ပြီးတာနဲ့ ပြန်ဖွင့်တယ် ဒါတွေ ကို ထိရောက်အောင် အရေးမယူနိုင်ဘူးဆိုရင်
ကလေးငယ်တွေနဲ့ မကောင်းမှု့လုပ်ဖို့အားပေးနေသောနေရာတွေဖြစ်နေပါတယ်
မန္တလေးမြို့အတွင်ူရှိ ပြည်တန်ဆာလုပ်စားနေသူမိန်ကလေးတွေနဲ့ကာမလိုက်စား
သောသများအတွက် ပျော်ပွားကျက်စားရာနေတစ်ခုအဖြစ် အချစ်တဲ့အလုံခန်ူများ
ဟုအဆိုပါနေရာတွင်နေသူ ကျောင်းသားမိဘတစ်ဦးအန်တီကြီးကပြောသည်။
စိုင်းထူးခန့်


posted from Bloggeroid

No comments:

Post a Comment